နိုင်ငံ့ဂုဏ်ဆောင် သားကောင်းရတနာများ
လက်ရှိအချိန် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလူမျိုးမရွေး၊ ကိုးကွယ်ယုံကြည်သည့် ဘာသာမရွေး၊ နိုင်ငံရေး ခံယူချက်မရွေး၊ လူမှုစီးပွားရေး အဆင့်အတန်းမရွေး၊ ပညာအဆင့်အတန်းမရွေး၊ နေထိုင်ရာနေရာဒေသမရွေး လူတန်းစားအလွှာအသီးသီးတို့၏ အားပေးထောက်ခံမှု ရရှိသောပုဂ္ဂိုလ်များကို ညွှန်ပြပါဆိုလျှင် ဘက်စုံသုံး တိုက်ခိုက်ရေး ကစားသမားများ ဖြစ်ကြသည့် အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့ဖြစ်မည်ဟု ယုံကြည်မိပါသည်။
အမျိုးသားစည်းလုံးညီညွတ်မှု၏ ပြယုဂ်အဖြစ် တင်စားရခြင်းမှာ အထက်ဖော်ပြပါအတိုင်း မြန်မာလူထု လူတန်းစား အလွှာအသီးသီးတို့၏ အားပေးထောက်ခံခြင်းကို ရယူနိုင်ကြသော ပုဂ္ဂိုလ်များဖြစ်ကြခြင်းကြောင့်ပင်။ ဤအချက်သည် မြန်မာနိုင်ငံအတွက် အထူးပင် အရေးကြီးသည်ဟု ယူဆမိပါသည်။
အကြောင်းမှာ မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေကို သုံးသပ်ရလျှင် “အမျိုးသားစည်းလုံးညီညွတ်မှု ဆိုတာကို ရရှိနိုင်ဦးမလား” ဟု မေးရမည့်အခြေအနေ ဖြစ်နေသောကြောင့်ဖြစ်သည်။ နိုင်ငံရေးပါတီအမျိုးမျိုး၊ လက်နက်ကိုင် အဖွဲ့စည်းအမျိုးမျိုးနှင့် ဘာသာရေးအမျိုးမျိုး စသည်ဖြင့် ကွဲပြားနေပြီး အားလုံးသဘောတူနိုင်သည့်အရာ တစုံတရာများ ရှိနိုင်ဦးမလားဆိုပြီး မေးရမည့်အခြေအနေဖြစ်သည်။
ထို့ပြင် နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ပြည်တွင်း ပြည်ပရှိ နိုင်ငံသူ နိုင်ငံသားအားလုံးသည် ဆင်းရဲဒုက္ခအမျိုးမျိုးကို ခါးစည်းပြီး ခံနေကြရသည့် အချိန်။ သူများ၏ အထင်သေးခြင်းကို ခံနေကြရသည့်အချိန်ဖြစ်သည်။
ဤကဲ့သို့သောအချိန်တွင် အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့ကဲ့သို့သော ပုဂ္ဂိုလ်များကို ရရှိထားခြင်းသည် မြန်မာနိုင်ငံအတွက် (လူငယ်များအတွက်) အတုယူစရာ၊ ဂုဏ်ယူစရာ ဖြစ်ပါသည်။ နိုင်ငံတကာမျက်နှာစာတွင် ဂျိုရွှာဗန်ကဲ့သို့ တက်သစ်စ အားကစားသမား၏ ထူးချွန်မှု၊ အောင်မြင်မှုသည် နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်စေပါသည်။
ဤကဲ့သို့သောအချိန်တွင် အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့ကဲ့သို့သော ပုဂ္ဂိုလ်များကို ရရှိထားခြင်းသည် မြန်မာနိုင်ငံအတွက် (လူငယ်များအတွက်) အတုယူစရာ၊ ဂုဏ်ယူစရာ ဖြစ်ပါသည်။ နိုင်ငံတကာမျက်နှာစာတွင် ဂျိုရွှာဗန်ကဲ့သို့ တက်သစ်စ အားကစားသမား၏ ထူးချွန်မှု၊ အောင်မြင်မှုသည် နိုင်ငံ၏ ဂုဏ်ကို မြှင့်တင်စေပါသည်။
ကြည့်ရှု အားပေးကြသည့် ပရိတ်သတ်များအတွက်လည်း စိတ်ခွန်အားယူစရာ၊ ပျှော်ရွှင်စရာ အခိုက်အတန့်ကို ရရှိစေပါသည်။ ထိုနည်းတူ ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ်တို့တွင်လည်း အောင်လအန်ဆန်း၏ အောင်မြင်မှုကြောင့် လူထုအတွက် အားတက်ခဲ့ကြရသည်၊ ဂုဏ်ယူခဲ့ကြရသည်။
အားကစားနှင့် အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေး
အားကစားများသည် အမျိုးသားရေးအသိစိတ်ကို နိုးကြားစေနိုင်သည့် ဂုဏ်သတ္တိ ရှိခြင်းကြောင့် အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးအတွက် အားကစားနည်းများကို နည်းပရိယာယ် အသုံးပြုမှုတခုအဖြစ် သုံးလာခဲ့ကြသည်မှာ ရာစုနှစ်နှင့်ချီပြီး ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း သုတေသန ပညာရှင်များက ရေးသားဖော်ပြကြပါသည်။
ထို့ကြောင့် နိုင်ငံတိုင်း၊ အစိုးရတိုင်းသည်လည်း မိမိတို့နိုင်ငံ၏ စီးပွားရေး အင်အားတောင့်တင်းမှုပေါ် မူတည်ပြီး အနည်းနှင့် အများဆိုသလို အားကစားနှင့် အားကစားမောင်မယ်တို့ကို အားပေးမြှင့်တင်ကြသည်။ အားကစားကို သီးသန့်ဝန်ကြီးဌာနဖွဲ့စည်းကာ လုပ်ဆောင်ကြသည်။
မိမိတို့ မြန်မာနိုင်ငံတွင် သီဆိုခဲ့ကြဖူးသည့် “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” သီချင်းကို နားထောင်ကြည့်လျှင် အားကစားသည် အားကစားသက်သက် မဟုတ်ဘဲ အမျိုးသားနိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ်နေသည်ကို တွေ့ရမည် ဖြစ်သည်။ ထို့ပြင် အားကစားနှင့် အားကစားမောင်မယ်တို့အပေါ်တွင် ထားရှိသော အစိုးရ၏ ရည်မှန်းချက် (မျှော်လင့်ချက်) များကိုလည်း သိနိုင်ပါသည်။
ကမ္ဘာကို လွှမ်းခွင့် မရသေးသည့် မြန်မာ့အားကစား
နိုင်ငံ့ဂုဏ်ကို အပြည့်အဝ မြှင့်တင်ပေးနိုင်သော ကမ္ဘာ့အားကစားစင်မြင့်သည် လေးနှစ်ခြားတကြိမ် ကျင်းပသည့် အိုလံပစ်ပြိုင်ပွဲဟု ဆိုရမည်။ ဤအိုလံပစ်ပြိုင်ပွဲသည် နိုင်ငံကို ကိုယ်စားပြုပြီး ယှဉ်ပြိုင်ရသော ပြိုင်ပွဲကြီးဖြစ်၍ မိမိတို့ ပါဝင်ယှဉ်ပြိုင်သည့် အားကစားမှာ ပထမ၊ ဒုတိယ၊ တတိယဆု တခုခုကို ဆွတ်ခူးနိုင်မည်ဆိုလျှင် သက်ဆိုင်ရာ နိုင်ငံ၏အလံကို လွှင့်ထူခွင့်နှင့် နိုင်ငံတော်သီချင်းကိုလည်း အမှတ်စဉ်အလိုက် ကမ္ဘာ့အလယ်တွင် အလှည့်ကျ သီဆိုခွင့်ရရှိမည် ဖြစ်သည်။
မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိသည့် ၁၉၄၈ ခုနှစ် လန်ဒန်မြို့၌ ကျင်းပသော ၁၄ ကြိမ်မြောက် လန်ဒန် အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံကိုယ်စားပြု ပထမဆုံးအကြိမ် စတင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။ ၁၉၇၆ ခုနှစ်မှလွဲ၍ အိုလံပစ်ပွဲတိုင်းတွင် ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့သော်လည်း ဆုဆွတ်ခူးနိုင်ခဲ့ခြင်း မရှိသေးကြောင်း olypedia.org တွင် ဖော်ပြထားပါသည်။
နိုင်ငံလွတ်လပ်ရေးရရှိသည့် သက်တမ်း ၇၇ နှစ်အတွင်း ၅၇ နှစ်တာကာလ (၇၄ ရာခိုင်နှုန်း) သည် စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေခဲ့ပါသည်။ ယခုချိန်သည်လည်း စစ်တပ်၏ အာဏာသိမ်းအုပ်ချုပ်မှု ရှိနေပါသည်။ “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုသည့် နိုင်ငံ၏ အားကစားရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်စွမ်း မရှိကြောင်း ပြသနေသည်။
နိုင်ငံလွတ်လပ်ရေးရရှိသည့် သက်တမ်း ၇၇ နှစ်အတွင်း ၅၇ နှစ်တာကာလ (၇၄ ရာခိုင်နှုန်း) သည် စစ်တပ်က အာဏာသိမ်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေခဲ့ပါသည်။ ယခုချိန်သည်လည်း စစ်တပ်၏ အာဏာသိမ်းအုပ်ချုပ်မှု ရှိနေပါသည်။ “မြန်မာ့အားကစား ကမ္ဘာကို လွှမ်းရမည်” ဆိုသည့် နိုင်ငံ၏ အားကစားရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်စွမ်း မရှိကြောင်း ပြသနေသည်။
ထို့ကြောင့် နိုင်ငံအချင်းချင်း ယှဉ်ပြိုင်ရသော အိုလံပစ်ပြိုင်ပွဲတွင် မြန်မာနိုင်ငံသည် ဆုဆွတ်ခူးနိုင်ခြင်း မရှိသေး၍ ကမ္ဘာ့အလယ်တွင် နိုင်ငံတော်အလံ လွှင့်ထူခွင့်နှင့် နိုင်ငံတော်သီချင်းသီဆိုခွင့် ရရှိအောင် ကြိုးစားအားထုတ်ကြရဦးမည် ဖြစ်သည်။
လေ့လာသုံးသပ်သူအချို့၏ ခန့်မှန်းချက်အရ အိုလံပစ် စံချိန်စံညွှန်းအတိုင်း အားကစားသမားတဦးကို ငယ်စဉ်ကတည်းက ပြုစု ပျိုးထောင် လေ့ကျင့်ပေးမည်ဆိုပါက တနှစ်လျှင် အမေရိကန် ဒေါ်လာ ၁၀,၀၀၀ ကျော် ကုန်ကျပြီး အားကစားသမား တိုးတက်လာသည်နှင့်အမျှ ကုန်ကျစရိတ်သည် ပို၍ကြီးလာနိုင်ကြောင်း သိရသည်။
လူထုအများစုအတွက် ဤကဲ့သို့သော ငွေပမာဏသည် လက်လှမ်းမမီနိုင်ပါ။ ထို့ကြောင့် လူထုအားလုံး လက်လှမ်းမီနိုင်သော အားကစားလေ့ကျင့်ရုံများ၊ ခေတ်မီလေ့ကျင့်ရေးပစ္စည်းများကို အစိုးရအာဏာပိုင်များက စီစဉ်ဆောင်ရွက်ပေးရမည် ဖြစ်သည်။
အောင်လအန်ဆန်း (သို့မဟုတ်) မြန်မာစပါးအုံးမြွေ

အောင်လအန်ဆန်း (Aung La Nsang) သည် “Burmese Python” (မြန်မာစပါးအုံးမြွေ) ဆိုသည့် ဂုဏ်ပုဒ်ဖြင့် Mixed Martial Art (MMA) ခေါ် နိုင်ငံတကာ သိုင်းနည်းပညာ ပေါင်းစုံသုံးပြီး ယှဉ်ပြိုင်ထိုးသတ်သည့် သိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်းကြီး တခုဖြစ်သော ONE Championship တွင် မတူညီသည့် ဝိတ်တိန်း နှစ်ခု၌ ကမ္ဘာ့ချန်ပီယံဖြစ်အောင် စွမ်းဆောင်ပြီး နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သူ ဖြစ်သည်။
အောင်လအန်ဆန်းသည် ၂၀၁၇ ခုနှစ်တွင် ONE Championship ၏ Middle Weight တန်း ကမ္ဘာ့ချန်ပီယံ၊ ၂၀၁၈ ခုနှစ်တွင် Light Heavyweight တန်း၏ ကမ္ဘာ့ချန်ပီယံအဖြစ် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် ONE Championship ၏ MMA ပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် မတူညီသော ဝိတ်တိန်း နှစ်ခုတွင် ရွှေခါးပတ် ရယူနိုင်ခဲ့သည့် တဦးတည်းသော တိုက်ခိုက်ရေး ကစားသမားအဖြစ်လည်း စံချိန်မှတ်တမ်း တင်နိုင်ခဲ့သည်။
အောင်လအန်ဆန်းသည် ၂၀၁၇ ခုနှစ်တွင် ONE Championship ၏ Middle Weight တန်း ကမ္ဘာ့ချန်ပီယံ၊ ၂၀၁၈ ခုနှစ်တွင် Light Heavyweight တန်း၏ ကမ္ဘာ့ချန်ပီယံအဖြစ် စွမ်းဆောင်နိုင်ခဲ့မှုကြောင့် ONE Championship ၏ MMA ပြိုင်ပွဲ သမိုင်းတလျှောက် ပထမဆုံးအကြိမ်အဖြစ် မတူညီသော ဝိတ်တိန်း နှစ်ခုတွင် ရွှေခါးပတ် ရယူနိုင်ခဲ့သည့် တဦးတည်းသော တိုက်ခိုက်ရေး ကစားသမားအဖြစ်လည်း စံချိန်မှတ်တမ်း တင်နိုင်ခဲ့သည်။
ပြိုင်ပွဲထိုးပြီးတိုင်း ကြိုးဝိုင်းအတွင်းတွင် မြန်မာနိုင်ငံအလံကို ခြုံပြီး ကမ္ဘာ့အလယ်၌ နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင်ခဲ့သူ ဖြစ်ပါသည်။ ထို့ပြင် မြန်မာနိုင်ငံကို နိုင်ငံတကာ သိုင်းနည်းပေါင်းစုံသုံး လက်ဝှေ့လောက (MMA) နှင့် စတင်မိတ်ဆက်ပေးခဲ့သူဟု ဆိုလျှင်လည်း မှားမည်မထင်ပါ။
ONE Championship သည် လက်ရှိချိန်တွင် အာရှတိုက်၏ အကြီးမားဆုံး MMA အားကစားအဖွဲ့အစည်းကြီးဟု ဆိုနိုင်ပါသည်။ စင်ကာပူတွင် အခြေစိုက်ပါသည်။
၎င်း၏ Facebook တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ စာရင်းအရ likes ၂၂ သန်းရှိပြီး စောင့်ကြည့်သူ followers ပေါင်း သန်း ၅၀ ရှိပါသည်။ ပြိုင်ပွဲတွင် ထူးချွန်စွာ စွမ်းဆောင်နိုင်သော ကစားသမားများကိုလည်း အပိုဆုကြေးအဖြစ် အမေရိကန် ဒေါ်လာ ၅ သောင်းနှင့် ထိုင်းဘတ် ၃ သိန်းခွဲအထိ ချီးမြင့်လေ့ရှိသည်ကို တွေ့ရသည်။
ဂျိုရွှာဗန် (သို့မဟုတ်) မကြောက်မရွံ့သူ

ဂျိုရွှာဗန် (Joshua Van) သည် လက်ရှိအချိန်တွင် UFC Flyweight တန်း၏ အဆင့် ၁ နေရာကို ပိုင်ဆိုင်ထားသည့် အသက် ၂၃ နှစ် အရွယ် ချင်းတိုင်းရင်းသား MMA ကစားသမား တဦးဖြစ်ပါသည်။ ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၈ ရက်နေ့တွင် UFC Flyweight တန်း၏ အဆင့် ၁ နေရာရှိ ဘရန်ဒန် ရွိုင်ဗယ် (Brandon Royval) ကို အနိုင်ယူပြီး ကမ္ဘာ့ချန်ပီယံ ခါးပတ်လုပွဲ ထိုးရန် စောင့်နေပြီ ဖြစ်သည်။
ကမ္ဘာ့ချန်ပီယံဖြစ်မည်ဟူ၍လည်း အများက ထင်ကြေးပေး နေကြသည်။ UFC သည်လည်း ၎င်း၏ Facebook တွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၃ ရက် မှတ်တမ်းအရ likes သန်းပေါင်း ၃၀ သန်းရှိပြီး စောင့်ကြည့်သူ followers ပေါင်း ၄၄ သန်း ရှိပါသည်။
ထူးချွန်စွာ စွမ်းဆောင်နိုင်သော ကစားသမားများကို အပိုဆုကြေးအဖြစ် အမေရိကန်ဒေါ်လာ ၅ သောင်းအထိ ချီးမြှင့်လေ့ရှိသည့် ONE Championship ထက် ရှေးကျသော MMA အားကစားအဖွဲ့အစည်းကြီး ဖြစ်ပါသည်။
အတုယူ၊ ဂုဏ်ယူထိုက်သော မြန်မာစပါးအုံးမြွေနှင့် မကြောက်မရွံ့သူ
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့သည် လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်သူများ ဖြစ်ကြသော်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ခံယူကြပြီး ကစားပွဲပြီးတိုင်း ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံအလံကို ခြုံလျက် ကမ္ဘာ့အလယ်တွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ကြသူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း မြန်မာလူထု၏ အားပေး ထောက်ခံမှုကို အပြည့်အဝ ရရှိကြသည်ဟု ဆိုနိုင်ပါသည်။
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့သည် လက်ရှိ အမေရိကန်နိုင်ငံတွင် နေထိုင်သူများ ဖြစ်ကြသော်လည်း မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ခံယူကြပြီး ကစားပွဲပြီးတိုင်း ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံအလံကို ခြုံလျက် ကမ္ဘာ့အလယ်တွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ကြသူများ ဖြစ်ကြသည်။ ထို့ကြောင့်လည်း မြန်မာလူထု၏ အားပေး ထောက်ခံမှုကို အပြည့်အဝ ရရှိကြသည်ဟု ဆိုနိုင်ပါသည်။
ထို့ပြင် မိမိတို့၏ တိုင်းရင်းသားဇာစ်မြစ်ကိုလည်း ထိန်းသိမ်းကြသူများဖြစ်ကြသည်။ ကချင်တိုင်းရင်းသားဖြစ်သည့် အောင်လအန်ဆန်းသည် ဂျိန်းဖော့စကားကို ပြောနိုင်သလို ချင်းတိုင်းရင်းသားဖြစ်သည့် ဂျိုရွှာဗန်သည်လည်း ချင်းစကားကို ပြောနိုင်ပါသည်။ မြန်မာစကားကိုလည်း နှစ်ဦးစလုံးက ကောင်းမွန်စွာ ပြောဆိုနိုင်သည်ကို တွေ့ရသည်။
ထို့ကြောင့် အောင်လအန်ဆန်းသည် ကချင်တိုင်းရင်းသားတို့အတွက် ဂုဏ်ယူထိုက်သူဖြစ်သကဲ့သို့ ဂျိုရွှာဗန်သည်လည်း ချင်းတိုင်းရင်းသားတို့အတွက် ဂုဏ်ယူထိုက်သော ပုဂ္ဂိုလ်ဖြစ်ပါသည်။ မြန်မာနိုင်ငံအလံကို ခြုံလျက် ကမ္ဘာ့အလယ်တွင် နိုင်ငံ့ဂုဏ်ကို ဆောင်ကြသောကြောင့် မြန်မာပြည်သူပြည်သား အားလုံးအတွက်လည်း ဂုဏ်ယူထိုက်သူများ ဖြစ်ကြသည်။
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန် နှစ်ဦးစလုံးသည် မြန်မာနိုင်ငံ အာဏာပိုင်အဖွဲ့အစည်းများ၏ ထောက်ပံ့ကူညီမှုကို ရယူပြီး အောင်မြင်လာကြခြင်း မဟုတ်ပါ။ ၎င်းတို့မိဘများ၏ အားပေးထောက်ပံ့မှုနှင့် သူတို့ကိုယ်တိုင် ဇွဲလုံ့လဖြင့် ကြိုးစားအားထုတ်မှုတို့ကြောင့် အောင်မြင်မှုရကြသည်ဟု ဆိုနိုင်ပါသည်။
အောင်လအန်ဆန်းသည် ၂၀၁၇ ခုနှစ်တွင် ONE Championship ၏ Middleweight တန်း ကမ္ဘာ့ချန်ပီယံ၊ ၂၀၁၈ ခုနှစ်တွင် Light Heavyweight တန်း ကမ္ဘာ့ချန်ပီယံအဖြစ် ရွှေခါးပတ်အသီးသီးကို ရယူပြီး မြန်မာအလံကို ခြုံလျက် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးခဲ့ပါသည်။ အမိမြန်မာနိုင်ငံတော်ကို အမှန်တကယ် ကျေးဇူးဆပ်နိုင်ခဲ့ခြင်းဖြစ်ပြီး မျိုးဆက်သစ်တို့အတွက် အားမာန်ဖြစ်စေခဲ့သည်မှာ အမှန်ပင်။
ဂျိုရွှာဗန် သည်လည်း မဝေးတော့သည့်အချိန်တွင် UFC ၏ Flyweight တန်း ကမ္ဘာ့ချန်ပီယံ ဖြစ်လာမည်ဟု ကစားသမားကိုယ်တိုင် ယုံကြည်နေသလို လေ့လာသုံးသပ်သူများကလည်း အနာဂတ်၏ ချန်ပီယံအဖြစ် ရှုမြင်နေကြပါသည်။
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန် တို့သည် MMA အားကစားလောကတွင် “ကမ္ဘာ့ချန်ပီယံ” ဆိုသည့် အမြင့်ဆုံးသော အောင်မြင်မှုကို ရရှိအောင် စွမ်းဆောင်နိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး MMA ကစားသမားနှစ်ဦး ဖြစ်ကြပါသည်။ လူငယ်များ ကျောင်းသားများ အတုယူနိုင်အောင်၊ ခွန်အားယူနိုင်အောင် ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းဖော်ပြသင့်သော နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်နှစ်ဦးဖြစ်ကြောင်း တင်ပြလိုပါသည်။
အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန် တို့သည် MMA အားကစားလောကတွင် “ကမ္ဘာ့ချန်ပီယံ” ဆိုသည့် အမြင့်ဆုံးသော အောင်မြင်မှုကို ရရှိအောင် စွမ်းဆောင်နိုင်သည့် မြန်မာနိုင်ငံ၏ ပထမဆုံး MMA ကစားသမားနှစ်ဦး ဖြစ်ကြပါသည်။ လူငယ်များ ကျောင်းသားများ အတုယူနိုင်အောင်၊ ခွန်အားယူနိုင်အောင် ကျောင်းသင်ရိုးညွှန်းတမ်းတွင် ထည့်သွင်းဖော်ပြသင့်သော နိုင်ငံ့ဂုဏ်ဆောင် ပုဂ္ဂိုလ်နှစ်ဦးဖြစ်ကြောင်း တင်ပြလိုပါသည်။
နိဂုံးချုပ်တင်ပြချက်
အမျိုးသားစည်းလုံးညီညွတ်မှု တည်ဆောက်ရေးသည် သက်ဆိုင်ရာ ပြည်သူလူထု၏ ဘဝရည်မှန်းချက်များအပေါ် အခြေခံပြီး တည်ဆောက်ခြင်းဖြစ်ကြောင်း စတန်းဖို့ဒ်တက္ကသိုလ် စီးပွားရေးဘွဲ့လွန်ကျောင်း၏ ပောာပြောပို့ချမှုတခုတွင် နားထောင်ခဲ့ရသည်။
ဆိုလိုသည်မှာ လူထုတွင် ကွန်ပျူတာနည်းပညာရှင်၊ ဆရာဝန်၊ အားကစားသမား၊ စီးပွားရေးလုပ်ငန်းရှင်၊ သိပ္ပံပညာရှင် စသည်ဖြင့် မတူညီသော ဘဝရည်မှန်းချက် အမျိုးမျိုးရှိသည်။ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း သို့မဟုတ် အစိုးရဝန်ထမ်းလုပ်ငန်းဆိုသည်မှာ လူထု၏ ထိုရည်မှန်းချက်များကို အောင်မြင်အောင် ကူညီပေးရေး ဖြစ်သင့်ကြောင်း တိုက်တွန်းထားသည်။
တနည်းအားဖြင့် အစိုးရသည် တည်ငြိမ်မှု၊ လုံခြုံမှု၊ တရားဥပဒေ စိုးမိုးမှု၊ ပွင့်လင်းပြီး ခြစားမှုကင်းသော ဝန်ဆောင်မှုတို့ကို ပေးစွမ်းနိုင်ရမည်။ ဤကဲ့သို့သော ပတ်ဝန်းကျင်အခြေအနေတွင် ပြည်ပမှ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုများနှင့်အတူ တိုင်းပြည်စီးပွားရေး တိုးတက်ကာ လူထုသည်လည်း သူတို့၏ ရည်မှန်းချက်များ အောင်မြင်အောင် စွမ်းဆောင်လာနိုင်ကြမည် ဖြစ်ကြောင်း၊ ထိုသို့အောင်မြင်မှုများ (ချန်ပီယံဖြစ်မှုများ) အပေါ် စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းအားပေးကြခြင်းသည် အမျိုးသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ခြင်းဖြစ်ကြောင်း တိုက်တွန်းထားသည်ကို တင်ပြရင်း နိဂုံးချုပ်အပ်ပါသည်။
(ဇုန်းရိန်သည် မြန်မာအခြေစိုက် လူမှုဝန်ထမ်းလုပ်သားနှင့် လွတ်လပ်သော နိုင်ငံရေး သုတေသီဖြစ်သည်။)
You may also like these stories:
မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း
အောင်လအန်ဆန်း အပါအဝင် One Championships ရဲ့ ချန်ပီယံများ
မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အောင်လအန်ဆန် ပြော
ဘောလုံးဘုရင်ကြီး ပီလီ ကွယ်လွန်ရှာပြီ
နောက်ဆုံးမှ ပန်းဝင်ပြီး အားလုံးကို စိတ်ခွန်အားပေးခဲ့သော ကမ္ဘောဒီးယား အပြေးမယ်
ပျောက်ဆုံးသွားတဲ့ ယူရိုဘောလုံးပွဲညများ













