• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဝန်းသို၌ အသတ်ခံရသည့် အရပ်သားအလောင်းတချို့ မကောက်ယူနိုင်သေး

by ဧရာဝတီ
9 January 2024
in သတင်း
A A
ဝန်းသို၌ အသတ်ခံရသည့် အရပ်သားအလောင်းတချို့ မကောက်ယူနိုင်သေး

ဝန်းသို အခြေစိုက် စစ်ကောင်စီ၏ အမှတ် ၁၂၀ ခြေမြန်တပ်ရင်း(CJ)

1.6k
VIEWS
Share on FacebookShare on Twitter

စစ်ကိုင်းတိုင်း ကောလင်းခရိုင် ဝန်းသိုမြို့နယ် ဝင်းကြီးရွာအနီး ဇန်နဝါရီ ၇ရက်က တွေ့ရသည့် ညှဉ်းပန်းသတ်ဖြတ် ခံထားရ သည့် အရပ်သားအလောင်း ၁၉ ဦး အနက် ၅ လောင်းကိုသာ သဂြိုဟ် ပေးနိုင်ခဲ့ပြီး ထိုနေရာတွင် စစ်တပ်က ကင်းပုန်းဝပ်၍ စောင့်နေသဖြင့် ကျန် ၁၄ လောင်း ကို ယခုတိုင် ကောက်ယူနိုင်ခြင်း မရှိသေးကြောင်း သိရသည်။

အလောင်းများကို ကောလင်း-ဝန်းသို-ပင်လည်ဘူးလမ်းဆုံ ဝင်းကြီးရွာ ၅မိုင်စခန်းအနီးတွေ့ရခြင်းဖြစ်ပြီး၊ အသက် ၁၅ နှစ် အရွယ် အမျိုးသမီးငယ် အပါအဝင် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁၇ ဦးတို့ဖြစ်ပြီး ခြေချင်းဝတ်များ၊ လက်များကို ကြိုး တုပ်ထားလျက် ညှဉ်းပန်းနှိပ်စက် ရိုက်နှက်ခံထားရကြောင်း၊ ဦးခေါင်းနှင့် ရင်ဘတ်တို့၌ သေနတ်ဒဏ်ရာများ တွေ့ရသလို အလောင်းများ ဝန်းကျင်တွင် စစ်တပ်ပိုင် ကာကွယ်‌ရေးပစ္စည်းစက်ရုံ ကပစထုတ် (5.56 mm) ကျည်ခွံများလည်း တွေ့ရကြောင်း သိရသည်။

RelatedPosts

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
123
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
39
သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

သီတဂူဆရာတော်နဲ့ ဥူးဝီရသူ တို့ကို ICJ မှာ သက်သေအဖြစ် တင်သွင်း(ရုပ်/သံ)

13 January 2026
124

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “ရုပ်အလောင်း ၁၉ လောင်း၊ ပြည်သူတွေချည်းပဲ၊ လမ်းပေါ်မှာ မှောက်လျက် တွေ့တာပါ၊ ဘယ်လိုဖမ်းခံရတယ်၊ ဘာကြောင့် အဖမ်းခံလိုက်ကြရတယ်ဆိုတာတော့ မသိရသေးဘူး၊ စစ်ကောင်စီတပ် တွေက သတ်ဖြတ်သွားတာပါ၊ ကောလင်း၊ဝန်းသိုအပြင် အခြားနယ်သားတွေရောပါတယ်၊ အလောင်းတွေကို အမြန်ထုတ် လာရတာမို့ ကျန်ခဲ့တာတွေတောင် ရှိနေသေးတယ်၊ ကောက်လို့ရတဲ့ ရုပ်အလောင်းတွေ ကိုတော့ မီးသဂြိုဟ်ပြီးပါပြီ”ဟု ပြောသည်။

အဆိုပါ အလောင်းများကို ဒေသခံများက ၃ ဘီးဆိုင်ကယ်ဖြင့် သွားရောက် သယ်ယူရာ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ကင်းပုန်းဝပ် စောင့်ဆိုင်းနေခြင်းကြောင့် အမျိုးသမီး ၁ ဦးနှင့် အမျိုးသား ၄ ဦးတို့၏ ရုပ်အလောင်း ၅ လောင်းသာ ကောက်ယူနိုင်ခဲ့ကြောင်း သိရသည်။

သတ်ဖြတ်ခံရသော ဒေသခံများအနီး တွေ့ရသော ကျည်များ/Kawlin Revolution-KR

Kawlin Revolution – KR Teams မှ တာဝန်ရှိသူတဦးက “အကြမ်းဖက် ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေလည်း တွေ့ရ တယ်၊ သေနတ်ဒဏ်ရာတွေလည်း ပါတယ်၊ ကောက်ယူနိုင်ခဲ့တဲ့ ရုပ်အလောင်းတွေကိုပဲ ဘယ်သူ ဘယ်ဝါဆိုတာ အတည် ပြုနိုင်ပြီး ကျန်တဲ့သူတွေကိုတော့ အတည်မပြုနိုင်သေးပါဘူး၊ ဝင်းကြီးသူ စပါးပွဲစား ဒေါ်ခင်စိန်၊ ကောလင်းသားတွေ ဖြစ်တဲ့ ကိုသိန်းဌေး၊ ကိုဟိန်းဇော်၊ ကိုထွန်းဇော်လှိုင်နဲ့ ငထွန်းတို့ပဲ ဖြစ်ပါတယ်”ဟု ပြောသည်။

သတ်ခံရသူ ၅ ဦးအနက် ဝင်းကြီးကျေးရွာသူ စပါးပွဲစား ဒေါ်ခင်စိန်သည် သူ၏ စပါးကားများ စစ်တပ်က ဖမ်းထားကြောင်း သိရသဖြင့် လိုက်သွားရာ ဖမ်းဆီးခံလိုက်ရပြီး ကျန်သူများမှာ ကားသမားများနှင့် ဒေသခံများဖြစ်ကြောင်း၊ ကောက်ယူရ ရှိသော အလောင်းများအား ဇန်နဝါရီ ၇ ရက်မှာပင် ကောင်းမွန်စွာ သဂြိုလ်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၅ ရက်က ဝန်းသိုမြို့နယ်ဘက်သို့ စပါးတင်သွားသော ကားများကို ဝန်းသိုရှိ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၁၁ နှင့် ခမရ ၁၂၀ အနီး လေဘိုရွာ (ဒေသအခေါ် ကျောက်စိမ်းဘုရား)နားအရောက် ဖမ်းဆီးကာ လူနှင့်အတူ စပါးသယ် လာသောကားများကို ခမရ ၁၂၀ တပ်ရင်းသို့ ခေါ်ဆောင်သွားကြောင်း၊ ထို့နောက် ကားပေါ်ရှိ စပါးများကို ဝန်းသိုဆန်စက် များ သို့ ပို့ဆောင်ခဲ့ကြရသည်ဟု တော်လှန်ရေးအင်အားစုများက ဆိုသော်လည်း ဖြစ်စဉ်အသေးစိတ်ကို ဧရာဝတီက ဆက် လက် စုံစမ်းနေဆဲဖြစ်သည်။

ဒေသတွင်းသတင်းများကို ဖော်ပြနေသည့် Kawlin Info၊ Kawlin Revolution – KR Teams နှင့် ကောလင်း ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့(ပကဖ)များကလည်း ဝန်းသိုမြို့နယ်တွင် စစ်ကောင်စီတပ်မှ အသက် ၁၅နှစ်အရွယ် ကလေးတဦး အပါအဝင် ပြည်သူ ၁၉ ဦးကို ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းများအား စွန့်ပစ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်အပေါ် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရန်ချန်နယ်များတွင် စစ်ကိုင်းတိုင်း ဝန်းသိုမြိုနယ် ဒေသအခေါ် ၅မိုင်၌ အမျိုးသား ၁၇ဦး၊ အမျိုးသမီး ၂ ဦးတိုကို PDF က သတ်ဖြတ်ခဲ့ပြီး ၎င်းတို့ပိုင်ဆိုင်သည့် ငွေကြေးနှင့် လက်ဝတ်လက်စား များ၊ ယာဉ်များ၊ ဆိုင်ကယ်များကို ယူဆောင်သွားသည်ဟု ဖြန့်ဝေထားသည်။

အသတ်ခံရသော အရပ်သားများ၏ ရုပ်အလောင်းများ/ Kawlin Revolution-KR

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက “သူတို့က တင်ချင်ရာ တင်မှာပဲ၊ ဘာမှ ပြောစရာကို မရှိတော့ဘူး၊ လူစိတ်မရှိလို့မှ ပြည်သူကို သတ်နေတာဗျာ၊ ဘာပြောလို့ ရဦးမှာလဲ၊ အဲဒီလမ်းက ကောလင်း- ဝန်းသို- ပင်လည်ဘူးလမ်းပါ၊ ကားတွေကို တားပြီး တပ်ထဲ ဖမ်းခေါ်သွားပြီးမှ ပြန်ထုတ်ပြီး ပစ်သတ်ကြတာ”ဟု ပြောသည်။

ယခုအခါ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်သူ့အုပ်ချုပ်ရေးစနစ် စတင် ဖော်ဆောင်နေသည့် ကောလင်းမြို့ စစ်ကောင်စီက ပိတ်ဆို့ထားသလို ၅မိုင်ခန့်အကွာရှိ ဝန်းသိုမြို့မှနေ၍ လက်နက် ကြီးများနှင့် ပစ်ခတ်နေရာ ဇန်နဝါရီ ၂ ရက်နေ့ထိ သေဆုံးသူ ၁၃ ဦးရှိပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရခဲ့သလို ဘုန်းတော်ကြီး ကျောင်း ၂ ကျောင်းနှင့် နေအိမ်များလည်း ပျက်စီးခဲ့ကြောင်း သိရသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထောင်စုဝန်ကြီးချုပ်ရုံမှ ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က “လက်ရှိမှာက အရပ်သားပြည်သူ၊ ကလေးသူငယ်၊ သက်ကြီးရွယ်အို၊ အမျိုးသမီး ဘာမှ ခွဲခြားမနေတော့ဘဲ သူ့ကို ဆန့်ကျင်နေသူ မှန် သမျှ ရန်သူပဲ၊ လက်ရှိ သူတို့ကို ဆန့်ကျင်နေတာကလည်း ပြည်သူလူထု တရပ်လုံးပဲ ဖြစ်တဲ့အတွက်ကြောင့်မို့ ပြည်သူက သူ့ရန်သူဖြစ်သွားတဲ့သဘောပဲ၊ အဲဒီတော့ ငါ လက်လွှတ်လိုက်ရတဲ့မြို့ ဒီအတိုင်းတော့ လက်လွှတ်မခံဘူး စိစိညက်ညက် ကြေ အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုး စိတ်ထားမျိုးနဲ့ မြို့တွေကို အခုလို ဖျက်ဆီးတာတွေ တောက်လျှောက်လုပ်နေ တာ ဖြစ်တယ်”ဟု ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ထုတ်ပြန်သည့် စစ်ကောင်စီ၏ ၅ ဦးနှင့်အထက် အစုလိုက်လိုက် သတ်ဖြတ်ခံရမှု အစီရင်ခံစာတွင် ပြီးခဲ့သည့် အောက်တိုဘာ ၂၇ ရက်မှ နိုဝင်ဘာ ၃၀ ရက်နေ့အထိ ကျူးလွန်မှုပေါင်း ၁၁ ကြိမ်ရှိပြီး စစ်ကိုင်းတိုင်းအတွင်း အစုလိုက်အပြုံလိုက် အသတ်ခံရမှုမှာ ၄ ကြိမ်အထိ ရှိနေခဲ့ပြီဖြစ်သည်။

You may also like these stories:

လက်နက်ကြီးကြောင့် ကောလင်းမြို့၌ သေဆုံးသူ ၁၃ဦးအထိ ရှိလာ

ကောလင်းမြို့ကို ဆက်သွယ်သည့် လမ်းကြောင်း စစ်ကောင်စီ ဖြတ်ထား

ကောလင်းမြို့ကိုသိမ်း၍ တော်လှန်ရေးတပ်ဖွဲ့အလံ ထွေအုပ်ရုံး၌ လွှင့်ထူ

ကောလင်းဘဏ် ၅ ခုမှ သိမ်းဆည်းငွေကြေးအပေါ် ပြည်သူတို့ မစိုးရိမ်ရန် NUG ပြော

Your Thoughts …
Tags: ကောလင်းစစ်ကောင်စီတပ်ပင်လည်ဘူးဝန်းသို
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

ကောလင်းကို စစ်ကောင်စီ ပြန်ထိန်းချုပ်

by ဧရာဝတီ
13 February 2024
11.4k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ထိန်းချုပ်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၏ အဓိကကျသောနေရာများအား ယနေ့တွင် စစ်ကောင်စီက ဝင်ရောက်နေရာယူ၍ ပြန်လည် ထိန်းချုပ်

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

ဝိုင်းမော်နှင့် မိုးမောက်အကြား စစ်ကောင်စီတပ် ပိတ်မိနေ

by ဧရာဝတီ
25 August 2023
11.2k

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်ကြား၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းအနီးရှိ ရွာအချို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပိတ်မိနေကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ဧရာဝတီကို ပြောသည်။

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

ကော့ဘိန်းကို စစ်တပ် ပြန်သိမ်း

by မိအိသဉ္ဇာမြင့်
25 April 2024
9.5k

တော်လှန်ရေးပူးပေါင်းတပ်များ သိမ်းပိုက်ထားသည့် မွန်-ကရင်နယ်စပ် ကော့ကရိတ်မြို့နယ်ရှိ ကော့ဘိန်းကျေးရွာတွင် စစ်ကောင်စီတပ်က ယနေ့ နံနက်ပိုင်းမှစပြီး အင်အား ၃၀၀ ခန့်ဖြင့် ပြန်လည်ဝင်ရောက် တပ်စွဲနေကြောင်း သိရသည်။

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

စစ်ကောင်စီတပ် စုပေါင်းစပ်ပေါင်း ဖွဲ့ထားရကြောင်း သံဘိုတပ်စခန်း
သက်သေပြ

by ဧရာဝတီ
5 January 2024
9.4k

အာဏာသိမ်းစစ်ကောင်စီတပ်တွင် တိုက်ခိုက်ရေးအင်အား ခမ်းခြောက်လာပြီး စစ်မတိုက်ဖူးသော လက်ရုံးတပ်ဖွဲ့ဝင်များအား စစ်မြေပြင်သို့ စေလွှတ်နေရပြီ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

ကောလင်းကို မြေပြင်မှသာမက ဝေဟင်ကပါ ထိုးစစ်ဆင်နေ

by ဧရာဝတီ
6 February 2024
8.8k

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် မဟာမိတ်တပ်များ သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊ ကောလင်းမြို့အား ပြန်လည်သိမ်းပိုက်နိုင်ရေး စစ်ကောင်စီက မြို့တောင်ဘက်နှင့် မြောက်ဘက် နှစ်ဖက်ညှပ်ပြီး အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်နေသလို လေကြောင်းတိုက်ခိုက်မှုများပါ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

စစ်တပ်နှင့် AA ပဋိပက္ခ ရခိုင်ရဲတို့ ကြားညပ်နေဟုဆို

by ဧရာဝတီ
9 November 2023
8.4k

ရခိုင်ပြည်နယ်အတွင်း စစ်ရေးပြင်ဆင်မှုများရှိနေပြီး မြေပြင်တွင် စစ်ရေးတင်းမာမှုများကြောင့် ရဲတပ်ဖွဲ့ဝင်များမှာ ကြားညပ်ကာ အသုံးချခံဖြစ်နေရကြောင်း

Next Post
မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

မလေးရှားတွင် အထောက်အထားမဲ့မြန်မာ ၁ ထောင်ကျော် ဖမ်းဆီးခံရ

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုက မြန်မာဆိုင်ရာ အထူးသံတမန် ခန့်

အာဆီယံ အလှည့်ကျဥက္ကဋ္ဌ လာအိုက မြန်မာဆိုင်ရာ အထူးသံတမန် ခန့်

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0
  • ခရိုနီ ခြေတက် ဦးဇော်ဝင်းရှိန်အကြောင်း တစေ့တစောင်း

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved