စောအာထူးနှင့် တိုနီဝေါတားစ်တို့၏ “မြန်မာမှ ဗိုလ်ချုပ်ကြီး နေဝင်း၏ ဗမာဇာတ်သွင်းသောအမွေ- ၂၁ ရာစုတွင် ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှု” (General Ne Win’s Legacy of Burmanization in Myanmar: The Challenge to Peace in the Twenty-First Century) စာအုပ်ကို ဖတ်သောအခါ စောအာထူး၊ အခြားအတန်းဖော် စောစိုးကြီးတို့နှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ရှိ ပယပ်တက္ကသိုလ်တွင် ငြိမ်းချမ်းရေးအစီအစဉ် ပါရဂူဘွဲ့အတွက် လေ့လာခဲ့ပုံများကို စာရေးသူအား ပြန်လည် အမှတ်ရစေသည်။
မိမိတို့သည် မြန်မာနှင့် ပတ်သက်သည့် အကြောင်းအရာများကို အဓိကထားသောကြောင့် မိမိတို့၏ သင်တန်းကို ဗမာဇာတ်သွင်းခြင်းဟု ရည်ညွှန်းပြောဆိုကြသည်။ မြန်မာ မဟုတ်သော အခြားအတန်းဖော် နှစ်ဦးက မိမိကို စိတ်ရှည်ခြင်းအတွက် ဘုရားသခင်ကို ကျေးဇူးတင်ရမည်။
မိမိတို့ သုံးဦးသည် မတူညီသည့် ဘဝနောက်ခံအမျိုးမျိုးမှ လာသူများဖြစ်သည်။ စောအာထူးသည် ရန်ကုန်မြစ်ဝှမ်းဒေသတွင် လူလားမြောက်သည်။ စောစိုးကြီးသည် ကရင်ဒုက္ခသည် လူမှုအသိုက်အဝန်းတွင် လူလားမြောက်သည်။ မိမိသည် မြန်မာနိုင်ငံအလယ်ပိုင်း ဗမာလူမှုအသိုက်အဝန်းများမှာ လာသူဖြစ်သည်။ မိမိတို့တွင် တူညီသောအချက်တခုသာ ရှိသည်။ မိမိတို့အားလုံးသည် ဗိုလ်ချုပ်ကြီး နေဝင်း၏ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ (မဆလ) ခေတ်တွင် လူလားမြောက်ခဲ့သူများ ဖြစ်သည်။
စောအာထူး ပြောပြသော ပုဂ္ဂလိက အချက်အလက်များသည် နံနက်စာစားစဉ် သို့မဟုတ် အားကစားကွင်းတွင် လေ့ကျင့်ခန်းလုပ်စဉ် သို့မဟုတ် ကော်ဖီဆိုင်တွင် မိမိတို့ကိုပြောခဲ့သည့် ဇာတ်လမ်းများပင် ဖြစ်သည်။ အာထူးသည် သမိုင်းဆိုင်ရာ ကရင်အမြင်ကို သူ၏အဖိုးနှင့် အဖေ ပြောသည့် ဇာတ်လမ်းများမှ လေ့လာသင်ယူသည်။ ယခုစာအုပ်၏ ကိုယ်ရေးရာဇဝင်အပိုင်းတွင် သူပြန်ပြောပြသည့်အတိုင်း ဆိုရပါက “ကရင်များသည် ဗမာဖိနှိပ်မှု ဆယ်စုနှစ် ရာစုနှစ်များစွာ၏ သားကောင်များဖြစ်ပြီး ဗမာများကို ကြောက်ရသည်” ဟုသာ ဆိုရမည်ဖြစ်သည်။
အာထူးသည် နောက်ထပ် သမိုင်းအမြင်တခုကို ဆိုရှယ်လစ်အစိုးရက ဖွင့်ထားသောကျောင်းများမှ ပို့ချချက်များမှ လေ့လာသည်။ နေဝင်း၏ ဗမာဇာတ်သွင်းသော သမိုင်းအမြင်တွင် “ဗြိတိသျှနှင့် ကရင်မဟာမိတ်များသည် မဟာဗမာနိုင်ငံတော် ညီညွတ်ရေးအတွက် ဆက်လက် ဖြစ်ပေါ်နေသော ခြိမ်းခြောက်မှုများ ဖြစ်သည်” ဟု အာထူး လေ့လာရသည်။
ကျောင်း ဖတ်စာအုပ်များတွင် ရိုက်သွင်းသည့် ဗမာဇာတ်သွင်းသည့် ရှုထောင့်သည် အတိတ်ရာစုနှစ်များမှ ဘုရင်များ၊ အထူးသဖြင့် အနော်ရထာဘုရင်၊ ဘုရင့်နောင်၊ အလောင်းမင်းတရား အောင်ဇေယျတို့ကို ဗမာနိုင်ငံတော် တည်ထောင်သည့် ဖခင်ကြီးများဟု သရုပ်ဖော်သည်။ ၎င်းတို့ အားလုံးသည် တော်ဝင်တပ်မတော်၏ ခေါင်းဆောင်များဖြစ်သည်။
ထိုရှုထောင့်မှ မြစ်ဖျားခံလာသည့် ယုတ္တိဗေဒ ယူဆချက်မှာ ခေတ်သစ်မြန်မာစစ်တပ်ကို ခေါင်းဆောင်သူ မည်သူမဆိုသည် ထိုဘုရင်ကြီးများကို သဘာဝအလျောက် ဆက်ခံသူများဖြစ်သည်ဆိုသည့် ယူဆချက်ဖြစ်သည်။
ထိုရှုထောင့်မှ မြစ်ဖျားခံလာသည့် ယုတ္တိဗေဒ ယူဆချက်မှာ ခေတ်သစ်မြန်မာစစ်တပ်ကို ခေါင်းဆောင်သူ မည်သူမဆိုသည် ထိုဘုရင်ကြီးများကို သဘာဝအလျောက် ဆက်ခံသူများဖြစ်သည်ဆိုသည့် ယူဆချက်ဖြစ်သည်။
စောအာထူးသည် လူမျိုးစုများအပေါ် နေဝင်းစစ်အုပ်စုက အလားတူ ကိုလိုနီနယ်ချဲ့ သဘောထားရှိကြောင်း ဖော်ပြရန် ဗြိတိသျှ နယ်ချဲ့ကဗျာဆရာ ရုရဒ် ကစ်ပလင်း၏ ကဗျာမှ ဖွဲ့နွဲ့စကားလုံး ဖြစ်သော “လူဖြူ ဝန်ထုပ်ဝန်ပိုး” (The White Man’s Burden) ကို မှီငြမ်းပြင်ဆင်ကာ “ဗမာ ဝန်ထုပ်ဝန်ပိုး” (Burmese Burden) ဆိုသည့် စကားစုကို တီထွင်သည်။ နေဝင်း၏ ဗမာဇာတ်သွင်းရေး မူဝါဒကို အမေရိကန် နိုင်ငံရေး သိပ္ပံပညာရှင် ဂျိမ်းစ် စီ စကော့က “ပြည်တွင်း ကိုလိုနီပြုခြင်း” ဟု ခေါ်သည့် ပုံစံတမျိုးဖြစ်သည်ဟု မြင်နိုင်သည်။
အာထူးနှင့် ဝေါတားစ်တို့၏ စာအုပ်တွင် နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒ မဏ္ဍိုင်ကြီး သုံးခုကို ဖော်ထုတ်ထားသည်။ ဗမာ ထေရဝါဒ ဗုဒ္ဓဘာသာ၊ ဗမာ ဘာသာစကားနှင့် ယဉ်ကျေးမှု၊ စစ်တပ်၏ ထိန်းချုပ်မှု အရေးပါခြင်းနှင့် စည်းကမ်းရှိသော လူ့အဖွဲ့အစည်းတို့ ဖြစ်သည်။ နေဝင်းခေတ်တွင် ထိုမဏ္ဍိုင် သုံးခုကို အခြေခံပြီး အခြေခံမူ သုံးချက်ထွက်ပေါ်လာကြောင်းနှင့် ထိုမူများကို သူ့ကို ဆက်ခံသူများက ဆက်လက် ကျင့်သုံးကြောင်း ထိုစာအုပ်တွင် ဖော်ပြထားသည်။
၁။ အမျိုးသားရေး လက္ခဏာကို ဗမာဗုဒ္ဓဘာသာယဉ်ကျေးမှုဖြင့် ဖွဲ့စည်းသည်။
၂။ အမျိုးသား စီးပွားရေးသည် စစ်တပ်ပတ်ဝန်းကျင်တွင် တည်ဆောက်ထားသည့် ဗဟိုချုပ်ကိုင်မှုစနစ်ဖြစ်ရန် လိုသည်။
၃။ အမျိုးသား စီးပွားရေးသည် ဗမာစစ်တပ်က ဗဟိုအခန်းမှ ပါဝင်သည့် စစ်သားတပိုင်းအစိုးရ ဖြစ်ရမည်။
စောအာထူးက နေဝင်း၏ နိုင်ငံရေး အတွေးအခေါ်ကို သုံးချောင်းထောက် သေနင်္ဂဗျူဟာဖြင့် အကောင်အထည်ဖော်သည့် “နေဝင်းဝါဒ” (Ne Winism) ဟု ခေါ်သည်။
ပထမအချက်မှာ နေဝင်းသည် နိုင်ငံအတွက် ဗမာ/ဗုဒ္ဓ လက္ခဏာဖန်တီးရန် ဗုဒ္ဓဘာသာကို အသုံးချသည်။ ဗမာဘာသာစကားသည် ပညာရေးနှင့် အစိုးရရုံးများတွင် တရားဝင် ရုံးသုံးဘာသာစကား ဖြစ်လာသည်။ မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ်စနစ်ကို အကောင်အထည်ဖော်ရန် နေဝင်းစစ်အုပ်စုက ကျောင်းသားတဦး၏ မိခင်ဘာသာစကားသည် မည်သည့်ဘာသာစကား ဖြစ်စေကာမူ ဗမာဘာသာစကားကို သူငယ်တန်းမှ စတင်သင်ယူစေခြင်းကို စောအာထူး ကိုယ်တွေ့ပင် ဖြစ်သည်။ နေဝင်းနှင့် နေဝင်းစနစ်သည် ဗြိတိသျှကိုလိုနီအုပ်ချုပ်ရေးမှ အမွေရသည့် စနစ်တခုကို ပြုပြင်ပြောင်းလဲထားသည့် ပုံစံတမျိုးသာ ဖြစ်သည်။
ဒုတိယအချက်မှာ နေဝင်းဝါဒသည် ဆိုရှယ်လစ် စီးပွားရေးပြုပြင်ပြောင်းလဲမှုဟု ၎င်းတို့ခေါ်သည့်ကိစ္စ အောင်မြင်စေရန် အမျိုးသားရေးဝါဒကို မှီခိုအားထားသည်။ ပြည်ပကုမ္ပဏီအားလုံးကို နိုင်ငံပိုင်သိမ်းပြီး နိုင်ငံခြားသားကို အစုလိုက်အပြုံလိုက် ပြည်နှင်ဒဏ်ပေးသည်။ အထက်ပါစာအုပ်ကို ရေးသားသူများ တင်ပြခဲ့သည့်အတိုင်း “နေဝင်းသည် ဗမာလူမျိုးစုကို ဗဟိုပြုပြီး မဟာလူမျိုး၊ ပိုမိုမြင့်မြတ်သော လူမျိုးဖြစ်စေကာ ဗမာလူမျိုးကြီးဝါဒ ဖြစ်ပေါ်စေသည်။ နိုင်ငံပိုင်သိမ်းထားသည့် စီးပွားရေး စနစ်သစ်ကို မထောက်ခံသူ မည်သူမဆိုအတွက် စီးပွားရေး အခွင့်အလမ်းရရန် ခက်ခဲလာသည်”။
နေဝင်း၏ တတိယပြုပြင်ပြောင်းလဲရေးမှာ စစ်တပ်ပြုပြင်ပြောင်းလဲရေး ဖြစ်သည်။ စစ်တပ်ဂျာနယ်များနှင့် သင်ရိုးညွှန်းတမ်းများကို လေ့လာသောအခါ ပြည်သူ့တပ်မတော် အတွေးအခေါ်နှင့် မဆလအတွေးအခေါ်ကို ပေါင်းစပ်ထားခြင်းဖြစ်ကြောင့် အာထူး တွေ့ရှိခဲ့သည်။ “နေဝင်းသည် မြန်မာဆိုရှယ်လစ်လမ်းစဉ်ကို ကာကွယ်ရေး အဖွဲ့အစည်းတခုလုံးသို့ ဖြန့်ချိပြီး သူ၏ စစ်အရာရှိသို့ ထိုအတွေးအခေါ်များကို အသုံးပြုကာ နိုင်ငံကို စီမံရန် ပြုစုပျိုးထောင်သည်”။
ထို့ကြောင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် နေဝင်း ကျဆုံးပြီး မဆလနှင့်အတူ နေဝင်း၏အမွေ ပြီးဆုံးသွားခဲ့ပါသလား။ နေဝင်းဝါဒသည် ဆိုရှယ်လစ်အစိုးရ ကျဆုံးခြင်းနှင့်အတူ ပြီးဆုံးသွားခဲ့သင့်သော်လည်း နေဝင်းကို ဆက်ခံသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟုခေါ်သည့် ပုံစံသစ်ဖြင့် ဆက်လက် သယ်ဆောင်ခဲ့သည်။
ထို့ကြောင့် ၁၉၈၈ ခုနှစ် ဒီမိုကရေစီအရေးတော်ပုံတွင် နေဝင်း ကျဆုံးပြီး မဆလနှင့်အတူ နေဝင်း၏အမွေ ပြီးဆုံးသွားခဲ့ပါသလား။ နေဝင်းဝါဒသည် ဆိုရှယ်လစ်အစိုးရ ကျဆုံးခြင်းနှင့်အတူ ပြီးဆုံးသွားခဲ့သင့်သော်လည်း နေဝင်းကို ဆက်ခံသူ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက “စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ” ဟုခေါ်သည့် ပုံစံသစ်ဖြင့် ဆက်လက် သယ်ဆောင်ခဲ့သည်။
နေဝင်း၏ အမွေဖြစ်သော ဗမာ/ဗုဒ္ဓဘာသာ အမျိုးသားရေး လက္ခဏာကို အားပေးခြင်းကို သူ့ကိုဆက်ခံသူများက ဆက်လက် သယ်ဆောင်သည်။ နေဝင်းက ဆိုရှယ်လစ်စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို စတင် လုပ်ကိုင်ခဲ့သကဲ့သို့ပင် ၁၉၉၀ ပြည့်နှစ်များတွင် အာဏာရှင် သန်းရွှေသည် စီးပွားရေး ပြုပြင်ပြောင်းလဲရေး ပြုလုပ်ရန် ကြိုးစားခဲ့ပြီး ဈေးကွက်ဦးတည်သည့် စီးပွားရေး အစီအစဉ်ဟု ခေါ်သည်။
နေဝင်း၏ စစ်တပ်ပြုပြင်ပြောင်းလဲရေး သေနင်္ဂဗျူဟာကို အတုခိုးပြီး သန်းရွှေက စစ်တပ်ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအား ကာကွယ်စောင့်ရှောက်သည့် အခန်းကဏ္ဍတွင် ထားသည်။ နေဝင်း မရှိတော့သော်လည်း သူ၏အမွေသည် စစ်တပ်၏ အမွေအဖြစ် ကျန်ရစ်သည်။
ယခုစာအုပ်တွင် စောအာထူးက နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒ စရိုက်လက္ခဏာများနှင့် ထိုမူဝါဒသည် ယနေ့ အကျပ်အတည်း၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ရှင်းလင်းစွာ ဖော်ပြထားသည်။ ဗမာဇာတ်သွင်းခြင်းသည် ဗမာ အမျိုးသားရေးမူဝါဒနှင့် စတင်ခဲ့သော်လည်း အစိုးရစနစ်အတွင်း ဗမာဇာတ်သွင်းခြင်းကို တရားဝင်အောင် လုပ်ခဲ့သည်မှာ နေဝင်း ဖြစ်သည်။ “ဗမာပြည်သူများသည် နေဝင်း၏အမြင်များကို အလေ့အကျင့်သဖွယ် ဖြစ်နေပြီး ထိုအလေ့အကျင့်သည် ယနေ့တိုင် ဆက်လက်ဖြစ်ပေါ်နေသည်” ဟုလည်း သူက ထောက်ပြသည်။
နေဝင်း၏ ဗမာဇာတ်သွင်းသည့် မူဝါဒသည် စစ်တပ်လိုလားသည့်အုပ်စုများ၊ ဒီမိုကရက်တစ် မဟာမိတ်များနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ စသည့် အမြင်အမျိုးမျိုးရှိသော အုပ်စုများအပေါ် သြဇာလွှမ်းမိုးနေသည်။
သို့သော် ဒစ်ဂျစ်တယ်ခေတ်တွင် မွေးဖွားကြသည့် မျိုးဆက်သစ်များသည် ထိုသို့သော သြဇာသက်ရောက်မှု မရှိဟု စောအာထူးက သတ်မှတ်သည်။ “ခေတ်မီ ဆက်သွယ်ရေးကြောင့် ပိုမိုငယ်ရွယ်သော မျိုးဆက်များသည် မြန်မာနယ်စပ်ကို ကျော်လွန်နေသည့် ပြည်သူများနှင့် ထိတွေ့ဆက်ဆံမှု ရှိကြသည်။ နိုင်ငံကို ယခင်ကလောက် သတင်းအချက်အလက်များ တင်းကျပ်စွာ ပိတ်ပင်ထားရန် မဖြစ်နိုင်တော့ပေ” ဟု ရေးသားသည်။ စောအားထူးအတွက် ထိုသူများသည် မြန်မာအနာဂတ်အတွက် တခုတည်းသော မျှော်လင့်ချက် ဖြစ်သည်။
နေဝင်းဝါဒ စစ်တပ်အတွင်း ဆက်လက်ရှိနေစဉ် စစ်အာဏာသိမ်းသည့် အစဉ်အလာကို ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထပ်မံ ပြုလုပ်လိုက်သည်။ စစ်တပ်သည် နေဝင်း၏ အမွေဖြစ်သည့် ဗမာဇာတ်သွင်းခြင်းကို အကြောင်းပြရန် အသုံးပြုပြီး ၎င်း၏ နိုင်ငံတည်ထောင်သောဖခင် သို့မဟုတ် ကယ်တင်ရှင် အခန်းကဏ္ဍကို ဆက်လက် လိုချင်နေသော်လည်း ယနေ့တွင် စစ်တပ်သည် ဗမာလူများစု၏ ယုံကြည်မှုကို မရရှိတော့ပေ။
“ငြိမ်းချမ်းသော မြန်မာ”ဆိုသည့် စောအာထူး၏ အိပ်မက်သည် နေဝင်း၏ ဗမာဇာတ်သွင်းရေးမူဝါဒများကို ပြောင်းပြန်လှန်ပစ်ခြင်း (ဗမာဇာတ်သွင်းသည့် အမြင်များကို တိုက်ဖျက်ခြင်း) တွင် အခြေခံသည်။ ဆယ်စုနှစ် များစွာကြာသည့် ဆိုးရွားလှသော ပဋိပက္ခသံသရာကို ချိုးဖျက်ရန် အသွင်ကူးပြောင်းရေးကာလ ငြိမ်းချမ်းရေး တည်ဆောက်ရေးအတွက် အခြေခံအကျဆုံး လိုအပ်ချက်များမှာ ဗမာဇာတ်သွင်းသည့် အမြင်များကို တိုက်ဖျက်ခြင်း၊ စစ်ဇာတ်သွင်းမှု တိုက်ဖျက်သည့် အစီအစဉ်များနှင့် ဗဟိုချုပ်ကိုင်မှုကို တိုက်ဖျက်သည့် မူဝါဒများဖြစ်ကြောင်း စောအာထူးက အကြံပြုသည်။
ဗမာဇာတ်သွင်းသည့် အမြင်များကို ပယ်ဖျက်ခြင်းဆိုသည်မှာ ဗမာဇာတ်သွင်းသည့် အမြင်များကို တိုက်ဖျက်ခြင်း၊ ဗမာဇာတ်သွင်း၏ အခြေခံအကြောင်းရင်းကို ဖော်ထုတ်ခြင်းနှင့် ရေရှည်တည်တံ့သော လူ့အဖွဲ့အစည်းတခုအတွက် ဆုံးရှုံးမှုများကို ပြန်လည် ပြင်ဆင်ပြီး တရားမျှတမှု ပြန်လည်ထိန်းသိမ်းခြင်း ဖြစ်သည်ဟု စောအာထူးက ဆိုလိုသည်။
ထို့ကြောင့် ယဉ်ကျေးမှုကွဲပြားသော်လည်း သဟဇာတဖြစ်ခြင်းနှင့် တန်းတူညီမျှခြင်းဟု အဓိပ္ပာယ် သက်ရောက်သည်။ ဗမာဇာတ်သွင်းသည့် အမြင်များကို ပြောင်းလဲပစ်ရန် မိမိတို့ပ ထမဆုံးလုပ်ရမည့်အရာမှာ ကျောင်းသုံးဖတ်စာအုပ်များကို ပြန်လည်ရေးသားရေး ဖြစ်သည်။
စစ်ဇာတ်သွင်းမှု တိုက်ဖျက်ရေး အစီအစဉ်မျာအတွက် အကြံပြုချက် သုံးခုကို စာအုပ်ရေးသားသူက အကြံပေးသည်။ ငြိမ်းချမ်းရေး ပညာပေး အစီအစဉ်၊ လစ်ဘရယ် စစ်တပ်သစ်၊ ဗဟိုချုပ်ကိုင်မှု တိုက်ဖျက်သည့် နိုင်ငံတော် တည်ဆောက်ရေးတို့ ဖြစ်သည်။ လစ်ဘရယ်မူများနှင့် ပညာရှင်ပီသသည့် စစ်တပ်သစ်သည် နေဝင်းက အာဏာရှင်စိတ်ဓာတ် သွတ်သွင်းခြင်း စတင်လုပ်ဆောင်ခဲ့သည့် စစ်ကောင်စီစစ်တပ်ကို အစားထိုးရမည် ဖြစ်သည်။
ကံမကောင်း အကြောင်းမလှသည့်ကိစ္စမှာ နေဝင်းဝါဒသည် ယခုနောက်ဆုံး စစ်အာဏာသိမ်းမှု အသွင်ဖြင့် ဆက်လက်ရှိနေပြီး အထက်ဖော်ပြပါ အခြေအနေများ မပေါ်ပေါက်မီ စောအာထူး ကွယ်လွန်သွားခြင်းပင် ဖြစ်သည်။
ကံမကောင်း အကြောင်းမလှသည့်ကိစ္စမှာ နေဝင်းဝါဒသည် ယခုနောက်ဆုံး စစ်အာဏာသိမ်းမှု အသွင်ဖြင့် ဆက်လက်ရှိနေပြီး အထက်ဖော်ပြပါ အခြေအနေများ မပေါ်ပေါက်မီ စောအာထူး ကွယ်လွန်သွားခြင်းပင် ဖြစ်သည်။
သို့သော် နေဝင်းက မြန်မာကို အာဏာရှင်အုပ်ချုပ်ရေးအောက်တွင် ဆယ်စုနှစ်ပေါင်းများစွာ ချုပ်ကိုင်ထားရန် ဗမာဇာတ်သွင်းခြင်းကို မည်သို့အသုံးချခဲ့ကြောင်း သူရှင်းပြခဲ့သည်။ အာထူးက မိမိတို့အတွက် ချန်ထားရစ်ခဲ့သည့် သတင်းစကားမှာ ပြည်သူများအနေဖြင့် ဗမာဇာတ်သွင်းခြင်းနှင့် နေဝင်းဝါဒ၏ သဘောသဘာဝကို သတိမထားမိလျှင် မြန်မာတွင် အာဏာရှင်စနစ် အစဉ်အလာ ဆက်လက်တည်ရှိနေမည်ဖြစ်သည်ဆိုသည့် သတင်းစကားသာ ဖြစ်သည်။
မိမိတို့ နှစ်သက်သည်ဖြစ်စေ၊ မနှစ်သက်သည်ဖြစ်စေ နေဝင်းဝါဒသည် မြန်မာ့တံခါးပိတ် လူ့အဖွဲ့အစည်းကို ဆယ်စုနှစ်ပေါင်းများစွာ ပုံဖော်ခဲ့သည်။ ထိုအချက်ကို အထက်ပါစာအုပ်အား ပူးတွဲရေးသားသူ ဒေါက်တာ တိုနီ ဝေါတားစ်က စာအုပ်၏ နိဂုံးတွင် “ပြည်သူများသည် လူ့အဖွဲ့အစည်းကို ပုံဖော်သော ခေါင်းဆောင်များကို မည်သို့ နာခံခြင်း (သို့မဟုတ် မနာခံခြင်း) ဆိုသည့် ကြီးမားသော လူမှုပဟေဠိ” အဖြစ် ဖော်ပြထားသောအရာကို ဥပမာဆောင်သည်။
စာအုပ်အမည်- General Ne Win’s Legacy of Burmanization in Myanmar: The Challenge to Peace in the Twenty-First Century
ရေးသားသူများ-စောအာထူးနှင့် တိုနီဝေါတားစ်
ထုတ်ဝေသည့် စာအုပ်တိုက်- Palgrave Macmillan
ထုတ်ဝေခုနှစ်- ၂၀၂၄ ခုနှစ်
စာမျက်နှာ ၂၂၅ မျက်နှာ
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မွန်မွန်မြတ်၏ Charting Myanmar Strongman Ne Win’s Tragic Legacy ကို ဘာသာပြန်သည်။ မွန်မွန်မြတ်သည် မြန်မာမှ လွတ်လပ်အမှီအခိုကင်းသည့် စာရေးဆရာမနှင့် သတင်းသမားဖြစ်သည်။ သူသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ ပယပ်တက္ကသိုလ်မှ ငြိမ်းချမ်းရေး တည်ဆောက်ရေးဆိုင်ရာ ပါရဂူဘွဲ့ ရရှိခဲ့သည်။)
You may also like these stories:
ဗမာတွေနဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးခွင့်
တိုင်းပြည် ပုံစံအသစ်ကို ဘယ်လို ပုံဖော်ကြမလဲ
မြန်မာစစ်တပ် အမျိုးသားရေးဝါဒီလား အရေခြုံလား
NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်း လုပ်လာတာက ဗမာ
“အာဏာရ ဗမာခေါင်းဆောင်” ဆိုသည့် စကားရပ် လွှတ်တော်တွင် ကန့်ကွက်