• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

သံတမန်ရေး အောင်ပွဲအသီးအပွင့်များ NUG အစိုးရ စ ဆွတ်ခူးနေ

by ဧရာဝတီ
13 September 2021
in ဆောင်းပါး
A A
မေလ ၂ ရက် ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ဆန္ဒပြခဲ့စဉ် 

မေလ ၂ ရက် ရှမ်းပြည်နယ်တောင်ကြီးမြို့တွင် ဆန္ဒပြခဲ့စဉ် 

18.2k
VIEWS
Share on FacebookShare on Twitter

မြန်မာစစ်အာဏာသိမ်း ဆန့်ကျင်ရေး အမျိုးသားညီညွတ်ရေး NUG အစိုးရသည် နိုင်ငံ၏ ကုလသမဂ္ဂနေရာအတွက် ကိုယ်စားပြုမှုတိုက်ပွဲတွင် စစ်ကောင်စီကိုတိုက်ခိုက်ရာတွင် ၎င်းတို့ကို ထောက်ခံရန် ကမ္ဘာ့ဒီမိုကရေစီနိုင်ငံများကို ဖိအားပေးနေသည်။

ဒီမိုကရေစီနည်ကျ ရွေးချယ်တင်မြောက်ထားသော အစိုးရကို စစ်ကောင်စီက ဖြုတ်ချပြီးချိန်မှစတင်ပြီး အတိုက်အခံများသည် နိုင်ငံတကာ အသိအမှတ်ပြုမှု ရရှိရန်ကြိုးစားနေသည်။ စစ်ကောင်စီသည် ယခုလ ကျင်းပမည့် ကုလသမဂ္ဂ၏ ၇၆ ကြိမ်မြောက်အထွေထွေညီလာခံမှ ထိပ်တိုက်တွေ့ပွဲတွင် လောင်းကြေးမြှင့်ထားသည်။ ထိုအစည်းအဝေးတွင် အဖွဲ့ဝင် ၉ နိုင်ငံဖြင့် ဖွဲကစည်းထားသော ကုလသမဂ္ဂအထွေထွေညီလာခံ၏ ခန့်အပ်မှု အသိအမှတ်ပြုရေးကော်မတီသည် မြန်မာနိုင်ငံနေရာကို မည်သူကိုယ်စားပြုမည်ကို ဆုံးဖြတ်မည်ဖြစ်သည်။ အတိုက်အခံများက အမည်စာရင်းတင်သွင်းသူနှင့် စစ်ကောင်စီက အမည်စာရင်းတင်သွင်းသူအကြား ရွေးချယ်မည်ဖြစ်သည်။

NUG သည် သံတမန်ရေးကောက်ရိတ်သိမ်းပွဲ ဆင်နွဲပြီးဖြစ်သည်ဟု စင်ပြိုင်အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်ပြောသည်။ သူသည် စင်ပြိုင်အစိုးရကို နိုင်ငံတကာအသိအမှတ်ပြုမှု ရရှိရေးအတွက် အဝေးရောက် ကြိုးစားနေသူဖြစ်သည်။ အတိုက်အခံအင်အားစုသည် ပိုမိုများပြားလာနေသည့် အနောက်နှင့် အာရှနိုင်ငံများနှင့် ထိတွေ့ဆက်ဆံနေပြီး ၎င်းတို့အနက်အချို့က စင်ပြိုင်အစိုးရ၏ ကိုယ်စားလှယ်ကို အသိအမှတ် ပြုထားပြီးဖြစ်သည်။ NUG သည် ကမ္ဘာတဝှမ်းမှ အစိုးရအရာရှိများနှင့်လည်း ကန့်လန့်ကာ နောက်ကွယ်မှ ဆွေးနွေးပွဲများကျင်းပနေသည်။

ချက် သမ္မတနိုင်ငံ၊ ပြင်သစ်၊ သြစတြေးလျှတို့သည် စင်ပြိုင်အစိုးရ၏ ကိုယ်စားလှယ်ကို အသိအမှတ်ပြုပြီးဖြစ်ကြောင်း နှစ်ကြိမ်ဆက်တိုက် ရွေးချယ်တင်မြှောက်ခံထားရသော လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဒေါ်ဇင်မာအောင်က Nikkei Asia သို့ပြောသည်။ “ကျမတို့က နှစ်နိုင်ငံဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့ ဗြိတိန်နဲ့ဂျပန်မှာလည်း ကျမတို့ ကိုယ်စားလှယ်တွေကို ဆက်လက်ခန့်အပ်မှာဖြစ်တယ်” ဟု သူပြောသည်။

အမေရိကန်ပြည်ထောင်စုနှင့် တောင်ကိုရီးယားအစိုးရများသည်လည်း NUG သည် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည်ထိန်းသိမ်းရန် ဆုံးဖြတ်ထားသည့် ရွေးကောက်ခံအစိုးရ၏ တရားဝင်ကိုယ်စားလှယ်များ ဖြစ်သည့် အခြေအနေကို ကမ္ဘာတဝှမ်းတွင် ပြောဆိုနေသောကြောင့် စင်ပြိုင် အစိုးရနှင့် အဆက်အသွယ် ရှိနေသည်။ စင်ပြိုင်အစိုးရနှင့် ဝါရှင်တန်အကြား တွေ့ဆုံ ဆွေးနွေးမှု အနည်းငယ်အနက် အဆင်အမြင့် ဆုံးမှာ ဒေါ်ဇင်မာအောင်နှင့် အမေရိကန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဝင်ဒီရှားမင်းအကြား သြဂုတ်လ အစောပိုင်းက တွေ့ဆုံ ဆွေးနွေးမှု ဖြစ်သည်။ နောက် ရက်အတန်ကြာသောအခါ တောင်ကိုရီးယား သမ္မတရုံးကလည်း မြန်မာနိုင်ငံအခြေအနေကို မြန်မာပြည်သူများ၏ ရည်မှန်းချက်များအတိုင်း ဖြေရှင်းရန် NUG နှင့် ထိတွေ့ဆက်ဆံမည်ဖြစ်သည်ဟုပြောကြောင်း ဆိုးလ်မှ ထုတ်ပြန်သော ကြေညာချက်တစောင်အရ သိရသည်။

အတိုက်အခံအင်အားစုသည် ပိုမိုများပြားလာနေသည့် အနောက်နှင့် အာရှနိုင်ငံများနှင့် ထိတွေ့ဆက်ဆံနေပြီး ၎င်းတို့အနက်အချို့က NUG ၏ ကိုယ်စားလှယ်ကို အသိအမှတ် ပြုထားပြီးဖြစ်သည်။

“အနောက်တိုင်း အစိုးရအရာရှိ အများအပြားက ဆွေးနွေးဖို့ ဆက်သွယ်လာပါတယ်” ဟု ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲတွင် တောင်ပြိုကမ်းပြို အနိုင်ရပြီး ဒုတိယသက်တမ်းအစိုးရ ဖွဲ့ခွင့်ရသည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ အသက် ၄၆ နှစ်အရွယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဇင်မာအောင်ပြောသည်။ ” တွေ့ဆုံ ဆွေးနွေး အမြင်ချင်းဖလှယ်ဖို့ ကျမတို့ အခွင့်အရေးရပေမယ့် တချို့အစိုးရတွေက တိတ်ဆိတ်စွာနဲ့ နောက်ကွယ် သံတမန်ရေးကို သုံးချင်ကြတာကြောင့် ဒီအစည်းအဝေးတွေဟာ မကြာခဏဆိုသလို လျှို့ဝှက်အစည်းအဝေး တွေပဲ ဖြစ်နေတတ်တယ်” ဟု သူပြောသည်။

အတိုက်အခံတို့သည် နိုင်ငံတကာ အသိအမှတ်ပြုမှုရရေး စစ်ကောင်စီက ၎င်းတို့ကိုဆန့်ကျင်သူများအား ရက်စက်ကြမ်းကြုတ်စွာ နှိမ်နင်းနေခြင်းကို အသုံးပြုနေသည်။ အာဏာသိမ်း  ဗိုလ်ချုပ်များက ပြုလုပ်နေသော အကြမ်းဖက်မှုများကြောင့် လူ တထောင်ကျော်သေဆုံးပြီး နောက်ထပ်ထောင်ပေါင်းများစွာ အဖမ်းခံရကြောင်း ပြည်တွင်း လူ့အခွင့်အရေးအဖွဲ့အစည်းတခုဖြစ်သည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း ၏အဆိုအရ သိရသည်။ ပစ်မှတ်ထား သတ်ဖြတ်ဖမ်းဆီးခံရသူများမှာ စစ်အာဏာသိမ်းပြီးနောက် တနိုင်ငံလုံးတွင် ဖြစ်ပွားသည့် ဒီမိုကရေစီ လိုလားသော ဆန္ဒပြပွဲများတွင် ပါဝင်သူများဖြစ်နေသည်။

စင်ပြိုင်အစိုးရ၏ အစောပိုင်း သံတမန်ရေး လှုပ်ရှားမှုများသည် မြန်မာနိုင်ငံမှ အဝေးရောက်အုပ်စုများ၏ လှုပ်ရှားမှုများကြောင့် အကျိုးခံစားကြရသည်။ ထိုအဝေးရောက်များသည် ယခင်စစ်အုပ်စုက နိုင်ငံကို ချုပ်ကိုင်ထားစဉ်က ထွက်ပြေးလာသူများဖြစ်သည်။ “နိုင်ငံခြားအစိုးရတွေကို စည်းရုံးရာမှာနဲ့ မြေပြင်မှာ ဖြစ်နေတဲ့အခြေအနေကို တင်ပြရာမှာ အဝေးရောက် မြန်မာအသိုက်အဝန်းက အရမ်းကို အထောက်အကူ ပြုခဲ့ပါတယ်” ဟု ဒေါ်ဇင်မာအောင်ကပြောပြီး ချက်သမ္မတနိုင်ငံ၊ ပြင်သစ်၊ တောင်ကိုရီးယား၊ ဂျပန်၊ နယူးဇီလန်နှင့် အမေရိကန်နိုင်ငံများမှ အဝေးရောက်မြန်မာများ၏ အားထုတ်မှုများကို ထောက်ပြသည်။

၎င်းတို့နိုင်ငံမြို့တော်များမှ မြန်မာအတိုက်အခံများ၏ အားထုတ်မှုများကို ဘန်ကောက်အခြေစိုက် သံတမန် အများအပြားက အတည်ပြုပြောကြားသည်။ “အချို့အနောက်နိုင်ငံအစိုးရတွေက ဆက်သွယ်ရေး လမ်းကြောင်း ဖွင့်ထားတဲ့အနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားလှယ်တွေနဲ့ နေရာအမျိုးမျိုးမှာ တွေ့ဆုံခဲ့တယ်” ဟု အနောက်တိုင်း သံတမန်တဦးက Nikkei သို့ ဘန်ကောက်တွင်ပြောသည်။ ” ဒါကလည်း အကျပ်အတည်းဖြေရှင်းရေးမှာ အရေးကြီးတဲ့ အချက်တချက်ဖြစ်တယ်” ဟုလည်း သူပြောသည်။

NUG ၏ အစောပိုင်း သံတမန်ရေး လှုပ်ရှားမှုများသည်မြန်မာနိုင်ငံမှ အဝေးရောက်အုပ်စုများ၏ လှုပ်ရှားမှုများကြောင့် အကျိုးခံစားကြရသည်။ ထိုအဝေးရောက်များသည် ယခင်စစ်အုပ်စုက နိုင်ငံကို ချုပ်ကိုင်ထားစဉ်က ထွက်ပြေးလာသူများဖြစ်သည်။

ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ဖြစ်သော ခရစ္စတင်း ရှရနာ ဘာဂနာကလည်း စင်ပြိုင်အစိုးရနှင့် တရားဝင်ဆက်ဆံခြင်းဖြင့် အားပေးနေပြီး နိုင်ငံတွင်း ယိုယွင်းနေသော အခြေအနေများနှင့် ပတ်သက်ပြီး ရွေးကောက်ခံ မြန်မာကိုယ်စားလှယ်များထံမှ တိုက်ရိုက်ကြားနာရန် ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် အထွေထွေညီလာခံအဖွဲ့ဝင်များကို တိုက်တွန်းနေသည်။ အစိုးရများကို အသိအမှတ်ပြုရေးမှာ အဖွဲ့ဝင်နိုင်ငံများ၏ တာဝန်သာဖြစ်ပြီး ကုလသမဂ္ဂ၏ တာဝန်မဟုတ်ကြောင်း သြဂုတ်လလယ်က နယူးယောက်တွင် သတင်းထောက်များကို ပြောကြားပြီး မြန်မာနိုင်ငံကို နိုင်ငံတကာတွင် မည်သူကိုယ်စားပြုသည်ဆိုသည့် နိုင်ငံရေးအရ အရေးပါသည့် ကိစ္စကို တင်ပြသည်။

ကုလသမဂ္ဂ အဆင့်မြင့် သတင်းရင်းမြစ်များ၏ အဆိုအရ ကုလသမဂ္ဂမှ အရေအတွက် ပိုမိုများပြားလာနေသော နိုင်ငံများက ဗိုလ်ချုပ်များအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယသက်တမ်းကို ဖျက်ဆီးပြီး ဝင်ရောက်စွက်ဖက်သောကြောင့် ပေါ်ပေါက်လာသည့် ဒီမိုကရေစီလိုလားသော လှုပ်ရှားမှုတွင် မြန်မာအတိုက်အခံများသည် အဓိကကျသည့် အသံဖြစ်သည်ဟု မြင်ကြကြောင်း သိရသည်။ ” ထိခိုက်တဲ့ ပြည်သူတွေဆီကို အကူအညီတွေရောက်နိုင်ဖို့ တချို့က သိသိသာသာထောက်ခံတယ်။ တချို့က တိတ်တိတ်ဆိတ်ဆိတ် ထောက်ခံတယ်” ဟု ကုလသမဂ္ဂ သတင်းရင်းမြစ်ကပြောသည်။

ထိုကဲ့သို့ တွေ့ဆက်ဆံမှုများသည် နိုင်ငံတော် အစိုးရများကိုသာ အသိအမှတ်ပြုသည့် နိုင်ငံတကာ စည်းမျဉ်းကို ကျော်လွှားရန် စင်ပြိုင်အစိုးရအတွက် နည်းလမ်းဖြစ်ကြောင်း ဒေါ်ဇင်မာအောင်ပြောသည်။ NUG ၏ အဓိက အားနည်းချက်မှာ ပိုင်နက်နယ်မြေ မရှိခြင်းနှင့် နိုင်ငံတော်အဖြစ် မဖော်ဆောင်နိုင်သေးခြင်း ဖြစ်သည်။ “စဉ်ဆက်မပြတ် ထိတွေ့ဆက်ဆံခြင်းဟာ အရေးကြီးတယ်။ ဒါမှသာ နိုင်ငံခြားအစိုးရတွေက ကျမတို့ မူဝါဒ၊ ဆောင်ရွက်ချက်တွေ၊ အနာဂတ်အစီအစဉ်တွေကို သိလာမယ်” ဟုသူပြောသည်။

နိုင်ငံအရှေ့မြောက်ဘက်မှ ကြီးမားသော အိမ်နီးချင်းနိုင်ငံနှင့် မြန်မာ့နိုင်ငံရေးတွင် အရေးပါသော ပါဝင်ပတ်သက်သူဖြစ်သည့် တရုတ်နိုင်ငံနှင့်ဆက်ဆံရေးသည်လည်း အရေးပါကြောင်း သူဝန်ခံပြီး မြန်မာရှိ တရုတ်သံရုံးနှင့် ဘေ့ဂျင်းရှိ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ထိတွေ့ဆက်ဆံမှုကိုလည်း သုံးသပ်ပြသည်။ “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က တရုတ်ပြည်ကွန်မြူနစ်ပါတီနဲ့လည်း အဆက်အသွယ်ရှိတယ်။ တရုတ်နိုင်ငံအနေနဲ့ စစ်ကောင်စီက နိုင်ငံကို မထိန်းချုပ်နိုင်ဘဲ ဆက်လက်ပြီး ပိုမို မတည်မငြိမ်ဖြစ်စေတယ်ဆိုတဲ့ပကတိ အခြေအနေကို နားလည်ဖို့ ကျမတို့ တိုက်တွန်းနေတယ်” ဟု သူပြောသည်။

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
456
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
176
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
2.9k

NUG ၏ အဓိက အားနည်းချက်မှာ ပိုင်နက်နယ်မြေ မရှိခြင်းနှင့် နိုင်ငံတော်အဖြစ် မဖော်ဆောင်နိုင်သေးခြင်း ဖြစ်သည်။

သံတမန်ရေး အကျိုးအမြတ်များက စတင် ခံစားနေရပြီဖြစ်သည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ယခုအပတ်အတွင်း တရုတ်ကွန်မြူနစ်ပါတီက ကျင်းပနေသည့် တောင်အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံရေးပါတီများ ဗီဒီယို အစည်းအဝေးသို့ ဖိတ်ကြားခဲ့သည်။ တရုတ်ဘက်က ထောက်ခံနေသောကြောင့် စစ်ကောင်စီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ဖျက်သိမ်းရန် အကြံအစည်သည်လည်း အခက်အခဲ ဖြစ်သွားသည်။

သို့သော် မြန်မာနိုင်ငံ ၏ သွေးချောင်း ပိုမိုစီးလာနေသော အကျပ်အတည်းကို ဖြေရှင်းရေး ရှေ့ဆုံးတန်းမှ တာဝန်ယူထားသည့် အဖွဲ့ဝင် ၁၀ နိုင်ငံရှိသော အရှေ့တောင်အာရှ နိုင်ငံများအသင်း အာစီယံတွင် မြန်မာစင်ပြိုင်အစိုးရအတွက် နေရာတခု ရရှိရေးမှာ မဖြစ်နိုင်သေးပေ။ အာစီယံ အသင်းသည် နိုင်ငံအစိုးရခေါင်းဆောင်များ၏ ကလပ်သာဖြစ်ပြီး နိုင်ငံသားများ၏ အသင်းမဟုတ်ကြောင်း ထိုအဖွဲ့၏ အစည်းအဝေးအပြီး ဖေါ်ပြချက်ကြောင့် NUG သည် ထိုဒေသဆိုင်ရာ အဖွဲ့ကို စိတ်ကုန်နေသည်။

“ကျမတို့က ဒီဒေသဆိုင်ရာအဖွဲ့နဲ့ ထိတွေ့ဆက်ဆံဖို့ စိတ်အားထက်သန်ကြောင်း သူတို့ရဲ့ အထူးသံတမန်ဆီကို စာတစောင်ပို့ထားတယ်” ဟု ဒေါ်ဇင်မာအောင်ပြောသည်။ “ကျမတို့က သူနဲ့ဆွေးနွေးဖို့ အသင့်ရှိတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အရှေ့တောင်အာရှ နိုင်ငံများအသင်း အထူးသံတမန် ဘရူနိုင်း နိုင်ငံခြားရေး ဝန်ကြီး (၂) အာရိဝန် ယူဆွတ်ကို သူရည်ရွယ်ပြောကြားသည်။

You may also like these stories:

(Nikkei Asia မှ Myanmar shadow government reaps diplomatic harvest ကို ဘာသာပြန်ဆိုသည်။)

You may also like these stories :

NUG က အသုံးစရိတ် ဒေါ်လာသန်း ၇၀၀ ဖြင့် စစ်ကောင်စီကို စိန်ခေါ်

လှည်းနေ လှေအောင်း မြင်းဇောင်းမကျန်

နှေးကွေးနေသည့် နိုင်ငံတကာကို လူထုက စိတ်ပျက်ဟု NUG ဆို

တော်လှန်ရေးကို အရှိန်အဟုန် မြှင့်လိုက်တယ်

Your Thoughts …
Tags: NUG အစိုးရစစ်အာဏာသိမ်း ဆန့်ကျင်ရေးသံတမန်ရေးအဝေးရောက်မြန်မာများ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာစစ်တပ်၏ နိုင်ငံ့စွမ်းဆောင်ရည်ကို ပြန်အကဲဖြတ်ခြင်း

မြန်မာစစ်တပ်၏ နိုင်ငံ့စွမ်းဆောင်ရည်ကို ပြန်အကဲဖြတ်ခြင်း

by David Scott Mathieson
22 August 2023
6k

နိုင်ငံတကာ နိုင်ငံခြားရေးမူဝါဒ အတွေးအခေါ်လောကမှ လူအများအပြားသည် မြန်မာနှင့်ပတ်သက်ပြီး အနည်းငယ်သာ နားလည်ကြသည်။

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

အမြဲလို နွေးထွေးနေတဲ့ စစ်သွေးဆာ မြန်မာစစ်ကောင်စီနှင့် ရုရှားကြား ဆက်ဆံရေး

by Bertil Lintner
20 August 2024
4.5k

ဗိုလ်ချုပ်များနှင့် ကင်းကင်းနေသည့် တရုတ်နိုင်ငံကဲ့သို့ မဟုတ်ဘဲ ရုရှားများသည် တုံ့ဆိုင်းခြင်းမရှိဘဲ နေပြည်တော်မှ အာဏာသိမ်းသူများကို ပုံအောထောက်ခံသည်။

မြန်မာ့လွတ်လပ်ရေးနေ့ကို အပယ်ခံနိုင်ငံ အနည်းငယ်ကသာ ဂုဏ်ပြု

မြန်မာ့လွတ်လပ်ရေးနေ့ကို အပယ်ခံနိုင်ငံ အနည်းငယ်ကသာ ဂုဏ်ပြု

by ဧရာဝတီ
9 January 2024
3.2k

ကမ္ဘောဒီးယားသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ မြန်မာသို့ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့သည့် တခုတည်းသော နိုင်ငံဖြစ်သည်။

ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်

ငလျင်က မင်းအောင်လှိုင်အတွက် သံတမန်ရေး အမြတ်ထွက်

by ဧရာဝတီ
3 April 2025
3.1k

မင်းအောင်လှိုင် ယခု BIMSTEC ထိပ်သီးဆွေးနွေးပွဲတက်ခြင်းသည် ထိုင်း၊ အိန္ဒိယတို့နှင့် ပိုမိုထိတွေ့ဆက်ဆံခြင်းကဲ့သို့ သံတမန်ရေး အခွင့်အလမ်း ပိုမိုရခြင်းဖြစ်သည်။

အာဆီယံဥက္ကဋ္ဌ  လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

အာဆီယံဥက္ကဋ္ဌ လာအို ကြွေးရှင်တရုတ်နှင့် ရင်ဆိုင်နေရ

by ဧရာဝတီ
27 January 2024
2.8k

အရှေ့တောင်အာရှ သံတမန်များသည် ယခုနှစ် အာဆီယံ ဥက္ကဋ္ဌ လာအိုနိုင်ငံအပေါ် တရုတ်အကြွေး ချုပ်ကိုင်မှုကို အနီးကပ်စောင့်ကြည့်ရန် အချိန်ပေးနေရသည်။

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ သွေးရူးသွေးတန်း သံတမန်ရေး

၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ သွေးရူးသွေးတန်း သံတမန်ရေး

by မောင်ကဝိ
26 December 2024
2.2k

ဒီနှစ်အတွင်း မင်းအောင်လှိုင် ရုရှားကို မသွားပေမယ့် အပယ်ခံ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဟာ ကဏ္ဍအများအပြားမှာ ခိုင်မာနေတယ်။

Next Post
နယူးယောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် တနင်္ဂနွေနေ့က ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေသူများ  / Sumon

ဦးကျော်မိုးထွန်းကိုသာ သံအမတ်အဖြစ် အသိအမှတ်ပြုရန် အရပ်ဘက်အဖွဲ့များတောင်းဆို

ဇူလိုင်လနှောင်းပိုင်း အာဖဂန် တာလီဘန် နိုင်ငံရေးရာကော်မတီ အကြီးအကဲ မူလာ အဘ္ဘဒူလ် ဂါနီ ဘာရာဓါကို တီယန်ကျင်းသို့ ဖိတ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တွေ့ဆုံခဲ့သည်။ 

တာလီဘန်ကို တရုတ် လက်ကမ်းမှု မြန်မာမှာ လာထိရှ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.9k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved