• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

by ဇုန်းရိန်
13 June 2024
in သူ့အတွေး သူ့အမြင်
A A
ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

သူရဦးတင်ဦး ဈာပန/AFP

6k
VIEWS
Share on FacebookShare on Twitter

လူထုလေးစားသည့် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း သူရဦးတင်ဦးသည် ၂၀၂၄ ခု၊ ဇွန်လ ၁ ရက်နေ့တွင် ကွယ်လွန်ခဲ့ပြီး ဈာပနအခမ်းအနားကို ဇွန်လ ၅ ရက်နေ့တွင် ကျင်းပခဲ့သည်။ သူရဦးတင်ဦးသည် တပ်မတော်၏ အမြင့်ဆုံးရာထူး တာဝန်ကို ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ထို့ပြင် တရုတ်ဖြူ ကျူးကျော်မှုကို တိုက်ထုတ်သည့် တိုက်ပွဲစွမ်းဆောင်ရည်ကြောင့် “သူရဘွဲ့” ရရှိခဲ့သည်။ တနည်းအားဖြင့် ကိုယ့်နိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအချင်းချင်း တိုက်ခိုက်ကြပြီး ရရှိသည့် ဘွဲ့တံဆိပ် မဟုတ်သောကြောင့် ပို၍ တန်ဖိုးရှိသည်၊ ဂုဏ်ရှိသည်ဟု ဆိုရမည်။

စစ်တပ်က စတင် အာဏာသိမ်းခဲ့သည့် ၁၉၆၂ ခုနှစ်နောက်ပိုင်း သူရဦးတင်ဦးကဲ့သို့ ကွယ်လွန်သွားကြသည့် မြန်မာ့ နိုင်ငံရေးနှင့် ပတ်သက်၍ အထင်ကရပုဂ္ဂိုလ်များမှာ လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက် (၁၉၆၂ ခုနှစ်)၊ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် (၁၉၇၄ ခုနှစ်)၊ မြန်မာနိုင်ငံ၏ ပထမဆုံး ဝန်ကြီးချုပ် ဦးနု (၁၉၉၅ ခုနှစ်)၊ နဝတအစိုးရနှင့် တပ်မတော် ခေါင်းဆောင်ဟောင်း ဗိုလ်ချုပ်မှူးကြီး စောမောင် (၁၉၉၇ ခုနှစ်)၊ ရဲဘော်သုံးကျိပ်ဝင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်ကြီး နေဝင်း (၂၀၀၂ ခုနှစ်) တို့ဖြစ်ကြသည်။

ဦးနေဝင်း လက်ထက်တွင် သမ္မတ စဝ်ရွှေသိုက်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၊ ဦးသန်းရွှေ လက်ထက်တွင် ဝန်ကြီးချုပ် ဦးနု၊ ဦးနေဝင်းနှင့် ဦးစောမောင်၊ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်တွင် သူရဦးတင်ဦးတို့ အသီးသီး ကွယ်လွန်သွားခဲ့ကြပါသည်။ ကွယ်လွန်သွားခဲ့ကြသည့် ထိုပုဂ္ဂိုလ်များ အားလုံးသည် နိုင်ငံတော်ဈာပန (State Funeral) သို့မဟုတ် တပ်မတော်ဂုဏ်ပြုဈာပန (Military Honors Funeral) ဖြင့် ဂုဏ်ပြုသင့်သူများ ဖြစ်သော်လည်း ဂုဏ်ပြုခြင်း မခံခဲ့ကြရပေ။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
344
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
144
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
1.9k

ဦးနေဝင်း လက်ထက်တွင် သမ္မတ စဝ်ရွှေသိုက်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်၊ ဦးသန်းရွှေ လက်ထက်တွင် ဝန်ကြီးချုပ် ဦးနု၊ ဦးနေဝင်းနှင့် ဦးစောမောင်၊ လက်ရှိစစ်ခေါင်းဆောင် မင်းအောင်လှိုင် လက်ထက်တွင် သူရဦးတင်ဦးတို့ အသီးသီး ကွယ်လွန်သွားခဲ့ကြပါသည်။

နိုင်ငံတော်အဆင့် ဂုဏ်ပြုခံထိုက်သူများ

အထူးသဖြင့် တပ်မတော်ရှုထောင့်မှ ကြည့်လျှင် အထက်ဖော်ပြပါ ပုဂ္ဂိုလ်ကြီးများသည် နိုင်ငံတော်ဈာပန သို့မဟုတ် တပ်မတော် ဂုဏ်ပြုဈာပနကို ခံထိုက်သူများ ဖြစ်ကြသည်ဟု ယေဘုယျအားဖြင့် ယူဆနိုင်ပါသည်။ နိုင်ငံတော်ဈာပန သို့မဟုတ် တပ်မတော်ဂုဏ်ပြုဈာပန ဆိုသည်မှာ မိမိတို့နိုင်ငံ သို့မဟုတ် တပ်မတော် ကောင်းကျိုးအတွက် ကွယ်လွန်သူ၏ စွမ်းဆောင်မှု သို့မဟုတ် ပေးဆပ်မှုတို့ကို အသိအမှတ်ပြုပြီး တိုင်းသူပြည်သားများ သို့မဟုတ် တပ်မတော် အနေဖြင့် ကွယ်လွန်သူအား လေးစားကြောင်း၊ ကျေးဇူးတင်ကြောင်းကို နောက်ဆုံး ဂုဏ်ပြုပြသခြင်း ဖြစ်သည်။

(ဝဲမှ ယာ) ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး စောမောင်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

သူရဦးတင်ဦးသည် ထိုသို့ ဂုဏ်ပြုခံထိုက်သော ပုဂ္ဂိုလ်တဦး ဖြစ်သည်။ တိုင်းပြည်တာဝန်ကို သူရဘွဲ့ ချီးမြှင့်ခြင်း ခံရသည်အထိ တာဝန်ကျေခဲ့သည်။ လူထုလေးစားမှုကို ခံခဲ့ရသည်။ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် နိုင်ငံရေးစနစ် ထွန်းကားလာစေရန် စွမ်းစွမ်းတမံ ကြိုးစားခဲ့သည်။

သို့သော် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ဂုဏ်ပြုခြင်း မလုပ်သည့်အပြင် သူရဦးတင်ဦး၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း ဂါရဝပြုခွင့်ပင် မပေးခဲ့ပါ။ ဤလုပ်ရပ်သည် သားသမီးများကို မိဘ၏ ဈာပန တက်ခွင့်မပြုခြင်းနှင့် အလားသဏ္ဍာန် တူနေသည်။ ဖမ်းဆီးထောင်ချခံထားရသော ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကို စိတ်ဓာတ်ရေးရာ နှိပ်စက်မှုတခုအဖြစ် ရှုမြင်နိုင်ပါသည်။

သူရဦးတင်ဦး၏ နာရေးကြော်ငြာကိုလည်း စစ်ကောင်စီထိန်းချုပ် သတင်းစာ၏ စာမျက်နှာတခုတွင် မထင်မရှား ထည့်သွင်းပေးခဲ့သည်။ ဇွန်လ ၂ ရက်နေ့ထုတ် မြန်မာ့အလင်း (စာ- ၃၁) ရှိ ဦးတင်ဦး၏ နာရေးကြော်ငြာအကွက်၏ ဧရိယာသည် ၆ ဒသမ ၅ စတုရန်း စင်တီမီတာ (စာမျက်နှာ၏ ၈ ဒသမ ၇ ရာခိုင်နှုန်း) သာ ရှိပါသည်။ ဦးတင်ဦး၏ နာရေးကြော်ငြာနှင့် ကပ်လျက်တွင် ဒေါက်တာ ဦးညီညီ ဆိုသူ၏ နာရေးကြော်ငြာသည် ၈ ဒသမ ၈ စတုရန်း စင်တီမီတာ (စာမျက်နှာ၏ ၁၁ ဒသမ ၆ ရာခိုင်နှုန်း) ရှိပါသည်။

အချုပ်အားဖြင့် လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နိုင်ငံ့သားကောင်း သူရဦးတင်ဦးကို နိုင်ငံပိုင်သတင်းစာ စာမျက်နှာတခု၏ ၈ ဒသမ ၇ ရာခိုင်နှုန်းသာ နေရာပေးပြီး မထီမဲ့မြင် ပြက်ရယ်ပြုလိုက်သည်ဟု ဆိုရပေမည်။

အမှန်တကယ်တွင် “ရှေ့ဆောင်နွားလား ဖြောင့်ဖြောင့်သွားက နောက်နွားတသိုက် ဖြောင့်ဖြောင့်လိုက်၏” ဆိုသော မြန်မာစကားပုံကဲ့သို့ မင်းအောင်လှိုင်၏ ရှေ့က အာဏာရှင်ဟောင်းများဖြစ်ကြသော ဦးနေဝင်းနှင့် ဦးသန်းရွှေတို့သည်လည်း ၎င်းတို့၏ ရန်သူ (သို့မဟုတ်) ပြိုင်ဘက်များအဖြစ် ယူဆထားသူများအပေါ် အာဃာတကြီးကြီး ထားခဲ့ကြသည်ကို တွေ့ရသည်။

သို့သော် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်သည် ဂုဏ်ပြုခြင်း မလုပ်သည့်အပြင် သူရဦးတင်ဦး၏ လုပ်ဖော်ကိုင်ဖက်များဖြစ်ကြသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဝင်းမြင့်တို့ကိုလည်း ဂါရဝပြုခွင့်ပင် မပေးခဲ့ပါ။

ဦးနေဝင်း လက်ထက် ဂုဏ်ပြုခံထိုက်သူများ

ဦးနေဝင်းသည် ၁၉၆၂ ခုနှစ် မတ်လတွင် စစ်အာဏာသိမ်းကာ လွတ်လပ်ပြီးခေတ် မြန်မာနိုင်ငံ၏ ပထမဆုံးသော စစ်အာဏာရှင် ဖြစ်လာခဲ့သည်။ သူ့လက်ထက်တွင် အထင်ကရပုဂ္ဂိုလ်ကြီးများ ဖြစ်ကြသည့် မြန်မာနိုင်ငံ၏ သမ္မတ စဝ်ရွှေသိုက်နှင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဦးသန့်တို့ ကွယ်လွန် သွားခဲ့ကြသည်။

သမ္မတ စဝ်ရွှေသိုက်သည် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း၏ ဖမ်းဆီး ထောင်ချခံရပြီးနောက် ချက်ချင်းဆိုသလိုပင် အင်းစိန်ထောင်တွင်း၌ ၁၉၆၂ ခုနှစ်၊ မတ်လတွင် ကွယ်လွန်ကြောင်း သိရသည်။

၂၀၁၅ ခု အတ္ထုပ္ပတ္တိစာအုပ် ထုတ်ဝေပွဲတွင် တွေ့ရသော သူရဦးတင်ဦး / ဧရာဝတီ

ထို့အတူ ဦးနေဝင်းသည် တတိယမြောက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် (အာရှတိုက်မှ ပထမဆုံး ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်) ဦးသန့်ကို လျစ်လျူရှုခဲ့သည်။ ဦးသန့်သည် အတွင်းရေးမှူးချုပ်အဖြစ် ၁၉၆၁ ခုနှစ်မှ ၁၉၇၁ ခုနှစ်အထိ ၁၀ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။

၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလတွင် ကွယ်လွန်၍ သူ့၏ကျန်ရစ်သော ရုပ်ကလာပ်ကို မြန်မာနိုင်ငံသို့ ပြန်သယ်လာပြီး နိုင်ငံတော်အခမ်းအနားဖြင့် ဂုဏ်ပြုသင်္ဂြိုဟ်ရန် တက္ကသိုလ် ကျောင်းသူကျောင်းသားများနှင့် လူထုက တောင်းဆိုခဲ့ကြသော်လည်း ဦးနေဝင်းက ငြင်းဆန်ခဲ့သောကြောင့် တက္ကသိုလ် ကျောင်းသူကျောင်းသားများ သပိတ်မှောက် ဆန္ဒပြကြ၍ “ဦးသန့် အရေးအခင်း” အဖြစ် သမိုင်းတွင်ခဲ့သည်။

ဦးသန်းရွှေ လက်ထက် ဂုဏ်ပြုခံထိုက်သူများ

ဦးသန်းရွှေ လက်ထက်တွင် ကွယ်လွန်သွားခဲ့ကြသည့် ဝန်ကြီးချုပ်ဟောင်း ဦးနု၊ ဗိုလ်ချုပ်မှူးကြီး စောမောင်နှင့် ဗိုလ်ချုပ်ကြီး နေဝင်း တို့သည် နိုင်ငံတော် ဈာပန သို့မဟုတ် တပ်မတော်ဂုဏ်ပြုဈာပနဖြင့် ဂုဏ်ပြုခံထိုက်သူများ ဖြစ်ကြသည်ဟု ဆိုနိုင်ပါသည်။ သို့သော် သက်ရှိထင်ရှား ရှိနေသေးသည့် အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ထိုပုဂ္ဂိုလ်ကြီးအားလုံးကို လျစ်လျူရှုခဲ့သည်။

၁၉၆၇ ခုနှစ် နီပေါခရီးစဉ်တွင် ဦးသန့်နှင့် နီပေါဘုရင် မဟိန်ဒြာ တွေ့ဆုံစဉ် / UNESCO

ဗိုလ်ချုပ်ကြီး စောမောင်လည်း နိုင်ငံတော်ဈာပန သို့မဟုတ် တပ်မတော်ဂုဏ်ပြုဈာပနဖြင့် ဂုဏ်ပြုခြင်းကို မခံခဲ့ရပါ။ အမြင့်ဆုံးရာထူး၊ အမြင့်ဆုံးတာဝန်ကို ထမ်းဆောင်ခဲ့သော်လည်း နောက်ဆုံးတွင် အသိအမှတ်ပြုခြင်း မခံခဲ့ရဘဲ သာမန်လူတဦးကဲ့သို့ ဘဝနိဂုံးချုပ်သွားခဲ့ရသည်။

ကိုယ်ပြုသည့်ကံ ကိုယ်ဆီ ပြန်လာလေသလားတော့ မသိ၊ အာဏာရှင်ဟောင်း ဦးနေဝင်းသည်လည်း လူမသိသူမသိ တိတ်တဆိတ် သေဆုံးသွားခဲ့ရသည်။ ဦးနေဝင်းသည် ဦးသန်းရွှေကို ဒုတိယ ကာကွယ်ရေးဦးစီးချုပ် အဖြစ် ၁၉၈၅ ခုနှစ်တွင် တင်မြှောက်ပေးခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး စောမောင် နာမကျန်း ဖြစ်လာသောကြောင့် ဦးသန်းရွှေကို အစားထိုးခန့်ခဲ့သည်။ စစ်တပ်ကို ဦးသန်းရွှေ ဆက်ခံခဲ့ပြီး နိုင်ငံအား ဆယ်စုနှစ်နဲ့ချီကာ စိတ်ကြိုက် ခြယ်လှယ်အုပ်ချုပ်ခဲ့သည်။

ထို့ကြောင့် နိုင်ငံကို ဆယ်စုနှစ်နှင့်ချီပြီး အုပ်ချုပ်ခဲ့သော အာဏာရှင်ဟောင်း ဦးနေဝင်း၏ ကျေးဇူးတရားသည် ဦးသန်းရွှေအပေါ်တွင် မသေးခဲ့ဟု ဆိုနိုင်ပါသည်။ သို့သော် မိမိကို နေရာပေးခဲ့သော ကျေးဇူးရှင်ကို ဦးသန်းရွှေသည် ပြန်ဖမ်းကာ နေအိမ်အကျယ်ချုပ် ချထားခဲ့သည်။ ထို့ပြင် ဦးနေဝင်း သေဆုံးသွားသည့်အခါ သူ၏ နာရေး ကြော်ငြာကိုပင်လျှင် ကွယ်လွန်ပြီး နှစ်ရက်ကြာမှ နိုင်ငံပိုင်သတင်းစာတွင် နေရာအကွက် သေးသေးလေးဖြင့် မထင်မရှား ထည့်သွင်းကြော်ငြာပေးခဲ့သည်။

ကိုယ်ပြုသည့်ကံ ကိုယ်ဆီ ပြန်လာလေသလားတော့ မသိ၊ အာဏာရှင်ဟောင်း ဦးနေဝင်းသည်လည်း လူမသိသူမသိ တိတ်တဆိတ် သေဆုံးသွားခဲ့ရသည်။

ငြှိမ်းမရသော စစ်အာဏာရှင်တို့၏ အာဃာတမီး

သက်ရှိထင်ရှား ရှိနေစဉ်တွင် မိမိအာဏာကို ခြိမ်းခြောက်စေနိုင်သောကြောင့် မိမိ၏ပြိုင်ဘက်များကို ဖမ်းဆီး ထောင်ချခြင်း၊ နေအိမ်အကျယ်ချုပ်ချထားခြင်းတို့ကို အတိုင်းအတာတခုအထိ နားလည်နိုင်သော်လည်း သေဆုံးသွားပြီးဖြစ်သည့် ပြိုင်ဘက်ဟောင်းများကို အာဃာတ ဆက်လက် ထားရှိနေခြင်းသည် မဖြစ်သင့်ပါ။

ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်သူများ ဖြစ်ကြသည့်အလျောက် အာဏာချုပ်ကိုင်ထားသူများ အနေဖြင့် ဗုဒ္ဓဘာသာရုပ်ပိုင်းဆိုင်ရာ ပြန့်ပွားရေးအတွက် စေတီပုထိုးများတည်ခြင်းဖြင့် ကြိုးစားအားထုတ်ကြသည်ကို တွေ့ရသော်လည်း ဗုဒ္ဓ၏တရားတော်ကို အမှန်တကယ် လိုက်နာကျင့်သုံးပြီး ဗုဒ္ဓသာသနာတော် ပြန့်ပွားရေး ကြိုးပမ်းမှုမှာ အထူးသဖြင့် အာဏာရှင်စစ်ခေါင်းများတွင် အားနည်းကြသည်ကို တွေ့ရသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းသားများ ဦးသန့်ဈာပန ကျင်းပစဉ်/ ထိန်လင်း

ပထမဆုံး အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ အရပ်သားတပိုင်း အစိုးရ ခေါင်းဆောင်များ၊ နောက်ဆုံး အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အားလုံးတို့သည် ရှေးမြန်မာဘုရင်များကို အားကျကြပြီး သာသနာပြု မင်းကောင်းများဖြစ်ချင်သည့် ဆန္ဒရှိနေကြသည်ကို ၎င်းတို့၏ ဘုရားတည်၊ ကျောင်းဆောက်မှုများက သက်သေပြနေသည်။

ဗိုလ်ချုပ်ကြီး နေဝင်းက ရွှေတိဂုံစေတီတော်ကြီး အနီးတွင် မဟာဝိဇယစေတီတော်ကို ထီးတော်တင်ခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက နေပြည်တော်တွင် ရွှေတိဂုံစေတီတော်နှင့် ပုံစံတူ ဥပ္ပါတသန္တိ စေတီတော်ကြီးကို တည်ခဲ့သည်။ လက်ရှိ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း နေပြည်တော်တွင် “မာရဝိဇယ” ဗုဒ္ဓရုပ်ပွားတော်ကို တည်သည့်အပြင် ၎င်း၏ စီနီယာများထက် သာလွန်အောင် “ဘုရားဒါယကာဘွဲ့” ကိုလည်း ခံယူခဲ့သေးသည်။

သို့ရာတွင် ဗုဒ္ဓတရားတော်၏ ၃၈ ဖြာ မင်္ဂလာတရားတော်တွင် “ပူဇာစ ပူဇနေယျာနံ ဧတံ မင်္ဂလမုတ္တမံ” (ပူဇော်ထိုက် သူကို ပူဇော်ခြင်း)၊ “ဂါရဝေါ စ” (ရိုသေထိုက်သူတို့ကို ရိုသေခြင်း / လေးလေးစားစား ပြုမူဆောင်ရွက်ခြင်း) က မင်္ဂလာဖြစ်သည်ဟူ၍ ပါရှိသော်လည်း စစ်ခေါင်းဆောင်များ အားလုံးက လျစ်လျူရှုခဲ့သည်ဟု ဆိုနိုင်ပါသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ သမ္မတ ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း၊ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် သက်ရှိထင်ရှား ရှိနေကြဆဲ ဖြစ်ပါသည်။

သက်ရှိထင်ရှား စစ်ခေါင်းဆောင်များ၏ အနာဂတ်

အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေ၊ သမ္မတ ဗိုလ်ချုပ်ကြီး ဦးသိန်းစိန်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး သူရဦးရွှေမန်း၊ ဝန်ကြီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်၊ လက်ရှိ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် သက်ရှိထင်ရှား ရှိနေကြဆဲ ဖြစ်ပါသည်။ တပ်မတော်၏ ထိပ်တန်းခေါင်းဆောင်များ ဖြစ်ခဲ့ကြသည်နှင့်အညီ သူတို့သေဆုံးသည့် အနာဂတ်တနေ့တွင် အနိမ့်ဆုံးအနေဖြင့် တပ်မတော်ဂုဏ်ပြုဈာပနကို ခံလိုသူများ ဖြစ်ကြပါလိမ့်မည်။

သို့သော် အထက်တွင် တင်ပြခဲ့သည့် သာဓကများကို ထောက်ရှုပြီး သုံးသပ်ကြည့်မည်ဆိုလျှင် ၎င်းတို့အားလုံးသည် တပ်မတော်ဂုဏ်ပြုဈာပနကို ခံရဖွယ် မရှိဟု သုံးသပ်ရပါမည်။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ယခင် ထောက်လှမ်းရေးအကြီးအကဲဟောင်း ဦးခင်ညွန့်တို့ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့က တွေ့ရစဉ် / CNDCS

တချိန်တည်းတွင် နိုင်ငံတော်ဈာပန သို့မဟုတ် တပ်မတော်ဂုဏ်ပြုဈာပနဖြင့် ဂုဏ်ပြုခံရနိုင်ဖွယ် အခွင့်အလမ်းလည်း ရှိနေသေးသည်ဟု သုံးသပ်နိုင်ပါသည်။ လက်ရှိ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် အနေဖြင့် လူထုကို တောင်းပန်ပြီး တိုင်းပြည်အာဏာကို လူထုထံပြန်လည်အပ်နှံမည်ဆိုလျှင်၊ (ဤကဲ့သို့ ဆောင်ရွက်ရေးကိုလည်း စစ်ဗိုလ်ချုပ်ကြီးဟောင်းများက ဝိုင်းဝန်းတွန်းအားပေးကြမည် ဆိုလျှင်) နောင်တက်လာမည့် အစိုးရသည် “အမြင်မှန်ရသည့်” သို့မဟုတ် “နောင်တရသည့်” တပ်မတော် စစ်ဗိုလ်ချုပ်ဟောင်းများကို ထိုက်သင့်သော နိုင်ငံတော်ဈာပန သို့မဟုတ် တပ်မတော်ဂုဏ်ပြုဈာပန အခမ်းအနားများဖြင့် ဂုဏ်ပြုနိုင်ဖွယ် ရှိကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)

ဆက်စပ်ဖတ်ရှုရန်

အနိမ့်အမြင့်အချိုးအကွေ့ အပြည့်နှင့် သူရဦးတင်ဦး၏ ဘဝကောက်ကြောင်း

သူရ ဦးတင်ဦးရဲ့ နောက်ဆုံးခရီး (ရုပ်/သံ)

“အဆံချောင် မိစ္ဆာ” မြန်မာစစ်ဗိုလ်ချုပ်များ

နီပေါတွင် ဦးသန့် ရုပ်တု စိုက်ထူမည်

စစ်အာဏာရှင်လက်အောက် ပါတီနိုင်ငံရေးကို လက်ပြနှုတ်ဆက်ခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး

စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ဦးခင်ညွန့် ဦးနှောက်ချို့ယွင်းသော ရောဂါ ခံစားနေရ

Your Thoughts …
Tags: Sliderစစ်ကောင်စီစစ်အာဏာရှင်စစ်အာဏာသိမ်းမှုတပ်မတော်ဂုဏ်ပြုဈာပနတိုင်းရင်းသားလက်နက်ကိုင်များ ညီလာခံဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်ဈာပနဘာသာရေးသူရဦးတင်ဦးဦးဝင်းမြင့်
ဇုန်းရိန်

ဇုန်းရိန်

Zung Ring သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မြန်မာဒုက္ခသည်များ တတိယနိုင်ငံအခြေချရေး ဇွန်လကုန် စမည်

မြန်မာဒုက္ခသည်များ တတိယနိုင်ငံအခြေချရေး ဇွန်လကုန် စမည်

မုံရွာ နမခအနီး ကာကင်းစခန်းကို တပ်ပေါင်းစု ထိုးစစ်ဆင်

မုံရွာ နမခအနီး ကာကင်းစခန်းကို တပ်ပေါင်းစု ထိုးစစ်ဆင်

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved