• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ဂျူလီယန် အဆန်းဂျ်ကို ဘာကြောင့် ဆက် အာရုံစိုက်နေကြသလဲ

by Matthew Ricketson
1 July 2024
in ဆောင်းပါး
A A
ဂျူလီယန် အဆန်းဂျ်ကို ဘာကြောင့် ဆက် အာရုံစိုက်နေကြသလဲ

ဝီကီလိခ် တည်ထောင်သူ ဂျူလီယန် အဆန်းဂျ်/AFP

1.5k
VIEWS
Share on FacebookShare on Twitter

“လွတ်လပ်မှုအတွက် ပေးဆပ်ရသောတန်ဖိုးမှာ ထာဝစဉ် နိုးကြားမှုဖြစ်သည်” ဆိုသည့် ကျော်ကြားသော အဆိုအမိန့်သည် အမေရိကန် ဒီမိုကရေစီထူထောင်သူ သောမတ်ဂျက်ဖာဆင်၏ အဆိုအမိန့်ဖြစ်သည်။

ဂျူလီယန် အဆန်းဂျ်အတွက် လွတ်လပ်မှု၏တန်ဖိုးမှာ ဒီမိုကရေစီနိုင်ငံဆိုသည့် အမည်နှင့် ထိုက်တန်သည့် မည်သည့်နိုင်ငံမှ မစွဲဆိုသင့်သည့် တရားစွဲဆိုမှု ရင်ဆိုင်ရန် အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်း မခံရရေးအတွက် တိုက်ပွဲဝင်နေရသည့် ထောင် ၅ နှစ်ကာလ ဖြစ်သည်။

အဆန်းဂျ်ကို လန်ဒန်၏ ဘဲလ်မက်ရှ်ထောင်မှလွှတ်ပြီး အမေရိကန် ပြည်ထောင်စု၏ အနောက်ပစိဖိတ် ပိုင်နက်မှတဆင့် သြစတြေးလျသို့ လေကြောင်းမှပြန်သည်ကို တွေ့ရခြင်းသည် အလေးအနက် အားတက်စရာ သတင်းဖြစ်သည်။ အမေရိကန်အစိုးရနှင့် အယူခံသဘောတူညီချက် တရားဝင်စေရန် သူ့ကို မြောက်မာရီယားနား ကျွန်းစုမှ ဆိုင်ပန်တွင် ကြားနာပြီး ပြစ်ဒဏ်ချမည်ဖြစ်သည်။

လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုက အီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်များ စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဖော်ထုတ်သည့် စာရွက်စာတမ်းများနှင့် ဗီဒီယိုများကို ဖော်ထုတ်သူတဦးအား အပြစ်ပေးရန် အမေရိကန်က ကာလကြာမြင့်စွာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်မှာလည်း အလေးအနက် စိတ်ပျက်စရာ ကောင်းလှသည်။

လွန်ခဲ့သော ဆယ်စုနှစ် နှစ်ခုက အီရတ်စစ်ပွဲအတွင်း အမေရိကန်တပ်များ စစ်ရာဇဝတ်မှု ကျူးလွန်ကြောင်း ဖော်ထုတ်သည့် စာရွက်စာတမ်းများနှင့် ဗီဒီယိုများကို ဖော်ထုတ်သူတဦးအား အပြစ်ပေးရန် အမေရိကန်က ကာလကြာမြင့်စွာ လုပ်ဆောင်ခဲ့သည်ကို တွေ့ရသည်မှာလည်း အလေးအနက် စိတ်ပျက်စရာ ကောင်းလှသည်။

အဆန်းဂျ်သည် အငြင်းပွားဖွယ် နိုင်ငံတကာ ထင်ရှားကျော်ကြားသူ ဖြစ်နေသည်မှာ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သောကြောင့် သူ ဘာလုပ်ခဲ့သည်၊ မည်သည့်အတွက် သူသည် အလွန်ဆန့်ကျင်ဘက်ဖြစ်သော အမြင်များကို ဖြစ်စေသည်၊ သူ့ကို ထောင်ချထားခြင်းသည် သတင်းလုပ်ငန်းနှင့် ဒီမိုကရေစီအတွက် မည်သည့်အဓိပ္ပာယ် သက်ရောက်စေသည် တို့ကို မျက်ခြေပြတ်သွားစေရန် လွယ်ကူသည်။

အဆန်းဂျ် ဘာတွေ လုပ်ခဲ့သနည်း

သြစတြေးလျနိုင်ငံသား အဆန်းဂျ်သည် ၂၀၀၀ ပြည့်နှစ်များတွင် အစိုးရ၊ စစ်ဘက်နှင့် ထောက်လှမ်းရေး စာရွက်စာတမ်းများကို ထုတ်ပြန်သော ဝက်ဘ်ဆိုက် Wikileaks ကို တည်ထောင်ပြီး နိုင်ငံအများအပြားမှ အရှုပ်တော်ပုံများကို ဖွင့်ချသောကြောင့် ထင်ရှားကျော်ကြားလာသည်။

စာရွက်စာတမ်းအများစုကို အပြည့်အစုံ ထုတ်ပြန်သည်။ အဆန်းဂျ်အတွက် ထိုသို့လုပ်ခြင်းသည် သူ၏ လုံးဝ ပွင့်လင်းမြင်သာရေး ရည်မှန်းချက်ကို ပြည့်ဝစေသည်။ ထိုစာရွက်စာတမ်းများကို ထုတ်ပြန်ခြင်းကြောင့် ထောက်လှမ်းရေး သတင်းရင်းမြစ်အတွက် အသက်အန္တရာယ် ကျရောက်စေသည်ဟု ဝေဖန်သူများက ပြောသည်။

ဩစတေးလျနိုင်ငံ၊ ကင်ဘာရာလေဆိပ်သို့ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၆ ရက်က အဆန်းဂျ် ရောက်ရှိလာစဉ် / Roni Bintang / Getty Images

ထိုကိစ္စသည် အငြင်းပွားဖွယ် အချက်တခု ဖြစ်နေဆဲဖြစ်သည်။ ပေါက်ကြားသွားသော စာရွက်စာတမ်းများတွင် အမည်ဖော်ပြခံရသူများအပေါ် အဆန်းဂျ်၏ သဘောထားသည် ပေါ့ပျက်ပျက်နိုင်ပြီး အချို့သော စာရွက်စာတမ်းများကို မလိုအပ်ဘဲ ဖော်ထုတ်သည်ဟု အချို့က ပြောသည်။

သို့သော် ဝေဖန်သူများ အထူးသဖြင့် အမေရိကန်စစ်တပ်မှ လူများသည် ထိုစာရွက်စာတမ်းများကြောင့် ဖြစ်ပေါ်လာသည့် လူတဦးတယောက် သေဆုံးရသည်ကို အတိအကျ မပြနိုင်ကြပေ။

Wikileaks ဖော်ထုတ်မှုများကြောင့် ကြီးမားသော ထိခိုက်မှု မရှိကြောင်း ၂၀၁၀ ပြည့်နှစ်တွင် ဒုတိယ သမ္မတ ဂျိုးဘိုင်ဒင်က ဝန်ခံခဲ့သည်။ ထိုစဉ်က နိုင်ငံများသည် အမေရိကန် ပြည်ထောင်စုနှင့် ဆက်ဆံကြသည်မှာ ၎င်းတို့၏ အကောင်းဆုံး အကျိုးစီးပွားများအတွက်ဖြစ်ပြီး အမေရိကန်က လျှို့ဝှက်ချက်များကို ထိန်းသိမ်းထားပေးနိုင်သောကြောင့် မဟုတ်ကြောင်း ထိုစဉ်က အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်က ပြောသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
567
ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
132

Wikileaks အောင်မြင်မှု၏ သော့ချက်မှာ အဆန်းဂျ်နှင့် လုပ်ဖော်ကိုင်ဖက်များသည် ထိုစာရွက်စာတမ်းများမှ စကားဝှက်များကို ဖော်ထုတ်သည့် နည်းလမ်း တွေ့ရှိခဲ့ပြီး ‌‌ဖော်ကောင်လုပ်သူများကို ခြေရာခံမရဘဲ အစိုးရက လက်စားချေခြင်းမှ ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။ ထိုနည်းလမ်းသည် နောင်တွင် ပင်မ သတင်းအဖွဲ့အစည်းများက ပုံတူကူး လုပ်ဆောင်လာသည့် သေနင်္ဂဗျူဟာ ဖြစ်လာသည်။

Wikileaks အောင်မြင်မှု၏ သော့ချက်မှာ အဆန်းဂျ်နှင့် လုပ်ဖော်ကိုင်ဖက်များသည် ထိုစာရွက်စာတမ်းများမှ စကားဝှက်များကို ဖော်ထုတ်သည့် နည်းလမ်း တွေ့ရှိခဲ့ပြီး ‌‌ဖော်ကောင်လုပ်သူများကို ခြေရာခံမရဘဲ အစိုးရက လက်စားချေခြင်းမှ ကာကွယ်ပေးနိုင်ခြင်း ဖြစ်သည်။ ထိုနည်းလမ်းသည် နောင်တွင် ပင်မ သတင်းအဖွဲ့အစည်းများက ပုံတူကူး လုပ်ဆောင်လာသည့် သေနင်္ဂဗျူဟာ ဖြစ်လာသည်။

Wikileaks သည် ၂၀၁၀ ပြည့်နှစ် ဧပြီလတွင် အာဖဂန် စစ်ပွဲမှတ်တမ်းများ၊ အီရတ်စစ်ပွဲ မှတ်တမ်းများနှင့် Cablegate ဟု လူသိများသည့် စာရွက်စာတမ်း ထောင်ပေါင်းများစွာကို ထုတ်ပြန်လိုက်သောအခါ ကမ္ဘာတဝန်း ကျော်ကြားလာသည်။

ထိုမှတ်တမ်းများသည် များပြားလှသော စစ်ရာဇဝတ်မှု စွပ်စွဲချက်များကို ဖော်ထုတ်ပြီး ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုများနောက်ပိုင်း အာဖဂန်နှင့် အီရတ်တွင် အမေရိကန်များနှင့် သြစတြေးလျ အပါအဝင် မဟာမိတ်များက ဆင်နွှဲသည့် ဆိုးရွားလှသော စစ်ပွဲများ၏ လျှို့ဝှက်သမိုင်းအတွက် ကုန်ကြမ်းများ ဖြစ်စေသည်။

စာရွက်စာတမ်းများနှင့် ဗီဒီယိုများသည် မတူညီပေ။ အရပ်သားများကို သတ်ဖြတ်မှု အမည်ရှိ ဗီဒီယိုတခုကိုလည်း အဆန်းဂျ်က ထုတ်ဖော်ခဲ့ပြီး ထိုဗီဒီယိုတွင် ၂၀၀၇ ခုနှစ်တွင် ရဟတ်ပေါ်မှ အမေရိကန် စစ်သားများက အီရတ် အရပ်သားများနှင့် Reuters သတင်းသမား နှစ်ဦးအား ပစ်သတ်ပုံကို ပြသသည်။

ထိုဗီဒီယိုတွင် စစ်သားများပြောသည့် စကားများဖြစ်သည့် “ဟား ဟား ဟား၊ ငါပစ်တာ ထိတယ်ဟေ့”၊ “ကောင်းလိုက်တာ”၊ “ကောင်းလိုက်တဲ့ပစ်ချက်” စသည့် စကားများအပြင် ပစ်ခတ်ခံရသူ အများစုသည် အရပ်သားများနှင့် သတင်းသမားများသာဖြစ်ပြီး သတင်းသမားများ၏ ကင်မရာပစ္စည်းများကို လက်နက် ထင်မှတ်ကာ မှားယွင်း ပစ်ခတ်ခြင်း ဖြစ်သည်။

ဒဏ်ရာရသွားသော အမျိုးသားများအနက် တဦး ဘေးလွတ်ရာသို့ မြေပြင်တွင် တွားသွားနေစဉ် ရဟတ်ယာဉ်ပေါ်မှ စစ်သားများသည် စစ်စည်းမျဉ်းအရ လိုအပ်သည့်အတိုင်း ထိုသူကို အကျဉ်းသားအဖြစ် ဖမ်းရန် မြေပြင်မှ အမေရိကန်တပ်များကို ခွင့်ပြုရမည့်အစား ထိုသူကို ထပ်မံ ပစ်ခတ်ခွင့် တောင်းခံခဲ့သည်။

ထပ်မံပစ်ခတ်ရန် စစ်သားများ၏ တောင်းဆိုမှုကို ခွင့်ပြုခဲ့သည်။ ထိုဒဏ်ရာရသူကို မီနီဘတ်စ်ကားတစီး အနီးသို့ သယ်ဆောင်သွားနေစဉ် မီနီဘတ်စ်ကားကို ရဟတ်ယာဉ်၏ လက်နက်ကြီးဖြင့် တစစီဖြစ်အောင် ပစ်ခတ်လိုက်ကြသည်။ ယာဉ်မောင်းနှင့် အခြား ကယ်ဆယ်ရေးသမား နှစ်ဦး ပွဲချင်းပြီး သေဆုံးပြီး ကားအတွင်းမှ ယာဉ်မောင်း၏ ကလေး နှစ်ဦး ဒဏ်ရာပြင်းထန်စွာရသည်။

အမေရိကန် အစိုးရရှေ့နေများသည် အဆန်းဂျ်ကို စွဲချက်တင်သောအခါ ထိုဗီဒီယိုကို ထည့်သွင်းခြင်း မရှိသောကြောင့် ထိုသို့သော ဗီဒီယိုမျိုးအား အများပြည်သူ ထပ်မံကြည့်ရှုမည်ကို မလိုလားသည့်သဘော သက်ဝင်နေသည်။

အမေရိကန် စစ်ဌာနချုပ်က ထိုကိစ္စကို စုံစမ်းစစ်ဆေးပြီး ထိုစစ်သားများသည် စစ်စည်းကမ်းနှင့်အညီ လုပ်ကိုင်ကြောင်း ကောက်ချက်ချသည်။ သို့သော်လည်း အမေရိကန် အစိုးရရှေ့နေများသည် အဆန်းဂျ်ကို စွဲချက်တင်သောအခါ ထိုဗီဒီယိုကို ထည့်သွင်းခြင်း မရှိသောကြောင့် ထိုသို့သော ဗီဒီယိုမျိုးအား အများပြည်သူ ထပ်မံကြည့်ရှုမည်ကို မလိုလားသည့်သဘော သက်ဝင်နေသည်။

အလားတူ အဆန်းဂျ်က ထိုဗီဒီယိုကို ထုတ်ပြန်ခြင်း မရှိလျှင် စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့သည်ဟု အများပြည်သူ သိမည်မဟုတ်ပေ။

ပြည်ပသို့ ထွက်ပြေးတိမ်းရှောင်

အဆန်းဂျ်နှင့် Wikileaks တို့ ကျော်ကြားလာပြီး မကြာခင် လုပ်ငန်းရပ်ဆိုင်းလိုက်ရသည်။

သူသည် အမျိုးသမီး နှစ်ဦးကို လိင်ပိုင်းဆိုင်ရာ ထိပါးသည်ဟု စွပ်စွဲခံရသည်။ အဆိုပါ စွပ်စွဲမှုများအတွက် စစ်မေးရန် ဆွီဒင်သို့ လွှဲပြောင်းမခံရရေး လန်ဒန်ရှိ အီကွေဒေါ သံရုံးတွင် ၇ နှစ် ခိုလှုံခဲ့ရပြီး ဆွီဒင်သို့ လွှဲပြောင်းပေးပါက သူ့ကို အမေရိကန် ပြည်ထောင်စုသို့ ထပ်မံ လွှဲပြောင်းခံရနိုင်သည်။ ထို့နောက် သူ့ကို လွန်ခဲ့သော ၅ နှစ်လုံး အင်္ဂလန်တွင် ထောင်သွင်းဖမ်းဆီးထားသည်။

အဆန်းဂျ် အမှု၏ လျှို့ဝှက်နက်နဲသည့် အလှည့်အပြောင်းများကို လေ့လာရသည်မှာ ရှုပ်ထွေးလှသည်။ သူ၏ စရိုက်အပေါ် သူ့ကို ဆန့်ကျင်သူများက ဝေဖန်ကြပြီး သူ့ကို ထောက်ခံသူများက လေးစားကြသည်။

အမှန်တရားကို ထုတ်ဖော်ပြောဆိုသည့် တူညီသော လုပ်ငန်း လုပ်ဆောင်နေသည့် သတင်းသမားများ အကြားတွင်ပင် အဆန်းဂျ် နှင့် ပတ်သက်ပြီး အငြင်းပွားဖွယ် ရပ်တည်မှုများရှိသည်။ သတင်းလုပ်ငန်းကို ထူးခြားစွာ အကျိုးဆောင်သောကြောင့် သူ့ကို ဆုများပေးခြင်းနှင့် သူ့ကို ရှောင်ရှားခြင်း စသည်ဖြင့် အမျိုးမျိုး ဖြစ်နေသည်။ နယူးယောက်တိုင်းမ်က သူသည် သတင်းရင်းမြစ်တခုသာဖြစ်ပြီး သတင်းသမား မဟုတ်ဟု ပြောသည်။

တကိုယ်ရည်တကာယ ဒုက္ခများ

ထိုင်းနိုင်ငံ၊ ဘန်ကောက်အနီး လေယာဉ် ချဉ်းကပ်‌နေသည်ကို ကြည့်နေသည့် ဂျူလီယန် အက်ဆန် / AFP

လိင်ပိုင်းဆိုင်ရာ ထိပါးမှုစွဲချက်များကို ဆွီဒင်က ပယ်ချလိုက်ပြီးနောက် အမေရိကန် အစိုးရသည် သူလျှိုလုပ်မှု ဥပဒေ စွဲချက်များကို ရင်ဆိုင်ရန်အတွက် လွှဲပြောင်းပေးရန် တောင်းဆိုခြင်းကို အရှိန်မြှင့် လုပ်ဆောင်သည်။ ထိုစွဲဆိုမှု အောင်မြင်ပါကက ထောင် ၁၇၅ နှစ်အထိ ကျနိုင်သည်။

ယခုအထိ အဆန်းဂျ် အကြောင်း သတင်းခေါင်းစဉ် အများစုသည် ရာဇဝတ်ကြောင်းအရ လွှဲပြောင်းပေးရန် ကြိုးစားမှုနှင့် သက်ဆိုင်သည်။ မကြာသေးမီက သူသည် သူ့ကို အမေရိကန် ပြည်ထောင်စုသို့ လွှဲပြောင်းပေးရန် ဗြိတိန် ပြည်ထဲရေးဝန်ကြီး၏ အမိန့်ကို အယူခံခွင့်ရသည်။

ထို့ကြောင့် လက်ရှိ အခြေအနေသို့ ရောက်လာပြီး ဥပဒေကြောင်းအရ စီစဉ်သည့်အတိုင်းဖြစ်ပါက အဆန်းဂျ် သည် သူလျှိုမှုဥပဒေစွဲချက်တခုအတွက် အပြစ်ရှိကြောင်း ဝန်ခံပြီးနောက် သြစတြေးလျသို့ ပြန်သွားသည်။

သို့သော် ဥပဒေကြောင်းအရဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ ရှည်လျားရှုပ်ထွေးပြီး လူစိတ်ဝင်စားသည့် ထိုအမှုကို အပြည့်အဝ စဉ်းစားသုံးသပ်ခြင်း မပြုရသေးသည့် မေးခွန်းများ ပေါ်ပေါက်စေသည်။

ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ ကုလသမဂ္ဂ အထူးအစီရင်ခံစာတင်သွင်းသူ နေးလ် မယ်လ်ဇာသည် အဆန်းဂျ် အမှုကို အသေးစိတ် စုံစမ်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ်က စာအုပ်တွင် အသေးစိတ် ဖော်ပြသည်။

အဆန်းဂျ် အမှုသည် စစ်ရာဇဝတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အကျင့်ပျက်ခြစားမှုများ အပါအဝင် အာဏာရှိသူများ၏ ညစ်ပတ်သော လျှို့ဝှက်ချက်များကို ဖော်ထုတ်သောကြောင့် ဖိနှိပ်ချိုးဖောက်ခံနေရသူ တဦး၏ ဇာတ်လမ်းဖြစ်သည်။

ထိုစာအုပ်တွင် သူက အဆန်းဂျ် အမှုသည် စစ်ရာဇဝတ်မှုများ၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် အကျင့်ပျက်ခြစားမှုများ အပါအဝင် အာဏာရှိသူများ၏ ညစ်ပတ်သော လျှို့ဝှက်ချက်များကို ဖော်ထုတ်သောကြောင့် ဖိနှိပ်ချိုးဖောက်ခံနေရသူ တဦး၏ ဇာတ်လမ်းဖြစ်သည်။ အခြားကိစ္စများတွင် လူ့အခွင့်အရေးနယ်ပယ်၌ ရှေ့ဆောင်လမ်းပြ ဥပမာများအဖြစ် ပုံဖော်ရန် စိတ်အားထက်သန်သော အနောက်ဒီမိုကရေစီ နိုင်ငံများ၏ ရည်ရွယ်ချက်ရှိသော တရားစီရင်ရေး အငြင်းပွားဖွယ်လုပ်ရပ်၏ ဇာတ်လမ်းဖြစ်သည် ဟု ရေးသားခဲ့သည်။

အဆန်းဂျ် သည် နိုင်ငံအနည်းဆုံး လေးနိုင်ငံတွင် ဥပဒေကြောင်းနှင့် သံတမန်ရေး လုပ်ထုံးလုပ်နည်းများကြောင့်လည်း အကြီးအကျယ် ဒုက္ခရောက်သည်။

၂၀၁၉ ခုနှစ်တွင် ထောင်သွင်းအကျဉ်းချခံရပြီးနောက် သူသည် အချိန်အများစုတွင် တနေ့လျှင် ၂၃ နာရီအထိ တဦးတည်း ချုပ်နှောင်ထားခံရကြောင်း၊ မိတ်ဆွေများ မိသားစုများနှင့် တွေ့ခွင့်မရသည့်အပြင် သူ့ဥပဒေ အဖွဲ့နှင့် တွေ့ဆုံခွင့် အားလုံးနီးပါး ငြင်းပယ်ခံရကြောင်းနှင့် ရှည်ကြာငြီးငွေ့စရာကောင်းပုံရသော ဥပဒေကြောင်းအရ လွှဲပြောင်းရေး ကြားနာမှုအတွင်း မှန်လုံခန်းထဲ ထည့်ထားခံရကြောင်း သူ၏ဥပဒေ အကျိုးဆောင်အဖွဲ့က ပြောသည်။

သူ၏အတွေ့အကြုံက မိမိတို့ကို တစုံတခု သင်ခန်းစာပေးခဲ့သည်ဆိုပါက အာဏာနှင့် ပတ်သက်သည့် အမှန်တရားကို ပြောဆိုခြင်းသည် ခန့်မှန်းတွက်ချက် မရနိုင်သည့် ပုဂ္ဂလိက ပေးဆပ်ရမှုများ ဖြစ်စေသည် ဆိုသည့် အချက်သာ ဖြစ်သည်။

သူ၏ရုပ်ပိုင်း၊ စိတ်ပိုင်း ကျန်းမာရေးသည် အလွန် ထိခိုက်သောကြောင့် သူ့ကိုယ်သူ သေကြောင်းကြံစည်နိုင်သူများ စာရင်းတွင် ထည့်သွင်းစောင့်ကြည့်ရသည်။ ထိုအချက်သည် မှန်ကန်ပုံရပြီး မယ်လ်ဇာက အဆန်းဂျ်ကို တရားစွဲဆိုသည့် အခြေခံရည်ရွယ်ချက်မှာ သူ့ကို လူပုဂ္ဂိုလ်အရ အပြစ်ပေးရန် မဟုတ်ခဲ့ဘဲ အခြားသတင်းသမားများ၊ လူထုနိုးဆော်သူများနှင့် တက်ကြွလှုပ်ရှားသူများကို ကမ္ဘာလုံးဆိုင်ရာ အဟန့်ဖြစ်စေမည့် စံနမူနာပြ ဥပမာတခု ထူထောင်ရန် ဖြစ်သည်ဟု ရေးသားသည်။

အဆန်းဂျ် သည် လူသားတဦးဖြစ်ပြီး သူခံစားရသည့် ဒုက္ခများသည် အမှန်တကယ် ဖြစ်သော်လည်း အများပြည်သူ အာရုံစိုက်မှုအောက်တွင် သူနေထိုင်ရသည့် ရှည်လျားသော ကာလသည် သူ့ကို သင်္ကေတ တခုအဖြစ် ပြောင်းလဲသွားစေသည်။ အစိုးရများ၏ ညစ်ပတ်သော လျှို့ဝှက်ချက်များကို ဖော်ထုတ်သည့် သူရဲကောင်းအဖြစ် သို့မဟုတ် မကောင်းဆိုးရွားအဖြစ် သူ့ကို မြင်သည်ဖြစ်စေ ထိုအချက်သည် မှန်ကန်သည်။

သူ၏အတွေ့အကြုံက မိမိတို့ကို တစုံတခု သင်ခန်းစာပေးခဲ့သည်ဆိုပါက အာဏာနှင့် ပတ်သက်သည့် အမှန်တရားကို ပြောဆိုခြင်းသည် ခန့်မှန်းတွက်ချက် မရနိုင်သည့် ပုဂ္ဂလိက ပေးဆပ်ရမှုများ ဖြစ်စေသည် ဆိုသည့် အချက်သာ ဖြစ်သည်။

(The Conversation ပါ Matthew Ricketson ၏ Julian Assange has been in the headlines for almost two decades. Here’s why he’s such a significant public figure ကို ဘာသာပြန်သည်။ မက်သရူး ရစ်ကန်ဆန်သည် Deakin တက္ကသိုလ်၏ လူထုဆက်သွယ်ရေးဘာသာရပ် ပါမောက္ခဖြစ်သည်။)

You may also like these stories:

မဆုတ်မနစ် လုပ်ကိုင်ဆဲ အညတရ သူရဲကောင်း မြန်မာသတင်းသမားများ

သတင်းလွတ်လပ်ခွင့် အောင်ပွဲခံရမည်

နည်းပညာမှန်သမျှ စစ်တပ်က ပိတ်နိုင်တဲ့ အနေထားမျိုး မမြင်ဘူး

သံတမန်ရေးနှင့် သူလျှိုလုပ်ငန်း အချက်အခြာဖြစ်လာသည့် မဲဆောက်မြို့

ကာလကြာမြင့်စွာ အတူရပ်တည်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ ဆောင်းပါးရှင်တွေကို ဧရာဝတီ ဂုဏ်ပြု

Your Thoughts …
Tags: CablegateWikileaksဂျူလီယန် အဆန်းဂျ်စစ်ရာဇဝတ်မှုတရားစီရင်ရေးလူ့အခွင့်အရေးဝီကီလိခ်သူလျှိုလုပ်မှုသြစတြေးလျအကျင့်ပျက်ခြစားမှုအမေရိကန်
Matthew Ricketson

Matthew Ricketson

Similar Picks:

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

မင်းအောင်လှိုင်ကို ဘယ်လိုရှင်းထုတ်မလဲ

by ဝေမင်းထွန်း
28 February 2024
27.6k

မြန်မာစစ်တပ်၏ "ခေါင်း"ကို မုချပြောင်းရမည် ဖြစ်၏။ မည်သို့အစားထိုးမည်နည်း။

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

၁၀၂၇ စစ်ဆင်ရေးဆိုင်ရာ စစ်ကောင်စီ လိမ်လည်မှုများကို ဖော်ထုတ်ခြင်း

by ဧရာဝတီ
1 December 2023
25.1k

လွန်ခဲ့သောလအတွင်း စစ်ကောင်စီ ပြောခွင့်ရသူ ဇော်မင်းထွန်း၏ ဗြောင်အကျဆုံးလိမ်ညာမှုများကို ဧရာဝတီသတင်းဌာနက အချက်အလက် စစ်ဆေးဖော်ထုတ်လိုက်သည်။

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

သတိ၊ ဗိုလ်မှူးချုပ် သူရိန်ထွန်းကို စစ်ကောင်စီက နှုတ်ပိတ်ဖို့ ကြိုးစားနိုင်သည်

by စွယ်တော်
16 December 2024
24.2k

စစ်ကောင်စီဘက်ကမူ နှုတ်ပိတ်ရန်အတွက် AA ဖမ်းဆီးထိန်းသိမ်းထားနိုင်သည်ဟု ယူဆရ‌သောနေရာများကို လေကြောင်းက ဗုံးကြဲတိုက်ခိုက်နိုင်သည်။

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

ထောက်ခံသူများကပင် မင်းအောင်လှိုင် နုတ်ထွက်ရန် တောင်းဆိုလာ

by နေ့သစ်
16 January 2024
22.6k

ကိုယ်ကျိုးရှာအုပ်စုဖြစ်သည့် စစ်ကောင်စီ ထောက်ခံသူများသည်ပင် စစ်ကောင်စီကို အန်တုနေကြပြီဖြစ်သည်။

Next Post
ဗိုလ်ချုပ် အောင်ခိုင်ဝင်း ကို အလယ်ပိုင်းတိုင်းမှူးအဖြစ် ပြောင်းလဲခန့်

ဗိုလ်ချုပ် အောင်ခိုင်ဝင်း ကို အလယ်ပိုင်းတိုင်းမှူးအဖြစ် ပြောင်းလဲခန့်

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

မိုးကုတ်အနောက်ပိုင်း သိမ်း၍ အရှေ့ပိုင်းသို့ TNLA တို့ စစ်ဆင်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved