• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

နွားထိုးကြီးတွင် လူငယ် ၂ ဦး စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံး

by ဧရာဝတီ
30 August 2023
in သတင်း
A A
နွားထိုးကြီးတွင် လူငယ် ၂ ဦး စစ်တပ်က ပစ်ခတ်သဖြင့် သေဆုံး

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့ / CJ

1.7k
VIEWS
Share on FacebookShare on Twitter

မန္တလေးတိုင်း နွားထိုးကြီးမြို့နယ် အောင်ပန်းကုန်းရွာမှ လူငယ် ၂ ဦး မြို့မှ ပြန်လာစဉ် ရွာအနီး ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံးသွားကြောင်းသိရသည်။

ဖြစ်စဉ်မှာ အောင်ပန်းကုန်းရွာသား မောင်ရဲလင်းကို (၁၈ နှစ်)နှင့် မောင်ခန့်ကိုကို (၂၀ နှစ်)တို့သည် သြဂုတ် ၂၆ ရက် နေ့လယ် ၁၂ နာရီခန့်က နွားထိုးကြီးမြို့မှ ပြန်လာစဉ် အရပ်ဝတ်များဖြင့် ကင်းပုန်းဝပ်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

“ကိုရီးယားသင်တန်း သွားတက်ပြီး ပြန်အလာမှာ ရေကျော်လေးမှာ ကင်းပုန်းဝပ်နေတဲ့ကောင်တွေနဲ့တွေ့တော့ ကောင်လေးတွေက လန့်ပြီး ဆိုင်ကယ်မောင်းပြေးကြတာ။ သူတို့ကိုတွေ့တာနဲ့ ဆိုင်ကယ်မရပ်ဘဲ မောင်းပြေးတာ PDF ဆိုပြီးပစ်တာ။ အချက်ရေ တော်တော်များတယ်။ နှစ်ယောက်လုံးသေသွားတယ်” ဟု ဒေသခံများ၏ ပြောပြချက်ကို ကိုးကား၍ နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါလူငယ် ၂ ဦးသည် ကိုရီးယားနိုင်ငံသို့ သွားရောက်အလုပ်လုပ်ကိုင်ရန်အတွက် နွားထိုးကြီးမြို့တွင် ဖွင့်လှစ်ထားသော ၉ ရက်တာ သင်တန်းသို့ တက်ရောက်ပြီးနောက် ဇာတိကျေးရွာသို့ ပြန်လာစဉ် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်က သေဆုံးသူ လူငယ် ၂ဦးကို PDF ဟု စွပ်စွဲကာ အလောင်းများအား သက်ဆိုင်ရာ မိသားစုထံ ပြန်မပေးရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ဒေသခံများက ရှင်းပြ တောင်းပန်သဖြင့် အလောင်းများ ပြန်ရသည့်အတွက် ချက်ချင်း သဂြိုဟ်ခိုင်း ခဲ့ကြောင်း သိရသည်။

သေဆုံးသူများနှင့် နီးစပ်သူတဦးက “အလောင်းတွေကို အစပိုင်းတုန်းက မပေးဘူးဆိုပြီးလုပ်နေလို့ ရွာကအုပ်ချုပ်ရေးမှူး ကိုယ်တိုင် လိုက်ပြီး သူတို့တွေက PDF တွေ မဟုတ်ပါဘူး၊ ရွာက ကလေးတွေပါဆိုပြီး အာမခံပေးတော့မှ ရုပ်အလောင်းတွေ ပေးတာ။ ပြီးတော့ ချက်ချင်းသဂြိုဟ်ခိုင်းလို့ ၂၇ ရက်နေ့ မနက်ပိုင်းမှာ သဂြိုဟ်ခဲ့ကြတယ်။ အခုဖြစ်စဉ်ကိုလည်း အပြင်ကိုမပေါက်ကြားဖို့ ဖိအားပေးခြိမ်းခြောက်တာတွေ လုပ်သွားကြတယ်” ဟု ပြောသည်။

စစ်တပ်ကင်းပုန်းက ပစ်ခတ်သဖြင့် သေဆုံးသွားသည့် နွားထိုးကြီးမြို့နယ် အောင်ပန်းကုန်းရွာမှ လူငယ် ၂ ဦး(CJ)

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်မူ သြဂုတ် ၂၆ ရက်၊ နံနက် ၁၁ နာရီ ၃၀ မိနစ်ခန့်၌ အောင်ပန်းကုန်း ကျေးရွာအနီး ပြည်သူ့ကာကွယ်ရေးတပ် (PDF) တပ်ဖွဲ့ဝင် ၂ ဦးကို အသေပစ်ခတ်ဖမ်းဆီးရမိခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။

နွားထိုးကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “စစ်တပ်ကင်းပုန်းအဖွဲ့က PDF ဆိုပြီး လူမှားပြီးတော့ရမ်းပစ်လို့ သေနတ်ဒဏ်ရာများစွာနဲ့သေတာကို အမှန်အတိုင်း ဝန်မခံကြဘဲ သတင်းလှန်ပြီး PDF တွေပါလို့ စွပ်စွဲပြီးတော့ သူတို့အပြစ်ကို ဒီဘက်ကို ပုံချလိုက်တာမျိုးပဲဗျ။ ရဲလင်းကိုဆိုတဲ့ကလေးက ဦးခင်မောင်ငွေ၊ ဒေါ်ဌေးမြတို့ရဲ့သား။ ခန့်ကိုကိုက ဦးရဲလင်းအောင်၊ ဒေါ်ဝင်းမာတို့ရဲ့သားပါ။ မိဘတွေကအစ အောင်ပန်းကုန်းရွာသား တောင်သူတွေပါပဲ။ ကောင်လေးတွေက နွားထိုးကြီး သင်တန်းကပြန်လာတာမို့ စာအုပ်စာတမ်းတွေပဲပါတယ်။ ဘာလက်နက်မှမပါတဲ့ ပြည်သူတွေကို အခုလိုမျိုး သတ်ဖြတ်ခံရတာ ရင်နာစရာအတော်ကောင်းပါတယ်” ဟု ဆိုသည်။

အောင်ပန်းကုန်းကျေးရွာသည် နွားထိုးကြီးမြို့အရှေ့တောင်ဘက် ၈ မိုင်အကွာတွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိကာ တောင်သူလုပ်ငန်းကို အဓိကထားလုပ်ကိုင်သည့် ကျေးရွာတရွာ ဖြစ်သည်။

အဆိုပါ အောင်ပန်းကုန်းကျေးရွာအနီး ကင်းပုန်းဝပ်ခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ နွားထိုးကြီးမြို့တွင် အထိုင်ချတပ်စွဲထားသော တပ်မ ၉၉ လက်အောက်ခံ တပ်ဖွဲ့ဝင်များဖြစ်ကြောင်း၊ ကင်းပုန်းအဖွဲ့က PDF များဟု အထင်မှားပြီး ပစ်ခတ်သတ် ဖြတ်ခံရသူများမှာ သာမန်အရပ်သား ပြည်သူများသာဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက “အဲဒီနေ့က အရပ်ဝတ်တွေနဲ့ ကင်းပုန်းဝပ်နေကြတာ ၁၀ ယောက်လောက်ပဲ ရှိပါတယ်။ သူတို့ ကင်းပုန်းလာဝပ်ကြတာက အဲဒီတောလမ်းကို PDF အသုံးပြုတယ်ဆိုပြီး လာဝပ်ကြတာဗျ။ ပြီးခဲ့တဲ့ နှစ်လလောက်ကလည်း ပွဲကပြီး ပြန်လာကြတဲ့ PDF ၅ ယောက်ကို ရခဲ့ဖူးတာမို့ ထပ်ရဦးမလားအထင်နဲ့ မကြာခဏ ကင်းပုန်းဝပ် နေကြတာပဲ” ဟု ပြောသည်။

RelatedPosts

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
46
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆန္ဒရှင်တွေ ရွေးကောက်ပွဲကို ဘယ်လိုတုံ့ပြန်ကြလဲ (ရုပ်/သံ)

11 January 2026
36
မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
55

လက်ရှိတွင် နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က မကြာခဏ ဝင်ရောက်စီးနင်းပြီး ဒေသခံများအား ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိရာ သြဂုတ် ၂၁ ရက်ကလည်း မင်းရွာကျေးရွာသို့ ဝင်ရောက်စီးနင်းခဲ့မှုအတွင်း ဒေသခံများနှင့် လမ်းသွားလမ်းလာပြည်သူ ၆၀ ကျော်ကို မင်းရွာအရှေ့ဘက်ရှိ ဘုန်းကြီးကျောင်းဝင်းအတွင်း ဖမ်းဆီးချုပ်နှောင်ခဲ့ပြီးနောက် ဒေသခံအမျိုးသမီး ၅ ဦးနှင့် အမျိုးသားတဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းများအရ စစ်တပ်အာဏာသိမ်းချိန်မှ ၂၀၂၃ သြဂုတ် ၂၈ ရက်ထိ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၂၄,၄၆၉ ဦးအနက် ၇,၁၉၈ ဦး ထောင်ဒဏ်ချခံထားရသလို ၁၉,၉၅၀ ဦး ထိန်းသိမ်းခံထားရဆဲဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးနှင့် ဆက်စပ်၍ မျက်ကွယ်သေဒဏ်ချခံရသူ ၄၃ ဦး အပါအဝင် ၁၄၄ ဦးထိ သေဒဏ်ချမှတ်ခံထားရပြီး စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူများ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ ၄,၀၀၉ ဦး ရှိကြောင်း သိရသည်။

You may also like these stories:

စစ်တပ် ဖမ်းသွားသည့် နွားထိုးကြီးဒေသခံ ၆ ဦး အဆက်အသွယ် ပြတ်နေ

နွားထိုးကြီး၌ စစ်တပ်က ရွာခံ ၃ ဦးကို သတ်၍ လမ်းဘေးစွန့်ပစ်

နွားထိုးကြီးတွင် ကျေးရွာထဲ စစ်တပ်က လက်နက်ကြီးဖြင့်ပစ်၍ မိသားစုဝင် ၄ ဦး သေဆုံး

စပ်တပ် ဖမ်းသွားသူများကို သွေးသောက်ကတ်ပြား ချိတ်၍ အလောင်း စွန့်ပစ်ထား

Your Thoughts …
Tags: PDFစစ်ကောင်စီနွားထိုးကြီးမြို့နယ်မန္တလေးတိုင်းလူငယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ

ရန်သူဟောင်းများ ပြန်ပေါင်းတဲ့ ထိုင်းနိုင်ငံရေး ဘာလဲ ဘယ်လဲ

TNLA နဲ့ စစ်တပ် မူဆယ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံ ထောင်ချီထွက်ပြေးနေရ

TNLA နဲ့ စစ်တပ် မူဆယ်မှာ တိုက်ပွဲပြင်းထန်၊ ဒေသခံ ထောင်ချီထွက်ပြေးနေရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved