• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မြန်မာတို့၏ ဖိုက်တာ အောင်လအန်ဆန်း

by ဆလိုင်းသန့်စင်
1 April 2019
in ဆောင်းပါး
A A
ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကို အလဲထိုး အနိုင်ယူခဲ့သည့် အောင်လအန်ဆန်း / One Championship Facebook

ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကို အလဲထိုး အနိုင်ယူခဲ့သည့် အောင်လအန်ဆန်း / One Championship Facebook

37k
VIEWS
Share on FacebookShare on Twitter

မြန်မာတို့၏ အချစ်တော် အောင်လအန်ဆန်းမှာ၂၀၁၇ ခုနှစ် ဝမ်း ချန်ပီယံရှစ်၏ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရပြီး ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ အသစ် ဖြစ်လာချိန်တွင် MMA လောကသား တချို့က “အောင်လရဲ့ မွေးရပ်မြေမှာ ထိုးလို့ ဘစ်ဒက်ရှ် ကို နိုင်ပြီး ချန်ပီယံ ဖြစ်တာ”ဟူ၍ ဝေဖန်ခဲ့ကြသည်။

လက်ရှိ အချိန်မှာတော့ ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံဘွဲနှင့် မထိုက်တန် သကဲ့သို့ ပြောဆိုခဲ့ကြသည့် ဝေဖန်မှုများ မှားယွင်း ကြောင်း အောင်လအန်ဆန်းက သက်သေပြခဲ့ပြီ ဖြစ်သည်။

၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်က ဂျပန်နိုင်ငံ တိုကျို မြို့တွင် ကျင်းပသည့် A New Era ပြိုင်ပွဲတွင် ဂျပန်နိုင်ငံ၏ မစ်ဒယ် ဝိတ်တန်း MMA လောကတွင် နံပါတ်ဝမ်း ဖြစ်သည့် ဂျပန်ဖိုက်တာ ဟာဆီဂါဝါ ကို အိမ်ရှင် ဂျပန် ပရိတ်သတ်များ ရှေ့ မှောက်၌ အလဲထိုးဖြင့် အနိုင်ယူကာ စစ်မှန်သည့် ကမ္ဘာ့ မစ်ဒယ် ဝိတ် ချန်ပီယံ ဖြစ်ကြောင်း ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့သား အောင်လအန်ဆန်းက သက်သေ ပြခဲ့သည်။

ဝမ်း ချန်ပီယံရှစ်၏ နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းနှင့် ဂျပန် ဖိုက်တာ ဟာဆီဂါဝါတို့ ဒုတိယ အကြိမ်မြောက် မကျေပွဲ အဖြစ် ဂျပန်နိုင်ငံမှာ ထိုးသတ်မည် ဆိုတော့ အောင်လကို သည်းသည်း လှုပ် အားပေးကြသည့် မြန်မာ ပရိသတ် တွေ ရင်ခုန်ကြသည်။

၂၀၁၈ ခုနှစ်၊ ဇွန်လက ရန်ကုန်မြို့မှာ အောင်လနှင့် ဟာဆီဂါဝါတို့ ထိုးသတ်စဉ်က ပွဲကစားချိန် ၅ ချီ အထိ သူတပြန် ကိုယ်တပြန် ထိုးနှက်ခဲ့ကြပြီး မျက်နှာတွင် အညိုအမည်း ဒဏ်ရာဒဏ်ချက် များစွာဖြင့် နှစ်ယောက်စလုံး အထိနာ ခဲ့ကြသည်။

နောက်ဆုံး အချီကျမှ အောင်လ၏ ညာဖြောင့် လက်သီးချက်ဖြင့် ဟာဆီဂါဝါ တယောက် ကြမ်းပြင်ပေါ် လဲကျပြီး ရှုံးနိမ့် သွားခဲ့သည်။

မြန်မာ့မြေပေါ်မှာတောင် အောင်လကို အကြိတ်အနယ် ထိုးသတ်ခဲ့ရသည့် ဂျပန် ဖိုက်တာနှင့် ဂျပန်မြေ မှာ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ် ကာကွယ်ပွဲ ထပ်မံ ထိုးသတ်ရမည် ဆိုတော့ သူတို့ ချစ်သော အောင်လအန်ဆန်း အတွက် မြန်မာ ပရိတ် သတ်တွေ စိတ်ပူခဲ့ကြသည်။

အောင်လ အတွက် ၂၀၁၇ ခုနှစ် ဇွန်လတွင် မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်ပြီးသည့် နောက်ပိုင်း ပြည်ပ၌ ပထမဆုံး ထိုးမည့် ပွဲစဉ် ဖြစ်သလို ပြိုင်ဘက် ဟာဆီဂါဝါ ကလည်း အောင်လနှင့် တကြိမ် ထိုးသတ် ထားဖူးသူ၊ အောင်လကို ဒဏ်ရာ ဒဏ် ချက် များစွာ ရအောင် ထိုးနှက်ခဲ့သူ ဖြစ်နေသည့် အချက်များက အောင်လ ပရိတ်သတ်တွေ ရင်ပူစေခဲ့သည်။

ဟာဆီဂါဝါ ကလည်း ၈ လကျော် အချိန်ယူ လေ့ကျင့်ခဲ့ပြီး အမေရိကန် နိုင်ငံသို့ သွားရောက်၍ MMA ဖိုက်တာများနှင့်ပါ ပူးတွဲ လေ့ကျင့်မှုများ လုပ်ဆောင်ကာ အောင်လ အန်ဆန်း၏ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်ကို ဂျပန်နိုင်ငံ အတွက် လုယူနိုင် ရန် ပြင်ဆင်ထားခဲ့သည်။

တကယ်တမ်း A New Era ပြိုင်ပွဲ ကြိုးဝိုင်းထဲတွင် ဖိုက်တာ နှစ်ဦး ဆုံတွေ့ကြချိန်မှာတော့ ဟာဆီဂါဝါ တယောက်ရန်ကုန်မြို့သုဝဏ္ဏ အားကစားရုံထဲတွင် ထိုးသတ်ခဲ့သည့် အောင်လအန်ဆန်းနှင့် လားလားမှ မတူသည့် အောင်လ အန် ဆန်း အစစ်အမှန်ကို မြင်တွေ့သွားခဲ့သည်။

ရန်ကုန်မြို့တွင် ၂၀၁၈ ခုနှစ် ဇွန်လက ထိုးသတ်ခဲ့သည့် ပွဲစဉ်တွင် အောင်လက ပွဲကို ထိန်း ကစား သည်။ မျက်နှာကို အကာ အကွယ် မလုပ်၊ ခန္ဓာကိုယ်ကို အရှောင်အတိမ်း၊ အတက် အဆင်း မလုပ်ဘဲ ဟာဆီဂါဝါနှင့် သူတချက် ကိုယ်တချက် အပြန် အလှန် ထိုးနှက်ခဲ့ကြသည်။

ဒီတခေါက် ဂျပန်ပွဲစဉ်မှာတော့ ထိုသို့ မဟုတ်တော့။ အောင်လက သတိကြီးစွာဖြင့် ဟာဆီဂါဝါကို ချဉ်းကပ်ပြီး ဘယ်ထောက် လက်သီး၊ ညာဖြောင့် လက်သီးများဖြင့် လိုက်ထိုးသည်။ အခွင့်ရသည်နှင့် ဟာဆီဂါဝါ၏ ပေါင်၊ ခါးနှင့် ဦးခေါင်း ဆီကို လှမ်းကန်သည်။

အောင်လ၏ ခြေကန်ချက်တွေက ကြိုးဝိုင်း အတွင်းမှာ တဖြောင်းဖြောင်း မည်နေသည်။ အောင်လကို ပထမ အချီမှာပင် ဖြိုလှဲသွားမည် ဟု ပြောဆိုထားသည့် ဟာဆီဂါဝါကတော့ ကြိုးဝိုင်းထဲမှာ ပတ်ပြေး နေတာ တွေ့ရသည်။

ဟာဆီဂါဝါ အနေဖြင့် အောင်လကို ထိုးနှက် တိုက်ခိုက်ဖို့ထက် အောင်လ၏ တိုက်ခိုက်မှုမှ လွတ်အောင် သတိထားပြီး ရှောင်တိမ်း ပြေးလွှားနေရသည်။

ဂျပန်ဖိုက်တာ ဟာဆီဂါဝါ နှင့် ထိုးသတ်နေသည့် အောင်လအန်ဆန်း(One Championship Facebook)

အလစ် အငိုက်မှာ တိုက်ခိုက်သည့် ဟာဆီဂါဝါ၏ လက်သီးချက်နှင့် ခြေကန်ချက် တို့ကိုလည်း အောင်လအန်ဆန်းက စနစ်တကျ ရှောင်တိမ်း ကာကွယ်နေသည့် အတွက် ဟာဆီဂါဝါ၏ တိုက်ခိုက်မှုတို့က အချည်းအနှီး ဖြစ်နေခဲ့သည်။

အောင်လ ကတော့ တိုက်စစ် ဖွင့် ဆော့သည်။ ကြိုးဝိုင်းထဲတွင် ပတ်ပြေးနေသည့် ဟာဆီဂါဝါ နောက်ကို လိုက်ထိုး၊လိုက်ကန်ရင်း ပွဲသိမ်း တိုက်ကွက်ဆင်ဖို့ အချိန်အခါကို စောင့်ကစားနေခဲ့သည်။

မြင်သာသည့် ဥပမာ ပေးရလျှင် အောင်လ အန်ဆန်း ဟူသည့် မုဆိုးကြီးက ဝမ်းချန်ပီယံရှစ် ကြိုးဝိုင်း အတွင်းမှာ ဟာဆီဂါဝါကို သားကောင် ဖမ်းသလို အမိအရ ဖမ်းဖို့ ကြိုးစားနေသည့် ပုံသဏ္ဌာန် မြင်တွေ့ရသည်။

ပထမ အချီ ၃ မိနစ်နှင့် ၄၆ စက္ကန့်တွင် အောင်လ၏ ညာဖြောင့် လက်သီးချက်က ဟာဆီဂါဝါ၏ မျက်နှာကို တည့်တည့် ထိမှန်ပြီး ဖင်ထိုင် လဲကျခဲ့သော်လည်း ဟာဆီဂါဝါ တယောက် အမြန်ဆုံး ပြန်ထနိုင်ခဲ့သည့် အတွက် အောင်လအန်ဆန်း
ပွဲသိမ်းဖို့ အခွင့်မသာခဲ့။

လူချင်းခွာ၍ လက်သီးချင်း ယှဉ်ထိုးသည့် အနေအထား အလုပ် မဖြစ်မှန်း သဘောပေါက်သွားသည့် ဟာဆီဂါဝါမှာ ၄ မိနစ် ၁၅ စက္ကန့်တွင် အောင်လကို လူချင်းလုံး၍ ချုပ်ကိုင်ဖို့ ကြိုးစားခဲ့သည်။

သို့သော် ဂျူဂျစ်ဆု ပညာ ကျွမ်းကျင်သည့် အောင်လ က ဟာဆီဂါဝါ၏ ချုပ်နှောင်မှုကို ဖြည်ထုတ်ကာ ရုန်းထွက်နိုင်ခဲ့သည်။

ပထမအချီ ထိုးသတ်ပြီးချိန်တွင် ထင်ရှားသည့် အချက်ကတော့ ဟာဆီဂါဝါနှင့် ဒုတိယ အကြိမ် ထိုးသတ်ဖို့ အတွက်ဘယ်သန် ဖိုက်တာ လေ့ကျင့်ဘက်များနှင့် လေ့ကျင့်မှု များစွာ ပြုလုပ်ခဲ့သည့် အောင်လအန်ဆန်း၏ ကစားပွဲ ဗျူဟာ -Game Plan ရေးဆွဲ လုပ်ဆောင်မှု မှန်ကန်ခဲ့ခြင်း ဖြစ်သည်။

ယင်းအကျိုးဆက် အရ ဟာဆီဂါဝါ၏ လက်သီးချက်၊ ခြေကန်ချက်နှင့် ချုပ်နှောင်မှုများကို အောင်လ အန်ဆန်း စနစ်တကျ ကာကွယ်နိုင်ခဲ့ သလို အသာစီး အနေအထားဖြင့် တိုက်ခိုက်နိုင်ခဲ့သည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
812
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
200
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
615

ဒုတိယ အချီမှာတော့ ဟာဆီဂါဝါက ဘယ်ညာ လက်သီးတွဲလုံးများဖြင့် ပြန်လည် ထိုးနှက်ခဲ့သည့် အတွက် ပွဲကကြည့်ကောင်းခဲ့သည်။ အထူးသဖြင့် ဟာဆီဂါဝါက ညာထောက် လက်သီးကို အယောင်ပြ၍ သူအားသန်သည့် ဘယ်ဝိုက် လက်သီးဖြင့် အောင်လကို ဖြိုလှဲဖို့ ကြိုးစားသည်။

သို့သော် အောင်လက အကွက်ကျကျ ရှောင်တိမ်း နေသည့်အတွက် ထိရောက်ခြင်း မရှိခဲ့ပေ။ ဟာဆီဂါဝါ၏ ထိုးနှက်ချက် များကို အတက်အဆင်း မှန်မှန်ဖြင့် ရှောင်တိမ်းရင်း ဘယ်ညာ လက်သီးတွဲလုံးများ၊ ခြေကန်ချက်များဖြင့် ထိန်းကစားရင်း ပွဲသိမ်း ထိုးနှက်ဖို့ အောင်လ အကွက်ရှာနေခဲ့သည်။

ဒုတိယချီ ၃ မိနစ်နှင့် ၅၀ စက္ကန့်တွင် ဟာဆီဂါဝါက အောင်လကို ထပ်မံ ချုပ်နှောင်ခဲ့သော်လည်း အောင်လ ရုန်းထွက်နိုင်ခဲ့သည်။ ဒုတိယ အချီ ပွဲချိန် ၄ မိနစ်နှင့် ၃၄ စက္ကန့်မှာတော့ အောင်လ စောင့်ဆိုင်းနေသည့် အချိန်အခါ ရောက်လာခဲ့ သည်။

ဟာဆီဂါဝါ မောပန်းစ ပြုလာ၍ အာရုံ စူးစိုက်မှု အနည်းငယ် လျော့သွားသည့် အနေအထားတွင် အောင်လက လျှင်မြန် ပြင်းထန်သည့် ပါဝါ လက်သီးချက် ပစ်သွင်းခဲ့ရာ ဟာဆီဂါဝါ၏ မျက်နှာတည့် တည့်ကို ထိမှန်ခဲ့သည်။

ပါဝါလက်သီးချက်ကြောင့် ပက်လက်လန် လဲကျသွားသည့် ဟာဆီဂါဝါ တယောက် ကုန်းထရန် ကြိုးပမ်းနေသည့် အခြေ အနေတွင် အပေါ်စီးမှ ချုပ်ကိုင်၍ တရစပ် ထိုးနှက်ကာ ပွဲသိမ်း တိုက်ကွက် ဖြင့် ပြိုင်ပွဲကို အောင်လအန်ဆန်း အဆုံးသတ် ခဲ့ပြီး ကမ္ဘာ့မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ၃ ကြိမ် မြောက် ကာကွယ်သွားနိုင်ခဲ့သည်။

A New Era ပြိုင်ပွဲကျင်းပသည့် တိုကျိုမြို့ရှိ အားကစားခန်းမ အတွင်း၌ ပွဲစကတည်းက အောင်လ အန်ဆန်းကိုအားပေး ကြွေးကြော်သံများ ညံနေခဲ့ပြီး ဟာဆီဂါဝါကို ပွဲသိမ်းလိုက်ချိန်မှာတော့ ဂျပန် ရောက် မြန်မာနိုင်ငံသားတို့၏“အောင်လ” “အောင်လ”ဟူသည့် ကြွေးကြော်သံများက ခန်းမ တခုလုံး ဖုံးလွှမ်းသွားလေသည်။

“မြန်မာ ပရိတ်သတ်များ အထူးပဲ ကျေးဇူးတင်ပါတယ်။ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းဖို့ အတွက် ကျနော် အမြဲတမ်း ဆုတောင်း နေပါတယ်။ ကျနော်တို့ အတူတကွ လုပ်ဆောင်မယ် ဆိုရင် ဘယ်အရာမဆို ကျနော်တို့ လုပ်နိုင်ပါတယ်။ အားလုံးကို ကျေးဇူး အများကြီး တင်ပါတယ်။ အားလုံးကို ချစ်တယ်လို့ ပြောချင်ပါတယ်”ဟု မြန်မာ့ ဂုဏ်ဆောင် ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ အောင်လအန်ဆန်းက ပွဲအပြီး အင်တာဗျူးတွင် ပြောသွားသည်။

စိန်ခေါ်သူ ဟာဆီဂါဝါ အတွက်တော့ ဝမ်း ချန်ပီယံရှစ်နှင့် ၂၀၁၈ ခုနှစ်တွင် စာချုပ်ချုပ် ဆိုကာ အောင်လအန်ဆန်း၏မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ခါးပတ်ကို လုယူရန် နှစ်ကြိမ်တိုင် ကြိုးစားခဲ့ပြီး နောက် လက်ရှိ အချိန်တွင် သူ၏ မစ်ဒယ်ဝိတ်ချန်ပီယံဖြစ်ရေး အိပ်မက်မှာ မဖြစ်နိုင်သေးကြောင်း ထင်ရှားသွားခဲ့သည်။

အောင်လ အတွက်တော့ ယမန်နေ့ နိုင်ပွဲက သူ၏ MMA ကစားသမား ဘဝ တလျှောက်၂၅ ပွဲမြောက် နိုင်ပွဲဖြစ်ပြီး ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်ခဲ့သည့် ၂၀၁၇ ခုနှစ် ဇွန်လ နောက်ပိုင်း ထိုးသတ်ခဲ့သည့် ပွဲစဉ် ၆ ပွဲ ဆက်တိုက် အနိုင်ရရှိသည့် မှတ်တမ်းသစ်ကို ရေးထိုးနိုင်ခဲ့သည်။

ထို့ပြင် ပြည်တွင်း၊ ပြည်ပ နေရာမရွေး အနိုင်ယူနိုင်စွမ်း ရှိသည့် “နယ်မရှောင်သည့် မြန်မာနိုင်ငံ၏ ကြယ်ပြောင် ဖိုက်တာ” ဖြစ်ကြောင်း ဂျပန်နိုင်ငံတွင် သက်သေ ပြနိုင်ခဲ့သည့် ပွဲစဉ်လည်း ဖြစ်ခဲ့သည်။

တိုကျိုမြို့တွင် A New Era ပြိုင်ပွဲတွင် အောင်လအန်ဆန်းက ဂျပန်ဖိုက်တာ ဟာဆီဂါဝါကို အလဲထိုး အနိုင်ယူကာ ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံခါးပတ်ကို ကာကွယ်ပြီးချိန်တွင် ဝမ်းချန်ပီယံရှစ်၏ ကမ္ဘာ့ ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာက ကြိုး ဝိုင်း အတွင်းသို့ ဝင်ရောက်ကာ အောင်လအန်ဆန်း ရရှိထားသည့် လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ် အတွက် ထိုးသတ်လို ကြောင်း စိန်ခေါ်ခဲ့သည်။

နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လ အဖို့တော့ မိမိ ပိုင်ဆိုင်ထားသည့် ချန်ပီယံဘွဲ့ကို စိန်ခေါ်သူရှိလာလျှင် ကာကွယ်ထိုးသတ်ရမည့် တာဝန်ရှိသည့် အလျှောက် ဟဲဗီး ဝိတ်ဖိုက်တာ ဘရန်ဒန် ဗီရာနှင့် လာမည့် အောက်တိုဘာလတွင်ဂျပန်နိုင်ငံ၌ ထိုးသတ်သွားရန် လက်ခံခဲ့သည်။

ဟဲဗီးဝိတ် ချန်ပီယံ ဘရန်ဒန် ဗီရာက “မစ္စတာ အောင်လရဲ့ဒီကနေ့ ည နိုင်ပွဲ အတွက် ဂုဏ်ပြုပါတယ်။ လိုက်ဟဲဗီးဝိတ် ချန်ပီယံခါးပတ်နဲ့ ပတ်သတ်ပြီး လာမယ့် အောက်တိုဘာမှာ ဒီဂျပန် နိုင်ငံမှာပဲ ထိုးသတ်ဖို့ ခင်ဗျားကို ကျနော် စိန်ခေါ်ချင်ပါ တယ်”ဟု ကြိုးဝိုင်း အတွင်း ပြောဆိုသည်။

ချန်ပီယံ အောင်လအန်ဆန်းနှင့် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာ(One Championship Facebook)

အောင်လအန်ဆန်းမှာ ၂၀၁၇ ခုနှစ် ဇွန်လတွင် ကမ္ဘာ့ မစ်ဒယ်ဝိတ်ချန်ပီယံ ဗစ်တာလီ ဘစ်ဒက်ရှ်ကို အနိုင်ရခဲ့သည့်အတွက် မြန်မာ နိုင်ငံ ကိုယ်စားပြု ပထမဆုံးသော MMA ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ထို့နောက် မစ်ဒယ်ဝိတ်ထက် တဆင့်မြင့်သည့် လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ် အတွက် ဘရာဇီး ဖိုက်တာ မာချာဒိုနှင့် ၂၀၁၈ ခုနှစ် အောက်တိုဘာတွင် ထိုးသတ်ခဲ့ရာ ပထမ အချီမှာပင် အနိုင်ရရှိသည့် အတွက် အောင်လအန်ဆန်းမှာ ဝမ်းချန်ပီယံရှစ်၏ လိုက် ဟဲဗီးဝိတ်နှင့် မစ်ဒယ်ဝိတ် ခါးပတ် နှစ်ခုကို ပိုင်ဆိုင်သည့် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်လာခဲ့သည်။

ကမ္ဘာ့ မစ်ဒယ်ဝိတ် ချန်ပီယံ ခါးပတ်နှင့် ပတ်သက်၍ စိန်ခေါ်သူ ဂျပန် ဖိုက်တာ ဟာဆီဂါဝါနှင့် လက်ဘနွန်ဖိုက်တာ ကရာကီ တို့ကို ၂၀၁၈ ခုနှစ် အတွင်း အောင်လအန်ဆန်းက အလဲထိုး အနိုင်ယူခဲ့ သလို “A New Era” ပြိုင်ပွဲတွင် မကျေပွဲ အဖြစ် ပြန်လည် စိန်ခေါ်ခဲ့သူ ဟာဆီဂါဝါကို အလဲထိုးဖြင့် ထပ်မံ အနိုင်ယူကာ ကမ္ဘာ့မစ်ဒယ် ဝိတ်ချန်ပီယံဘွဲ့ကို ၃ ကြိမ် ကာကွယ်နိုင်ခဲ့သည်။

အောင်လအန်ဆန်း အနေဖြင့် ကမ္ဘာ့လိုက် ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ်နှင့် ပတ်သက်ပြီး ချန်ပီယံ ဖြစ်ခဲ့သည့် နောက်ပိုင်း ကာကွယ် ထိုးသတ်မှု မရှိခဲ့ဘဲ ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာနှင့်ပွဲမှာ ပထမဆုံးသော လိုက်ဟဲဗီးဝိတ် ချန်ပီယံဘွဲ့ ကာကွယ်ပွဲ ဖြစ်လာမည် ဖြစ်သည်။

အသက် ၄၁ နှစ် အရွယ် ရှိပြီဖြစ်သည့် ဟဲဗီးဝိတ်ချန်ပီယံ ဘရန်ဒန် ဗီရာမှာ ဖိလစ်ပိုင် နိုင်ငံ ကိုယ်စား ပြု ထိုးသတ်နေသည့် MMA ကစားသမား ဖြစ်ပြီး အောင်လအန်ဆန်း ကဲ့သို့ပင် ဖိလစ်ပိုင်နိုင်ငံ၏ တိုက်ခိုက်ရေး အားကစား လောကတွင် နာမည် ကျော်ကြား ထင်ရှားသူ ဖြစ်သည်။

၂၀၀၂ ခုနှစ် ကစတင်၍ MMA တိုက်ခိုက်ရေး အားကစား လောကသို့ ဝင်ရောက်လာခဲ့သူ ဘရန်ဒန် ဗီရာမှာ အစောပိုင်း တွင် ကိုယ်ခံပညာ ဘက်စုံသုံး တိုက်ခိုက်ရေး အားကစား အဖွဲ့ ဖြစ်သည့် WEC နှင့် ကမ္ဘာကျော် တိုက်ခိုက်ရေး အား ကစားပွဲများ စီစဉ် ကျင်းပနေသည့် UFC တို့တွင် ဝင်ရောက် ထိုးသတ်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် စင်္ကာပူ နိုင်ငံ အခြေစိုက် ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့် လက်မှတ်ထိုးကာ အာရှ ဒေသရှိ တိုက်ခိုက်ရေး အားကစား လောကသို့ ဝင်ရောက်ခဲ့သူ ဖြစ်သည်။

၂၀၁၅ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ကျင်းပသည့် ONE ; Sprit of Champions ပြိုင်ပွဲတွင် ပြိုင်ဘက်ကို အလဲထိုးအနိုင်ယူပြီးနောက် ဖိလစ်ပိုင် နိုင်ငံကိုယ်စားပြု ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံ ဖြစ်လာခဲ့သည်။

ဘရာဇီး ဂျူဂျစ်ဆု ခါးပတ်နက် အဆင့် ရှိသည့် ဘရန်ဒန်ဗီရာမှာ MMA ကစားသမား ဘဝတလျှောက် ၂၃ ပွဲထိုး၊ ၁၆ ပွဲနိုင်၊ ၇ ပွဲရှုံး ရလဒ်ကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။

လျှင်မြန်သည့် လက်သီးချက်၊ ခြေကန်ချက်များဖြင့် ပြိုင်ဘက်များကို ဖြိုလှဲတတ်သည့် ဘရန်ဒန်ဗီရာ မှာ ၂၀၁၄ ခုနှစ်က စတင်၍ ဝမ်းချန်ပီယံရှစ် အဖွဲ့နှင့် စာချုပ်ချုပ်ဆို ထိုးသတ်ခဲ့သည့် ပွဲစဉ် ၄ ပွဲစလုံး အလဲထိုးဖြင့် အနိုင်ယူထားသည့် ရှုံးပွဲ မရှိသော ဟဲဗီးဝိတ် ချန်ပီယံလည်း ဖြစ်သည

ဟဲဗီးဝိတ် ချန်ပီယံ၏ စိန်ခေါ်မှုကို အောင်လအန်ဆန်းက တွေဝေခြင်း မရှိဘဲ ချက်ခြင်းပင် လက်ခံခဲ့ပြီး One Championship အဖွဲ့၏ အမှုဆောင် အရာရှိချုပ်နှင့် ဥက္ကဋ္ဌ ဖြစ်သူ မစ္စတာ ချက်တရီ၏ သဘော ထားကို မေးမြန်းခဲ့ရာ မစ္စတာ ချက်တရီက ပွဲစီစဉ် ပေးမည် ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည့် အတွက် အောင်လအန်ဆန်း အနေဖြင့်လိုက်ဟဲဗီးဝိတ် ချန်ပီယံ ခါးပတ် ကာကွယ်ရန် အတွက် ဘရန်ဒန် ဗီရာနှင့် ထိုးသတ်ရတော့မည် ဖြစ်သည်။

မြန်မာပြည်သူများ ကတော့ မည်သူနှင့် ထိုးသည်ဖြစ်စေ နိုင်ငံ့ ဂုဏ်ဆောင် အားကစားသမား အဖြစ် ကြိုးစား ဆောင်ရွက် နေသည့် နှစ်ထပ်ကွမ်း ချန်ပီယံ အောင်လအန်ဆန်းကို ချစ်ခြင်း မေတ္တာများစွာ ဖြင့် အခိုင်အမာ အားပေးနေကြမည်မှာ အသေအချာပင် ဖြစ်သည်။

Your Thoughts …
Tags: အောင်လအန်ဆန်
ဆလိုင်းသန့်စင်

ဆလိုင်းသန့်စင်

ဧရာဝတီ

Similar Picks:

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန်တို့က ပေးတဲ့ အမျိုးသားစည်းလုံးညီညွတ်မှု

by ဇုန်းရိန်
16 July 2025
1.8k

အောင်လအန်ဆန်းနှင့် ဂျိုရွှာဗန် နှစ်ဦးစလုံးသည် ပွဲပြီးတိုင်း ကြိုးဝိုင်းအတွင်း မြန်မာနိုင်ငံအလံကို ခြုံလျက် နိုင်ငံ့ဂုဏ်ကို မြှင့်တက်စေသည်မှာ ပရိတ်သတ် အားလုံးအသိပင်ဖြစ်သည်။

ယမန်နေ့ အောက်တိုဘာ ၃၀ရက်နေ့ ညက စင်ကာပူတွင် ပြုလုပ်သည့် One Championship ပွဲတွင် နယ်သာလန်နိုင်ငံ သား ဒီရစ်ဒါတို့ ထိုးသတ်ရာ ချန်ပီယံ အောင်လအန်ဆန်း ရှုံးနိမ်သွား ခဲ့သည်။

ချန်ပီယံအောင်လအန်ဆန်း ဘာကြောင့်ရှုံးသလဲ

by ဆလိုင်းသန့်စင်
31 October 2020
37.6k

COVID-19 ပြင်းထန်စွာဖြစ်ပွားနေချိန် အလုပ်လက်မဲ့များ ဖြစ်ပြီး စီးပွားရေးများ ကြပ်တည်းကာ စားဝတ်နေရေးများ အခက်တွေ့၍ ဒုက္ခရောက်နေကြသော်လည်း “အောင်လပွဲ ရှိတယ်ဟေ့”ဆိုသည်နှင့် ပရိတ်သတ်များက တီဗီရှေ့ပြေးသူပြေး၊ ဖုန်းထဲကနေ ကြည့်ဖို့ ရှာကြဖွေကြနှင့် ဒုက္ခအားလုံးကို ခေတ္တမေ့ထားပြီး ကမ္ဘာ့အလယ်တွင် မြန်မာပြည်ကိုယ်စားပြု...

ရန်ကုန်မြို့၊ သုဝဏအားကစားကွင်းတွင် ကျင်းပသည့် One Championship ပြိုင်ပွဲ / ချမ်းစွန်း / ဧရာဝတီ

မြန်မာ့ဂုဏ်ဆောင် ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်း

by ဆလိုင်းသန့်စင်
1 July 2017
16.5k

ရှုံးပွဲမရှိသူ ကမ္ဘာ့ချန်ပီယံဟောင်း ဘစ်တာလီ ဘစ်ဒက်ရှ်အတွက်တော့ သူ၏ MMA ဖိုက်တာဘ၀ ရှုံးနိမ့်သူအမည် စာရင်းတွင် မြန်မာနိုင်ငံမှ အောင်လအန်ဆန်းက ထိပ်ဆုံးမှ ပါဝင်သွားခဲ့ပြီ ဖြစ်သည်။

မြန်မာ့စပါးအုံး အောင်လအန်ဆန်  /  ONE Championship

မြန်မာနိုင်ငံက အဖြစ်အပျက်တွေအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ အောင်လအန်ဆန် ပြော

by မစ်ကီ
29 April 2021
22k

အောင်လက "စိတ်မကောင်းဖြစ်ရပါတယ်။ ဆန္ဒပြသူတွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ပစ်သတ်တာကို ခံနေရပါတယ်။ ဘာနဲ့မှ နှိုင်းယှဉ်မရနိုင်အောင်ပါပဲ။

အောင်လအန်ဆန်း နဲ့ ဒေါ်အောင်ဆန်းစုကြည် / Aung La Nsang facebook

ဒေါ်အောင်ဆန်းစုကြည် အတွက် ငြိမ်းချမ်းရေးဆု တောင်းပေးလိုက်တဲ့ အောင်လအန်ဆန်း

by ထွန်းထွန်း
24 October 2017
8.4k

ကမ္ဘာ့ ကိုယ်ခံပညာ ဘက်စုံသုံး (MMA) ပြိုင်ပွဲရဲ့ မစ်ဒယ်ဝိတ် ကမ္ဘာ့ချန်ပီယံ ကချင် တိုင်းရင်းသား အောင်လအန်ဆန်း အနေနဲ့ မနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံရာမှာ ညီညွတ်ငြိမ်းချမ်းမှုနဲ့ အနာဂတ်ကို ဦးဆောင်သွားနိုင်ဖို့ ဆုတောင်း စကား ဆိုလိုက်ပါတယ်။

လက်ရှိချန်ပီယံ အောင်လအန်ဆန်းနှင့် စိန်ခေါ်သူ ဟာဆဲဂါဝါ  / One Championship

ချန်ပီယံဘွဲ့အတွက် ဂျပန်မြေတွင် အစွမ်းပြရမည့် အောင်လအန်ဆန်း

by ဆလိုင်းသန့်စင်
30 March 2019
32.7k


Next Post
ဂျော့ကလူနေး, အယ်လ်တန်ဂျွန်, ဘရူနိုင်းဘုရင်(Bangkok Post)

ဘရူးနိုင်းပိုင် ဟိုတယ်များကို သပိတ်မှောက်မှု၌ အဲလ်တန်ဂျွန်လည်း ပါဝင်

ရန်ကုန်စည်ပင်ရွေးကောက်ပွဲ မဲပေးသူတချို့  / ထက်ဝေ

ရန်ကုန် စည်ပင်ရွေးကောက်ပွဲ NLD အပြတ်အသတ်နိုင်ဟု ထုတ်ပြန်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

3 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved