• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

24 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဦးကျော်မိုးထွန်းကိုသာ သံအမတ်အဖြစ် အသိအမှတ်ပြုရန် အရပ်ဘက်အဖွဲ့များတောင်းဆို

by ဧရာဝတီ
13 September 2021
in သတင်း
A A
နယူးယောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် တနင်္ဂနွေနေ့က ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေသူများ  / Sumon

နယူးယောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် တနင်္ဂနွေနေ့က ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေသူများ / Sumon

13k
VIEWS
Share on FacebookShare on Twitter

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် ဦးကျော်မိုးထွန်းကိုသာ ဆက်လက်အသိအမှတ်ပြုပေးရန် အရပ်ဘက်အဖွဲ့ ၃၅၀ ကျော်က တောင်းဆိုလိုက်သည်။

ဒီမိုကရေစီနှင့် လူ့အခွင့်အရေးလိုလားသည့် နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ အရပ်ဘက်အဖွဲ့များက စက်တင်ဘာလ ၁၀ ရက်တွင် နိုင်ငံအသီးသီး၏ ကုလသမဂ္ဂဆိုင်ရာ ကိုယ်စားလှယ်များထံ အိတ်ဖွင့်ပေးစာ တစောင်ပေးပို့ တောင်းဆိုခြင်း ဖြစ်သည်။

အဆိုပါစာတွင် ဦးကျော်မိုးထွန်းကို ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ခံရသည့် အရပ်သားအစိုးရက ၂၀၁၆ ခုနှစ်တွင် သံအမတ်ကြီးအဖြစ်တာဝန်ပေးခဲ့ပြီး ယခုအခါတွင်လည်း ရွေးကောက်တင် မြှောက်ခံထားရသည့် အရပ်သားအစိုးရက ၎င်းကိုသာ ဆက်လက်တာဝန်ပေးထားကြောင်း ရေးသားထားသည်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် တနင်္ဂနွေနေ့က ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေသူများ (ဓာတ်ပုံ – Sumon)

လက်ရှိမြန်မာနိုင်ငံတွင် စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ကာ အာဏာသိမ်းထားပြီး တိုင်းပြည်ကို ထိထိရောက်ရောက် မအုပ်ချုပ်နိုင်သလို အရပ်သားသေဆုံးမှုများအပါအဝင် ရာဇဝတ်မှုများကို အစဉ်တစိုက် ကျူးလွန်နေကြောင်း၊ တရားမဝင် စစ်အုပ်စုဘက်မှ အဆိုပြုလာသည့် ကိုယ်စားလှယ်များကို ပယ်ချရန် တိုက်တွန်းကြောင်း အိတ်ဖွင့်ပေးစာတွင် ပါရှိသည်။

ထို့အပြင် ကုလသမဂ္ဂ မြန်မာသံအမတ်နေရာကို မည်သူ့ကိုမှ မရွေးချယ်ဘဲ ရွှေ့ဆိုင်းလိုက်မည်ဆိုပါက စစ်အုပ်စု၏ အကြမ်းဖက်မှုနှင့် ဥပဒေမဲ့ အာဏာလုယူရန် ကြိုးပမ်းမှုကို အားပေးရာရောက်သွားနိုင်ကြောင်း အရပ်ဘက်အဖွဲ့များက သတိပေးသည်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် တနင်္ဂနွေနေ့က ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေသူများ (ဓာတ်ပုံ – Sumon)

ကုလသမဂ္ဂကိုယ်စားလှယ် စီစစ်လက်ခံရေးကော်မတီ (UN Credential Committee) က စက်တင်ဘာလ ၁၄ ရက်တွင် နယူးယောက်မြို့ရှိ ကုလသမဂ္ဂအထွေထွေညီလာခံ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံတမန်နေရာကို ရွေးချယ်ဆုံးဖြတ်နိုင်ဖွယ် ရှိနေသည်။

ယင်းနေရာအတွက် သံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် စစ်ကောင်စီကိုယ်စားလှယ်ဖြစ်သူ ဗိုလ်မှူးကြီးအောင်သူရိန်တို့ အားပြိုင်နေရစဉ်တွင် အရပ်ဘက်အဖွဲ့များက ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ရန် အသိအမှတ်ပြုပေးရန် တောင်းဆိုနေခြင်းဖြစ်သည်။

နယူးယောက်မြို့ ကုလသမဂ္ဂရုံးရှေ့တွင် တနင်္ဂနွေနေ့က ဦးကျော်မိုးထွန်း ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်နေသူများ (ဓာတ်ပုံ – Sumon)

ဦးကျော်မိုးထွန်းကလည်း “ပြည်သူ့အင်အားနဲ့ အောင်မြင်ရပါမယ်။ သေချာတာတခုပြောနိုင်တာက ဒီလိုမျိုး မျက်နှာစာမှာ စစ်ကောင်စီရဲ့ ကိုယ်စားလှယ် မရှိရဘူးဆိုတာ ပြတ်ပြတ်သားသား ပြောလိုပါတယ်” ဟု တနင်္ဂနွေနေ့က နယူးရောက်မြို့ရှိ ကုလသမဂ္ဂရုံးရှေ့၌ ပြုလုပ်သည့် ၎င်းအား ထောက်ခံပွဲတွင် ပြောကြားသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
41
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
208
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

You may also like these stories:

၄ လ အပစ်ရပ်ရန် ASEAN အထူးသံတမန်တောင်းဆို

စစ်ကောင်စီနှင့် ပူးပေါင်းသူများအား တိုက်ခိုက်မည်ဟု တမူး PDF သတိပေး

စစ်ကောင်စီ ပစ်သတ်လိုက်သည့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွင် ၄ နှစ်အရွယ် ကလေးငယ်ကျန်ခဲ့

Your Thoughts …
Tags: UNကုလသမဂ္ဂဦးကျော်မိုးထွန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

စစ်ကောင်စီကို အသက်ဆက်ပေးဖို့ တရုတ်တို့ ဆုံးဖြတ်လိုက်ပြီလား

by သက်ထားမောင်
3 September 2024
19.4k

မြန်မာပြည်သူများသည် တခုတည်းသော "စည်း" ကို အခိုင်အမာ ရေးဆွဲထားကြသည်။

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

အစ္စရေး-ဟားမတ်စ်အရေး အာဆီယံ သဘောထားကွဲ

by ဧရာဝတီ
13 October 2023
12k

အစ္စရေးနှင့် ဟားမတ်စ်အကြား စစ်ဖြစ်ပွားခြင်းသည် အရှေ့တောင်အာရှတလွှား သဘောထားကွဲလွဲမှုများ ပြန်လည် ပေါ်ပေါက်စေသည်။

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

ကမ္ဘာ့အဆိုးဆုံးအဆင့် ရောက်နေသော မြန်မာစစ်ကောင်စီ

by ခင်နဒီ
7 February 2024
10.1k

မြန်မာသည် အာဖဂန်နစ္စတန်၊ ပါကစ္စတန်တို့နှင့်အတူ ကမ္ဘာ့အငတ်ဘေး ဗဟိုချက်တွင် ပါဝင်ပြီး လူဦးရေ ၄ ပုံ ၁ ပုံသည် စားနပ်ရိက္ခာ မလုံလောက်မှုနှင့် ရင်ဆိုင်နေရသည်ဟု ကုလသမဂ္ဂက ဖော်ပြသည်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပဋိပက္ခအကြောင်း သိကောင်းစရာများ

by Chad de Guzman
18 June 2025
9k

မကြာသေးမီ ရက်သတ္တပတ်များတွင် နှစ်နိုင်ငံဆက်ဆံရေးသည် အန္တရာယ်သစ်များကြား ကျဆင်းသွားပြီး အတိတ်က အကြွင်းအကျန် ဖြစ်ခဲ့ပုံရသည့် သမိုင်းဝင် အားပြိုင်မှု ပြန်လည်မီးမွှေးလာသည်။

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

ကိုးကန့်ထိန်းချုပ် လားရှိုးမြို့သို့ ခရီးသွားခြင်း

by Rebecca Ratcliffe
5 February 2025
8.5k

မြန်မာနိုင်ငံအရှေ့မြောက်ပိုင်းမှ တခါက စည်ကားသောမြို့ကြီးဖြစ်သည့် လားရှိုးမြို့ လမ်းမများသည် ယခင်ကထက် တိတ်ဆိတ်နေသည်။

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ဆက်အရေးပါနေသလဲ

by Rajiv Bhatia
11 August 2023
7.6k

မြန်မာနိုင်ငံသည် ပြည်တွင်းစစ်၊ စစ်ကောင်စီတပ်များနှင့် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုများအကြား အကြမ်းဖက် တိုက်ခိုက်မှုများကြား ညပ်နေသည်။

Next Post
ဇူလိုင်လနှောင်းပိုင်း အာဖဂန် တာလီဘန် နိုင်ငံရေးရာကော်မတီ အကြီးအကဲ မူလာ အဘ္ဘဒူလ် ဂါနီ ဘာရာဓါကို တီယန်ကျင်းသို့ ဖိတ်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက တွေ့ဆုံခဲ့သည်။ 

တာလီဘန်ကို တရုတ် လက်ကမ်းမှု မြန်မာမှာ လာထိရှ

ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာအနီးရှိ စစ်စခန်းကို သိမ်းစဉ် ရရှိခဲ့သော လက်နက်ခဲယမ်းများ  / CDF

လေကြောင်း တိုက်ခိုက်မှုကြားက လုံလဲရ် စစ်စခန်းကို CDF များ သိမ်းပိုက်နိုင်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved