• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

NLD ခေါင်းဆောင် ဒေါက်တာ ဇော်မြင့်မောင် မန္တလေးဆေးရုံတက်ရ

by ဧရာဝတီ
17 December 2022
in သတင်း
A A
၂၀၁၉ ခုနှစ်က မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် / ဧရာဝတီ

၂၀၁၉ ခုနှစ်က မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင် / ဧရာဝတီ

8.3k
VIEWS
Share on FacebookShare on Twitter

အကျဉ်းချခံထားရသော မန္တလေးတိုင်း ဝန်ကြီးချုပ်ဟောင်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဋ္ဌ ဒေါက်တာ ဇော်မြင့်မောင်သည် ဒီဇင်ဘာလ အစောပိုင်းမှစတင်ပြီး မန္တလေးအထွေထွေရောဂါကု ဆေးရုံတွင် တက်ရောက်ကုသမှု ခံနေရကြောင်း ဥပဒေ သတင်းရင်းမြစ်များက ပြောသည်။

အသက် ၇၁ နှစ်အရွယ် ထင်ရှားသော နိုင်ငံရေးသမားဖြစ်သည့် ဒေါက်တာ ဇော်မြင့်မောင်သည် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် သွေးကင်ဆာရောဂါ ခံစားနေရသည်။ သူ့ကို စစ်ကောင်စီတရားရုံးက အဂတိ လိုက်စားမှု၊ ရွေးကောက်ပွဲ မသမာမှုနှင့် ကိုဗစ်စည်းမျဉ်း ချိုးဖောက်မှုများဖြင့် စီရင်ပြီးနောက် မန္တလေးရှိ အိုးဘိုထောင်တွင် ထောင် ၂၉ နှစ် ချထားသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၈၊ ၂၀၂၆

8 January 2026
27
စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

8 January 2026
227
စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

စစ်တပ်နဲ့ ပျူစောထီးရဲ့ အထိုင်စခန်းကို PDF တွေဝင်တိုက် (ရုပ်/သံ)

8 January 2026
28

ဒေါက်တာ ဇော်မြင့်မောင်ကို အိုးဘိုထောင်ဆေးရုံတွင် မကုသနိုင်တော့သောကြောင့် မန္တလေး အထွေထွေရောဂါကု ဆေးရုံတွင် ကုသနေရသည်။

“သူ့ကို အပြင်ဆေးရုံကို ပို့လိုက်ရတာ တပတ်ကျော်ပြီလို့ ကြားတယ်။ ကျန်းမာရေးအခြေအနေ ဆိုးနေလို့ တရားရုံးက သူ့ကို အာမခံပေးသင့်တယ်” ဟု မန္တလေးမှ ရှေ့နေတဦးက ပြောသည်။

ရာဇဝတ်မှု ကျင့်ထုံးဥပဒေ ၄၉၇ အရ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အာမခံကို နိုင်ငံတော်ပုန်ကန်သူ သို့မဟုတ် သေဒဏ်ကျခံရသူ အပါအဝင် မည်သည့် အကျဉ်းသားကိုမဆို ပေးအပ်နိုင်ကြောင်း ထိုရှေ့နေက ပြောသည်။

“သူ့ကိုစွဲဆိုတဲ့အမှုအားလုံးက ကျိုးကြောင်းဆီလျော်မှု မရှိဘူး။ တရားရုံးကလည်း သူ့ကို ထောင်ချထားပြီးပြီ။ ဒီလိုအခြေအနေမျိုးမှာ သူ့ကိုအာမခံပေးပြီး အိမ်မှာပဲထားပြီး သူ့အသက်ကိုကယ်ဖို့ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှု ပေးသင့်တယ်။ လူသားချင်းစာနာမှုအရ စစ်ကောင်စီက အဲဒီလိုပဲ လုပ်သင့်တယ်” ဟု ဒေါက်တာ ဇော်မြင့်မောင်အတွက် ယမန်နှစ် အစောပိုင်းမှ စတင် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ရှေ့နေတဦးက ပြောသည်။

ဒေါက်တာ ဇော်မြင့်မောင်ကို စွဲချက် ၁၀ ခုဖြင့် ထောင် ၂၉ နှစ် ချထားသည်။ စွဲချက် ၅ ခုကို အဂတိလိုက်စားမှု ဥပဒေအရ စွဲဆိုပြီး ၂ ခုမှာ ရွေးကောက်ပွဲဥပဒေနှင့် ပတ်သက်ကာ နောက်ထပ် စွဲချက် ၂ ခုကို အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှု ဥပဒေဖြင့် စွဲဆိုသည်။ ကျန်တမှုမှာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် စွဲဆိုသောအမှု ဖြစ်သည်။

ဖြုတ်ချခံ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်သည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံတွင် နိုင်ငံရေး လောကသို့ ရောက်လာပြီး ၁၉၉၀၊ ၂၀၁၂၊ ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင် NLD ကို ကိုယ်စားပြု အနိုင်ရသည်။ အာဏာသိမ်းသည့် ပထမဆုံးနေ့တွင် အခြား NLD ထိပ်တန်း ခေါင်းဆောင်များနှင့်အတူ အဖမ်းခံရသည်။

You may also like these stories:

ဒေါက်တာဇော်မြင့်မောင် အဂတိမှုများဖြင့် ထောင် ၂၁ နှစ် ထပ်မံချခံရ

စစ်ကောင်စီ ဖမ်းဆီး စွပ်စွဲ ထောင်ချထားသည့် NLD အစိုးရ အဖွဲ့ဝင်များ

ဒေါက်တာ ဇော်မြင့်မောင် မျက်စိခွဲစိတ်မည်ဖြစ်၍ ရုံးချိန်းများ ရွှေ့ဆိုင်း

ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၏ ရှေ့နေ ဒေါ်ရွက်နုအောင် ဖမ်းဆီးခံရ

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု တရားသူကြီးများ လက်ရှောင်ချင်လည်း မရ

Your Thoughts …
Tags: NLDကိုဗစ်နိုင်တင်းကျန်းမာရေးဒေါက်တာ ဇော်မြင့်မောင်နိုင်ငံရေးအကျဉ်းသားမန္တလေးတိုင်းရွေးကောက်ပွဲလူ့အခွင့်အရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.2k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.7k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

Next Post
ကချင်လွတ်လပ်ရေးအဖွဲ့ချုပ် (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ် ဂွန်မော်

စစ်ကောင်စီ သက်ဆိုးမရှည်တော့ဟု KIA ဗိုလ်ချုပ် ပြော

အုပ်စုပွဲမှာ သရေကျခဲ့တဲ့ ခရိုအေးရှားနဲ့ မော်ရိုကို

အာဖရိကအတွက် တတိယနေရာ သေချာလား

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved