• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ပရီဂိုဇင် သေဆုံးခြင်း ပူတင်အတွက် မည်သည့်သဘောဆောင်သနည်း

by Mark Trevelyan
30 August 2023
in ဆောင်းပါး
A A
ပရီဂိုဇင် သေဆုံးခြင်း ပူတင်အတွက် မည်သည့်သဘောဆောင်သနည်း

သေဆုံးသွားသောဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယေဂေနီ ပရီဂိုဇင် အမှတ်တရ မော်စကိုမြို့တွင် ပြုလုပ်ထားစဉ် / AFP

3k
VIEWS
Share on FacebookShare on Twitter

ဝဂ္ဂနာ ကြေးစားတပ်ဖွဲ့ ခေါင်းဆောင် ယေဂေနီ ပရီဂိုဇင်သည် လေယာဉ်ပျက်ကျ မီးလောင်မှုတွင် သေဆုံးသွားခြင်းကြောင့် သမ္မတ ဗလာဒီမာ ပူတင်၏သြဇာကို အာခံပြီး သြဇာကျဆင်းစေရန် ခြိမ်းခြောက်ခဲ့သည့် သြဇာကြီးသည့် ခေါင်းဆောင်မရှိတော့ဘဲ ကာလတိုတွင် ပူတင် သြဇာကြီးလာမည် ဖြစ်သည်။

သို့သော် ထိုဖြစ်ရပ်သည် ယူကရိန်းတွင် သွေးထွက်သံယို အများဆုံး တိုက်ပွဲများသို့ သူ၏ တိုက်ခိုက်ရေးသမားများကို စေလွှတ်ပေးခဲ့ပြီး အာဖရိကတွင် ရုရှားအကျိုးစီးပွားကို ရှေ့တန်းတင်ပေးခြင်းဖြင့် ကရင်မလင်အတွက် အလုပ်လုပ်ပေးသည့် အင်အားကြီးမားထက်မြက်သော ခေါင်းဆောင်တယောက်ကိုလည်း ဆုံးရှုံးသွားစေသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
55
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
826
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
229

၂၄ နာရီခန့် နှုတ်ဆိတ်နေပြီးနောက် သမ္မတ ပူတင်က မော်စကိုမြောက်ဘက်တွင် ပျက်ကျသွားသော လေယာဉ်မှ လူ ၁၀ ဦး၏ မိသားစုများအတွက် ဝမ်းနည်းကြောင်း ဖော်ပြပြီး ပရီဂိုဇင်သည် “ပါရမီရှိသော စီးပွားရေးသမား” ဖြစ်ကြောင်း ချီးကျူးသည်။ ထိုလေယာဉ်သည် မည်သည့်အတွက် ပျက်ကျသည်ကို ရှင်းလင်းစွာ မသိရသေးပေ။

အပြည့်အဝ စုံစမ်းဆေးပေးရန် သမ္မတ ပူတင်က ကတိပြုသော်လည်း ပရီဂိုဇင်သည် ဇွန်လနှောင်းပိုင်းက ပုန်ကန်သောကြောင့် လက်စားချေ သတ်ဖြတ်ခံရသည်ဆိုသည့် ကျယ်ပြန့်သော ယူဆချက်ကို လှုပ်ခါစေမည့် ရလဒ်မျိုး ဖြစ်လာဖွယ် မရှိပေ။

အပြည့်အဝ စုံစမ်းဆေးပေးရန် သမ္မတ ပူတင်က ကတိပြုသော်လည်း ပရီဂိုဇင်သည် ဇွန်လနှောင်းပိုင်းက ပုန်ကန်သောကြောင့် လက်စားချေ သတ်ဖြတ်ခံရသည်ဆိုသည့် ကျယ်ပြန့်သော ယူဆချက်ကို လှုပ်ခါစေမည့် ရလဒ်မျိုး ဖြစ်လာဖွယ် မရှိပေ။

ထိုလေယာဉ် ပျက်ကျစေသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး အမေရိကန် ပြည်ထောင်စုက မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်ဖြင့် ပစ်ခတ်ခြင်း အပါအဝင် သဘောတရား အများအပြားကို လေ့လာနေသည်ဟု အမေရိကန် အရာရှိများက Reuters သတင်းဌာနသို့ ပြောသည်။

ကရင်မလင် ပါဝင်ပတ်သက်သည်ဆိုသည့် ယူဆချက်များသည် ပူတင်၏ ရည်ရွယ်ချက်နှင့် ကိုက်ညီနိုင်ကြောင်း သုတေသီများက ပြောသည်။

“လေယာဉ်က ဘာအကြောင်းကြောင့်ပဲ ပျက်ကျကျ ဒါက လက်စားချေတာလို့ပဲ လူတိုင်းထင်ကြမှာ။ ကရင်မလင်ကလည်း ဒီကိစ္စမှာ ဘာမှ ဝင်ရှင်းမှာမဟုတ်ဘူး” ဟု R.Politik အတိုင်ပင်ခံလုပ်ငန်းကို တည်ထောင်သူ တာတီရာနာ စတန်နိုဗာယာက ပြောသည်။

“ပူတင်နဲ့ လုံခြုံရေးတပ် စစ်တပ်ရဲ့အမြင်ကနေကြည့်ရင် ပရိဂိုဇင် သေဆုံးတာဟာ သူ့နောက်လိုက်ဖြစ်ဖို့ အလားအလာရှိသူအတွက် သင်ခန်းစာတခု ဖြစ်တယ်” ဟု ၎င်းကပြောသည်။

မှားယွင်းသော ယူဆချက်

ပရီဂိုဇင်နှင့် သူ၏ ဝဂ္ဂနာ ကြေးစားစစ်သားများ ပုန်ကန်မှုပြုလုပ်ပြီး တောင်ပိုင်းမြို့ကြီးတမြို့ကို သိမ်းကာ မော်စကိုသို့ ချီတက်ကြရင်း ရုရှားလေတပ်လေယာဉ် အများအပြားကို ပစ်ချကာ လေယာဉ်မှူးများ သေဆုံးစေသည့် ဖြစ်ရပ်အပြီး နှစ်လအကြာတွင် ယခုလေယာဉ်ပျက်ကျမှု ဖြစ်ပွားသည်။

ရုရှားသမ္မတ ဗလာဒီမာ ပူတင် / AFP

သစ္စာဖောက်အပေါ် မုန်းတီးမှုကို ပြောခဲ့သည့် သမ္မတ ပူတင်က ထိုဖြစ်ရပ်သည် နောက်ကျောကို ဓားဖြင့်ထိုးခြင်းဖြစ်သည်ဟု ထိုစဉ်က ပြောခဲ့သည်။

ပုန်ကန်မှုနောက်ပိုင်းတွင် ပရီဂိုဇင်က ကာကွယ်ရေးဝန်ကြီးဌာန အသိုက်အဝန်းနှင့် သူ့အကြား ရန်ငြိုးကို ရပ်ဆိုင်းလိုက်သော်လည်း သူ၏စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်ကာ ရုရှားနိုင်ငံအတွင်း လွတ်လပ်စွာ ဝင်ထွက်သွားလာနေပုံရသည်။

ပုန်ကန်မှုနောက်ပိုင်းတွင် ပရီဂိုဇင်က ကာကွယ်ရေးဝန်ကြီးဌာန အသိုက်အဝန်းနှင့် သူ့အကြား ရန်ငြိုးကို ရပ်ဆိုင်းလိုက်သော်လည်း သူ၏စစ်ဆင်ရေးများကို ဆက်လက်ပြုလုပ်ကာ ရုရှားနိုင်ငံအတွင်း လွတ်လပ်စွာ ဝင်ထွက်သွားလာနေပုံရသည်။ သို့သော် ကရင်မလင်နှင့် သဘောတူညီမှုအရ သူသည် ဘယ်လာရုစ်သို့ ထွက်ခွာရမည် ဖြစ်သည်။

ပရီဂိုဇင်က သူသည် သူ့လုပ်ငန်းများ အတိုင်းအတာနှင့် အရေးပါမှုအရ ပူတင်အတွက် မရှိမဖြစ် လိုအပ်သူဖြစ်သည်ဟု မှားယွင်းစွာ ယူဆခဲ့ကြောင်း ယခင်က ကရင်မလင်တွင် မိန့်ခွန်းရေးသားခဲ့ပြီး ယခုအခါ ရုရှားက “ပြည်ပလက်အောက်ခံ ထောက်လှမ်းရေး” ဟု သတ်မှတ်ထားသည့် အက်ဘာ့စ် ဂယ်လီယာမော့ဗ်က ပြောသည်။

ထိုလုပ်ငန်းများတွင် အာဖရိကမှ ကျယ်ပြန့်သော စစ်ဆင်ရေးများပါဝင်ပြီး အာဖရိကတွင် ဝဂ္ဂနာသည် မာလီနှင့် ဗဟိုအာဖရိက သမ္မတနိုင်ငံ ကဲ့သို့သော နိုင်ငံများတွင် ကြေးစားစစ်သား ဝန်ဆောင်မှုများ တိုးချဲ့နေသည်။ အပြန်အလှန်အားဖြင့် သူသည် ထိုနိုင်ငံများတွင် ရွှေနှင့်စိန် တူးဖော်ခွင့်များ ရနေသည်။

ထိုလုပ်ငန်းများသည် ပုဂ္ဂလိက စီးပွားရေးသက်သက်သာ ဖြစ်သည်ဟု ပြောသော်လည်း ကရင်မလင်သည် အာဖရိကတွင် ရုရှာသြဇာ တိုးချဲ့ခြင်းကို အမေရိကန်နှင့် ပြင်သစ်ကဲ့သို့သော နိုင်ငံများနှင့် အပြိုင်လုပ်ဆောင်ရန် ဝဂ္ဂနာတပ်ဖွဲ့ကို သုံးနေရသည်။

ထိုအခြေအနေများ အန္တရာယ်ကျရောက်မည်ကို ပူတင် လိုလားမည်မဟုတ်ဟု ပရီဂိုဇင် ယူဆခဲ့ကြောင်း ဂယ်လီယာမော့ဗ်က ပြောသည်။ “ဒီကိစ္စက ပုန်ကန်သူဖြစ်နိုင်တဲ့သူ အားလုံးကို နမူနာပြဖို့ ပူတင်အတွက် ဘယ်လောက် အရေးကြီးတယ်ဆိုတာကို သူလျှော့တွက်ခဲ့တယ်။ ဒီလိုလုပ်ပြီး အသက်ဆက်ရှင်ဖို့ မစဉ်းစားနဲ့” ဟု ၎င်းကပြောသည်။

အာဏာလုကြမည်

သို့သော် ပရီဂိုဇင် သေဆုံးခြင်းကြောင့် သမ္မတ ပူတင် ပေးဆပ်ရမည့် တန်ဖိုးမရှိ မဟုတ်ပေ။

ယူကရိန်းရောက် ပရီဂိုဇင်နှင့် ၎င်း၏ ကြေးစားစစ်သားများ

ပရီဂိုဇင် သေဆုံးသောကြောင့် ဝဂ္ဂနာ၏ ကြီးမားသော စီးပွားရေးအင်ပါယာကို ထိန်းချုပ်နိုင်ရေး ရှုပ်ထွေးသော တိုက်ပွဲဖြစ်မည့် အလားအလာကို လမ်းဖွင့်ပေးလိုက်ကာ ကာကွယ်ရေး ဝန်ကြီးဌာနနှင့် ပူးပေါင်းလိုသည့် လက်တွေ့သမားများနှင့် နာကြည်းနေသည့် အစွန်းရောက်အမျိုးသားရေး အုပ်စုအကြား အကွဲအပြဲဖြစ်နိုင်ကြောင်း သုတေသီများက ပြောသည်။ ထိုအမျိုးသားရေးအစွန်းရောက် အုပ်စုသည် အွန်လိုင်း လူမှုကွန်ရက်တွင် ဒေါသများ ပေါက်ကွဲနေပြီ ဖြစ်သည်။

“ခေါင်းဆောင်ကင်းမဲ့တဲ့ အာဏာလုပွဲတွေ ဒါမှမဟုတ် ဝဂ္ဂနာအုပ်စုငယ်လေးတွေ အချင်းချင်း အားပြိုင်တဲ့ ဗိုလ်လုပွဲတွေ နည်းလမ်းပေါင်းစုံနဲ့ ဖြစ်လာနိုင်တယ်လို့ ကျနော်ထင်တယ်” ဟု အမေရိကန် ထောက်လှမ်းရေး အရာရှိဟောင်းနှင့် ထောက်လှမ်းရေးလုပ်ငန်း Flashpoint မှ အမှုဆောင်ဒါရိုက်တာ အင်ဒရူး ဘော်ရင်းက ပြောသည်။

“ဒါက ရေရှည်မှာ ရုရှားအတွက် သေနင်္ဂဗျူဟာ ဆုံးရှုံးမှုဖြစ်မယ်လို့ ကျနော်ထင်တယ်” ဟု ၎င်းကပြောသည်။

ပရီဂိုဇင်၏ ကျယ်ပြန့်လှသော ကွန်ရက်ကို ဆုံးရှုံးခြင်းသည် ပူတင်အတွက် အကျဘက် ရောက်သွားစေနိုင်ကြောင်း လန်ဒန်အခြေစိုက် RUSI သုတေသနအဖွဲ့မှ သုတေသီနှင့် “အာဖရိကမှ ရုရှား” စာအုပ်ကို ရေးသားသူ ဆင်မြူယယ် ရာမာနီက ပြောသည်။

ပရီဂိုဇင်၏ ကျယ်ပြန့်လှသော ကွန်ရက်ကို ဆုံးရှုံးခြင်းသည် ပူတင်အတွက် အကျဘက် ရောက်သွားစေနိုင်ကြောင်း လန်ဒန်အခြေစိုက် RUSI သုတေသနအဖွဲ့မှ သုတေသီနှင့် “အာဖရိကမှ ရုရှား” စာအုပ်ကို ရေးသားသူ ဆင်မြူယယ် ရာမာနီက ပြောသည်။

“အာဖရိကတိုက်မှာ ပရီဂိုဇင် ထူထောင်ထားတဲ့ ပုဂ္ဂလိက အဆက်အသွယ်တွေကို သူဆုံးရှုံးမယ်။ အဲဒီထဲမှာ မာလီနဲ့ ဗဟိုအာဖရိက သမ္မတနိုင်ငံလို အရေးယူပိတ်ဆို့ခံထားရတဲ့ နိုင်ငံတွေကနေ ရွှေနဲ့ စိန် ရဖို့ လိုအပ်တဲ့ အဆက်အသွယ်တွေကိုလည်း ဆုံးရှုံးနိုင်တယ်” ဟု ရာမာနီက ဖုန်းဖြင့် မေးမြန်းခန်းတွင် ပြောသည်။

ထိုလေယာဉ်ပျက်ကျသည့်နေ့သည် ယူကရိန်းမှ ရုရှား၏ စစ်ရေးအားထုတ်မှုအတွက် တပ်မှူးဟောင်း ဆာဂေး ဆူရိုဗီကင်ကို လေတပ်အကြီးအကဲရာထူးမှ ဖယ်ရှားကြောင်း ရုရှားနိုင်ငံပိုင်မီဒီယာက ကြေညာသည့်နေ့နှင့် တိုက်ဆိုင်နေသည်။ ဆူရိုဗီကင်သည် ပရီဂိုဇင် ပုန်ကန်မှုတွင် ဖြစ်နိုင်ခြေရှိသော ပူးပေါင်းကြံစည်မှုအတွက် စုံစမ်းဆေးခံနေရသည်မှာ ကြာပြီဆိုသည့် ကျယ်ပြန့်သော်လည်း အတည်မပြုနိုင်သည့် သတင်းများလည်း ရှိနေသည်။

အရှက်ကွဲစရာ ဆုံးရှုံးမှု အများအပြားဖြစ်ခဲ့သည့် ယူကရိန်းစစ်ကို စီမံသူများတွင် အထိရောက်ဆုံးသူများဖြစ်သည့် ထို နှစ်ဦးလုံး မရှိတော့ခြင်းသည် လာမည့်နှစ်တွင် ရေရှည် ထိုးစစ်ဆင်နိုင်သည့် စွမ်းရည်ကို ထိခိုက်စေနိုင်သည်ဟု ရာမာနီက ပြောသည်။

ပရီဂိုဇင် သေဆုံးမှုတွင် ပူတင် တာဝန်ရှိပါက သူသည် မည်သည့်အတိုက်အခံကိုမဆို ရက်ရက်စက်စက် ဖိနှိပ်ရန် စိတ်အားထက်သန်ကြောင်း ပြသနေသည်ဟု ၎င်းကပြောသည်။

“သူအရင်က သူ့ရဲ့မဟာမိတ်ထဲမှာ ထည့်သွင်းထားပြီး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အမျိုးသားရေး အစွန်းရောက်တွေကို ဖိနှိပ်ဖို့ အင်အားသုံးရကြောင်း အခုဖြစ်ရပ်က ပြသလာတဲ့အတွက် ဒါက သူ့ရဲ့ ထိခိုက်လွယ်မှုကိုလည်း ပြသတယ်။ အခု ပူတင် ၂၀၂၄ ခုနှစ်ထက်ကျော်ပြီး ရေရှည် ရပ်တည်ဖို့ မလွယ်တော့ဘူး” ဟုလည်း ရာမာနီက ပြောသည်။

သမ္မတ ပူတင်၏ အနေအထားသည် ထိခိုက်လွယ်နေဆဲဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့ရှိ လာထရုဘ်တက္ကသိုလ်မှ ရုရှားရေးရာ ကျွမ်းကျင်သူ ရောဘတ် ဟောဝပ်သ်က ပြောသည်။

“ပရီဂိုဇင်ကို သတ်ဖြတ်ခြင်းရဲ့ ပြဿနာတခုက သောင်းနဲ့ချီတဲ့ ဝဂ္ဂနာကြေးစား စစ်သားတွေရဲ့ လက်စားချေမှု ဖြစ်စေနိုင်တယ်။ သူတို့တွေက ဝဂ္ဂနာအလံအောက်မှာ တိုက်နေတဲ့ ဝါရင့်စစ်ပြန်တွေနဲ့ ရာဇဝတ်သားတွေ ဖြစ်တယ်” ဟုလည်း သူကပြောသည်။

“အခုလို လုပ်လိုက်တဲ့အတွက် ပရီဂိုဇင်ရဲ့ လူထုထောက်ခံမှုရှိတဲ့ လှုပ်ရှားမှု၊ ရုရှားက စစ်တိုက်ရတဲ့ အကြောင်းရင်းကို သူရှုတ်ချတာ၊ ရုရှားအာဏာရအသိုက်အဝန်းက အပျော်အပါးလိုက်စားတဲ့ သားသမီးတွေနဲ့ ယူကရိန်းကနေ အခေါင်းထဲရောက်ပြီး ပြန်လာရတဲ့ သာမန်ပြည်သူတွေအကြား ကြီးမားတဲ့ ကွာဟမှုတွေကို လူတွေ အာရုံစိုက်လာစေနိုင်တယ်” ဟုလည်း ၎င်းကပြောသည်။

(Reuters ပါ Mark Trevelyan ၏ What does Yevgeny Prigozhin’s presumed death mean for Vladimir Putin? ကို ဘာသာပြန်သည်။)

You may also like these stories:

ပရီဂိုဇင် သေဆုံးပြီးနောက် ဝဂ္ဂနာကြေးစားတပ် ဘာဖြစ်မလဲ

ပူတင်ကို ထီမထင်သည့် ကြေးစားတပ်ခေါင်းဆောင် ပရီဂိုဇင်

ဝဂ္ဂနာပုန်ကန်မှုကို ရုရှားပြည်တွင်းရေး အဖြစ်သာ တရုတ်သဘောထား

ICC ဖမ်းဝရမ်းကြောင့် ပူတင်၏ ကမ္ဘာ ကျဉ်းမြောင်းလာ

Your Thoughts …
Tags: ဗလာဒီမာ ပူတင်ယူကရိန်းယေဂေနီ ပရီဂိုဇင်ရုရှားလေယာဉ်ပျက်ကျမှုဝဂ္ဂနာ ကြေးစားတပ်ဖွဲ့အာဖရိက
Mark Trevelyan

Mark Trevelyan

Similar Picks:

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

by စံရိပ်ငြိမ်
14 May 2025
16.2k

မင်းအောင်လှိုင်ဟာ အသေထွက်လား၊ အရှုင်ထွက်လား ဆိုတဲ့ မေးခွန်းကတော့ တပ်ထဲမှာ မေးနေတဲ့ မေးခွန်းပဲ…

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

PDF များအတွက် အခွင့်အလမ်း တံခါးပေါက် ကျဉ်းလာနေသည်

by Anthony Davis
11 November 2024
15.9k

၂၀၂၅ ခုနှစ် တော်လှန်ရေးအင်အားစု၏ အဓိကအကျပ်အတည်းမှာ လူအင်အားပေါ်ထက် ကွပ်ကဲ-ထိန်းချုပ်မှုအပေါ် မူတည်သည်။

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

မင်းအောင်လှိုင် ရုရှားခရီးမှာ ခရိုနီတွေ လေယာဉ်အပြည့်လိုက်ပါသွား

by ဟိန်းထူးဈာန်
8 March 2025
15.4k

၂၀ နီးပါးရှိသည့် ခရိုနီကိုယ်စားလှယ်အဖွဲ့မှ စီးပွားရေးသမားများတွင် ကိုးဦးကို ဧရာဝတီသတင်းဌာနက ထိုခရီးစဉ်ကိုသိသည့် သတင်းရင်းမြစ်များနှင့် သတင်းများကို အခြေခံပြီး ဖော်ထုတ်နိုင်ခဲ့သည်။

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

by ဧရာဝတီ
26 September 2023
14.1k

စစ်ကောင်စီဝန်ကြီးများ တရုတ်သို့ ခပ်စိပ်စိပ် သွားရောက်ခြင်းသည် ရပ်ဝန်းနှင့်လမ်းအစီအစဉ် ၁၀ နှစ်မြောက် အခမ်းအနား လာမည့်လတွင် ကျင်းပမည့်အချိန်နှင့် တိုက်ဆိုင်နေသည်။

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော  စစ်ကောင်စီ

နျူကလီးယား စွမ်းအင်နှင့် လမ်းပျောက်နေသော စစ်ကောင်စီ

by လျှပ်စီး
18 October 2023
14k

စစ်ကောင်စီက နျူကလီးယားစွမ်းအင်အတွက် ရုရှားနဲ့ MOU သဘောတူစာချုပ် လက်မှတ်ထိုးခြင်း၊ ဆွေးနွေးပွဲများ ကျင်းပခြင်းများသည် ဘာမှနားမလည်တဲ့ စစ်တပ်ထောက်ခံသူတွေအကြား မစားရဝခမန်း လေလည်ပြခြင်းထက် မပိုပါ

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

ကရင်နီထိုးစစ်မှာ စစ်တပ်ကို ရုရှားပညာရှင်တွေ ကူနေသလား

by စောလွင်
21 November 2024
13.8k

ရှမ်းပြည်နယ်တောင်ပိုင်းမှ ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီက အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးရာတွင် ရုရှားပညာရှင်များကူညီနေသည့် သတင်းများကြားနေရကြောင်း

Next Post
နွားထိုးကြီးတွင် လူငယ် ၂ ဦး စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံး

နွားထိုးကြီးတွင် လူငယ် ၂ ဦး စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံး

ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ

ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved