• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် ဘာကြောင့်အဖမ်းခံရသလဲ

by ဧရာဝတီ
25 October 2024
in သတင်း
A A
အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် ဘာကြောင့်အဖမ်းခံရသလဲ

ဒေါက်တာနေစိုးမောင်နှင့် ယောက္ခထီးဖြစ်သူ အာဏာရှင်ဟောင်း ဦးသန်းရွှေ(ဧရာဝတီ)

6.4k
VIEWS
Share on FacebookShare on Twitter

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအပေါ် ဝမ်းနည်းကြောင်း လူမှုကွန်ရက်၌ ရေးသားပြီး ၂ပတ်အကြာ အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက် ဒေါက်တာ နေစိုးမောင် အား စစ်ကောင်စီက နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လူမှုကွန်ရက်တွင် လှုံ့ဆော်မှုဖြင့် ဖမ်းဆီးအမှု ဖွင့်လိုက်သည်။

အောက်တိုဘာ ၂၃ ရက် ညနေပိုင်းက ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်နေ ဒေါက်တာနေစိုးမောင် အား မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ အမှုဖွင့်ခဲ့ခြင်းဆိုသော်လည်း မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကိုမူ စစ်ကောင်စီက ပြောဆို ထားခြင်းမရှိပေ။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
89
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
32
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
98

Facebook followers ၃ သိန်း ၂ သောင်း ၄ ထောင်ကျော်ရှိသည့် ဒေါက်တာနေစိုးမောင် သည် ဆင်းရဲသားများကို အခမဲ့ ဆေးကုသခြင်းအပါအဝင် လူမှုရေးလုပ်ငန်းများ လုပ်ဆောင်သလို အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲများကြောင့် ထွက်ပြေးရသည့် စစ်ကိုင်းတိုင်းမှ စစ်ရှောင်များကို လှူဒါန်းတတ်ပြီး လူမှုကွန်ရက်၌ လောင်စာဆီပြတ်လပ်မှု အပါအဝင် ပြည်သူတို့ ခံစားနေရသော လူမှုဒုက္ခများကို ရံဖန်ရံခါရေးလေ့ရှိသဖြင့် စစ်ကောင်စီလော်ဘီတို့က မျက်စေ့စပါးမွှေးစူးကာ အရေးယူရန် တိုက်တွန်းခံရသူလည်း ဖြစ်သလို အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ သားမက်ဆိုကာ မေးခွန်းထုတ်ဝေဖန်သူများလည်း ရှိသည်။

မကြာမီက တိုက်ခတ်ခဲ့သည့် ယာဂီမုန်တိုင်းဒဏ်ခံ အင်းလေး၊ ကလော၊ ရမည်းသင်း ဒေသများသို့ သွား၍ လှူဒါန်းခဲ့ပြီး ဖမ်းဆီးခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုဥက္ကဋ္ဌ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် ကွယ်လွန်ခြင်း အပေါ် ဝမ်းနည်းကြောင်း Smart City ဖြစ်စေရန် လုပ်ဆောင်ပေးခဲ့သည့်အပေါ် လေးစားဂါရ၀ပြုကြောင်း ရေးသားရာမှ ခေါ်ယူစစ်ဆေးသည့် သတင်းများထွက်လာပြီးနောက် ယခုလို အမှုဖွင့်ဖမ်းဆီးခံရခြင်းဖြစ်သည်။

ဧရာဝတီက မည်သည့်ပုဒ်မဖြင့် အမှုဖွင့်ထားသည်ကို သိရှိနိုင်ရန် မန္တလေးတိုင်းရဲတပ်ဖွဲ့နှင့် ပြည်ကြီးတံခွန်မြို့မ ရဲခစန်းတို့ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍မရပေ။

ဒေါ်အောင်ဆန်းစုကြည်၏ ပုံတူပန်းချီကားနှင့် တွဲကာ ဓာတ်ပုံရိုက်ထားသည့် ဒေါက်တာနေစိုးမောင်(Dr. Nay Soe Maung Facebook

သို့သော် စစ်ကောင်စီကမူ CRPH၊ NUG နှင့် ၎င်းတို့လက်ဝေခံများ၏ လှုံဆော်ဝါဒဖြန့်ခြင်းများအား လိုက်ပါ လုပ်ဆောင်ခြင်း အားပေးကူညီခြင်း လုပ်ခဲ့သူများအား ဖော်ထုတ်အရေးယူဟု ခေါင်းစဉ်အောက်တွင် ထည့်သွင်းထားပြီး အကြမ်းဖက်မှု တိုက်ဖျက် ရေး ဥပဒေ ပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၁၂၄-က၊ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေးဥပဒေ ပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်ဆက်နွယ် သော ပိုင်ဆိုင်မှုများ အကြမ်းမှုတိုက် ဖျက်ရေးဥပဒေ အရ နိုင်ငံပိုင်သိမ်းဆည်းခံရနိုင်ကြောင်း ဆိုထားသည်။

ပြီးခဲ့သည့် သြဂုတ်လက တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယိ၏ နေပြည်တော်ခရီးစဉ်၌ အာဏာရှင်ဟောင်း ဦးသန်းရွှေ အား သွားရောက် တွေ့ဆုံခဲ့သေးရာ ယခုကဲ့သို့ သားမက်ဖြစ်သူ ဒေါက်တာနေစိုးမောင် အဖမ်းခံရခြင်းက လက်ရှိ စစ်ကောင်စီ နှင့် စစ်တပ်ခေါင်းဆောင်ဟောင်းများကြား ဆက်ဆံရေးမှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

လက်ရှိတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ၎င်းနှင့် လုပ်ရပ်အပေါ် ဝေဖန်ပြောဆိုမှုများကို သည်းခံလေ့ မရှိကြောင်းကို ဦးသိန်းစိန် အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်နှင့် ရှမ်းမြောက်တိုက်ပွဲများ အပေါ် ဝေဖန်ခဲ့သည့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ လေကြောင်းရန် ကာကွယ်ရေးတပ်အရာရှိချုပ် အငြိမ်းစား ဒု ဗိုလ်ချုပ်ကြီး မြင်လှိုင်တို့ကို အရေးယူခြင်းက ပြသနေသည်။

ထို့အတွက် အာဏာသိမ်း စစ်ခေါင်းဆောင်အနေဖြင့် မိမိ၏ အကျိုးစီးပွားထိခိုက်လာပါက ဆရာအရင် ဖြစ်သူ ဦးသန်းရွှေ၏ မိသားစုဝင်တဦးကိုပင် အာဏာရှင်စရိုက်အရ ဖမ်းဆီးမည်ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်သည်။

၎င်းက “မင်းအောင်လှိုင်အနေနဲ့က သူ့ကို မထောက်ခံရင် မရဘူး။ နောက်ကွယ်က ဦးသန်းရွှေရဲ့ ကြိုးကိုင်မှုကိုလည်း ဂရုမစိုက်ဘူးဆိုပြီးတော့ သူ့ဆရာကိုတောင် ပြန်ပြီးစိန်ခေါ်လိုက်တဲ့သဘောလို့ပဲ ပြောရမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ဒေါက်တာနေစိုးမောင်သည် အာဏာရှင်မိသားစု အသိုင်းအဝိုင်းမှ ဖြစ်သော်လည်း စစ်တပ်အာဏာသိမ်းမှု ဆန့်ကျင် ဆန္ဒပြပွဲ များတွင် ကိုယ်တိုင်ပါဝင်ခဲ့သည့်အပြင် စစ်တပ်လက်အောက် ပြည်သူများ နေ့စဉ်ကြုံတွေ့ခံစားနေရသော ဒုက္ခများအား ၎င်း၏ “Dr Nay Soe Maung” Facebook စာမျက်နှာတွင် မကြာခဏရေးသားကာ စစ်ကောင်စီကို အနုနည်းဖြင့် ဝေဖန်လေ့ရှိသည်။

စစ်ကောင်စီက ဖမ်းဆီးအကျဉ်းချထားပြီး ဆေးဝါးကုသခွင့် လုံလောက်စွာ မပေးမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဒုတိယဥက္ကဋ္ဌ၊ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် သေဆုံးမှုကို စိတ်မကောင်းဖြစ်ရကြောင်း အောက်တိုဘာ ၇ ရက်၌ ရေးသားဖော်ပြခဲ့သည်။

ထိုဖော်ပြချက်တွင် “နောင်ဘဝမှာ လူဖြစ်ခဲ့လျှင် လွတ်လပ်တရားမျှတပြီး လူကိုလူလိုဆက်ဆံတဲ့နိုင်ငံမှာ လူပြန်ဖြစ်ပြီး လူသားတွေရဲ့အကျိုးကို ဆက်လက်သယ်ပိုးပေးနိုင်ပါစေ ဆရာ” ဟုဆိုကာ ဒေါက်တာဇော်မြင့်မောင်အား ရည်ညွှန်း ရေးသားခဲ့သည်။

ထို့အပြင် ၎င်း၏ Facebook follower တဦးက ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေအနေဖြင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အပေါ် ပြောဆိုထိန်းကျောင်းပေးရန် ရေးသားမှုကို ဒေါက်တာနေစိုးမောင်က “ကျွဲပါးစောင်းတီး၊ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်” ဟု ပြန်လည်ရေးသားခဲ့သည်။

ထိုရေးသားချက်များအပြီး ဖမ်းဆီးခံရကြောင်း သတင်းများထွက်ပေါ်ခဲ့သော်လည်း စစ်ကောင်စီက အောက်တိုဘာ ၂၄ ရက်မှသာ ဖမ်းဆီးအမှုဖွင့်ထားကြောင်း ထုတ်ပြန်လာခြင်း ဖြစ်သည်။

ဒေါက်တောနေစိုးမောင်၏ စစ်ကောင်စီအပေါ် ဝေဖန်ရေးသားမှုများကြောင့် စစ်တပ်ထောက်ခံသည့် တယ်လီဂရမ် စာမျက် နှာများတွင် ယခင်ကတည်းက ဖမ်းဆီးရန် လှုံ့ဆော်မှုများရှိသော်လည်း စစ်ကောင်စီက ဒေါက်တာဇော်မြင့်မောင် သေဆုံး မှုနှင့် ပတ်သက်၍ ရေးသားဖော်ပြပြီးနောက်ပိုင်းမှသာ ဖမ်းဆီးလိုက်ခြင်းလည်း ဖြစ်သည်။

အင်းလေး ရေဘေးသင့်ပြည်သူများအား သွားရောက်လှူဒါန်းခဲ့စဉ် / Dr. Nay Soe Maung Facebook

နိုင်ငံရေးလေ့လာသူတဦးက “အစောပိုင်းတော့ လွှတ်ပေးထားတာပေါ့။ နောက်ပိုင်း နည်းနည်းပြင်းလာတဲ့အခါကျတော့ သူတို့လည်း နည်းနည်းလန့်လာတော့ အရေးယူလိုက်တာပါပဲ။ သိပ်တော့မထူးဆန်းပါဘူး။ ဗိုလ်သန်းရွှေတုန်းကလည်း နေဝင်းမြေးတွေဖမ်းတာပဲ သူ့အာဏာထိလာရင်။ မင်းအောင်လှိုင်ကလည်း သန်းရွှေသားမက် ပြန်ဖမ်းမှာပဲ။ နောက်တက် မယ့် ကာကွယ်ရေးဦးစီးချုပ်ကလည်း မင်းအောင်လှိုင် သား၊ သမီးတွေ ဖမ်းမှာပဲ။ သူတို့အကျိုးစီးပွားတော့ လာမထိနဲ့ပဲ။ သူတို့က ဗိုလ်မထားတွေပဲ” ဟု ပြောသည်။

ဒေါက်တာနေစိုးမောင် မတိုင်မီကလည်း သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ပြန်ကြားရေးဝန်ကြီးဟောင်းဖြစ်သူ ဦးရဲထွဋ် လည်း စစ်ကောင်စီအပေါ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြမှုဖြင့် ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(က)၊ ၁၂၄(ဃ) တို့နှင့် တရားစွဲဆိုကာ ထောင် ၁၀ နှစ် ချခံခဲ့ရသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကမူ ယခုဖြစ်ရပ်တွင် စစ်ကောင်စီအနေဖြင့် ၎င်းတို့အပေါ် ပြင်းထန်သော ရေး သားဝေဖန်မှုများအား ဟန့်တားလို၍သာ ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ပြင်းထန်သည့် အရေးယူမှုများ ဖြစ်မလာနိုင်ကြောင်း သုံးသပ်သည်။

၎င်းက “သူရဲ့ လူမှုရေးအနေအထားအရ ဦးသန်းရွှေရဲ့ သားမက်လည်း ဖြစ်နေတဲ့အခါကျတော့ သူတို့သိပ်ပြီး ပြင်းပြင်း ထန်ထန် အရေးယူမယ်လို့ မထင်ပါဘူး။ သိပ်ပြီးတော့ အလွန်အကျွံပြောဆိုလာမှုတွေ၊ ထိခိုက်နစ်နာမှုတွေ ရှိလာတဲ့ အပေါ်မှာ ဟန့်တားတဲ့သဘောလောက်ပဲ ဖြစ်ပါတယ်။ သာမန်လူတယောက်ဆိုရင်တော့ ဖမ်းဆီးထောင်ချမှုတွေ ဖြစ်လာ နိုင်ပါတယ်” ဟု ပြောသည်။

ဒေါက်တာနေစိုးမောင် အသက် ၆၇နှစ် ရှိပြီဖြစ်ပြီး မြန်မာဆိုရှယ်လစ်လမ်းစဉ် အစိုးရလက်ထက် စစ်ထောက်ချုပ်နှင့် နောင် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးလုပ်ခဲ့သူ ဗိုလ်ချုပ်တင်စိန်သားဖြစ်ကာ တပ်မတော်ဆေးတပ်တွင် ဗိုလ်မှူးကြီးအဆင့်ဖြင့် အငြိမ်းစားယူခဲ့ပြီး ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်ပါ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

၎င်းသည် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေ၏ ခင်ပွန်းဖြစ်ပြီး ဦးသန်းရွှေ အချစ်ဆုံးမြေး အဖြစ် လူသိများသည့် နေရွှေသွေးအောင် (ခ) ဖိုးလပြည့်၏ ဖခင် ဖြစ်သည်။

လက်ရှိတွင် ၎င်းအနေဖြင့် မြန်မာနိုင်ငံခြေလျင်နှင့်တောင်တက်အဖွဲ့ချုပ် (MHMF) ဥက္ကဋ္ဌတာဝန်ယူထားပြီး ပရဟိတ လုပ်ငန်းများ လုပ်ဆောင်နေသူ ဖြစ်သည်။

You may also like these stories:

ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကို ခေါ်ယူစစ်ဆေးနေ

ဈာပနများက ဖော်ပြသော စစ်အာဏာရှင်တို့၏ သဘောထား အမှန်

မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၏ ဘဝကောက်ကြောင်း

မန္တလေးမြို့ ဝမ်းနည်းကြေကွဲရတဲ့ ဒေါက်တာ ဇော်မြင့်မောင်ရဲ့ ဈာပန

Your Thoughts …
Tags: စစ်ကောင်စီဒေါက်တာနေစိုးမောင်နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးအာဏာရှင်ဟောင်းဦးသန်းရွှေဦးသန်းရွှေသားမက်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်နှင့် နွေဦးတော်လှန်ရေး အလှည့်အပြောင်း

၁၀၂၇ စစ်ဆင်ရေး ၁ နှစ်ပြည့်နှင့် နွေဦးတော်လှန်ရေး အလှည့်အပြောင်း

သံလွင်မြစ်ဝှမ်းတွင်…

သံလွင်မြစ်ဝှမ်းတွင်…

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved