တိုက်ပွဲနဲ့ ပဋိပက္ခတွေကြောင့် နေရပ်စွန့်ခွာသူ အနည်းဆုံး ၁ သန်းကျော်ရှိတဲ့အထဲက ၃၀ ရာခိုင်နှုန်း ဖြစ်တဲ့ လူဦးရေ ၃ သိန်းကျော်ဟာ စိတ်ကျန်းမာရေး ချို့ယွင်းနိုင်တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က စာတမ်းထုတ်ပြန်ထားပါတယ်။
အဲ့ဒီထဲမှာ အိုးအိမ်မီးရှို့ခံဖျက်ဆီးခံထားမှု အများဆုံးဖြစ်တဲ့ စစ်ကိုင်းတိုင်းက ပြည်သူတွေ ပါဝင်နေပါတယ်။
မီးဘေးသင့်ပြည်သူတွေဟာ နောက်ထပ် ဘယ်အချိန် သူတို့ရွာကို ပြန်လာပြီး နေအိမ်တွေကို ထပ်မံမီးရှို့မလဲဆိုတာကို ထိတ်လန့်တုန်လှုပ်ကြရပြီး စိတ်မလုံခြုံမှုတွေကို ခံစားနေကြ ရတာဖြစ်ပါတယ်။











