အမေရိကန်နိုင်ငံရဲ့ ၂၀၂၄ ရွေးကောက်ပွဲမှာ ဒီမိုကရစ်တစ် သမ္မတလောင်း ကင်မလာဟဲရစ်နဲ့ ရီပတ်ဘလစ်ကန် သမ္မတလောင်း ဒေါ်နယ်ထရန့် တို့ သမ္မတ နေရာကို ဝင်ရောက်ယှဉ်ပြိုင်နေတာ ဖြစ်ပြီး ပြိုင်ဆိုင်မှုတွေ ပြင်းထန်နေတယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။
ဒါပေမယ့် အမေရိကန်နိုင်ငံရွေးကောက်ပွဲကနေ တက်လာမယ့် သမ္မတဟာ ဘယ်သူပဲ ဖြစ်နေပါစေ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လက်တွေ့ကျတဲ့ အကူအညီအနေနဲ့ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီကိုပဲ ရရှိနိုင်မှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံရေးသမား ဦးဘိုလှတင့်က ပြောပါတယ်။
အမေရိကန် သမ္မတရွေးကောက်ပွဲ အခြေအနေ၊ မြန်မာနိုင်ငံအတွက် ဘယ်လို အကူအညီတွေ ရရှိနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရေးသမား ဦးဘိုလှတင့်ကို ဆက်သွယ်မေးမြန်းချက်ကို ကောက်နုတ်တင်ပြထားတာဖြစ်ပါတယ်။
#မြန်မာ #ဧရာဝတီ #အမေရိကန်နိုင်ငံ #ရွေးကောက်ပွဲ #ကင်မလာဟဲရစ် #ဒေါ်နယ်ထရန့် #ဦးဘိုလှတင့် #မြန်မာနိုင်ငံရေး
———————
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR