အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံ ခရီးစဉ် ထွက်ခွာတဲ့ ဒီကနေ့ မနက်ပိုင်းမှာပဲ နေပြည်တော်လေဆိပ် တိုက်ခိုက်ခံခဲ့ရတယ်လို့ စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် တွေက ဖော်ပြပါတယ်။
ဒီတိုက်ခိုက်မှုဟာ နိုဝင်ဘာလ ၅ ရက်နေ့ မနက် ၈ နာရီကျော်မှာ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
ဧလာလေယာဉ်ကွင်း ပြေးလမ်းနဲ့ ကားလမ်းကြားမှာ လက်လုပ်မိုင်းပေါက်ကွဲခဲ့ပြီး ရှာဖွေမှုတွေ ထပ်လုပ်ရာမှာတော့ PVC ပိုက်နဲ့ပြုလုပ်ထားတဲ့ လက်လုပ်မိုင်းကို လေယာဉ်ပြေးလမ်းနဲ့ ကားပါကင်ကြားမှာ တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။
ဒီဖြစ်စဉ်ဟာ စစ်ခေါင်းဆောင် တရုတ်နိုင်ငံခရီးစဉ်နဲ့ တိုက်ဆိုင်လုပ်ဆောင်တာဖြစ်သလို လုံခြုံရေး တင်းကြပ်ထားတဲ့ လေယာဉ်ကွင်းမှာ ဖြစ်ပွားတာဟာ အတွင်းလူတွေပါဝင်နေနိုင်တယ်ဆိုတဲ့ စွပ်စွဲရေးသားမှုတွေကိုလည်း စစ်ကောင်စီ ဝါဒဖြန့်ချန်နယ်တွေမှာ တွေ့ရပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR