• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပြင်သစ်လက်ထဲက ကမ္ဘာ့ဖလား အာဂျင်တီးနား လုသွားမလား

by လေးလေး
15 December 2022
in ဆောင်းပါး
A A
၂၀၂၂ ကမ္ဘာ့ဖလားကို ချန်ပီယံဟောင်း ပြင်သစ်ပဲ ဆက်ထိန်းထားနိုင်မလား၊ အာဂျင်တီးနားကပဲ လုယူသွားနိုင်မလား /  Cluchpoints

၂၀၂၂ ကမ္ဘာ့ဖလားကို ချန်ပီယံဟောင်း ပြင်သစ်ပဲ ဆက်ထိန်းထားနိုင်မလား၊ အာဂျင်တီးနားကပဲ လုယူသွားနိုင်မလား / Cluchpoints

5.4k
VIEWS
Share on FacebookShare on Twitter

ကာတာကမ္ဘာ့ဖလား၊ ဆီမီးဖိုင်နယ် ဒုတိယပွဲမှာ လက်ရှိချန်ပီယံ ပြင်သစ်အသင်းက မော်ရိုကိုအသင်းကို ၂-၀ ရလဒ်နဲ့ သက်သောင့်သက်သာ ကစားပြီး အနိုင်ရကာ နောက်ဆုံးဗိုလ်လုပွဲကို တက်သွားပါပြီ။

ပြင်သစ်အသင်းဟာ ပထမပိုင်းစလို့ ၅ မိနစ်အကြာမှာပဲ ဦးဆောင်ဂိုး ရရှိခဲ့ပြီး မော်ရိုကို ဂိုးပေါက်ရှေ့က လျှံကျလာတဲ့ ဘောလုံးကို နောက်တန်းလူ ဟာနန်ဒက်ဇ်က ကန်သွင်းယူခဲ့တာ ဖြစ်ပါတယ်။

အဖွင့်ဂိုး စောစောစီးစီး ပေးလိုက်ရတဲ့ မော်ရိုကိုအသင်းဟာ ပြင်သစ်ကို တိုက်စစ်ဖွင့် ကစားပေမယ့် အဆုံးသတ်ပိုင်း အားနည်းချက်ကြောင့် ချေပဂိုးမရတဲ့အပြင် ဒုတိယပိုင်း ၇၉ မိနစ်မှာ ပြင်သစ်က လူစားဝင် ကစားသမား မူရာနီက ဂိုးထပ်သွင်းခဲ့လို့ ၂-၀ နဲ့ ပွဲပြီးဆုံးခဲ့ပါတယ်။

ဆောင်းပါးရှင် ချစ်ဝင်းမောင်က မော်ရိုကိုရဲ့ ကမ္ဘာ့ဖလားအိမ်မက် ပြီးဆုံးသွားပြီလို့ သုံးသပ်ရေးပါတယ်။

“အာဖရိကနိုင်ငံသေး မော်ရော့ကိုရဲ့ ကမ္ဘာ့ဖလား အိပ်မက်က ပြီးသွားပါပြီ။ သူတို့ ဒီအဆင့်ထက် မပိုနိုင်ပါဘူး။ တကြိမ်တခါမှ မမက်ဖူးတဲ့ အိပ်မက်ကို သူတို့ မက်ခွင့်ရ၊ ကမ္ဘာ့စင်မြင့်ပေါ်မှာ အသုံးတော်ခံခွင့်ရခဲ့တာပဲ ကြီးမားတဲ့ အောင်ပွဲတခုပါ။

အာဖရိကနိုင်ငံသေး မော်ရော့ကိုရဲ့ ကမ္ဘာ့ဖလား အိပ်မက်က ပြီးသွားပါပြီ။ သူတို့ ဒီအဆင့်ထက် မပိုနိုင်ပါဘူး။ တကြိမ်တခါမှ မမက်ဖူးတဲ့ အိပ်မက်ကို သူတို့ မက်ခွင့်ရ၊ ကမ္ဘာ့စင်မြင့်ပေါ်မှာ အသုံးတော်ခံခွင့်ရခဲ့တာပဲ ကြီးမားတဲ့ အောင်ပွဲတခုပါ။

သူတို့ဟာ ဘယ်လ်ဂျီယံ၊ စပိန်၊ ပေါ်တူဂီ စတဲ့ ဥရောပထိပ်တန်း ဘောလုံးနိုင်ငံတွေကို ဖြတ်ကျော်ခဲ့တယ်။ ပြင်သစ်နဲ့တွေ့တဲ့ ဒီပွဲမှာတော့ သူတို့ အရင်ပွဲတွေလို မတောင့်ခံနိုင်တော့ဘူး။

အာရပ်မွတ်ဆလင် ပရိသတ်တွေရဲ့ ကွင်းလုံးပြည့် အရူးအမူး အားပေးမှုအောက်မှာ တာထွက်ခဲ့ပေမယ့် ပွဲအစ ၅ မိနစ်မှာပဲ သီအို ဟာနန်ဒက်ရဲ့ ဂိုးဧရိယာအတွင်း အနီးကပ် volley ကန်ချက်က ဂိုးသမား ဘိုနိုကို ဖြတ်ကျော်ဝင်သွားချိန်မှာ မီးကို ရေနဲ့ ငြိမ်းသတ်လိုက်သလို ဆူညံနေတဲ့ မော်ရိုကို ပရိသတ်တွေ အသံတိတ်သွားခဲ့တယ်။

မော်ရိုကိုက လက်ကျန်အချိန် တလျှောက်လုံး ပြင်သစ်ဘက်ကို ဖိအားပေးပြီး သေချာပေါက် အပိုင်အခွင့်အရေးအချို့ ရခဲ့ပေမယ့် ချေပဂိုး တဂိုးတောင်မရဘဲ ပွဲပြီးသွားတယ်”။

ပြင်သစ်အသင်းဟာ ပထမပိုင်းစလို့ ၅ မိနစ်အကြာမှာပဲ ဦးဆောင်ဂိုး ရရှိခဲ့ပြီး မော်ရိုကို ဂိုးပေါက်ရှေ့က လျှံကျလာတဲ့ ဘောလုံးကို နောက်တန်းလူ ဟာနန်ဒက်ဇ်က ကန်သွင်းယူခဲ့တယ်

နောက် အားကစားဆောင်းပါးရှင်တဦးဖြစ်တဲ့ ကိုဟိန်းသန့်ကတော့ ပြင်သစ်တို့ စောစောစီးစီး ဂိုးရလိုက်တာက ပွဲအဖြေဖြစ်သွားတယ်လို့ သုံးသပ်ပါတယ်။

“ပြင်သစ်တို့ စောစောစီးစီး ဂိုး ရသွားတာက ပွဲပုံစံကို ပြောင်းသွားစေတယ်၊ မော်ရိုကိုက ၅-၄-၁ ခံစစ်နဲ့ ပွဲထွက်လာတာကနေ ပြင်သစ်ကို တိုက်စစ်ဆင်ကစားတယ်၊ ပြင်သစ် ဂိုးပိုင်ဆိုင်မှု ၃၉ ရာခိုင်နှုန်းပဲရှိတဲ့ထိ မော်ရိုကို ဖိကစားပေမယ့် တိုက်စစ်က အဆုံးသတ်ညံ့တော့ ချေပဂိုး မရဘဲ ဒုတိယဂိုးပါ ထပ်ပေးလိုက်ရတယ်၊ ပြင်သစ်ရသွားတဲ့ ၂ ဂိုး စလုံးက ဂိုး luck ကောင်းလို့ ရသွားတာချည်းပဲ”။

ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ဗိုလ်လုပွဲတက်တာဖြစ်ပြီး စတုတ္ထအကြိမ်မြောက် ဗိုလ်လုပွဲတက်ခြင်းလည်း ဖြစ်ပါတယ်။

လေးကြိမ်မြောက် ဗိုလ်လုပွဲတက်ရာမှာ ၁၉၉၈ နဲ့ ၂၀၁၈ တို့မှာ ပြင်သစ်တို့ ချန်ပီယံ ဖြစ်ခဲ့တယ်။

ခရိုအေးရှား-မော်ရိုကို

ဒီဇင်ဘာ ၁၇ ရက်၊ စနေနေ့ ည ၉:၃၀ နာရီမှာ တတိယနေရာအတွက် ခရိုအေးရှားနဲ့ မော်ရိုကိုတို့ ယှဉ်ပြိုင်ကစားကြမှာ ဖြစ်တယ်။ ဒီနှစ်သင်းဟာ အုပ်စု (F) မှာ တအုပ်စုတည်း ကျခဲ့တာဖြစ်ပြီး အုပ်စုပွဲမှာ ဂိုးမရှိ သရေကျခဲ့ကြပါတယ်။

ဒုတိယပိုင်း ၇၉ မိနစ်မှာ ပြင်သစ်က လူစားဝင် ကစားသမား မူရာနီက ဂိုးထပ်သွင်းခဲ့လို့ ၂-၀ နဲ့ ပွဲပြီးဆုံးခဲ့တယ်

ခရိုအေးရှားက အသင်းတသင်းကို အနိုင်ကစားနိုင်တဲ့ အရည်အသွေးပိုင်းမှာ သိသိသာသာ ကျဆင်းသွားတယ်။ ဒီပြိုင်ပွဲမှာ ခရိုအေးရှား ၄ ပွဲကစားပြီးချိန် နိုင်ပွဲတပွဲသာ ရထားပြီး မော်ရိုကို၊ ဘယ်လ်ဂျီယံ၊ ဂျပန်တို့ကို မိနစ် ၉၀ အတွင်း သရေပဲ ကစားနိုင်ခဲ့တယ်။ ကနေဒါတသင်းကိုပဲ အနိုင်ရခဲ့ခြင်း ဖြစ်တယ်။

ခရိုအေးရှားက အသင်းတသင်းကို အနိုင်ကစားနိုင်တဲ့ အရည်အသွေးပိုင်းမှာ သိသိသာသာ ကျဆင်းသွားတယ်။ ဒီပြိုင်ပွဲမှာ ခရိုအေးရှား ၄ ပွဲကစားပြီးချိန် နိုင်ပွဲတပွဲသာ ရထားပြီး မော်ရိုကို၊ ဘယ်လ်ဂျီယံ၊ ဂျပန်တို့ကို မိနစ် ၉၀ အတွင်း သရေပဲ ကစားနိုင်ခဲ့တယ်။ ကနေဒါတသင်းကိုပဲ အနိုင်ရခဲ့ခြင်း ဖြစ်တယ်။

မော်ရိုကိုအသင်းကတော့ ကနေဒါ၊ ဘယ်လ်ဂျီယံ၊ စပိန်၊ ပေါ်တူဂီ စတဲ့ အသင်းကြီးများကို ဖြုတ်ချပြီး အကြိုဗိုလ်လုပွဲအထိ တက်လှမ်းနိုင်ခဲ့တဲ့ အသင်းဖြစ်တယ်။ အစဉ်အလာနဲ့ ဝါသမ္ဘာမှာ ခရိုအေးရှား သာပေမယ့် စိတ်ဓာတ်ပြင်းပြမှုအပိုင်းမှာ မော်ရိုကိုက သာတယ်။ နှစ်သင်းစလုံး ခံစစ်အားပြု ကစားကြတဲ့အသင်းတွေ ဖြစ်ပြီး တသင်းခြေ တသင်းသိနေကြတဲ့ အသင်းတွေလည်း ဖြစ်နေကြတယ်။

မော်ရိုကို လက်ရွေးစင်နည်းပြ ဝါလစ်ဒ် ရီဂရာဂီက ပြင်သစ်နဲ့ ပွဲအပြီးမှာ “ကျနော်တို့ အာဖရိကအသင်းတွေက ထိပ်တန်းအသင်းတွေနဲ့ ယှဉ်နိုင်တယ်ဆိုတာကို သက်သေပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့ အဲဒါက မတော်တဆ မဟုတ်ဘူးဆိုတာကို ပြသဖို့ အလုပ်ပြင်းပြင်းထန်ထန် ကြိုးစားဖို့လိုပါတယ်” လို့ ပြောခဲ့တယ်။

တတိယနေရာအတွက် ကစားမယ့် ခရိုအေးရှားနဲ့ မော်ရိုကိုတို့ နှစ်သင်းဟာ အုပ်စု (F) မှာ တအုပ်စုတည်း ကျခဲ့တာဖြစ်ပြီး အုပ်စုပွဲမှာ ဂိုးမရှိ သရေကျခဲ့ကြတယ်

အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်ကတော့ မော်ရိုကိုက နည်းနည်းသာတယ်လို့ မှတ်ချက်ပေးပါတယ်။

“တအုပ်စုတည်း အတူတူတက်လာတဲ့ အသင်းတွေလည်း ဖြစ်တယ်၊ တတိယ နေရာလုပွဲလည်းဖြစ်တော့ ရှင်းရှင်းပြောရရင် သရုပ်ပြပွဲလောက်ပဲ ဖြစ်မယ်၊ ဒါပေမယ့် ခရိုအေးရှားထက်စာရင် မော်ရိုကိုက တတိယရလည်း မနည်းဘူးဆိုတဲ့ စိတ်ရှိတယ်၊ ဒီလိုစိတ်မျိုးနဲ့ ခရိုအေးရှားကို တုံ့ပြန်သွားလိမ့်မယ်ထင်တယ်၊ ဒီပွဲက ပွဲကောင်းတပွဲတော့ မဖြစ်နိုင်ဘူး၊ စိတ်ဓာတ်နဲ့ကစားမယ့် မော်ရိုကိုအသင်း နည်းနည်းသာမယ်”။

အာဂျင်တီးနား-ပြင်သစ်

ဒီဇင်ဘာ ၁၈ ရက်၊ တနင်္ဂနွေ ည ၉:၃၀ နာရီမှာတော့ ကမ္ဘာကျော် မက်ဆီရဲ့ အာဂျင်တီးနားနဲ့ လက်ရှိချန်ပီယံ ပြင်သစ်တို့ ဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားကြမှာပါ။

အာဂျင်တီးနားနဲ့ ပြင်သစ်အသင်းတို့ဟာ ၁၂ ကြိမ် တွေ့ဆုံကစားခဲ့ဖူးပြီး အာဂျင်တီးနားက ၆ ကြိမ်နိုင်၊ ၃ ပွဲသရေ၊ ၃ ပွဲ ရှုံးဆိုတဲ့ ရလဒ်ထွက်ခဲ့ဖူးတယ်။ ထိပ်တိုက်တွေ့ဆုံမှု အစဉ်အလာအရ အာဂျင်တီးနားက သာတယ်။

ဒါပေမယ့် နောက်ပိုင်း တွေ့ဆုံမှုတွေမှာ ပြင်သစ်ကသာတာ တွေ့ရတယ်။ ကမ္ဘာ့ဖလားမှာ ဒီနှစ်သင်း စတုတ္ထအကြိမ် တွေ့ဆုံမှုဖြစ်ပြီး ၁၉၃၀၊ ၁၉၇၈ ကမ္ဘာ့ဖလား တွေ့ဆုံမှုမှာ အာဂျင်တီးနားက အနိုင်ရခဲ့တယ်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
16
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
113
အရုဏ်ပြာမှ ကြယ်ဖြူ

အရုဏ်ပြာမှ ကြယ်ဖြူ

4 January 2026
299
အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ဆော်ဒီကို ရှုံးပြီးကတည်းက ပွဲတိုင်းကို ဗိုလ်လုပွဲလို သဘောထားပြီး ကစားခဲ့တယ်လို့ ထုတ်ပြောထားတယ်

ပြီးခဲ့တဲ့ ၂၀၁၈ ကမ္ဘာ့ဖလား ရှုံးထွက်အဆင့်မှာ တွေ့တုန်းကတော့ ပြင်သစ်က ၄-၃ ဆိုတဲ့ရလဒ်နဲ့ အာဂျင်တီးနားကို ဖြုတ်ချထားခဲ့တယ်။ ဒီတုန်းက အာဂျင်တီးနားအသင်းဟာ ပြင်သစ်နဲ့ ခရိုအေးရှားအသင်းတို့ကို ရှုံးခဲ့ပေမယ့် အခု ကမ္ဘာ့ဖလားမှာတော့ ခရိုအေးရှား ရှုံးကြွေးကို အာဂျင်တီးနားတို့ ဆပ်နိုင်ခဲ့ပြီ။

အခုတခါ ပြင်သစ်နဲ့ ဗိုလ်လုပွဲမှာ ထပ်တွေ့နေပြီး ၂၀၁၈ ကမ္ဘာ့ဖလား ရှုံးကြွေးကို အာဂျင်တီးနားတို့ ဆပ်နိုင်ဦးမလားဆိုတာ စိတ်ဝင်စားဖို့ ကောင်းတယ်။

အားကစားဆောင်းပါးရှင် ကိုဟိန်းသန့်က “ဒီနှစ်သင်းရဲ့ လက်ရှိ အသင်းလိုက် ခြေစွမ်းပိုင်းက မကွာလှဘူး၊ ကစားသမားတဦးချင်း ခြေစွမ်းကျတော့ ပြင်သစ်က သာတယ်၊ အနိုင်ရလိုစိတ်က အာဂျင်တီးနားက သာတယ်၊ နောက်တချက်က အာဂျင်တီးနားက ပွဲကျပ် ရင်ဆိုင်ကျော်ဖြတ်နိုင်စွမ်းမှာ အားသာတယ်၊ ပြင်သစ်က အင်္ဂလန်တသင်းလောက်နဲ့ပဲ နည်းနည်း ခက်ခက်ခဲခဲ ကစားခဲ့ရတာ၊ ဒီအချက်က စကားပြောသွားမယ်ထင်တယ်” လို့ သုံးသပ်ပြောတယ်။

အာဂျင်တီးနား အသင်းခေါင်းဆောင် မက်ဆီက ဆော်ဒီကို ရှုံးပြီးကတည်းက ပွဲတိုင်းကို ဗိုလ်လုပွဲလို သဘောထားပြီး ကစားခဲ့တယ်လို့ ထုတ်ပြောထားတယ်။

သူ့အတွက် နောက်ဆုံးဖြစ်မယ့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ မက်ဆီရဲ့ရုန်းအားနဲ့ အာဂျင်တီးနားတို့ ပြိုင်ပွဲမစမီ ရေပန်းစားသလို ဗိုလ်စွဲသွားလေမလား။ လက်ရှိချန်ပီယံဘွဲ့ကို ကာကွယ်ပြီး ပြင်သစ်တို့ နှစ်နှစ်ဆက် ဗိုလ်စွဲသွားလေမလား။ လာမယ့်တနင်္ဂနွေညမှာ စောင့်ကြည့်ကြဦးစို့။

You may also like these stories:

အငြင်းပွားဖွယ်အများဆုံး ကာတာကမ္ဘာ့ဖလား လာပြီ

ကမ္ဘာ့ဖလား ဂျာစီအင်္ကျီတွေ ဘယ်သူချုပ်သလဲ

လေးသင်းစလုံး နိုင်ခြေရှိတဲ့ ကမ္ဘာ့ဖလား အကြိုဗိုလ်လုပွဲများ

အာဂျင်တီးနားလို ပြင်သစ်က မော်ရိုကိုကို ဂိုးပြတ်သွင်းမှာလား

Your Thoughts …
Tags: ကမ္ဘာ့ဖလားကာတာခရိုအေးရှားပြင်သစ်ဗိုလ်လုပွဲဘောလုံးပြိုင်ပွဲမက်ဆီမော်ရိုကိုအားကစားအာဂျင်တီးနား
လေးလေး

လေးလေး

Similar Picks:

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

အာဂျင်တီးနား ဖမ်းဝရမ်းကို ဘယ်လို တုံ့ပြန်သင့်သလဲ

by ဂျိမ်းရွှေ
17 February 2025
6.5k

ခေါင်းအေးအေးထားပြီး တုံ့ပြန်ပါ။ ဤကိစ္စသည် လူထုကို စိတ်မငြိမ်မသက် ဖြစ်စေပြီး စိတ်ဓာတ်ကျစေမှု၊ တဦးနှင့်တဦး အပြစ်တင်၍ စိတ်ဝမ်းကွဲစေမှုတို့ ဖြစ်စေနိုင်ပါသည်။

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

နီပေါမှာ ဗိုလ်စွဲလို့ ဂုဏ်ဆာကြပါဦး

by နွေနေ
3 March 2025
5.1k

ဘောလုံးနဲ့ပတ်သက်ပြီး နည်းနည်း ပြောစမှတ်ရှိတာက "မြန်မာအမျိုးသမီး ဘောလုံးအသင်း" ပါ။

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

အာဆတ်၏ ဆီးရီးယားမှ နောက်ဆုံးနာရီများ

by ဧရာဝတီ
17 December 2024
4.8k

အာဆတ်သည် သူ၏ညီငယ်ဖြစ်သူ အမှတ် ၄ အဆင့်မြင့် သံချပ်ကာတပ်မတပ်မှူး မာဟာကိုပင် သူထွက်ပြေးမည့် အစီအစဉ်ကို မပြောခဲ့ကြောင်း သူ၏လက်ထောက် သုံးဦးက ပြောသည်။

စပိန် အပန်းဖြေ ကျွန်းပေါ်ရှိ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီရဲ့ အိမ် မှုတ်ဆေးဖြန်း ဆန္ဒပြခံရ

စပိန် အပန်းဖြေ ကျွန်းပေါ်ရှိ ကမ္ဘာကျော် ဘောလုံးသမား မက်ဆီရဲ့ အိမ် မှုတ်ဆေးဖြန်း ဆန္ဒပြခံရ

by ဧရာဝတီ
11 August 2024
2.2k

ရာသီဥတု ဖောက်ပြန်မှုတွေ အတွက် လူချမ်းသာတွေမှာ တာဝန်ရှိကြောင်း ပြသချင်တဲ့ အတွက် မက်ဆီရဲ့ အိမ်ကို ရွေးချယ် ဆေးမှုတ်ပြီး ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ကြောင်း…

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ

by နွေနေ
30 June 2024
2.2k

တခါတုန်းက စည်စည်ကားကား ကြည့်ခဲ့ကြတဲ့ ဥရောပချန်ပီယံ ဘောလုံးပွဲတွေဟာ ခုတော့လည်း ငြိမ်သက် တိတ်ဆိတ်နေတော့တယ်။

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

by ဇုန်းရိန်
16 July 2025
1.8k

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန် နှစ်ဦးစလုံးသည် ပွဲပြီးတိုင်း ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံအလံကို ခြုံလျက် နိုင်ငံ့ဂုဏ်ကို မြှင့်တက်စေသည်မှာ ပရိတ်သတ် အားလုံးအသိပင်ဖြစ်သည်။

Next Post
မင်းကွန်းဒေသရှိ ခြင်္သေ့ကြီး  / CJ

ငလျင်ကြောင့် မင်းကွန်း ခြင်္သေ့ကြီး၊ မယ်နုအုတ်ကျောင်းနှင့် စေတီအချို့ ပျက်စီး

NLD အစိုးရလက်ထက် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌဖြစ်သူ ဦးဘိုဘိုငယ်

ဗဟိုဘဏ် ဒုဥက္ကဋ္ဌဟောင်း ဦးဘိုဘိုငယ်အား ထောင်ဒဏ် အနှစ်၂၀ ချမှတ်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved