• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာ့လွတ်လပ်ရေးနေ့ကို အပယ်ခံနိုင်ငံ အနည်းငယ်ကသာ ဂုဏ်ပြု

by ဧရာဝတီ
9 January 2024
in သတင်း
A A
မြန်မာ့လွတ်လပ်ရေးနေ့ကို အပယ်ခံနိုင်ငံ အနည်းငယ်ကသာ ဂုဏ်ပြု

နေပြည်တော်တွင် ဇန်နဝါရီလ ၄ ရက်နေ့ညက လွတ်လပ်ရေးနေ့ ညစာစားပွဲတွင် သံတမန်များကို ဧည့်ခံနေသည့် စစ်ခေါင်းဆောင် မင်းအောင်လှိုင် / MOI

3.2k
VIEWS
Share on FacebookShare on Twitter

ကမ္ဘာ့အပယ်ခံ အစိုးရအများစုပါသည့် လက်တဆုပ်စာသော အစိုးရများက ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပို့သည့် ဇန်နဝါရီလ ၄ ရက် မြန်မာ့လွတ်လပ်ရေးနေ့က စစ်ကောင်စီ၏ သံတမန်ရေး အထီးကျန်မှုကို ထပ်မံ မီးမောင်းထိုးပြလိုက်သည်။

ကမ္ဘောဒီးယားသည် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မှ မြန်မာသို့ လွတ်လပ်ရေးနေ့ သဝဏ်လွှာပေးပို့သည့် တခုတည်းသော နိုင်ငံဖြစ်သည်။

ဘယ်လာရုစ်၊ မြောက်ကိုရီးယား၊ ရုရှားနှင့် ဆီးရီးယားတို့ကလည်း သဝဏ်လွှာများ ပေးပို့သည်။

အရပ်သားအစိုးရကို ဖြုတ်ချသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာသိမ်းမှု မတိုင်မီက နိုင်ငံတကာအသိုက်အဝန်းသည် မြန်မာသို့ လွတ်လပ်ရေးနေ့ သဝဏ်လွှာများ ယခုထက် ပိုမိုများစွာ ပေးပို့ခဲ့ကြသည်။

၂၀၁၈ ခုနှစ်တွင် နိုင်ငံပိုင်သတင်းစာများသည် ပြည်ပနိုင်ငံ အကြီးအကဲများက ပေးပို့သည့် လွတ်လပ်ရေးနေ့ သဝဏ်လွှာများ အားလုံးကိုဖော်ပြရန် သီတင်း သုံးပတ်နီးပါး အချိန်ယူရသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အာဏာရနေစဉ်အတွင်း ပျမ်းမျှအားဖြင့်ဆိုပါက တနှစ်လျှင် နိုင်ငံပေါင်း ၂၅ နိုင်ငံခန့်က လွတ်လပ်ရေးနေ့သဝဏ်လွှာများ ပေးပို့ကြသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်ကိုယ်တိုင် သဝဏ်လွှာများပို့ခဲ့သည်။ ယခုနှစ်တွင် တရုတ်နိုင်ငံသည် နှုတ်ဆိတ်နေသည်။ တရုတ်သည် မြန်မာစစ်ကောင်စီကို နိုင်ငံတကာစင်မြင့်တွင် ထောက်ခံကောင်း ထောက်ခံနိုင်သော်လည်း ယခုနှစ် လွတ်လပ်ရေးနေ့တွင် သဝဏ်လွှာပေးပို့ခြင်း မရှိပေ။

အာဏာသိမ်းပြီးနောက် ပထမဆုံးကျင်းပသည့် လွတ်လပ်ရေးနေ့တွင် နိုင်ငံ ငါးနိုင်ငံမှသာ သဝဏ်လွှာ လက်ခံရရှိသည်။ ၂၀၂၃ ခုနှစ်တွင် သဝဏ်လွှာ ခုနစ်စောင်ရပြီး ယခုနှစ်တွင် ကိုးစောင်ရသည်။

မြန်မာ၏ မိတ်ဆွေသစ် ဆီးရီးယား အာဏာရှင် ဘာရှား အယ်လ် အာဆတ်သည် မြန်မာကို လွတ်လပ်ရေးနေ့အတွက် ဆုမွန်ကောင်းတောင်းပေးသည်။ မင်းအောင်လှိုင်ကဲ့သို့ပင် သူသည် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများ၊ စီးပွားရေး ကမောက်ကမဖြစ်မှုနှင့် ငွေကြေးဖောင်းပွမှု မြင့်မားခြင်းတို့ကို ရင်ဆိုင်နေရသည့် နိုင်ငံကို ဦးဆောင်သူဖြစ်သည်။

မြန်မာ၏ အိမ်နီးချင်းများဖြစ်သော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့သည် လွတ်လပ်ရေးနေ့ သဝဏ်လွှာများ မပေးပို့သော်လည်း ၎င်းတို့သည် စစ်ကောင်စီနှင့် ပွင့်ပွင့်လင်းလင်း နီးကပ်သည့် နိုင်ငံများဖြစ်ပြီး ထိုနိုင်ငံများမှ သံတမန်များသည် နေပြည်တော်တွင် မင်းအောင်လှိုင် ကျင်းပသည့် လွတ်လပ်ရေးနေ့ ညစာစားပွဲ တက်ရောက်ကြသည်။

အကျဉ်းစံ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD အစိုးရခေတ်တွင် အာဆီယံမှ ထိုင်း၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ စင်ကာပူ၊ လာအို၊ ဘရူနိုင်းနှင့် ကမ္ဘောဒီးယားတို့ လွတ်လပ်ရေးနေ့ သဝဏ်လွှာများ ပေးပို့ကြသည်။

အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ အီတလီ၊ ဂျာမနီ၊ ဆွစ်ဇာလန်၊ ချက်သမ္မတနိုင်ငံ၊ ပိုလန်၊ ယူကရိန်းနှင့် သြစတြေးလျ တို့ကလည်း လွတ်လပ်ရေးနေ့ သဝဏ်လွှာများပေးပို့ခဲ့သည်။ NLD အာဏာရနေစဉ်က အဓိကကျသည့် အာရှ အင်အားကြီးများဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယား၊ တောင်အမေရိက အင်အားကြီး ဘရာဇီးနှင့် ကျူးဘားတို့ကလည်း မြန်မာလွတ်လပ်ရေးနေ့ သဝဏ်လွှာများ ပေးပို့သည်။

အာဏာသိမ်းပြီးနောက်တွင် အမေရိကန် ပြည်ထောင်စုနှင့် ဗြိတိန်ကဲ့သို့သော အနောက်နိုင်ငံများက စစ်ကောင်စီနှင့် ဆက်ဆံရေးကို အဆင့်နှိမ့်ချလိုက်သည်။ အာရှနှင့် အရှေ့တောင်အာရှ နိုင်ငံအချို့က ၎င်းတို့သံအမတ်များ မြန်မာမှ ထွက်ခွာသွားသောအခါ သံအမတ်သစ် ခန့်အပ်ခြင်း မရှိပေ။ ယခုအခါ ၎င်းတို့ သံရုံးများကို သံရုံးယာယီတာဝန်ခံများကသာ စီမံခန့်ခွဲနေသည်။ အမေရိကန်နှင့် ဗြိတိန် အပါအဝင် နိုင်ငံအချို့က မြန်မာသံအမတ်များ၏ ခန့်အပ်လွှာကို လက်ခံခြင်း မပြုကြပေ။

စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းပြီးနောက် ရုရှားတနိုင်ငံတည်းကိုသာ သွားရောက်နိုင်သည်။ သူ့ကို ၁၀ ကြိမ်မြောက် ရပ်ဝန်းနှင့် လမ်းအစီအစဉ် ညီလာခံတွင် တရုတ်သို့ ဖိတ်ခေါ်ခြင်း မရှိဘဲ အာဆီယံကလည်း ထိပ်သီးအစည်းအဝေးများတွင် ပိတ်ပင်ထားသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ နိုင်ငံတကာ ထိတွေ့ဆက်ဆံမှုသည် အများအားဖြင့် တရုတ်၊ ရုရှားတို့နှင့်သာ ဖြစ်သည်။ သို့သော် စစ်ကောင်စီသည် မြောက်ကိုရီးယားသို့ သံအမတ်သစ် အောင်မြင်စွာ ခန့်အပ်နိုင်ပြီး ဘယ်လာရုစ်တွင် ကောင်စစ်ဝန်ရုံးဖွင့်သည်။

စစ်ကောင်စီသည် ၎င်းအပေါ် အရေးယူပိတ်ဆို့သည့် ကမ္ဘာ့အင်အားကြီးနိုင်ငံများကို ပြစ်တင်ရှုတ်ချခြင်း မလုပ်နိုင်သေးပေ။

သို့သော် စစ်ကောင်စီသည် တော်လှန်ရေးအင်အားစုနှင့် ပူးပေါင်းရန် စစ်သားများကိုပြောသည့် အရှေ့တီမောနိုင်ငံမှ သံရုံးယာယီတာဝန်ခံကို နိုင်ငံမှ နှင်ထုတ်သည်။ စစ်ကောင်စီသည် အရှေ့တီမောသမ္မတ ဟိုဆေး ရားမို့စ် ဟော်တာကို ဆန့်ကျင်သည့် ဆန္ဒပြပွဲကို ရန်ကုန်တွင် ပြုလုပ်သည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
73
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
29
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
88

ဆင်းရဲသေးငယ်သည့် နိုင်ငံဖြစ်သော်လည်း အရှေ့တီမောသည် လွတ်လပ်သော စရိုက်လက္ခဏာရှိသည်။ ထိုကိစ္စကြောင့်ပင် စစ်ကောင်စီက အရှေ့တီမောကို ပစ်မှတ်ထားခြင်းဖြစ်နိုင်သည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ A Few Pariah States Congratulate Myanmar on The Anniversary of Its Independence Day ကို ဘာသာပြန်သည်။)

You may also like these stories:

နေပြည်တော်က လွတ်လပ်ရေးနေ့ ဇာတ်ပွဲ

စစ်ကောင်စီ လွတ်လပ်ရေးနေ့ပါတီပွဲသို့ ခရိုနီများတက်ရောက်

လွတ်လပ်ရေးနေ့ သဝဏ်လွှာ ၅ စောင်သာ ရခဲ့တဲ့ အထီးကျန် စစ်ကောင်စီ

ဂျပန်ခေတ် မြန်မာ့လွတ်လပ်ရေးနေ့

Your Thoughts …
Tags: NLDစစ်ကောင်စီစစ်အာဏာသိမ်းမှုဒေါ်အောင်ဆန်းစုကြည်လွတ်လပ်ရေးနေ့သံတမန်ရေးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အရေးယူပိတ်ဆို့မှုအရှေ့တီမောအာဆီယံ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဝန်းသို၌ အသတ်ခံရသည့် အရပ်သားအလောင်းတချို့ မကောက်ယူနိုင်သေး

ဝန်းသို၌ အသတ်ခံရသည့် အရပ်သားအလောင်းတချို့ မကောက်ယူနိုင်သေး

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
2.8k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

6 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved