• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

20 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် အင်တာဗျူး

စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်း လုပ်လာတာက ဗမာ

by ထက်နိုင်ဇော်
19 November 2019
in အင်တာဗျူး
A A
ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကို AA အဖွဲ့များနှင့်အတူတွေ့ရစဉ် / ဧရာဝတီ

ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခ ကို AA အဖွဲ့များနှင့်အတူတွေ့ရစဉ် / ဧရာဝတီ

72.4k
VIEWS
Share on FacebookShare on Twitter

ပြည်ထောင်စု လွှတ်တော်တွင် ချင်းတိုင်းရင်းသား အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးဝှေ့ တင်းကို ဖမ်းဆီး ထိန်းသိမ်းထားသည့် ရက္ခိုင့် တပ်တော် (AA) ၏ လုပ်ရပ်အား ပြင်းထန်စွာ ရူတ်ချကြောင်းနှင့် ဦးဝှေ့ တင်းအား အမြန်ဆုံး ပြန်လွှတ်ပေးရန် အရေးကြီး အဆိုတခုကို အတည်ပြုခဲ့သည်။

ဦးဝှေ့တင်းကို လွှတ်ပေးရန် အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) အစိုးရက တောင်းဆိုခဲ့ပြီး ဖြစ်သလို ချင်းပြည်နယ်ရှိ အရပ်ဘက် အဖွဲ့အစည်း ၄၀ ကျော်ကလည်း တောင်းဆိုလျက်ရှိသော်လည်း AA သည် ၎င်းကို ယနေ့အချိန် အထိ ပြန်မလွှတ်ပေးသေးပါ။

ထို့ကြောင့် ဦးဝှေ့တင်း၏ အခြေအနေ၊ ပြန်မလွှတ်ရသည့် အကြောင်းရင်း၊ စစ်ဘုရင်ဝါဒ ကျင့်သုံးခြင်း ရှိ၊ မရှိ၊ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအကြောင်းကို နေပြည်တော် ဧရာဝတီရုံးခွဲမှ သတင်းထောက် ထက်နိုင်ဇော်က AA မှ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခနှင့် ဆက်သွယ် မေးမြန်းထားပါသည်။

မေး ။ ။ ဦးဝှေ့တင်း ကိစ္စနဲ့ ပတ်သက်ပြီး အရေးကြီးအဆို အဖြစ် လွှတ်တော်မှာ ဆွေးနွေးနေပါတယ်။ အဲဒီမှာ ချင်း ကိုယ်စားလှယ်ကလည်း အစ်ကိုတို့ဘက်က လုပ်ရပ်က လူမျိုးရေး၊ ဘာသာရေးအရ တိုင်းရင်းသား အချင်းချင်းကြားမှာ ယုံကြည်မှုတွေ လျော့နည်းနိုင်တယ်လို့ ပြောပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီး ဘာများ ပြောချင်ပါသလဲ။

ဖြေ ။ ။ အဲဒီလွှတ်တော်က တိုင်းပြည်မှာ ဦးဝှေ့တင်း ကိစ္စနဲ့ ပတ်သက်ပြီး သူ့ထက်ပိုပြီးတော့ အရေးကြီးတဲ့ တခြား လုပ်ငန်းတွေ အများကြီး ရှိတယ်ဗျ။ တခြားကိစ္စရပ်တွေ အများကြီး ရှိတယ်။ အဲဒါတွေကို အရေးကြီးအဆို မတင်ဘဲနဲ့ အခုလို ဦးဝှေ့တင်း ကိစ္စကိုမှ အရေးကြီးအဆို တင်ပြီးတော့မှ လုပ်နေတာကတော့ ဒါကို NLD အစိုးရ အနေနဲ့ သူတို့ NLD က လွှတ်တော် အမတ်မိုလို့ အဲဒီလိုမျိုး လုပ်တယ်လို့ ကျနော်တို့က ယူဆတယ်။

ဒေါက်တာအေးမောင်လို ရခိုင်တမျိုးသားလုံးက ထောက်ခံထားတဲ့ သူမျိုးကျတော့ သူတို့က မတရားပုဒ်မတွေနဲ့ ဖမ်းဆီး ထောင်ချပစ်တာတွေ ရှိတယ်။ အခု ဦးဝှေ့တင်းကိစ္စမှာ NLD က အရေးကြီး အဆို တင်တဲ့ကိစ္စမှာတော့ ဒါက ဘယ်လိုမှ တရားမျှတမှု မရှိတဲ့ ကိစ္စဖြစ်တယ်။ NLD အစိုးရရဲ့ လုပ်ရပ်ဟာ တခြား ကိစ္စတွေကို ဘာမှ မလုပ်ဘဲ ဒီကိစ္စလုပ်တယ်ဆိုတာက အလုပ်မရှိလို့ ကြောင်ကို ရေချိုးတယ်လို့ပဲ ကျနော်တို့က သဘောထားတယ်။

မေး ။ ။ လက်ရှိ ဦးဝှေ့တင်းရဲ့ အခြေအနေကရော ဘယ်လိုရှိလဲ။

ဖြေ ။ ။ ဦးဝှေ့တင်းဟာ ကျန်းကျန်း မာမာ ရှိတယ်။ သူ့ကို ကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းထားတယ်။ လိုအပ်လို့ သူ့ကို စစ်ဆေးစရာတွေ ရှိသေးတဲ့အတွက် ဆက်လက်ပြီး စစ်ဆေးနေတယ်။ ဘာမှ စိုးရိမ်စရာ မရှိဘူး။ ကျနော်တို့ ပြည်သူ့ကို ပွင့်လင်းမြင်သာမှု ရှိစွာ ချပြပြီး ဖြစ်တယ်။

ဒီကြားထဲမှာ NLD လွှတ်တော်ကနေပြီးတော့ အဆိုတင်ပြီးတော့ ဆွေးနွေးတယ် ဆိုတာက NLD ကြီးစိုးတဲ့ ပါလီမန် မှာ အဲဒီလိုတင်ပြီးတော့ ဆွေးနွေးတယ်လို့ပဲ သဘောပေါက်တယ်။ ဟိုတခါ မီဒီယာမှာလည်း ကျနော် ပြောပြီးပါပြီ။ စစ် တပ်ကတော့ လက်နက်အားကိုးနဲ့ တိုင်းရင်းသား ဒေသတွေမှာ မတရား ကျူးကျော်၊ မတရား ဖိနှိပ်သတ်ဖြတ် အနိုင်ကျင့် တာပေါ့နော်။

NLD ကျရင်တော့ ပါလီမန်ထဲမှာ သူတို့ အမတ်ဦးရေ အသာစီးရမှုကို အခွင့်ကောင်းယူပြီး အနိုင်ကျင့်တာပေါ့။ အနိုင် ကျင့်တာချင်းကတော့ အတူတူပဲ။ အဓိကကတော့ ပြောမယ်ဆိုရင် Burmanization ပေါ့ဗျာ။ ဗမာလူမျိုးကြီး ဝါဒရဲ့ ပြယုဂ်တွေကို ဖော်ပြနေတယ်လို့ပဲ မြင်တယ်။

မေး ။ ။ ဒါဆိုရင် ဦးဝှေ့တင်းရဲ့ ဘာကြောင့် မလွှတ်သေးတာလဲ။ သူ့ကို ဘယ်လို စွပ်စွဲချက်မျိုးတွေ ရှိနေတာလဲ။

ဖြေ ။ ။ ဒီဟာကတော့ ခင်ဗျားတို့ပဲ စဉ်းစားကြည့်လေ။ အခု ကျနော်တို့ ဦးဝှေ့တင်းကို ထိန်းသိမ်းထားတာ ၂ ပတ် တောင်မှ မရှိသေးဘူး။ ဒေါက်တာ အေးမောင်ကို ထောင်အနှစ် ၂၀ ချထားတာ။ အဲဒါကိုလည်း ခင်ဗျားတို့လည်း ချင့် ချိန်ကြည့်ပေးပါ။ သူတို့က ဦးဝှေ့တင်းကို ၂ ပတ်တောင် မကြာတဲ့ဟာ ထိန်းသိမ်းထားတာကို ဒီလောက် စိုးရိမ်တယ်ဆို ရင် ဒေါက်တာ အေးမောင်ကို ထောင်အနှစ် ၂၀ ချထားတာက ရခိုင်တွေရဲ့ နှလုံးသားထဲမှာ ဘယ်လောက်စိုးရိမ်မလဲ ဆိုတာကို အဲဒီလူတွေ စဉ်းစားစေချင်တယ်။

အဲဒီလူတွေ အဲဒါမျိုး မစဉ်းစားဘဲ မဆင်မခြင် လုပ်ရပ်တွေက အနာဂတ်မှာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးကို သူတို့ကိုယ်တိုင် ဖြိုခွဲနေတယ်ဆိုတာကို အဲဒီလူတွေကို သဘောပေါက်စေချင်တယ်။ အဲဒီလို သဘောမပေါက်တဲ့ အတွက်ကြောင့်ပဲ ဒီလူတွေက တဖက်စောင်းနင်း လုပ်နေတယ်လို့ပဲ မြင်တယ်။

ကျနော်တို့ ရခိုင်ဒေသကို ဗမာတွေက ကိုလိုနီ ကျူးကျော်ထားတဲ့ ဒေသတခုအဖြစ် သဘောထားတယ် ဆိုတာကို ဒီအချက်အလက်တွေက သက်သေခံနေတာပဲ။ အခုလိုမျိုး တဖက်စောင်းနင်း၊ မတရားဖိနှိပ် အနိုင်ကျင့်တာတွေကို လွတ်မြောက်ဖို့အတွက် ကျနော်တို့က လက်နက်ကိုင်ပြီး တော်လှန်နေတာ။

အခုသူတို့ပါလီမန်က ဘယ်လိုပဲ ဖိနှိပ်ဖိနှိပ်၊ ဆုံးဖြတ်ပါစေ။ ဒါက ကျနော်တို့ ကိစ္စ မဟုတ်ဘူး။ သူတို့ကိစ္စပါ။ ကျနော် တို့က အသိအမှတ် ပြုထားတာ မဟုတ်ဘူး။ အဲဒါကြောင့်မို့ အဲဒီပါလီမန်မှာ ကြိုက်တာ ဆွေးနွေး၊ ကျနော်တို့က တော့ ကိုယ်လုပ်စရာ ရှိတာ ဆက်လုပ်ရမှာပဲ။

တိုင်းပြည်မှာ အခြားအရေးကြီးတဲ့ ကိစ္စတွေ အများကြီး ရှိတယ်။ အခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် စစ်ရာဇဝတ် ခုံရုံးတက်ရမယ့် ကိစ္စမျိုး၊ အဲဒီကိစ္စကို သူတို့ ပါလီမန်မှာ ဆွေးနွေးပြီလား။ တိုင်းပြည်မှာ အဖက်ဖက်က နေပြီးတော့ ပျက်ယွင်းနေတဲ့ တရားဥပဒေ စိုးမိုးရေး၊ နောက်ပြီးရင် ပြည်သူတွေ ရင်ဆိုင် နေရတဲ့ အခြား အခက်အခဲတွေ အများကြီးပဲဗျ။ အဲဒီကိစ္စတွေကို အရေးပေါ် အဆိုတင်ပြီးတော့ ဆွေးနွေးကြပါလား။

အခုရခိုင်ဘက်မှာဆိုရင် စစ်ပြေးဒုက္ခသည် ၈ သောင်းကျော်လောက် ရှိနေပြီ။ အဲဒီကိစ္စကို အစိုးရက ဘယ်လို ကူညီမ လဲ ဆိုတဲ့ အရေးပေါ်၊ အရေးကြီး အဆိုတင်ပြီးတော့ ဆွေးနွေးပါလား။ ဥပမာ ရခိုင်အမတ်တွေက အရေးကြီးအဆိုတင် ဖို့ လုပ်တယ်ဗျာ။ ဒါပေမယ့် သူတို့ ပါလီမန်က ပယ်ချတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် အဲဒီပါလီမာန်ဟာ တိုင်း ပြည် ကောင်းကျိုးကို ဘာမှလုပ်ပေးမယ့် ပါလီမာန် မဟုတ်ဘူး။ လက်ညိုးထောင် ခေါင်းညိမ့် ပါလီမန်ပဲ ဖြစ်တယ်။
လက်ညိုးထောင် ခေါင်းညိမ့် ပါလီမန်ထဲက ထွက်လာမယ့် ဘယ်လို ရလဒ်မျိုးကို မဆို ကျနေ်ာတို့က ထည့်ပြီးတော့ စဉ်းစားမှာ မဟုတ်ဘူး။

မေး ။ ။ နောက်တခုကတော့ သမ္မတရုံး ညွှန်ချုပ် ဦးဇော်ဌေးက AA အနေနဲ့ ဖမ်းဆီး သတ်ဖြတ်တာတွေ၊ ပြန်ပေး ဆွဲ လုပ်နေတာတွေကို စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တာ လုပ်လို့ မရဘူးဆိုတဲ့ သဘောမျိုး ပြောပါတယ်။ အဲဒီပြောဆိုမှု အပေါ်မှာ ဘာများ ပြောချင်ပါသလဲ။

ဖြေ ။ ။ စစ်ဘုရင်ဝါဒနဲ့ လုပ်ချင်တိုင်း လုပ်လာတာက ဗမာ အစိုးရနဲ့ ဗမာ စစ်တပ်ပဲ ဖြစ်တယ်။ ရခိုင် စစ်တပ်ကနေ ပြီးတော့ ဗမာလက်ထဲက မြေကို လက်တလုံး သိမ်းထားတာ မရှိဘူး။ အခု တိုင်းရင်းသားဒေသတွေကို ဘယ်သူက ကျူးကျော်ပြီးတော့ အုပ်ချုပ်နေသလဲ။ ဗမာစစ်တပ်က စစ်ဘုရင်ဝါဒနဲ့ ကျူးကျော်ဝင်လာပြီးတော့ လက်နက်အားကိုးနဲ့ အုပ်ချုပ်နေတာ နှစ်ပေါင်း ၇၀ ကျော်သွားပြီနော်။

ဘယ်တိုင်းရင်းသား ဒေသမှာမဆို ခင်ဗျား တိုက်ပွဲဖြစ်ရင် ကြည့်။ ဗမာစစ်တပ်က ကျူးကျော်တဲ့အတွက်ကြောင့် မို့လို့ တိုင်းရင်းသားတွေက ခံစစ်ကို လုပ်နေရတာ။ ဘယ်တိုင်းရင်းသားကမှ ဗမာနယ်မြေကို သွားပြီးတော့ ကျူးကျော်တာ မရှိဘူး။ ဦးဇော်ဌေးတို့ အဲဒီလို ပြောတဲ့ ကိစ္စက တော်တော်လေး ပညာနည်းလို့ ဖြစ်တယ်ဗျ။ ပညာအမြော်အမြင် လုံးဝ မရှိဘူး။ တဖက်ပိတ်တွေဆိုတာကို အဲဒီအထဲမှာ ပေါ်လွင်နေတယ်။

ကျနော်တို့ ပြောချင်တာက အေးအတူပူအမျှ တိုင်းရင်းသားတွေ ညီညီညွှတ်ညွှတ်နဲ့ တပြည်ထောင် ပြည်ထောင်စုကို တည်ဆောက်ချင်လို့ရှိရင် ခေါင်းဆောင်တွေမှာ ရှိနေတဲ့ ခုနကလို အတွေးအခေါ်တွေကို ဖျောက်ပစ်ဖို့ လိုတယ်။ ဗမာစစ်ဝါဒီတွေ လက်ကိုင်ထားတဲ့ ဗမာနိုင်ငံရေးခေါင်းဆောင်တွေက အဲဒီလိုမျိုး လုပ်လာတာ။ တိုင်းပြည်တခုခု ဖြစ် တော့မယ်ဆိုရင် စစ်တပ်လက်ထဲကို အာဏာထိုးထည့်လိုက်တယ်။

ပြီးတော့ စစ်တပ်ဘက်ကို အပြစ်ပုံလိုက်တယ်။ မသိသလိုမျိုး နေလိုက်တယ်။ အဲဒီလိုမျိုး ၂ ပေါက် တပေါက် ရိုက်နေ တဲ့ဟာ။ ဦးနုလက်ထက်ကဆိုရင် တိုင်းပြည်မှာ ပြဿနာတွေ ရှုပ်ထွေးလာပြီဆိုရင် ဦးနေဝင်းကို စစ်တပ်ကို အာဏာ ပေးလိုက်တယ်။ ဦးနေဝင်းလက်ထက်မှာလည်း ၈၈ အရေးအခင်းတွေ ပေါ်ပြီးတော့ စစ်တပ်လက်ထဲကိုပဲ ထိုးထည့် လိုက်တယ်။ အဲဒါကြောင့်မိုလို့ ဗမာတွေဟာ အဲဒီလိုမျိုး ၂ ပေါက် ၁ ပေါက် ရိုက်လာတယ်။

ကျနေ်ာတို့ တိုင်းရင်းသားတွေကလည်း ဗမာတွေ ၂ ပေါက် ၁ ပေါက်ရိုက်တဲ့ ကိစ္စတွေကို သိသွားပြီ။ သဘောပေါက် သွားပြီ။ အဲဒါကြောင့်မို့လို့ ဒီတကြိမ်မှာ သူတို့ လုပ်ချင်တာ လုပ်လို့ မရဘူး။ အဲဒီလို လုပ်လို့ မရတော့ဘူးဆိုတာကို အတိအလင်း ပြောချင်တယ်။

သူတို့ဘက်ကသာ အဲဒီလို ၂ ပေါက် ၁ ပေါက် ရိုက်ပြီးတော့ စစ်ဘုရင်ဝါဒကို လက်ကိုင်ထားပြီးတော့ အနိုင်ကျင့်နေ မယ်ဆိုရင် ခွဲထွက်ရေးက ကျနော်တို့ အတွက်ပဲ။ အတူနေလို့ မရတဲ့သူနဲ့ ဘယ်တော့မှ အတူမနေချင်ဘူးဗျ။ အဲဒါ ကြောင့် ဗမာတွေနဲ့ ကျနော်တို့က အတူတူနေလို့ မရတဲ့ အနေအထားကို ဗမာတွေဘက်က ဖန်တီးမယ် ဆိုရင် ကျနော် တို့က ကိုယ့်အိမ်ကို ဆောက်ရုံပဲနော်။ ကိုယ့်နယ်မြေမှာ ကိုယ့်အိမ်ကို ဆောက်ရုံပဲ။ ဒါပဲရှိတယ်။တခြား နည်းလမ်းတော့ မရှိဘူး။

မေး ။ ။ ဦးဝှေ့တင်းက ချင်းတိုင်းရင်းသားဖြစ်တော့ ချင်းတိုင်းရင်းသား တယောက်ကို ရခိုင်စစ်တပ်က ဖမ်းတဲ့အခါမှာ တိုင်းရင်းသားတွေကြားမှာ ယုံကြည်မှုပေါ့နော်။ တိုင်းရင်းသား အချင်းချင်း သွေးကွဲသွားတာမျိုး၊ နောက် ယုံကြည်မှု ကျသွားတာမျိုးတွေလည်း ချင်းတိုင်းရင်းသားတွေဘက်က ပြောပါတယ်။ ဒီအပေါ်မှာရော ဘာပြောချင်ပါသလဲ။

ဖြေ ။ ။ ချင်းညီအစ်ကိုတွေကို ကျနော်တို့ဘက်က နေပြီးတော့ ရှင်းရှင်းလင်းလင်း သူတို့ကို ပြောပြီးပြီ။ ဦးဝှေ့တင်း ကို ဖမ်းတာ ချင်းမိ့ုလို့ ဖမ်းတာ မဟုတ်ဘူး။ ဒီနေရာမှာ ဘာသာရေး၊ လူမျိုးရေးကိစ္စ ဘာမှမပါဘူး။ သူ့ရဲ့ လုပ်ရပ် အပေါ်မှာ အခြေခံပြီးတော့ ဦးဝှေ့တင်းဟာ ဗမာစစ်တပ်ဘက် ကနေပြီးတော့ ထောက်လှမ်းရေးလုပ်ငန်းတွေကို လုပ်ပေးနေတယ်။

RelatedPosts

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

ICJ မှာ မြန်မာ ရှုံးသွားရင် ဘာဆက်ဖြစ်မလဲ (ရုပ်/သံ)

12 January 2026
108
တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

တရုတ်လို အိမ်နီးချင်းဖြစ်လေ ပြည်တွင်းစစ်က ပိုကြာလေ (ရုပ်/သံ)

12 January 2026
60
ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

ဗင်နီဇွဲလား သမ္မတကို အမေရိကန်ဝင်ဖမ်းတာ တရုတ်ကြောင့်လား (ရုပ်/သံ)

8 January 2026
167

ပလက်ဝမှာရှိတဲ့ ရခိုင်နဲ့ တခြား မျိုးနွယ်စုတွေကြားမှာ သွေးကွဲအောင် ရခိုင်တွေကို မုန်းတီးရေးပေါ့နော်။ အမုန်းစကား တွေ ဖြန့်နေတယ်။ အဲဒါကြောင့် ကျနော်တို့က ဒေသခံတွေရဲ့ အကျိုးအတွက် သူ့ကို ထိန်းသိမ်းထားတာ ဖြစ်တယ်။ သူ့ကို ကျနော်တို့ ပြောထားတဲ့ အချက်အလက်တွေနဲ့ သူဘယ်လောက် ကျူးလွန်ခဲ့သလဲဆိုတဲ့ အပေါ်မှာ မူတည်ပြီး သက်သေအထောက်အထားတွေကို ကျနော်တို့ စစ်ဆေးနေတာ ဖြစ်တယ်။

သက်သေ အထောက်အထားတွေကလည်း ကျနော်တို့လက်ထဲမှာ အခိုင်အမာတွေ ရှိနေပြီ။ ကျနော်တို့ သူ့ဆီက သိမ်းဆည်း ရမိတာရော၊ တခြားနေရာတွေက လေ့လာတွေ့ရှိတာရော ကျနော်တို့မှာ ခိုင်မာတဲ့ အထောက် အထား တွေ အကုန်လုံး ရှိနေပြီ။ အဲဒါကြောင့် သူ့ကို ကျနော်တို့ ထိန်းသိမ်းထားရတာ။ လူမျိုးရေးကိစ္စကြောင့် မဟုတ်ဘူး။ ဘာသာရေး ကိစ္စကြောင့် မဟုတ်ဘူး။ ဒီနေရာမှာ လူမျိုးရေး ဘာသာရေး ကိစ္စကို ဘာမှ ပြောနေစရာ အကြောင်း မရှိဘူး။

အဲဒီလို ပြောနေတာတွေက ဗမာတွေက တလျှောက်လုံး တိုင်းရင်းသားတွေကြားမှာ သွေးထိုးလှုံ့ဆော်နေတာက တလျှောက်လုံး လုပ်လာတာ ဖြစ်တယ်။ ဘာသာရေး အရပဲ ဖြစ်ဖြစ်၊ လူမျိုးရေးအရပဲ ဖြစ်ဖြစ်၊ သူတို့က လူမျိုးတွေ ကြားမှာ ပြဿနာတွေ ဖြစ်အောင် ဖန်တီးတာ။ ရှင်းရှင်းလင်းလင်း ပြောနိုင်တဲ့ အထောက်အထားတွေကို ချပြရမယ် ဆိုရင် ဥပမာအားဖြင့် ကချင်ပြည်နယ်ထဲက နယ်မြေတချို့ကို ယူပြီးတော့ ရှမ်းပြည်ထဲကို ထည့်လိုက်၊ ရှမ်းပြည်ထဲက နယ်မြေတချို့ကို ယူပြီးတော့ မန္တလေးထဲကို ထည့်လိုက်။

ချင်းထဲက ကလေးခရိုင်ကို စစ်ကိုင်းတိုင်းထဲကို ထည့်လိုက်၊ ကရင်ထဲကဟာကို မွန်ထဲထည့်၊ မွန်ကဟာတွေကို ကရင် ထဲထည့်နဲ့ ရခိုင်ဘက်က ပလက်ဝကို ဖြတ်ပြီးတော့ ချင်းဘက်ကိုထည့်၊ အဲဒီလိုမျိုးတွေ လူမျိုးတွေကြားမှာ ပြဿနာ တွေ ဖြစ်အောင် ဗမာတွေ ဖန်တီးထားတာ။ အခုလည်းပဲ ဘာသာရေး၊ လူမျိုးရေး ကိစ္စတွေ ဖြစ်လာအောင် ချင်းပြည် သူတွေကြားမှာ ဗမာတွေက နေပြီးတော့ သွေးထိုးလှှုံ့ဆော်နေတာ။ NLD က ခေါင်းဆောင်တွေကနေ သွေးထိုးလှုံ့ဆော် နေတာ။ တကယ်က မြေပြင်မှာ ဘာမှ ဖြစ်တာ မရှိဘူး။

သူတို့ပဲ သွေးထိုးလှုံ့ဆော်နေတာ။ အဲဒါကြောင့် ဗမာတွေကို ပြောချင်တာက ခင်ဗျားတို့ဘက်က အရင်အသုံးပြုနေတဲ့ အဲဒီစာအုပ်က ကျနော်တို့ သိသွားပြီးပြီ။ အဲဒါကြောင့် အဲဒီစာအုပ်နဲ့တော့ မလုပ်နဲ့တော့။ ခင်ဗျားတို့ နောက်ထပ် စာအုပ်အသစ် ရှာတော့လို့ပဲ ပြောချင်တယ်။

မေး ။ ။ တပ်မတော်ကလည်း ပြောတယ်။ AA အပါအဝင် ဒီမြောက်ပိုင်း ၃ ဖွဲ့က NCA ထိုးမယ့်ပုံ မပေါ်ဘူးလို့ ပြော တယ်။ သမ္မတရုံးကလည်း ပြောတယ်။ AA အပါအဝင် ဒီ ၃ ဖွဲ့က ငြိမ်းချမ်းရေး လိုချင်တဲ့ ဆန္ဒတကယ်ရှိမှ ဆက်ပြီး တွေ့မယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ အဲဒီတော့ NLD အစိုးရလက်ထက်မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထပ်ပြီးတော့ နီးကပ်လာဖို့ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့ ဘယ်လောက် မျှော်လင့်ချက် ရှိသေးလဲ။

ဖြေ ။ ။ ဒီနေရာမှာ ခင်ဗျား နားလည်အောင် နည်းနည်းရှင်းပြရမယ်ဆိုရင် ကျနော်တို့ TNLA ရယ် MNDAA နဲ့ ဒီ ကျနော်တို့ AA ရယ် ၃ ဖွဲ့က ဦးသိန်းစိန် အစိုးရလက်ထက် NCCT ခေတ်ကတည်းက ကျနော်တို့က ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲမှာ တက်တက်ကြွကြွနဲ့ ပါဝင်ဆွေးနွေးလာခဲ့တာ။ ဒါပေမယ်လို့ အဲဒီ NCCT က ဆွေးနွေးပြီးတော့ ဦးဆောင် အတည်ပြုထားတဲ့ NCA ကို လက်မှတ်ထိုးခါနီးကျမှ ဒီ ၃ ဖွဲ့ က နောက်မှ ပေါ်လာတဲ့ အဖွဲ့ တွေ ဖြစ်လို့ ငါတို့က အသိအမှတ်မပြုဘူး။ လက်မှတ်ထိုးတဲ့နေရာမှာ မထည့်နိုင်ဘူး ဆိုပြီးတော့ လုပ်တဲ့ဥစ္စာသည် အစိုးရက လုပ်တာ။

ပြောမယ်ဆိုရင် ဗမာခေါင်းဆောင်တွေက လုပ်တာ။ ဒီဟာက ပြဿနာကို မီးရှို့ဖို့အတွက် ထားခဲ့တာ။ ပြဿနာကို ဖော်ထားခဲ့တာ။ အဲဒီနောက်ပိုင်းမှာ ကျနော်တို့မှာလည်း တခြားရွေးစရာ နည်းလမ်း မရှိဘူး။ သူတို့ အသိအမှတ်ပြုတာ မပြုတာ ဘေးချိတ်ထား၊ ကျနော်တို့လုပ်ရမယ့် အလုပ်ကို ကျနော်တို့ လုပ်နေတာ ဖြစ်တယ်။

နောက်ပိုင်းမှာ ကျနော်တို့ကပဲ ငြိမ်းချမ်းရေးကို မလိုလား သလိုလို၊ ဘာလိုလို ကျနော်တို့ဘက်က Challenge လုပ်နိုင် တာက ဗမာစစ်တပ်ဘက်က တတိုင်းပြည်လုံး အတိုင်းအတာ ဆောင်တဲ့ အပစ်အခတ် ရပ်စဲရေးကို သတ္တိရှိရင် ကြေညာ ကြည့်လေ။ ငါတို့ ဘယ်နေ့ကနေ စပြီးတော့ တတိုင်းပြည်လုံး အပစ်ရပ်တယ်လို့ ကြေညာလိုက်။

အခုဖြစ်နေတာက ဗမာစစ်တပ်ဘက်က ထိုးစစ်ဆင်လို့ ဖြစ်နေတာ။ ကျနော်တို့က သွားပြီးတော့ ထိုးစစ်ဆင်လို့ ဖြစ်နေ တာ မဟုတ်ဘူး။ ကျနော်တို့ မန္တလေးကိုလည်း ကျည်ဆန်တတောင့်မှ မပစ်သေးဘူး။ နေပြည်တော်ကိုလည်း တ တောင့်မှ မပစ်သေးဘူး။ ရန်ကုန်ကိုလည်း ကျနော်တို့ တက်သိမ်းနေတာ မရှိဘူး။ သူတို့ကပဲ ကျနော်တို့ နယ်မြေကို ကျူးကျော်ပြီးတော့ မတရား သိမ်းပိုက်ထားသေးတယ်။ ကျနော်တို့ကပဲ ငြိမ်းချမ်းရေးကို မလိုသလိုလို ပြောသေးတယ်။ ဒီဟာတွေက တရားမျှတမှုကို မရှိဘူး။

အဲဒါကြောင့် ခင်ဗျားတို့ ဗမာအစိုးရနဲ့ ဗမာစစ်တပ်ဘက်က သတ္တိရှိလို့ရှိရင် တတိုင်းပြည်လုံး အတိုင်းအတာဆောင် တဲ့ အပစ်အခတ် ရပ်စဲရေးကို ကြေညာကြည့်လိုက်။ အခုဖြစ်နေတဲ့ တိုက်ပွဲတွေ ရပ်သွားလိမ့်မယ်။ ဘာကြောင့်လဲဆို တော့ သူတို့မတိုက်ရင် ဒီဘက်က သွားပြီးတော့ တိုက်နေတာ မရှိဘူး။

You may also like these stories:

ခွဲထွက်ခွင့်၊ မခွဲထွက်ခွင့် ဆိုတဲ့ဟာ ကျနော်တို့ လုံးဝကို မစဉ်းစားဘူး

တိုက်ပွဲတွေ ရပ်ဖို့ အပစ်အခတ်ရပ်စဲရေး ရအောင် လုပ်ဖို့ လိုမယ်

ငြိမ်းချမ်းရေး ဆွေးနွေးနေတာတွေက ရပ်နေတယ်ဆိုတဲ့ ခိုင်သုခနှင့် မေးမြန်းခြင်း

Your Thoughts …
Tags: AAခိုင်သုခစစ်တပ်
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ဘောလီးဝုဒ်က ကမာ္ဘ့အဆင့် လုပ်ငန်းကဏ္ဍတခု ဖြစ်သလို အိန္ဒိယနိုင်ငံ၏ အအောင်မြင်ဆုံး နိုင်ငံခြားပို့ကုန်လည်း ဖြစ်သည် / VOA

ကခုန်ပျော်ပါးနေသော ဘောလီးဝုဒ်၏ နောက်ကွယ်

Huawei Mate X ခေါက်ချိုးဖုန်း

Huawei Mate X ခေါက်ချိုးဖုန်းကို တရုတ်မှာ ဒေါ်လာ ၂,၄၀၀ နဲ့ စတင် ရောင်းချ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved