• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

by နွေနေ
30 June 2024
in ဆောင်းပါး
A A
ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

တခါတုန်းက စည်စည်ကားကား လက်ဖက်ရည်ဆိုင်မှာ ဘောပွဲထိုင်ကြည့်ခဲ့ကြ

2.2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲလိုပဲ လေးနှစ်တကြိမ် ကျင်းပတဲ့ ဥရောပဖလား ယူရို-၂၀၂၄ ပြိုင်ပွဲက ခုဆိုရင် အုပ်စုပွဲတွေ ပြီးတော့မယ်။ ကွာတားဖိုင်နယ်တွေ လာတော့မယ်။

အခုနှစ် ယူရို-၂၀၂၄ ကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ဘာလင်၊ ဖရန့်ဖတ်၊ မြူးနစ်၊ ကိုလုန်း၊ ဒေါ့မန်၊ လိုပ်ပ်ဇစ်၊ ဟမ်းဘတ်၊ စတုဂတ် အစရှိတဲ့ မြို့ကြီး ၁၀ မြို့မှာ ပြီးခဲ့တဲ့ ဇွန်လ ၁၄ ရက်နေ့က စပြီး ကျင်းပနေတာပါ။ ဇူလိုင်လ ၁၄ ရက်အထိ တလတာ ကျင်းပမယ့် ဒီနှစ် ယူရိုပြိုင်ပွဲရဲ့ လက်ရှိချန်ပီယံက အီတလီပါ။ ဖျာလိပ်ပြီး အိမ်ပြန်သွားခဲ့ရပါပြီ။

RelatedPosts

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
123
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
111
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
403

ကမ္ဘာတလွှား ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ယူရို-၂၀၂၀ ဥရောပချန်ပီယံဖလား ဘောလုံးပြိုင်ပွဲကို ၂၀၂၁ ခုနှစ်၊ ဇွန်လကျမှ ကျင်းပခဲ့ရတာဖြစ်ပြီး ခုလို အိမ်ရှင်နိုင်ငံတခုတည်းက ကျင်းပတာမျိုး မဟုတ်ဘဲ ဥရောပမြို့ကြီး ၁၁ မြို့မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ နောက်ဆုံးဗိုလ်လုပွဲကို အင်္ဂလန်၊ ဝင်ဘလေကွင်းမှာ အင်္ဂလန်နဲ့ အီတလီတို့ တွေ့ဆုံကြပြီး အီတလီက ပင်နယ်တီနဲ့ ဗိုလ်စွဲသွားခဲ့တာပါ။

ကမ္ဘာတလွှားက ဥရောပဘောလုံးပြိုင်ပွဲကို စိတ်ဝင်စားကြသလိုမျိုးပဲ မြန်မာနိုင်ငံမှာလည်း ဒီပြိုင်ပွဲတွေကို ဘောလုံးပရိသတ်တွေက အရူးအမူး အားပေးကြပါတယ်။

ယူရိုဘောလုံးပြိုင်ပွဲတွေဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေလိုပဲ မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် မတိုင်မီလောက်က စပြီး ရေပန်းစား လူကြိုက်များခဲ့တယ်။ ပထမဆုံး ၁၉၉၆ခုနှစ် ယူရို-၉၆ ဘောလုံးပြိုင်ပွဲကို မြန်မာ့ရုပ်မြင်သံကြားက စတင်ပြသခဲ့ပြီး ဘောလုံးဝါသနာရှင်တွေအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့တယ်။

ယူရိုဘောလုံးပြိုင်ပွဲတွေဟာ ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲတွေလိုပဲ မြန်မာနိုင်ငံမှာ ၂၀၀၀ ပြည့်နှစ် မတိုင်မီလောက်က စပြီး ရေပန်းစား လူကြိုက်များခဲ့တယ်။ ပထမဆုံး ၁၉၉၆ခုနှစ် ယူရို-၉၆ ဘောလုံးပြိုင်ပွဲကို မြန်မာ့ရုပ်မြင်သံကြားက စတင်ပြသခဲ့ပြီး ဘောလုံးဝါသနာရှင်တွေအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့တယ်။

တချိန်က ဘောပွဲတွေ လူစုပြီး အားပေးခဲ့ကြ

မြန်မာပြည်က လူတွေ ဘောလုံးပွဲတွေကို အရူးအမူး အားပေးကြဆုံးအချိန်ဟာ ၂၀၀၀ ပြည့်နှစ် ဝန်းကျင်တဝိုက်ပါ။ အဲဒီကာလက ဆက်သွယ်ရေး နည်းပညာလည်း ခုခေတ်လို မလွယ်ကူသေးဘူး။ ခက်ခဲနေတုန်းမို့ ဘောလုံးပရိသတ်တွေ ဥရောပနဲ့ ကမ္ဘာ့ဖလားဘောလုံးပွဲတွေ ကြည့်ဖို့ တော်ရုံနဲ့ လက်လှမ်းမမီနိုင်ကြသေးဘူး။

မြန်မာပြည်က လူတွေက အဲဒီကာလတုန်းကလည်း အမှောင်ခေတ်ထဲမှာပါ။ ရှစ်ပေ ဂြိုဟ်တုစလောင်းတွေနဲ့ နိုင်ငံတကာ channel တွေကို ကြည့်ရတယ်။ အားကစား (အထူးသဖြင့် ဘောလုံး)၊ နိုင်ငံတကာသတင်းတွေကိုပါ။ ရှစ်ပေ စလောင်းဗန်းကလည်း ရှားပါးပစ္စည်း။ တတ်နိုင်သူတချို့သာ ကြည့်နိုင်ကြတယ်။

၁၉၉၈ ပြင်သစ်ကမ္ဘာ့ဖလားကို မြန်မာ့ရုပ်မြင်သံကြား MRTV က တိုက်ရိုက်ပြသတော့ ပရိသတ်တွေကြား အမှတ်ရစရာတွေ၊ ပြောစရာတွေ အများကြီး ဖြစ်ခဲ့တယ်။ အာဆင်နယ်တိုက်မှူး ဟင်နရီ၊ ပြင်သစ်ကွင်းလယ်လူ ဇီဒန်း၊ ဂိုးသမား ဘားသက်ဇ်၊ ဒေးဗစ်ဘက်ဟမ်း၊ ဘရာဇီးတိုက်စစ်မှူး ရော်နယ်ဒို (ဒိုကြီး)။

အင်္ဂလိပ်ပရီးမီးယားလိဂ်မှာ မန်ချက်စတာယူနိုက်တက် ခေတ်ကောင်းနေချိန်။ ချန်ပီယံဖလား ဆွတ်ခူးနေချိန်၊ ကွင်းလယ်ကစားသမား ဒေးဗစ်ဘက်ဟမ်း နာမည်ကြီးနေချိန်၊ ဘရာဇီးက ရော်နယ်ဒို၊ ရော်နယ်ဒင်ဟို၊ ပြင်သစ်က ဇီဒန်း၊ ဟက်နရီ၊ ဝီးလ်တော့၊ ဘားသက်ဇ်၊ အီတလီက တော့တီတို့ ခေတ်စားနေချိန်။ အဲဒီကာလက ခုလို အွန်လိုင်းမီဒီယာတွေ မပေါ်သေး။ သတင်းစာ၊ ဂျာနယ်၊ ပုံနှိပ်မီဒီယာတွေ ခေတ်ကောင်းချိန်။ mainstream မီဒီယာဖြစ်နေချိန်။

ဘောလုံးသတင်းတွေကို သတင်းပရိသတ်က ဘောလုံးဂျာနယ်တွေကတဆင့် ဖတ်ရှုနေရချိန်။

၂၀၀၀ ပြည့်နှစ်မတိုင်မီ အစောပိုင်းကာလမှာ နိုင်ငံတကာဘောလုံးပွဲတွေကို ဘောလုံးပရိသတ်တွေက မြန်မာ့ရုပ်သံနဲ့ ပြင်ပက ၈ ပေ စလောင်းတွေကိုပဲ အဓိက အားပြုကြည့်ကြရတယ်။

မြန်မာ ဘောလုံးပရိသတ်တွေဟာ ယူရို ၉၆၊ ပြင်သစ် ကမ္ဘာ့ဖလား ၁၉၉၈၊ ယူရို ၂၀၀၀၊ ဂျပန်/တောင်ကိုးရီးယား ကမ္ဘာ့ဖလား ၂၀၀၂၊ ယူရို ၂၀၀၄ စတဲ့ လေးနှစ်တစ်ကြိမ် ကျင်းပတဲ့ ဥရောပနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အရူးအမူး အသည်းအသန် အားပေးခဲ့ကြတယ်။

အခုနှစ် ယူရို-၂၀၂၄ ကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေပါတယ်

မှတ်မှတ်ရရ ၂၀၀၂ ဂျပန်/တောင်ကိုးရီးယား ကမ္ဘာ့ဖလားကာလ ရန်ကုန်မြို့၊ ဗိုလ်ချုပ်လမ်းမပေါ်က အေးရှားပလာဇာခန်းမကြီးမှာ ဘရာဇီးနဲ့ အင်္ဂလန်ပွဲကို ပရိုဂျက်တာ ပိတ်ကားကြီးနဲ့ ပြသတော့ လာကြည့်တဲ့ပရိသတ်က ခန်းမဆောင်လျှံထွက်ပြီး အပြင်ဘက်အထိ ရောက်သွားတယ်။ အဲဒီပွဲတွေ ကစားစဉ်အချိန်က ညနေ ၄ နာရီဝန်းကျင်ဆိုတော့ ရုံးဆင်းလာတဲ့ ဝန်ထမ်းတွေပါ တိုးဝှေ့ပြီး လာကြည့်ခဲ့ကြတယ်။

ဘောလုံးရူးသွပ်မှုနဲ့ ဘောလုံးယဉ်ကျေးမှုက အဲဒီချိန်ကစပြီး အရှိန်ကောင်းခဲ့တယ်။ ညဉ့်နက်သန်းခေါင် ကစားတဲ့ ပွဲစဉ်တွေကို ရှစ်ပေ စလောင်းရှိတဲ့ ဟိုတယ်တွေမှာ သွားကြည့်ကြရတယ်။ ယူရို ၂၀၀၄၊ ကမ္ဘာ့ဖလား ၂၀၀၆ နောက်ပိုင်းမှာတော့ ဘီယာဆိုင်၊ စားသောက်ဆိုင်တွေမှာ ဘောလုံးပွဲပြသတဲ့ ယဉ်ကျေးမှု၊ ဘောလုံးပွဲကြည့်ရင်း စားသောက်အပန်းဖြေတဲ့ ဓလေ့တွေ ကျယ်ပြန့်လာခဲ့တယ်။

ဘောလုံးရူးသွပ်မှုနဲ့ ဘောလုံးယဉ်ကျေးမှုက အဲဒီချိန်ကစပြီး အရှိန်ကောင်းခဲ့တယ်။ ညဉ့်နက်သန်းခေါင် ကစားတဲ့ ပွဲစဉ်တွေကို ရှစ်ပေ စလောင်းရှိတဲ့ ဟိုတယ်တွေမှာ သွားကြည့်ကြရတယ်။ ယူရို ၂၀၀၄၊ ကမ္ဘာ့ဖလား ၂၀၀၆ နောက်ပိုင်းမှာတော့ ဘီယာဆိုင်၊ စားသောက်ဆိုင်တွေမှာ ဘောလုံးပွဲပြသတဲ့ ယဉ်ကျေးမှု၊ ဘောလုံးပွဲကြည့်ရင်း စားသောက်အပန်းဖြေတဲ့ ဓလေ့တွေ ကျယ်ပြန့်လာခဲ့တယ်။

ပရီးမီးယားလိဂ်၊ စီးရီးအေ၊ လာလီဂါ အစရှိတဲ့ ဥရောပလိဂ်တွေကို ပြသပေးတဲ့ Skynet ရုပ်သံလိုင်းလည်း ပေါ်လာတယ်။ မြန်မာဘောလုံးပရိသတ်တွေ ဥရောပဘောလုံးနဲ့ ယဉ်ပါးလာပြီး မန်ချက်စတာ၊ အာဆင်နယ်၊ ချဲလ်ဆီး၊ နယူးကာဆယ်၊ အင်တာမီလန်၊ ဘိုင်ယန်မြူးနစ် အစရှိတဲ့အသင်းတွေ၊ ကစားသမားတွေနဲ့ ရင်းနှီးကျွမ်းဝင်လာခဲ့ကြတယ်။

အခုတော့ အခြေအနေတွေအားလုံး ပြောင်းလဲသွားပြီလို့ ဆိုရမယ်။

ကမ္ဘာမှာ ကိုဗစ်နိုင်တင်း ကပ်ရောဂါကြီး ဖြစ်လိုက်တာရော၊ မြန်မာမှာ စစ်တပ်က အာဏာသိမ်းလိုက်တာရောကြောင့် ဘောလုံးပရိသတ်တွေရဲ့ အားပေးမှု အရှိန်က လျော့ကျသွားသလို နည်းပညာ အပြောင်းအလဲကြောင့် ဘောလုံးပွဲကြည့်ကြပုံတွေလည်း ပြောင်းလဲသွားတယ်။

၂၀၂၀ ကိုဗစ်ကပ်ဘေး ကာလအတွင်း ဥရောပဘောလုံးပွဲတချို့ ရပ်နားခဲ့ပြီး လိဂ်ပြိုင်ပွဲတချို့ ရပ်နားခဲ့ရတာ ရှိတယ်။ ၂၀၂၁ နောက်ပိုင်းမှာတော့ ဥရောပလိဂ် ဘောလုံးပွဲတွေ ပုံမှန်ပြန်ကစားလာကြပေမယ့် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆန္ဒပြပွဲတွေ၊ စစ်တပ်က နှိမ်နင်းတဲ့ အဓိကရုဏ်းတွေကြောင့် အရင်က စည်ကားခဲ့တဲ့ ဘီယာဆိုင်တွေဟာ ခြောက်ကပ်သွားခဲ့တယ်။

ယူရို ၂၀၂၄ အိမ်ရှင် ဂျာမဏီအသင်း

စစ်အာဏာ မသိမ်းခင်အချိန်တွေက ရန်ကုန်မြို့ရဲ့ စည်ဘီယာဆိုင်တွေ၊ ဘားတွေ၊ ကလပ်တွေမှာ ဘောလုံးပွဲတွေ ပုံမှန်ပြသလေ့ရှိပြီး ကမ္ဘာ့ဖလားပြိုင်ပွဲလို ကာလတွေမှာတော့ ဘောလုံးပရိသတ်က ပွဲတော်ကြီးတခုလို စည်ကားနေခဲ့တယ်။

အခု ကျင်းပနေတဲ့ ဥရောပချန်ပီယံရှစ် ယူရို-၂၀၂၄ ကာလမှာတော့ ရန်ကုန်မြို့ရဲ့ စားသောက်ဆိုင်တွေ၊ ဘားတွေ၊ လက်ဖက်ရည်ဆိုင်တွေမှာ အရင်လို ဘောလုံးပွဲ ပြသနေတာမျိုး မတွေ့ရသလောက် ဖြစ်သွားပါပြီ။

“ကျနော် သိရသလောက် ဘယ် TV channels ကမှ အရင်လို ဘောလုံးပွဲ ထုတ်လွှင့်ပြသတာမျိုး ဒီနှစ်မှာ မရှိတော့ပါဘူး။ TV right တွေက ဈေးကြီးတာ ပါသလို ရုပ်သံလိုင်းတွေက အကျိုးအမြတ်မရှိလို့ မပြတာ ဖြစ်နိုင်ပါတယ်။ ပရီးမီးယားလိဂ်ပွဲတွေ ပုံမှန်ပြသနေတဲ့ Skynet က မပြသလို MRTV4 နဲ့ ဆက်စပ်နေတဲ့ Canal plus ကလည်း မပြဘူး။ ဒီတော့ ခု ပွဲတွေကို ဝါသနာကြီးတဲ့ ဘောလုံးပရိသတ်တချိုကပဲ အင်တာနက်ပေါ်က ဘောလုံးပွဲရတဲ့ App တချို့ကို Download ဆွဲပြီး ကြည့်ကြတာ ရှိတယ်။ အင်တာနက်လိုင်းတွေက ခုတလော မကောင်းတော့ ကြည့်ရတာ အဆင်မပြေပါဘူး။ တချို့နေရာတွေမှာတော့ ဘောလုံးပွဲပြတဲ့ လိုင်းတွေကို တရားမဝင် Hacked ထားတဲ့ စက်တွေနဲ့ ပြတာ ရှိတယ်။ ခေတ်က ပြောင်းသွားပြီ။ ဘောလုံးပွဲကြည့် ပရိသတ်က ဖုန်းပေါ်၊ အင်တာနက်ပေါ် ရောက်သွားပြီ။ အင်တာနက်လိုင်းတွေကလည်း မကောင်းတော့ ဟို အရင်က ဥရောပဖလားပွဲတွေလို ဘီယာဆိုင်၊ စားသောက်ဆိုင်တွေမှာ ဘောလုံးပွဲကြည့် ပရိသတ် စည်စည်ကားကား မရှိတော့သလို အရူးအမူးအားပေးကြတာမျိုးလည်း မရှိတော့ဘူး” လို့ ပရိသတ်တဦးက ပြောပါတယ်။

ဒါကတော့ အရင်က ရုပ်သံလိုင်းတခုမှာ ဘောလုံးပွဲ အစီအစဉ်တင်ဆက်သူ လုပ်ခဲ့ဖူးသူတစ်ဦးရဲ့ မှတ်ချက်ပါ။

သူ့အဆိုအရ ဒီနှစ် ယူရိုဘောလုံးပြိုင်ပွဲ ပြသဖို့ တရားဝင်ခွင့်ပြုချက် (TV right) ဈေးနှုန်းက ဒေါ်လာ ၅ သိန်းခွဲကနေ ၇ သိန်းခွဲအထိ ရှိတယ်လို့ ဆိုတယ်။ ရုပ်သံလိုင်းတွေအနေနဲ့ လက်ရှိ စီးပွားရေးလုပ်ငန်းတွေ အားလုံး ကျဆင်းနေချိန်မှာ ကြော်ငြာကတဆင့် ဝင်ငွေရဖို့လည်း မမျှော်လင့်နိုင်တဲ့အတွက် ဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိပုံမရဘူး။

သူ့အဆိုအရ ဒီနှစ် ယူရိုဘောလုံးပြိုင်ပွဲ ပြသဖို့ တရားဝင်ခွင့်ပြုချက် (TV right) ဈေးနှုန်းက ဒေါ်လာ ၅ သိန်းခွဲကနေ ၇ သိန်းခွဲအထိ ရှိတယ်လို့ ဆိုတယ်။ ရုပ်သံလိုင်းတွေအနေနဲ့ လက်ရှိ စီးပွားရေးလုပ်ငန်းတွေ အားလုံး ကျဆင်းနေချိန်မှာ ကြော်ငြာကတဆင့် ဝင်ငွေရဖို့လည်း မမျှော်လင့်နိုင်တဲ့အတွက် ဒီအပေါ်မှာ ရင်းနှီးမြှုပ်နှံဖို့ ဆန္ဒရှိပုံမရဘူး။

နယ်မြို့တွေမှာရော အခု ယူရိုဘောလုံးပွဲတွေ ကြည့်ကြသလား။ အခြေအနေ ဘယ်လိုရှိလဲလို့ နယ်မြို့ကြီးတမြို့မှာ နေထိုင်သူတဦးကို မေးကြည့်တော့ “ဟာဗျာ ကျနော်တို့မြို့မှာ ညနေ ၆ နာရီဆို လူတွေ လမ်းပေါ်မှာ မရှိတော့ဘူး။ ဆိုင်တွေလည်း ပိတ်ကြကုန်ပြီ။ အရင်တုန်းကတော့ ညလုံးပေါက် စည်ကားနေတာပေါ့။ အခြေအနေ မကောင်းဘူးလေ” လို့ ဆိုတယ်။

တခါတုန်းက စည်စည်ကားကား ကြည့်ခဲ့ကြတဲ့ ဥရောပချန်ပီယံ ဘောလုံးပွဲတွေဟာ ခုတော့လည်း ငြိမ်သက် တိတ်ဆိတ်နေတော့တယ်။

မျိုးဆက်သစ်လူငယ်တွေနဲ့ ပွဲထွက်လာတဲ့ စပိန်အသင်း

ဒါပေမယ့် ဘောလုံးပွဲတွေကို အမြဲတမ်းရူးသွပ်နေတဲ့ diehard fans တွေကတော့ ရှိနေကြတုန်းပါပဲ။

“အဓိက ကတော့ အင်တာနက်ပေါ်က ကြည့်ကြတာ။ ဖုန်းနဲ့၊ တက်ဘလက်နဲ့၊ ကွန်ပြူတာနဲ့ ကြည့်ကြတာ။ အခု VPN တွေ ပိတ်ထားတာ၊ နှေးအောင် လုပ်ထားတာတွေရှိတော့ ကြည့်ရတာ သိပ်တော့ အဆင်မပြေဘူး၊ တချို့ လက်ဖက်ရည်ဆိုင်တွေမှာ တရားမဝင် ပြစက်အသေးတွေနဲ့ လိုင်းတွေ ခိုးပြီး ပြနေတာတော့ ရှိတယ်” လို့ ဘောလုံးဝါသနာရှင်တဦးကတော့ ပြောပါတယ်။

ဘောလုံးပွဲနဲ့ လောင်းကစားတွေက ဆက်နွှယ်နေတော့ ဘောလုံးပွဲ လောင်းကြပုံတွေလည်း ပြောင်းလဲသွားတယ်။ အရင်တုန်းက လျှို့ဝှက် မှောင်ခို ဘောလုံးဒိုင်ကြီးတွေ ရှိတယ်။ ငွေကျပ် သိန်းရာချီ လောင်းကစားတာမျိုး အရင်က ရှိသလို ခုလည်း ရှိနေတုန်းပဲ။

“အခု ဘောလုံးပွဲ လောင်းကြသူတွေအားလုံး အွန်လိုင်းပေါ် ရောက်သွားပြီ။ အွန်လိုင်းပေါ်မှာ Booking တွေက ထုတ်ပြန်တဲ့ ကြေးတွေ ရှိတယ်။ အွန်လိုင်းကပဲ ငွေပေး ငွေယူလုပ်တော့ အရင်ကထက်တောင် ပိုကောင်းနေသေးတယ်။ သိန်း လေး၊ ငါးရာ လောင်းတဲ့သူတွေ ရှိသလို ကော်မရှင်စား လက်ခွဲလေးတွေလည်း လိုင်းပေါ်မှာ အများကြီး ရှိတယ်” လို့ အွန်လိုင်းပေါ်မှာ ဘောလုံးပွဲကြို ခန့်မှန်းချက်တွေ ရေးနေသူတဦးက ပြောပါတယ်။

ယူရို ၂၀၂၄ ဘောလုံးပွဲတွေက လာမယ့် ဇူလိုင် ၁၄ ရက်အထိ ဂျာမနီမှာ ဆက်ပြီး ကစားနေကြဦးမှာပါ။ ဒီနှစ်မှာ ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတဲ့အသင်းက အိမ်ရှင် ဂျာမနီ ဖြစ်သလို မျိုးဆက်သစ်လူငယ်တွေနဲ့ ပွဲထွက်လာတဲ့ စပိန်ကလည်း ချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတယ်။ အုပ်စုပွဲစဉ်အားလုံး မပြီးသေးလို့ ပြောဖို့တော့ စောပါသေးတယ်။

ကမ္ဘာနဲ့အဝန်း အရူးအမူး အားပေးကြတဲ့ ဥရောပဖလား ဘောလုံးပြိုင်ပွဲတွေ ခြိမ့်ခြိမ့်သည်း ယှဉ်ပြိုင်ကစားနေကြပေမယ့် စစ်အာဏာရှင်လက်အောက်က မြန်မာနိုင်ငံမှာတော့ ဟိုတချိန်က ယူရိုဘောလုံးပြိုင်ပွဲတွေလို လှုပ်လှုပ်ရှားရှား စည်စည်ကားကား မရှိတော့ပါဘူး။

(နွေနေသည် မြန်မာသတင်းစာဆရာတဦးဖြစ်သည်။)

You may also like these stories:

စပိန်ဘောလုံး အကြီးအကဲ၏ အနမ်း လိင်ပိုင်းဆိုင်ရာ စော်ကားမှု ဟုတ် မဟုတ် အစိုးရရှေ့နေများ စစ်ဆေးနေ

နောက်ဆုံးမှ ပန်းဝင်ပြီး အားလုံးကို စိတ်ခွန်အားပေးခဲ့သော ကမ္ဘောဒီးယား အပြေးမယ်

အာဏာသိမ်း စစ်ကောင်စီကြောင့် အနုတ်လက္ခဏာ ပြနေတဲ့ မြန်မာ့ဘောလုံး

လမ်းဘေးမှာအကြော်ရောင်းနေရတဲ့ မြန်မာ့ဘောလုံးလက်ရွေးစင်ဟောင်း

Your Thoughts …
Tags: Sliderကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကိုဗစ်နိုင်တင်းဂျာမနီစစ်ကောင်စီစစ်အာဏာသိမ်းမှုဘောလုံးပြိုင်ပွဲယူရို-၂၀၂၄အားကစားဥရောပဖလား
နွေနေ

နွေနေ

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရာသီဥတု ဖောက်ပြန်မှု သတိပေးဖို့ တောရိုင်းတိရစ္ဆာန် ရုပ်သေးရုပ်များ ကီလိုမီတာ ၂၀၀၀၀ ခန့် ခရီးရှည် ထွက်မယ်

ရာသီဥတု ဖောက်ပြန်မှု သတိပေးဖို့ တောရိုင်းတိရစ္ဆာန် ရုပ်သေးရုပ်များ ကီလိုမီတာ ၂၀၀၀၀ ခန့် ခရီးရှည် ထွက်မယ်

ဂျူလီယန် အဆန်းဂျ်ကို ဘာကြောင့် ဆက် အာရုံစိုက်နေကြသလဲ

ဂျူလီယန် အဆန်းဂျ်ကို ဘာကြောင့် ဆက် အာရုံစိုက်နေကြသလဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved