• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဖရိကအတွက် တတိယနေရာ သေချာလား

by လေးလေး
17 December 2022
in ဆောင်းပါး
A A
အုပ်စုပွဲမှာ သရေကျခဲ့တဲ့ ခရိုအေးရှားနဲ့ မော်ရိုကို

အုပ်စုပွဲမှာ သရေကျခဲ့တဲ့ ခရိုအေးရှားနဲ့ မော်ရိုကို

6.1k
VIEWS
Share on FacebookShare on Twitter

ကာတာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ တတိယနေရာလုပွဲအဖြစ် ဒီနေ့ စနေနေ့ည ၉ နာရီခွဲမှာ ခရိုအေးရှားအသင်းနဲ့ မော်ရိုကိုအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်တယ်။

ဒီနှစ်သင်းဟာ အခုနှစ် ကမ္ဘာ့ဖလား အုပ်စု (F) မှာ ဘယ်လ်ဂျီယံ၊ ကနေဒါတို့နဲ့အတူ တအုပ်စုတည်း ကျရောက်ခဲ့တဲ့ အသင်းနှစ်သင်း ဖြစ်တယ်။ ဒီအုပ်စုက ခရိုအေးရှားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ ဒုတိယဆုရအသင်း ဖြစ်သလို ဘယ်လ်ဂျီယံအသင်းကလည်း ၂၀၁၈ ကမ္ဘာ့ဖလား တတိယဆုရအသင်း ဖြစ်တယ်။

ဘောလုံးပြိုင်ပွဲတွေ မစတင်မီ အုပ်စုအလိုက်ပြိုင်ပွဲဝင် အသင်းများ မိတ်ဆက်ခဲ့တုန်းက မီဒီယာတွေက ဒီအုပ်စုမှာ ဘယ်လ်ဂျီယံနဲ့ ခရိုအေးရှားတို့ပဲ နောက်တဆင့် တက်ရောက်နိုင်လို့ သုံးသပ်ခဲ့ကြတာပါ။

ဖတ်ကြည့်ပါ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ နှစ်ကြိမ်မှာ အနည်းဆုံး ကွာတားဖိုင်နယ် တက်ရောက်နိုင်ခဲ့တဲ့ သုံးသင်းထဲက တသင်းဖြစ်တဲ့ ဘယ်လ်ဂျီယံဟာ အခုနှစ်ပြိုင်ပွဲမှာတော့ ရေပန်းစားမှု လျော့ကျနေတယ်။ နေးရှင်းလိဂ်မှာ ဟော်လန်ကို နှစ်ကျော့စလုံး အရှုံးပေးခဲ့ရတဲ့ ဘယ်လ်ဂျီယံဟာ အုပ်စုအဆင့်ကနေ ကျော်လွန်ဖို့ အခွင့်အရေး ကောင်းနေ။

မော်ရိုကိုအသင်းကို ဘောလုံးပွဲပရိသတ်နဲ့ ပြိုင်ဘက်အသင်းတွေ မျက်ခုံးပင့်ပြီး ကြည့်ကြရပြီ

နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်း ဒုတိယအကောင်းဆုံး ဖြစ်နေတာက ခရိုအေးရှားအသင်း။

၂၀၁၈ ခုနှစ်ကလည်း အုပ်စုကနေ ထွက်ခဲ့ရတဲ့ မော်ရိုကိုအတွက် နောက်တဆင့်တက်ဖို့ကတော့ လိုအပ်ချက်တွေ ရှိနေနိုင်ပါတယ်။ ကမ္ဘာ့ဖလားကို နှစ်ကြိမ်မြောက် ကစားရမယ့် ကနေဒါဟာ နောက်တဆင့်တက်ဖို့ ရာခိုင်နှုန်း အနည်းဆုံး သတ်မှတ်ခံထားရပါတယ်။

ဒီလိုတွေ ခန့်မှန်းသုံးသပ်ခဲ့ကြပေမယ့် ပြိုင်ပွဲစတဲ့အခါမှာတော့ အခုလို ရလဒ်တွေ ထွက်ခဲ့တယ်။

မော်ရိုကို ဝ-၀ ခရိုအေးရှား

ခရိုအေးရှား ၄-၁ ကနေဒါ

ခရိုအေးရှား ဝ-၀ ဘယ်လ်ဂျီယံ

မော်ရိုကို ၂-၀ ဘယ်လ်ဂျီယံ

မော်ရိုကို ၂-၁ ကနေဒါ

အုပ်စု (F) မှာ မော်ရိုကိုက နှစ်ပွဲနိုင်၊ တပွဲသရေ ရမှတ် ၇ မှတ်နဲ့ အုပ်စုပထမ၊ ခရိုအေးရှားက တပွဲနိုင်၊ နှစ်ပွဲသရေ ရမှတ် ၅ မှတ် အုပ်စုဒုတိယနဲ့ ရှုံးထွက်အဆင့်ကို တက်ခဲ့ကြတယ်။

ကမ္ဘာ့အဆင့် (၂) ဘယ်လ်ဂျီယံကို အနိုင်ကစား၊ ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယဆုရ ခရိုအေးရှားကို သရေကစားပြီး အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်တက်ခဲ့တဲ့ မော်ရိုကိုအသင်းကို ဘောလုံးပွဲပရိသတ်နဲ့ ပြိုင်ဘက်အသင်းတွေ မျက်ခုံးပင့်ပြီး ကြည့်ကြရပြီ။

ကမ္ဘာ့အဆင့် (၂) ဘယ်လ်ဂျီယံကို အနိုင်ကစား၊ ၂၀၁၈ ကမ္ဘာ့ဖလား ဒုတိယဆုရ ခရိုအေးရှားကို သရေကစားပြီး အုပ်စုပထမနဲ့ ရှုံးထွက်အဆင့်တက်ခဲ့တဲ့ မော်ရိုကိုအသင်းကို ဘောလုံးပွဲပရိသတ်နဲ့ ပြိုင်ဘက်အသင်းတွေ မျက်ခုံးပင့်ပြီး ကြည့်ကြရပြီ။

ရှုံးထွက်အဆင့်မှာ နာမည်ကြီးစပိန်ကို ပင်နယ်တီနဲ့နိုင်ပြီး ကွာတားတက်၊ ကွာတားမှာ ထိပ်သီး ပေါ်တူဂီကို ၁-၀ နဲ့ အနိုင်ကစားပြီး ဆီမီးတက်ခဲ့တော့ မော်ရိုကိုအသင်းဟာ ဖျက်မြင်းသက်သက် အသင်းမဟုတ်တော့ဘဲ ဥရောပအသင်းကြီး တသင်းလို အဆင့်မြင့်မြင့် ကစားပြနိုင်တဲ့အသင်းပဲလို့ လက်ခံကြရပြီ။

ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတလျှောက် ပထမဦးဆုံး ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ အာဖရိကအသင်း မော်ရိုကို

နာမည်ကြီး ဥရောပထိပ်သီး ပေါ်တူဂီကို ကွာတားမှာ မော်ရိုကို ဖြုတ်ချခဲ့ပုံနဲ့ ပတ်သက်ပြီး ဆောင်းပါးရှင် ချစ်ဝင်းမောင်က ခုလို မှတ်တမ်းထိုးခဲ့တယ်။

“ကာတာ ကမ္ဘာ့ဖလားမှာ မထင်တာတွေ အားလုံးဖြစ်တယ်ဆိုတဲ့အတိုင်း အာဖရိကမြောက်ပိုင်းက အာရပ်နိုင်ငံငယ်ကလေး မော်ရိုကိုကတော့ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်ကို ပထမဆုံး တက်ရောက်သွားတဲ့ အာဖရိက အာရပ်နိုင်ငံတခုအဖြစ် သမိုင်းမှတ်တမ်း ရေးထိုးခဲ့ပါပြီ။

ရင်နာစရာ အကောင်းဆုံးက ကမ္ဘာ့အကောင်းဆုံး ဖြစ်ခဲ့ဖူးတဲ့ ဒိုလေး (စီရော်နယ်ဒို) နဲ့ ပေါ်တူဂီတို့ရဲ့ ကမ္ဘာ့ဖလား ကန့်လန့်ကာ ချသွားခဲ့တာပါ။

ဒီနှစ် ကမ္ဘာ့ဖလား ဟောကိန်းထုတ်သူ အားလုံးက ပေါ်တူဂီကိုပဲ နောက်တဆင့်တက်မယ့် အသင်းအဖြစ် ဟောကိန်းထုတ်ခဲ့ကြတယ်။ အစဉ်အလာ အောင်မြင်မှုရယ်၊ စတားပလေယာ ပါဝင်မှုရယ်က ပေါ်တူဂီဟာ ဖေးဘရိတ် ဖြစ်ခဲ့တယ်။

တကယ်တမ်း ဒိုဟာ အယ်သုမာမာ ကွင်းမှာ ကစားတော့ ရှုံးပွဲမရှိ၊ လေးပွဲ ပေးဂိုးမဲ့ clean sheet နဲ့ ဒီအဆင့်ကို တက်ရောက်လာတဲ့ မော်ရိုကိုရဲ့ ခံစစ်တံတိုင်းကို ဘယ်လိုမှ မကျော်လွှားနိုင်ဘဲ ၄၂ မိနစ်မှာ တန်ပြန် တိုက်စစ်ကတဆင့် မော်ရိုကို တိုက်စစ်မှူး အယ်လ်နက်ဆရီရဲ့ ခေါင်းတိုက်ဂိုးနဲ့ အရှုံးပေးလိုက်ရတယ်။

ပေါ်တူဂီက ဆွစ်ဇာလန်ကို ဂိုးဒါဇင်ဝက်နဲ့ အနိုင်ရထားတဲ့ပွဲက ကစားသမားတွေအားလုံး (ဖဲလက်စ်၊ ဂွန်ကာလိုရာမို့စ်၊ ဘရူနိုဖာနန်ဒက်၊ ပီပီ) ထည့်သွင်းခဲ့ပေမယ့် ထင်သလို မဖောက်နိုင်ဘဲ မာကျောတဲ့ မော်ရိုကိုရဲ့ တန်ပြန် ခြိမ်းခြောက်မှုကိုတောင် ခံနေခဲ့ရတယ်။ ဒုတိယပိုင်းမှာ စီရော်နယ်ဒို ထည့်သွင်းခဲ့ပေမယ့် ပွဲပြီးတဲ့အထိ မော်ရိုကို နောက်တန်း အုတ်တံတိုင်းကို ထိုးဖောက်ရခက်နေလို့ လက်မြှောက် အရှုံးပေးလိုက်ရတဲ့ အခြေဆိုက်သွားတယ်”။

ဆီမီးဖိုင်နယ်တက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်း မော်ရိုကိုလို့ မှတ်တမ်းကောင်းတရပ် ရေးထိုးနိုင်ခဲ့ပေမဲ့ လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ၂-၀ နဲ့ ရှုံးခဲ့တယ်။ အခုတော့ သူ့လိုပဲ ဆီမီးမှာ အာဂျင်တီးနားကို ၃-၀ နဲ့ ရှုံးခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ တတိယနေရာအတွက် ယှဉ်ပြိုင်ကစားရပါတော့မယ်။

ဆီမီးဖိုင်နယ်တက်နိုင်တဲ့ ပထမဆုံး အာဖရိကအသင်း မော်ရိုကိုလို့ မှတ်တမ်းကောင်းတရပ် ရေးထိုးနိုင်ခဲ့ပေမဲ့ လက်ရှိချန်ပီယံ ပြင်သစ်အသင်းကို ၂-၀ နဲ့ ရှုံးခဲ့တယ်။ အခုတော့ သူ့လိုပဲ ဆီမီးမှာ အာဂျင်တီးနားကို ၃-၀ နဲ့ ရှုံးခဲ့တဲ့ ခရိုအေးရှားအသင်းနဲ့ တတိယနေရာအတွက် ယှဉ်ပြိုင်ကစားရပါတော့မယ်။

ကမ္ဘာ့ဖလား မှတ်တမ်းအရ မော်ရိုကိုဟာ ကမ္ဘာ့ဖလား ၅ ကြိမ် ယှဉ်ပြိုင်ခဲ့ဖူးပြီး ၁၉၈၆ ခုနှစ်မှာ ၁၆ သင်းအဆင့်အထိ တက်ရောက်နိုင်ခဲ့တာက အမြင့်ဆုံးအောင်မြင်မှု ဖြစ်တယ်။ ၂၀၁၈ ခုနှစ်ကလည်း အုပ်စုကနေ ထွက်ခဲ့ရတယ်။

မော်ရိုကိုအသင်း စိုက်ထူခဲ့သော မှတ်တိုင်များ

*ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတလျှောက် ပထမဦးဆုံး ဆီမီးဖိုင်နယ်တက်ခဲ့တဲ့ အာဖရိကအသင်း။

*ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတလျှောက် ရှုံးပွဲမရှိ၊ ပွဲဆက်အများဆုံး ကစားနိုင်ခဲ့တဲ့ အာဖရိကအသင်း (၅ ပွဲဆက်)။

*စပိန်၊ ပေါ်တူဂီ၊ ဘယ်လ်ဂျီယံတို့လို အင်အားကြီးအသင်းတွေကို အနိုင်ရ ကျော်ဖြတ်နိုင်ခဲ့တဲ့အသင်း။

မော်ရိုကိုနဲ့ကစားမယ့် ခရိုအေးရှား အသင်းကတော့ ကမ္ဘာ့ဖလား ၆ ကြိမ်မြောက် ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး အရင် ယူဂိုဆလားဗီးယား အနေနဲ့ အောင်မြင်မှုရခဲ့သလို ခရိုအေးရှားအမည်နဲ့ ခွဲထွက် ယှဉ်ပြိုင်ချိန်မှာလည်း ရလဒ်ကောင်းတွေ ရရှိထားတယ်။ ယှဉ်ပြိုင်ခဲ့သမျှ ကမ္ဘာ့ဖလား ၆ ကြိမ်မှာ အုပ်စုအဆင့်ကနေ ၃ ကြိမ် ထွက်ခဲ့ရပေမဲ့ ဒုတိယတကြိမ်၊ တတိယတကြိမ် ရထားတဲ့မှတ်တမ်းက လျှော့တွက်လို့မရတဲ့ အသင်းဆိုတာ ပြသနေတယ်။

မိုဒရစ် ခေါင်းဆောင်တဲ့ ခရိုအေးရှားကွင်းလယ်ကို မော်ရိုကိုကွင်းလယ် မမီ

ကစားသမားအင်အားအရ ကွင်းလယ် ကစားသမားကောင်းတွေ များပေမယ့် တိုက်စစ်ပိုင်းမှာ ဂိုးသွင်းပေးနိုင်မယ့်သူ မရှိဘဲ အဓိကအားနည်းချက် ဖြစ်နေတယ်။၂၀၁၈ ကမ္ဘာ့ဖလား ကစားခဲ့တဲ့ ကစားသမား ၈ ယောက်ခန့် အမာခံထားပြီး ပြိုင်ပွဲဝင်ခဲ့တဲ့ ခရိုအေးရှားဟာ သရေပွဲအများစုနဲ့ ဆီမီးအဆင့် တက်ခဲ့တယ်။

မော်ရိုကို ဝ-၀ ခရိုအေးရှား

ခရိုအေးရှား ၄-၁ ကနေဒါ

ခရိုအေးရှား ဝ-၀ ဘယ်လ်ဂျီယံ

ရှုံးထွက်အဆင့်မှာ ဂျပန်ကို ပင်နယ်တီနဲ့ အနိုင်ကစားခဲ့တယ်။ ကွာတားမှာ တခါ ဘရာဇီးနဲ့အချိန်ပို၊ ပင်နယ်တီကစားပြီး နာမည်ကြီး ဘရာဇီးကို ဖြုတ်ချခဲ့ပြန်တယ်။ အချိန်ပိုတွေ ပင်နယ်တီတွေဆက်ပြီး ဆီမီးတက်ခဲ့တဲ့ ခရိုအေးရှားဟာ အာဂျင်တီးနားနဲ့ ရင်ဆိုင်အတွေ့မှာတော့ ၃-၀ ရလဒ်နဲ့ ဒူးထောက်လိုက်ရတော့တယ်။

အခုတော့ အုပ်စုတွင်း ပြိုင်ဘက်ဟောင်း မော်ရိုကိုနဲ့ ခရိုအေးရှားတို့ တတိယနေရာအတွက် ဒုတိယအကြိမ် ရင်ဆိုင်ဆုံတွေ့ကြပါပြီ။ အုပ်စုတွင်း ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ ခရိုအေးရှားတိုက်စစ်က ဂိုးသွင်းခွင့် ပိုရထားပြီး မော်ရိုကို ဂိုးသမား ဘိုနို ကာကွယ်တာကောင်းလို့သာ ဂိုးမရှိ သရေပွဲဖြစ်ခဲ့တာပါ။

အခုတော့ အုပ်စုတွင်း ပြိုင်ဘက်ဟောင်း မော်ရိုကိုနဲ့ ခရိုအေးရှားတို့ တတိယနေရာအတွက် ဒုတိယအကြိမ် ရင်ဆိုင်ဆုံတွေ့ကြပါပြီ။ အုပ်စုတွင်း ဂိုးမရှိ သရေကျခဲ့တဲ့ပွဲမှာ ခရိုအေးရှားတိုက်စစ်က ဂိုးသွင်းခွင့် ပိုရထားပြီး မော်ရိုကို ဂိုးသမား ဘိုနို ကာကွယ်တာကောင်းလို့သာ ဂိုးမရှိ သရေပွဲဖြစ်ခဲ့တာပါ။

ဒါပေမယ့် လက်ရှိ ခရိုအေးရှားအသင်းဟာ အချိန်ပိုတွေ ကစားခဲ့ရအပြီးမှာ ဒီအသင်းရဲ့ အဓိက အားတခုဖြစ်တဲ့ ကွင်းလယ်လုပ်အားနှုန်း ကျဆင်းလာခဲ့ရပါတယ်။ ဝါသမ္ဘာသာတဲ့ ခရိုအေးရှားနဲ့ စိတ်ဓာတ်ပြင်းပြင်း၊ မာမာထန်ထန် ကစားတတ်တဲ့ မော်ရိုကိုတို့ ရင်ဆိုင်အတွေ့မှာ ဘယ်လိုရလဒ်မျိုးတွေ ထွက်လာနိုင်သလဲ။

အားကစားဆေားင်းပါးရှင် ဝဏ္ဏကျော်က ခရိုအေးရှားအနိုင်လို့ ခပ်တိုတို သုံးသပ်တယ်။

“တတိယလုပွဲတွေကတော့ ထုံးစံအတိုင်း ဖွင့်တိုက်ကြလိမ့်မယ်။ နှစ်သင်းစလုံးက ခံစစ်ကောင်းပြီး တိုက်စစ်က ဂိုးသိပ်မရတတ်ပေမယ့် ဒီပွဲမှာတော့ အပြန်အလှန်ဂိုးတွေ မြင်ရနိုင်တယ်။ ဝါနုတဲ့ မော်ရိုကိုထက် ဝါရင့် ခရိုအေးရှား နိုင်မယ်လို့ပဲ ယူဆပါတယ်”။

RelatedPosts

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
107
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299
ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

4 January 2026
1.2k
ခရိုအေးရှားနဲ့ မော်ရိုကိုအသင်းတို့ဟာ ပွဲကို ထိန်းကစားမှာ မဟုတ်ဘဲ တိုက်စစ်ဖွင့်ပြီး ရေကုန်ရေခမ်း နောက်ဆုံးပိတ် အိတ်နဲ့လွယ် ကစားကြမယ်

ဒီနှစ်သင်းတွေ့ဆုံမှု နှစ်ကြိမ်သာရှိပြီး ၁၉၉၆ ခုနှစ် တွေ့ဆုံမှုမှာ ၂-၂၊ အခု အုပ်စုတွင်းပွဲမှာ ဝ-ဝ၊ သရေရလဒ်တွေပဲ ထွက်ခဲ့ပါတယ်။

တတိယလုမယ့် ခရိုအေးရှားအသင်းနဲ့ မော်ရိုကိုအသင်းတို့ရဲ့ ဂိုးသမားတွေဟာ အခု ကမ္ဘာ့ဖလားမှာ လက်စွမ်းပြ ကာကွယ်နေသူတွေပါ။ ခရိုအေးရှားဂိုးသမား လီဗာကိုဗစ်ဟာ ဘရာဇီးနဲ့ပွဲမှာ ၁၀ ကြိမ်တိုင် ကာကွယ်နိုင်ခဲ့သူပါ။ မော်ရိုကိုဂိုးသမား ဘိုနိုကလည်း အသင်း ဆီမီးရောက်ခဲ့တဲ့ ဖြတ်ကျော်မှုမှာ တာဝန်ကျေခဲ့သူပါ။ နှစ်သင်းဂိုးသမား သိပ်မကွာပေမယ့် အသက်ပိုငယ်တဲ့ လီဗာကိုဗစ်က နှာတဖျားသာပါတယ်။

နောက်တန်း ကစားသမားချင်း ယှဉ်ရင်တော့ တောင့်တင်းတဲ့ ခံစစ်တွေ ပိုင်ဆိုင်ထားကြပေမယ့် မော်ရိုကို နောက်တန်းမှာ ဒဏ်ရာရ ကစားသမား များနေတယ်။ ဒီပွဲမှာ ကစားသမား အပြောင်းအလဲနဲ့ ပွဲထွက်လာနိုင်တာက မော်ရိုကိုဖြစ်ပြီး ခရိုအေးရှားကတော့ မိုဒရစ် ခေါင်းဆောင်တဲ့ ပုံမှန်လူစာရင်းနဲ့ပဲ ပွဲထွက်လာဖို့များတယ်။

နောက်တန်း ကစားသမားချင်း ယှဉ်ရင်တော့ တောင့်တင်းတဲ့ ခံစစ်တွေ ပိုင်ဆိုင်ထားကြပေမယ့် မော်ရိုကို နောက်တန်းမှာ ဒဏ်ရာရ ကစားသမား များနေတယ်။ ဒီပွဲမှာ ကစားသမား အပြောင်းအလဲနဲ့ ပွဲထွက်လာနိုင်တာက မော်ရိုကိုဖြစ်ပြီး ခရိုအေးရှားကတော့ မိုဒရစ် ခေါင်းဆောင်တဲ့ ပုံမှန်လူစာရင်းနဲ့ပဲ ပွဲထွက်လာဖို့များတယ်။

ဒီနှစ်သင်းရဲ့ကွင်းလယ်မှာ သမ္ဘာနဲ့အတွေ့အကြုံသာတဲ့ ခရိုအေးရှားကွင်းလယ်ကို မော်ရိုကိုကွင်းလယ် မမီပါဘူး။ တိုက်စစ်ချင်းမကွာတဲ့ နှစ်သင်းဖြစ်ပြီး ခရိုအေးရှားတိုက်စစ်က ဂိုးသွင်းယူနိုင်မှု အားနည်းသလို မော်ရိုကို တိုက်စစ်ကျ အဆုံးသတ် အားနည်းတယ်။

အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်ကလည်း ဝါသမ္ဘာသာတဲ့ ခရိုအေးရှားပဲ နိုင်မယ်လို့ သုံးသပ်ပါတယ်။

“ခရိုအေးရှား သာသွားဖို့များတယ်၊ မော်ရိုကိုက သူတို့လုပ်နိုင်သမျှ လုပ်ပြပြီးပြီ၊ ကမ္ဘာ့ဖလား အစဉ်အလာမှာ တတိယနေရာလုပွဲ ကစားရင် များသောအားဖြင့် အစဉ်အလာနဲ့ သမ္ဘာရှိတဲ့အသင်းတွေကပဲ အနိုင်ရတာများတဲ့အတွက် ခရိုအေးရှားပဲ နိုင်သွားမယ်ထင်ပါတယ်”။

မော်ရိုကိုနည်းပြ ဝါလစ် ရီဂရာဂွီက စတုတ္ထနေရာ ရရှိခဲ့ရင်လည်း အာဖရိကတိုက် ကိုယ်စားပြု အသင်းများအနက် ပထမဆုံး ရရှိသည့်အသင်းအဖြစ် မှတ်တမ်းတင်နိုင်မည် ဖြစ်သော်လည်း ၎င်းတို့ စိတ်ပိုင်းဖြတ်ထားသည်မှာ ခရိုအေးရှားကို အနိုင်ကစားပြီး တတိယနေရာ ရရှိရေးပဲလို့ ဆိုထားပါတယ်။

သေချာတာတခုကတော့ တတိယနေရာလုမယ့် ခရိုအေးရှားနဲ့ မော်ရိုကိုအသင်းတို့ဟာ ပွဲကို ထိန်းကစားမှာ မဟုတ်ဘဲ တိုက်စစ်ဖွင့်ပြီး ရေကုန်ရေခမ်း နောက်ဆုံးပိတ် အိတ်နဲ့လွယ် ကစားကြမှာ ဖြစ်တယ်။

အပြန်အလှန် တိုက်စစ်ဆင်ကစားရင်း အာဖရိကတိုက်ရဲ့ တတိယနေရာ ဖြစ်သွားရင်တော့ ကမ္ဘာ့ဖလား မှတ်တမ်းသစ် နောက်တခုပေါ့။

You may also like these stories:

ပြင်သစ်လက်ထဲက ကမ္ဘာ့ဖလား အာဂျင်တီးနား လုသွားမလား

လေးသင်းစလုံး နိုင်ခြေရှိတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများ

ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ

ကမ္ဘာ့ဖလား ရှုံးထွက်ပွဲတွေ လာပြီ

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

Your Thoughts …
Tags: ကမ္ဘာ့ဖလားကာတာခရိုအေးရှားတတိယနေရာလုပွဲဘောလုံးပြိုင်ပွဲမော်ရိုကိုအားကစားအာဖရိက
လေးလေး

လေးလေး

Similar Picks:

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

by နွေနေ
3 March 2025
5.1k

ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ပြောစမှတ်ရှိတာက "မြန်မာအမျိုးသမီး ဘောလုံးအသင်း" ပါ။

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

by ဧရာဝတီ
17 December 2024
4.8k

အာဆတ်သည် သူ၏ညီငယ်ဖြစ်သူ အမှတ် ၄ အဆင့်မြင့် သံချပ်ကာတပ်မတပ်မှူး မာဟာကိုပင် သူထွက်ပြေးမည့် အစီအစဉ်ကို မပြောခဲ့ကြောင်း သူ၏လက်ထောက် သုံးဦးက ပြောသည်။

ပရီဂိုဇင် သေဆုံးခြင်း ပူတင်အတွက် မည်သည့်သဘောဆောင်သနည်း

ပရီဂိုဇင် သေဆုံးခြင်း ပူတင်အတွက် မည်သည့်သဘောဆောင်သနည်း

by Mark Trevelyan
30 August 2023
3k

ပရီဂိုဇင် သေဆုံးခြင်းကြောင့် သမ္မတ ပူတင် ပေးဆပ်ရမည့် တန်ဖိုးမရှိ မဟုတ်ပေ။

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

by နွေနေ
30 June 2024
2.2k

တခါတုန်းက စည်စည်ကားကား ကြည့်ခဲ့ကြတဲ့ ဥရောပချန်ပီယံ ဘောလုံးပွဲတွေဟာ ခုတော့လည်း ငြိမ်သက် တိတ်ဆိတ်နေတော့တယ်။

အာဖရိကရှိ တရုတ်ကြေးစားစစ်သားများ

အာဖရိကရှိ တရုတ်ကြေးစားစစ်သားများ

by ဧရာဝတီ
19 November 2024
1.8k

တရုတ် PMC သည် ဆိုမာလီ ပင်လယ်ဓားပြများ၏ရန်မှ တရုတ်သင်္ဘောများကို ကာကွယ်ရန် အာဖရိကတွင် ၂၀၁၀ ပြည့်နှစ်က စတင်ပေါ်ပေါက်လာသည်။

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

by ဇုန်းရိန်
16 July 2025
1.8k

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန် နှစ်ဦးစလုံးသည် ပွဲပြီးတိုင်း ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံအလံကို ခြုံလျက် နိုင်ငံ့ဂုဏ်ကို မြှင့်တက်စေသည်မှာ ပရိတ်သတ် အားလုံးအသိပင်ဖြစ်သည်။

Next Post
ဒီဇင်ဘာ ၁၃ ရက်က ကချင်ပြည်နယ် မြစ်ကြီးနားတွင် မျိုးချစ်စိတ်ရှိလျှင် စက်ဘီးစီးကြရန် စစ်ခေါင်းဆောင်က တိုက်တွန်းသွားသည် / AFP

တပတ်အတွင်း သတင်းစုံ

မီးလောင်ပြင်ထဲက စိတ်ဒဏ်ရာ (ရုပ်/သံ)

မီးလောင်ပြင်ထဲက စိတ်ဒဏ်ရာ (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved