• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home အာဘော် သူ့အတွေး သူ့အမြင်

မြန်မာစစ်တပ်၏ နိုင်ငံ့စွမ်းဆောင်ရည်ကို ပြန်အကဲဖြတ်ခြင်း

by David Scott Mathieson
22 August 2023
in သတင်း
A A
မြန်မာစစ်တပ်၏ နိုင်ငံ့စွမ်းဆောင်ရည်ကို ပြန်အကဲဖြတ်ခြင်း

စစ်ခေါင်းဆောင် မင်းအောင်လှိုင်

6k
VIEWS
Share on FacebookShare on Twitter

အရေးပေါ်အခြေအနေ သက်တမ်တိုးခြင်း၊ အုပ်ချုပ်ရေးနှင့် ဝန်ကြီးအဖွဲ့ ပြန်လည် ပြင်ဆင် ဖွဲ့စည်းခြင်းနှင့်အတူ မကြာသေးမီ ရက်သတ္တပတ်များအတွင်း မြန်မာတွင် ကြီးမားသော အပြောင်းအလဲများဖြစ်ပြီး အထူးခြားဆုံးမှာ Global New Light of Myanmar သတင်းစာ၏ အမည်ကို ဒီဇိုင်း ပြောင်းလဲခြင်း ဖြစ်သည်။ သို့သော် မြန်မာစစ်ကောင်စီ၏ အပြောင်းအလဲများသော ဝါဒဖြန့်ချိရေး ယန္တရားကို ပိုမို အနီးကပ်လေ့လာသူများသည် နိုင်ငံပိုင်မီဒီယာတွင် စစ်ကောင်စီ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေး ဦးတည်ချက်များကို ၁၂ ခုမှ ၉ ခုသို့ လျှော့ချပြီး လိုသလို ဖြတ်တောက်ဖြည့်စွက်ထားသည်ကို သတိထားမိမည်ဖြစ်သည်။ အရေးပေါ်အခြေအနေ သက်တမ်းတိုးပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ပြန်လည် ပြင်ဆင်ထားသော ဦးစားပေးများကို အဆင့်မြင့်အရာရှိများအား ရှင်းလင်းပြောကြားသည်။ မည်သည်တို့ကို ဖြတ်တောက်သည်၊ မည်သည်တို့ကို ပြင်ဆင်ဖြည့်စွက်သည် စသည်တို့ဖြစ်သည်။

နိုင်ငံရေးဦးတည်ချက်များမှ “လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပြီး နိုင်ငံများအကြား ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကို ဆက်လက် လိုက်နာကျင့်သုံးရေး” ဆိုသည့်အချက်ကို ဖြုတ်လိုက်သည်။ စီးပွားရေး ဦးတည်ချက်များမှ “ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူတရပ်လုံး၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး” ကို ဖြုတ်ထားလိုက်သည်။ စစ်ကောင်စီသည် အခြေခံအားဖြင့် လူထုဆန့်ကျင်ရေး ဖြစ်သောကြောင့် လူမှုရေးဦးတည်ချက် အပြောင်းအလဲကို ဂရုစိုက်ရန်မလို။

ပြန်လည် ပြင်ဆင်ထားသည့် စီးပွားရေး ဦးတည်ချက်များတွင် ယခင်စစ်အုပ်စု နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) ၏ ဆိုးရွားလှသော ကာလကို အမှတ်ရစေသည့် စိတ်ပူပန်စရာ ပြောဆိုချက်အသစ် ပါဝင်သည်။ “ပြည်တွင်း စားသုံးဆီ ဖူလုံရေးအတွက် ဆီထွက်သီးနှံစိုက်ပျိုးမှုကို အားပေးမြှင့်တင်ပြီး ပန်းတိုင်ရည်မှန်းချက်အတိုင်း ထွက်ရှိအောင် ဆောင်ရွက်၍ နိုင်ငံအတွင်း ဖူလုံမှုမှသည် ပြည်ပသို့ တင်ပို့နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်ရေး” ကို ထည့်သွင်းထားသည်။

ထိုအပြောင်းအလဲများသည် ကမ္ဘာ့ရေးရာများမှ ဆုတ်ခွာပြီး ကိုယ့်အားကိုယ်ကိုးရေးကို ဖြစ်စေသည်ဟု ကောက်ချက်ချရန် မဖြစ်နိုင်ပေ။ မည်သို့ဆိုစေ နိုင်ငံခြားသားမုန်းတီးမှုသည် အမြစ်တွယ်နေသည့် စစ်တပ် စရိုက်လက္ခဏာ ဖြစ်သည်။ အာဏာရှင်ဟောင်း နေဝင်း၏ တော်လှန်ရေးကောင်စီ (RC) သည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပြင်းထန်သော မဟာမိတ် မဖွဲ့ရေးမှသည် ပဒေသရာဇ် အထီးကျန်မှုအထိ ရောက်သွားခဲ့သည်။

နအဖ အာဏာရှင် သန်းရွှေသည် ၂၀၀၀ ပြည့်နှစ်များအလယ်က ကြက်ဆူပင်ဟုခေါ်သည့် ကြောင်တောင်တောင် ပြည်တွင်း ဇီဝလောင်စာစီမံကိန်းဖြင့် စိုက်ပျိုးရေးကဏ္ဍကို ဖရိုဖရဲဖြစ်အောင် လုပ်ခဲ့ပြီး နိုင်ငံတဝန်း ကြီးမားသော သောကဖြစ်စေသည်ထက် မပိုပေ။

မည်သို့ဆိုစေ နိုင်ငံခြားသားမုန်းတီးမှုသည် အမြစ်တွယ်နေသည့် စစ်တပ် စရိုက်လက္ခဏာ ဖြစ်သည်။ အာဏာရှင်ဟောင်း နေဝင်း၏ တော်လှန်ရေးကောင်စီ သည် ၁၉၆၂ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ပြင်းထန်သော မဟာမိတ် မဖွဲ့ရေးမှသည် ပဒေသရာဇ် အထီးကျန်မှုအထိ ရောက်သွားခဲ့သည်။

လက်ရှိ ဆီထွက်သီးနှံ အဓိက ထုတ်လုပ်သည့် ဒေသများမှာ စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းတို့ဖြစ်ပြီး ထိုဒေသများတွင် စစ်ကောင်စီသည် အာဏာသိမ်းပြီးကတည်းက ကျေးလက် လူမှုအသိုက်အဝန်းများကို ရက်စက်ကြမ်းကြုတ်စွာ တိုက်ခိုက်နေကာ လူ ၁ သန်း နေရပ်စွန့်ခွာထွက်ပြေးစေပြီး အိမ်ပေါင်း ၆၀,၀၀၀ ကျော်ကို မီးရှို့သည်။ ထိုပဋိပက္ခသည် အထက်ပါ စီးပွားရေး ဦးတည်ချက်ကို အရှက်ကွဲစေသည်။

ထိုဦးတည်ချက်များကို မည်သည့်အတွက် ပြောင်းလဲရသနည်း၊ အမှန်တကယ် ပြောင်းလဲခြင်း ဖြစ်ပါသလား။ ပိုမိုကြီးမားသည့် မေးခွန်းမှာ မြန်မာစစ်တပ် အုပ်ချုပ်ရေး အတတ်ပညာကို မည်သည်က မောင်းနှင်နေသနည်း ဆိုသည့် မေးခွန်းဖြစ်သည်။ အဓိက ဦးတည်ချက်များတွင် ထိုအပြောင်းအလဲများသည် ပြည်တွင်းနှင့် နိုင်ငံတကာ ချဉ်းကပ်ပုံများတွင် ဦးတည်ဘက်သစ်တခု ဖြစ်ပါသလား သို့မဟုတ် ငြီးငွေ့စရာကောင်းသည့် စစ်ကောင်စီပုံစံ Wordle စကားလုံး ကစားနည်း သက်သက်သာ ဖြစ်ပါသလား။

မြန်မာစစ်တပ်၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းအား မည်သည်က မောင်းနှင်သည်ကို နားလည်ရန် အားထုတ်မှု အများအပြား ရှိခဲ့ပြီးဖြစ်သည်။ မြန်မာစစ်တပ်၏ စိတ်ဓာတ် (Myanmar’s military mindset) ကို ဩစတြေးလျမှ သုတေသီ ဒေါက်တာ အင်ဒရူးဆဲ့လ်၏ ကောင်းမွန်သော လေ့လာမှုသည် ၂၀၁၈ ခုနှစ်က ဖြစ်သော်လည်း တိကျမှု မရှိသော ကမ္ဘာ့အမြင်ကို ထိုးဖောက်သည့် သုံးသပ်ချက်များ ပါဝင်သည်။

၂၀၀၉ ခုနှစ်က New Left Review မှ မာရီ ကယ်လာဟန်၏ မြန်မာမှ သက်ဆိုးရှည်သော စစ်အုပ်စု (Myanmar’s Perpetual Junta) ဆောင်းပါးကို ယခုအာဏာသိမ်းမှု အမြင်ဖြင့် ထပ်မံ ဖတ်ရှုသင့်သလို သတင်းစာဆရာ ဘာတေးလ် လင့်တနာက မြန်မာစစ်တပ် ဖောက်ပြန်မှုကို သမိုင်းနှင့် အတိတ်လိမ်လည်မှု အလေ့အထများအား ကိုးကားပြီး အတိအလင်း သတိပေးခြင်းကိုလည်း ပြန်လည်ဖတ်ရှုသင့်သည်။

လာရီ ဂျေဂင်၏ ရှည်လျားရှုပ်ထွေးသော ပြောဆိုချက်များကို အကြံဉာဏ်ကောင်းအဖြစ် သတ်မှတ်ထားသည်မှာ ကြာပြီဖြစ်သော်လည်း အတိတ်ကို ပြန်လည် သုံးသပ်သောအခါ အကောင်းဆုံး စိတ်ကူးယဉ် လုပ်ဇာတ်များသာဖြစ်ပြီး ယခုတကြိမ် စစ်အုပ်ချုပ်ရေးတွင်လည်း ကရုဏာကြီးမားစွာ အသံတိတ်နေသည်။

အတိတ် စစ်အုပ်ချုပ်ရေးသမိုင်းမှ လေ့လာစရာ အများအပြား ရှိသော်လည်း စစ်ကောင်စီသည် လွန်စွာ ကွဲပြားခြားနား ပြောင်းလဲသွားသော မြန်မာတွင် ရူးသွပ်မိုက်မဲမှု၏ အစုအဝေးဖြစ်သည်ဟု နားလည်ရမည် ဖြစ်သည်။ ထို့ကြောင့် ယခင် စစ်အုပ်စုအဆက်ဆက်နှင့် နှိုင်းယှဉ်ခြင်းကို တိုင်းတာလုပ်ဆောင်သင့်သည်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
352
အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

အသွင်ပြောင်း ကျားဖြန့်တွေ သီပေါကို စိမ့်ဝင်နေ (ရုပ်/သံ)

14 January 2026
24
လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

လူမျိုးတုံးသတ်ဖြတ်မှုမှာ တာဝန်အရှိဆုံးအဖြစ် စစ်ခေါင်းဆောင်နှစ်ဦးကို ICJ မှာတင်ပြ

14 January 2026
49

စစ်ကောင်စီသည် လွန်စွာ ကွဲပြားခြားနား ပြောင်းလဲသွားသော မြန်မာတွင် ရူးသွပ်မိုက်မဲမှု၏ အစုအဝေးဖြစ်သည်ဟု နားလည်ရမည် ဖြစ်သည်။

မယုံကြည်နိုင်ခြင်း၊ ရှုပ်ထွေးမှုများကို ကြိုတင်မှန်းဆခြင်းနှင့် အဓိပ္ပာယ်ကင်းမဲ့ပုံရသော ဖရိုဖရဲသဘောတရားများ တည်ဆောက်ခြင်းတို့နှင့် နေထိုင်ရေး လမ်းညွှန်မူကြမ်းကို စာရေးသူ အကြံပြုထားပြီး ဖြစ်သည်။ ၂၀၂၁ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ အပြုအမူများ၏ အဓိကသွင်ပြင်လက္ခဏာ သုံးခုကို ဖွင့်ဆိုရှင်းလင်းရန် ဤနည်းလမ်းကို စဉ်းစားကြည့်ပါ။ ထိုသွင်ပြင်လက္ခဏာ သုံးခုမှာ ကြိုတင်ခန့်မှန်း မရခြင်း၊ ခေါင်းမာခြင်းနှင့် မရိုးသားခြင်းတို့သာ ဖြစ်သည်။ ထိုအချက်များအရ စစ်ကောင်စီသည် အဆင့်မြင့် ပရိယာယ် မရှိသော်လည်း ယခုတိုင် အောင်မြင်နေသေးသည်။ ထိုအောင်မြင်မှုကို အာဏာဆက်လက် ဆုပ်ကိုင်နိုင်ခြင်းဖြင့် တိုင်းတာသည်။

ကြိုတင်ခန့်မှန်း မရခြင်း

စစ်ကောင်စီက မည်သို့ ဆက်လက် လုပ်ဆောင်မည်ကို ကြိုတင် ဟောကိန်းထုတ်ရန် အားထုတ်မှု အားလုံးသည် မိုက်မဲမှုသာ ဖြစ်သည်။ မည်သည့်အခြေအနေ ဖြစ်မည်ကို အခြေခံ ကိုးကားရန် အချက်အလက် လွန်စွာနည်းသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်များကို လမ်းညွှန်အဖြစ် ယူနိုင်မည်လား။ ထိုပြဋ္ဌာန်းချက်များကို အလွယ်တကူ လိုသလို လှည့်စားနိုင်သည်။ ဥပဒေ လုပ်ထုံးလုပ်နည်းများ အရေးပါ ပါသလား။ စစ်တပ်သည် အစဉ်အမြဲ ဥပဒေအရ အုပ်ချုပ်သည်ဟု ဆိုပြီး အငြင်းပွားဖွယ်ရာ အာဏာရှင်စနစ်ကို ဆင်ခြေပေးရန် ဥပဒေအမျိုးမျိုးကို ပြင်ဆင်သည်၊ ဖန်တီးသည်။

အချို့သောရက်စွဲများနှင့် အားလပ်ရက်များကို အကျဉ်းသားများအား လွှတ်ပေးခြင်း သို့မဟုတ် လွတ်ငြိမ်ခွင့်ပေးခြင်းနှင့် ချိတ်ဆက်ခြင်းသည် သိနေကျ ကြိုတင် ဟောကိန်းထုတ်မှု ဖြစ်သည်။ ထိုသို့သော ပုံစံမျိုး အလျှော့ပေးခြင်းက ကြိုတင် ဟောကိန်းထုတ်ခြင်းများ မျှော်လင့်ထားသည်ထက် များစွာနည်းသည်။

ထိုအချက်သည် ဗုဒ္ဓဘာသာတို့၏ ဝါဝင်လဖြစ်သော အားလပ်ရက် မတိုင်မီတွင် အရူးအမူး ကြိုတင်မှန်းဆချက်များကို ဖြစ်စေသည်။ ထောင်သွင်းအကျဉ်းချခံရသော စီးပွားရေးပါမောက္ခ ဒေါက်တာ ရှောင်တာနဲလ်နှင့် ဗြိတိန်သံအမတ်ဟောင်း မစ္စ ဗစ်ကီ ဘိုးမင်းတို့ကို ဓားစာခံအဖြစ် ဖမ်းထားရာမှ လွှတ်ပေးသည့်နေ့သည် ထုံးစံဘာသာရေး နေ့ကြီး ရက်ကြီးမဟုတ်သော ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလက အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။

၂၀၀၀ ပြည့်နှစ် ဝန်းကျင်က ယခင် စစ်အစိုးရ အစီအစဉ်ဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနား ပညာရေးကောလိပ်ရှေ့တွင် စိုက်ထားသည့် ကြက်ဆူပင်များ

စစ်တပ်၏ အလေ့အထများကို ကြိုတင် ဟောကိန်းထုတ်နေသည့် ကျွမ်းကျင်သူများထံမှ အလဟဿဖြစ်သည့် အကြံများနှင့် စကားအများအပြား ရှိသည်။ သို့သော် ထိုခန့်မှန်းချက်များသည် အလွန်တရာ မတိကျသည့်အပြင် မည်သည်က မှားခဲ့သည်ကို သုံးသပ်သည့် အဖိုးတန်သော ပြန်လည်သုံးသပ်မှုလည်း မရှိသလောက်ပင် ဖြစ်သည်။

ဆိုဗီယက်ခေတ် ရေငုပ်သင်္ဘောတစီးသည် မည်သည့်ဆိပ်ကမ်း သို့မဟုတ် ဦးတည်ချက်မှ မပြဘဲ ရုတ်တရက် ၁၈၀ ဒီဂရီ လှည့်သည့် “မိုက်မဲသော အိုင်ဗင်” (Crazy Ivan) နည်းဗျူဟာကို စဉ်းစားကြည့်ပါ။ ဝတ္တုရေးဆရာ တွမ် ကလန်စီ၏ အဆိုအရ ထိုနည်းဗျူဟာသည် မျက်ကွယ်နေရာများကို ကြည့်ရှုရန် ပြုလုပ်ခြင်းဖြစ်ပြီး ဆိုနာများ ထိရောက်စွာ အလုပ်မလုပ်သည့် သင်္ဘောနောက်ပိုင်းကို မြင်ရအောင် ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။

ရုတ်တရက် နောက်သို့ လှည့်လိုက်ခြင်းသည် အမေရိကန် သို့မဟုတ် မြောက်အတ္တလန္တိတ်စာချုပ်အဖွဲ့ (NATO) ရေငုပ်သင်္ဘောများ တိတ်တဆိတ် လိုက်လာခြင်း ရှိ မရှိ ပြန်ကြည့်ခြင်းဖြစ်သည်။ သို့သော် ထိုသို့လုပ်ရပ်သည် အမှားအမှန် ၅၀-၅၀ ရာခိုင်နှုန်းရှိသော ကြိုတင်ခန့်မှန်းချက်ကိုသာ ပေးသည်။ လက်ဝဲဘက် သို့မဟုတ် လက်ယာဘက်သို့ လှည့်နိုင်သည်။

မြန်မာစစ်တပ်၏ ပုံမှန်မဟုတ်သော ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် ဖြစ်နိုင်ခြေ အများအပြားရှိပြီး ထိုဖြစ်နိုင်ခြေများအနက် အများစုကို ကြိုတင်ခန့်မှန်းမရ၊ ကြိုတင်မမြင်နိုင်ပေ။ ထိုသို့ဖြစ်ခြင်းကို ‘မိုက်မဲသော အောင်’ (Crazy Aung) သီအိုရမ်ဟု ခေါ်မည်။ စစ်တပ်၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်အပြီးတွင် ယေဘုယျ နားမလည်နိုင်မှု အမြဲတမ်း လိုက်ပါလာသည်။

မြန်မာစစ်တပ်၏ ပုံမှန်မဟုတ်သော ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်တွင် ဖြစ်နိုင်ခြေ အများအပြားရှိပြီး ထိုဖြစ်နိုင်ခြေများအနက် အများစုကို ကြိုတင်ခန့်မှန်းမရ၊ ကြိုတင်မမြင်နိုင်ပေ။

ထိုအချက်ကို ‘စစ်တပ်-လုံချည် အုပ်ချုပ်ရေးအတတ်ပညာ’ ဟု ခေါ်နိုင်သည်။ ထိုစစ်လုံချည်ကို အထက်နှင့်အောက်၊ အတွင်းနှင့်အပြင်၊ ရှေ့နှင့်နောက်၊ ထုံးလိုက်နှင့် ခေါက်လိုက်၊ နံငယ်ပိုင်း သို့မဟုတ် တကိုယ်လုံးခြုံ အမျိုးမျိုး ပြောင်းလဲဝတ်ဆင်သည်။ စစ်ပုဆိုးကို မည်သည့်အခြေအနေသို့မဆို ပြောင်းသုံးနိုင်သည်။ စစ်ကောင်စီအပေါ် နားမလည်နိုင်မှုကို နားလည်အောင်လုပ်သည့် ပုံသေနည်းများသည် ၎င်းတို့ အကြိုက်ဆုံးအရာများကို မပြည့်စုံသည့် ဆုံးဖြတ်ချက်များတွင် ထည့်သွင်းသည့် နိုင်ငံခြားရေးမူဝါဒ စဉ်းစားတွေးခေါ်သူများကို အားရှိစေသည်။ သို့သော် ထိုသို့လုပ်ခြင်းမှာလည်း ရိုးရှင်းသော ခန့်မှန်းခြင်းသာ ဖြစ်သည်။

သံတမန်များနှင့် အဆင့်မြင့် သုံးသပ်ရေးသားသူများက မြန်မာသည် ‘လမ်းဆုံလမ်းခွ’ တွင် ရောက်နေသည်ဟု အလေးအနက် မြင်ကြသည်။ သို့သော် မြန်မာတွင် လမ်းဆုံလမ်းခွ မီးပွိုင့်များကို အားပေးရန် ဓာတ်အား မရှိပေ။ နိုင်ငံရေးတွင် သို့မဟုတ် ပဋိပက္ခတွင် အနာဂတ် ဦးတည်ဘက်ကို ကြိုတင်ဟောကိန်းထုတ်ရန် ကြိုးစားခြင်းသည် အထောက်အထားမဲ့ မှန်းဆခြင်းသာ ဖြစ်သည်။ အမှောင်ထုအတွင်း ဆုံးဖြတ်ချက်ချခြင်း ဖြစ်သည်။

ခေါင်းမာခြင်း

နောက်ထပ်ပုံစံတမျိုးမှာ နည်းအမျိုးမျိုးဖြင့် တဖက်ပိတ်ငြင်းခြင်း ဖြစ်သည်။ မြန်မာစစ်တပ်သည် အတွေးအခေါ် ရှေ့နောက်မညီသည့် ရှင်သန်ရေးနည်းလမ်းရှိပြီး ရှည်ကြာစွာ အပြစ်ကင်းလွတ်နေသည့် သက်ရောက်မှုကို လေ့လာရာတွင် အဓိကကျသည့် လေ့လာစရာဖြစ်သည်။ ထိုသို့ ဆိုသောကြောင့် နိုင်ငံခြားရေး ဝန်ကြီးဌာနမှ သံတမန်များအားလုံးကို အပြစ်မကင်းကြောင်း ပြောဆိုခြင်း မဟုတ်သော်လည်း ဝန်ကြီးဌာနနှင့် အင်စတီကျူးရှင်း အများအပြားကို စစ်အရာရှိဟောင်းများက နယ်ချဲ့သိမ်းပိုက်ထားသောကြောင့် ပညာပါသော သံတမန်ရေးအတွက် နယ်ပယ်နေရာ လွန်စွာ ကျဉ်းမြောင်းနေသည်။

မြန်မာဗျူရိုကရေစီ ယန္တရားတွင် လူတော်အများအပြား ရှိသည်ကို သံသယဖြစ်ရန် မလိုသော်လည်း ပညာရှင်ပီသပြီး တိုးတက်သော နိုင်ငံခြားရေး မူဝါဒကို အကောင်အထည်ဖော်ရန် လွတ်လပ်မှု မရှိပေ။ ‘မဟုတ်ပါဘူး’ ဟု ပြောဆိုငြင်းဆန်ခြင်းသည် အထက်မှ ချမှတ်ထားသည့် မပြောင်းလဲသော သဘောထား ဖြစ်သည်။

စစ်ကောင်စီ၏ ခေါင်းမာမှုကို လေ့လာရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ဆက်ဆံမှုသည် အထင်ရှားဆုံး ကိစ္စဖြစ်သည်။ လေ့လာမိသမျှတွင် ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် ချမှတ်သော ဘုံသဘောတူညီချက် ၅ ချက်မှ စတင်ပြီး အာဆီယံ အားထုတ်မှုများကို စစ်ကောင်စီက နှစ်နှစ်ကျော်ကြာ ပယ်ချခြင်းသည် မှတ်သားဖွယ်ရာ ကောင်းသည်။

စစ်ကောင်စီ၏ ခေါင်းမာမှုကို လေ့လာရာတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ကို ဆက်ဆံမှုသည် အထင်ရှားဆုံး ကိစ္စဖြစ်သည်။

အာဏာရှင် ဘုရင်နိုင်ငံ ဘရူနိုင်းနှင့် အနှစ် ၂၀ ကျော်ကြာ အရှေ့တောင်အာရှတွင် လူလည်ကျသည့် ကမ္ဘောဒီးယား အာဏာရှင် ဟွန်ဆန်တို့၏ အားထုတ်မှုများကို ပယ်ချခြင်း စသည့် ပုံစံမျိုးစုံဖြင့် ငြင်းဆန်ပယ်ချမှုသည် သံတမန်ရေးတွင် တုန်လှုပ်စရာကောင်းသော ဥပမာဖြစ်သည်။

၂၀၂၃ ခုနှစ်တွင် အာဆီယံ ဥက္ကဋ္ဌအဖြစ် အင်ဒိုနီးရှား၏ အကောင်းဆုံး ရည်ရွယ်ချက်များမှာ မရိုးသားသော အပြောင်းအလဲအတွက် ဒေသတွင်းလုပ်ငန်းစဉ်ကို ဖွင့်ပေးရန် အခွင့်အလမ်းတခု ဖြစ်သော်လည်း ပယ်ချခံရပြန်သည်။ တဖက်တွင်လည်း ထိုကိစ္စသည် စစ်ကောင်စီက အာဆီယံကို မည်သို့ စိတ်ရှုပ်အောင်လုပ်ပြီး လိမ်လည်သည်ကို လေ့လာသည့် နိုင်ငံတကာဆက်ဆံရေးတွင် စိတ်ဝင်စားစရာ ကိစ္စတခုလည်း ဖြစ်သည်။

သို့သော် မည်သည့် အဓိပ္ပာယ်နည်း။ အဓိပ္ပာယ်မှာ မည်သည့်ကိစ္စမှ အလုပ်မဖြစ်သည့် သဘောသာဖြစ်သည်။ အာဏာသိမ်းပြီးနောက်ပိုင်း ကုလသမဂ္ဂ အထူးသံတမန်နှစ်ဦးကို ဆက်ဆံပုံကို လေ့လာခြင်းသည်လည်း ထိုအချက်အတွက် ကျယ်ပြန့်သော အထောက်အထားပေးပြီး ၂၀၂၁ ခုနှစ် အာဏာသိမ်းမှု နောက်ပိုင်း ထိုအထူးသံတမန်များ၏ ဆောင်ရွက်ချက်များကို ထပ်မံဆွေးနွေးရန် မလိုတော့ပေ။

စစ်ကောင်စီသည် အနောက်နိုင်ငံသံရုံးများ၊ ကုလသမဂ္ဂ၊ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (INGOs) နှင့် များပြားလှစွာသော အခြားသူများက အများပြည်သူသို့ ထုတ်ပြန်သည့် စိုးရိမ်ပူပန်ကြောင်း ကြေညာချက်များကို ဒေါသတကြီး တုံ့ပြန်သောကြောင့် ထိုသတင်းစကားများသည် အမှန်တကယ် ထိရောက်သည်။

သို့သော် ထိုတုံ့ပြန်မှုသည် ဝေဖန်ချက်မှ အခွင့်အလမ်းယူရန် မဟုတ်ဘဲ ထိုထုတ်ပြန်ချက်များက ဆိုးကျိုးများကို ဖော်ပြရာတွင် အပေါ်စီးဆန်သည်ကို စိတ်အနှောင့်အယှက် ဖြစ်ခြင်းဖြစ်သည်။ စစ်ကောင်စီထိန်းချုပ် မီဒီယာ ဝါဒဖြန့်ချိမှုများအား ကျယ်ပြန့် အသေးစိတ်သော မြန်မာ၊ အင်္ဂလိပ်၊ ရုရှားနှင့် တရုတ်ဘာသာတို့ဖြင့် အနှစ်ချုပ် သတင်းထုတ်ပြန်ချက်များတွင် ဖော်ပြထားသောကြောင့် ထိုလုပ်ရပ်သည် စစ်ကောင်စီ၏ အရည်အချင်းကို ကာကွယ်ရန် ကြီးမားသော အားထုတ်မှုဖြစ်ကြောင်း ပြသနေသည်။

ငြင်းပယ်ပြီးရင်း ငြင်းပယ်နေခြင်းနှင့် အခြား ပကတိအခြေအနေတခု ဖန်တီးနေခြင်းသည် အမြဲတမ်း တွေ့ရသော ပုံစံဖြစ်ပြီး ထိုအခြား ပကတိအခြေအနေ တည်ဆောက်ရန်လည်း အားထုတ်မှုများစွာ လုပ်သည်။ ကုလသမဂ္ဂ အမြဲတမ်းကိုယ်စားလှယ် အရည်အချင်းစိစစ်ရေးကော်မတီသို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလတွင် ပေးပို့သည့် ရှင်းလင်းချက်ကို ကြည့်ပါ။

အချုပ်အခြာအာဏာပိုင်မှုကို ၎င်းတို့၏ ကာကွယ်မှုဆိုသည်မှာ အဖွဲ့အစည်းလိုက် သွတ်သွင်းထားသည့် ဆန့်ကျင်ဘက် အမြင်ဖြစ်သည်။

အာဏာသိမ်းပြီးနောက် ကျူးလွန်သည့် အမှားအားလုံးနှင့် ပတ်သက်သော ပြောဆိုချက်များ ကို မကျွမ်းကျင်သော်လည်း အလုပ်ဖြစ်သည့်ပုံစံဖြင့် ငြင်းပယ်သည်။ အချုပ်အခြာအာဏာပိုင်မှုကို ၎င်းတို့၏ ကာကွယ်မှုဆိုသည်မှာ အဖွဲ့အစည်းလိုက် သွတ်သွင်းထားသည့် ဆန့်ကျင်ဘက် အမြင်ဖြစ်သည်။ တင်ပြချက်များကို ပိုမိုယုံကြည်လက်ခံအောင် လုပ်နိုင်သည့် လွတ်လပ်မှုမျိုး နိုင်ငံခြားရေးဝန်ကြီးဌာနကို ပေးထားသည်ဆိုသည့် အတွေးအား စွန့်ပစ်လိုက်ပါ။ သို့သော် ထိုသို့လုပ်ရာတွင် ပိုမိုကြီးမားသည့် ရာဇဝတ်မှုများကို မှေးမှိန်စေရန် အချို့ အမှားအယွင်းများကို ဝန်ခံခြင်း ပါဝင်နိုင်သည်။ အဖွဲ့အစည်းလိုက် သွတ်သွင်းထားသည့် ခေါင်းမာမှုက ထိုသို့သော ပျော့ပျောင်းမှုမျိုးကို ခွင့်မပြုပေ။

စစ်ကောင်စီ၏ အပြုအမူ အပြောင်းအလဲကို တွေ့ရှိသူ တစုံတဦး ရှိပါသလား။ မရှိပါ။ ပဋိပက္ခဇုန်များ သို့မဟုတ် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများသို့ လူသားချင်းစာနာမှု အကူအညီ ပေးပို့ခွင့်ပေးမည်ဆိုသည့် ပိုမိုအနှစ်သာရ ကင်းမဲ့သော ကတိများသာ ရသည်။

စစ်ကောင်စီ ငြင်းဆိုမှုများကို အနီးကပ်လေ့လာခြင်းသည် အကြွင်းမဲ့ငြင်းဆန်ခြင်းသို့ ပြန်ရောက်သွားကြောင်း သိရသည်။ အသွင်ကူးပြောင်းရေး ကာလအတွင်းက တရားမျှတမှု အစီအမံများအတွက် စိတ်ပျက်စရာ ကောင်းလောက်အောင် မလုံလောက်သော်လည်း တွန့်ဆုတ်ဆုတ်နှင့် ဝန်ခံခြင်းများ အခါအားလျော်စွာ ရှိသည်။ မကြာသေးမီက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ ပဋိပက္ခနှင့်ပတ်သက်သည့် လိင်ပိုင်းအကြမ်းဖက်မှုများဆိုင်ရာ အစီရင်ခံစာကို ဇူလိုင်လက တုံ့ပြန်မှုသည် ထိုအချက်ကို ညွှန်ပြနေသည့် တုံ့ပြန်မှုတခုဖြစ်သည်။ ၎င်းတို့ကို စွဲဆိုထားသည့် စက်ဆုတ်စရာ ပြစ်မှုများ၏ လေးနက်မှုကို ဝန်ခံခြင်းမရှိဘဲ ဝေဖန်မှုကို စိတ်အနှောင့်အယှက်ဖြစ်သည့် သဘောထားသာ ပါဝင်သည်။

စစ်ကောင်စီ၏ အပြုအမူ အပြောင်းအလဲကို တွေ့ရှိသူ တစုံတဦး ရှိပါသလား။ မရှိပါ။ ပဋိပက္ခဇုန်များ သို့မဟုတ် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများသို့ လူသားချင်းစာနာမှု အကူအညီ ပေးပို့ခွင့်ပေးမည်ဆိုသည့် ပိုမိုအနှစ်သာရ ကင်းမဲ့သော ကတိများသာ ရသည်။

နိုင်ငံတကာဝေဖန်မှုများကို တရားဝင်ငြင်းဆန်မှုနှင့် တုံ့ပြန်မှုများသည် အလေ့အထ သက်သက်မျှသာ မဟုတ်ဘဲ မမျှတဟု ထင်သည့်အစိတ်အပိုင်းများလည်း ရှိသည်။ များပြားလှသော ပျက်ကွက်မှုများနှင့် စစ်ကောင်စီ ရာဇဝတ်မှုများသည် ကမ္ဘာ့ဇာတ်ခုံတွင် လွတ်လပ်စွာ ဖြတ်သန်းခွင့်ရနေကြောင်း ထင်ရှားသည်။ စစ်ကောင်စီနှင့် ဘက်စုံ ခုခံတော်လှန်ရေးအင်အားစု၏ ရက်စက်မှုများကို နှိုင်းယှဉ်ခြင်း မပြုနိုင်သော်လည်း ခုခံတော်လှန်ရေး အသိုက်အဝန်းသည် လက်နက်ကိုင်ပဋိပက္ခ၏ နည်းဥပဒေသများနှင့် လူ့အခွင့်အရေးကို လိုက်နာရန်နှင့် မည်သည့်ကျူးလွန်သူမဆို အားလုံးကို ဒဏ်ခတ်ရန် ပိုမိုအားထုတ်ရေး လိုအပ်ကြောင်း အထင်အရှား မီးမောင်းထိုးပြနေသည်။

မရိုးသားမှု

ခေါင်းမာခြင်းသည် ငြီးငွေ့စရာကောင်းလာသောအခါ အလျှော့ပေးလိုဟန်ဆောင်ခြင်းသည် ကောင်းသော အစားထိုးနည်းလမ်း ဖြစ်သည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် နိုင်ငံခြားသားများက ပြုပြင်ပြောင်းလဲရေးသမားများ မည်သူဖြစ်သည်ကို ခန့်မှန်းပြောဆိုမှု ဖြစ်စေသည် သို့မဟုတ် အနည်းဆုံး စစ်ကောင်စီသည် ပူးပေါင်းဆောင်ရွက်လိုသော သဘောသဘာဝ ရှိသည်ဟု လက်ခံစေသည်။

ထိုသို့ဖြစ်စေရန် ချော့မော့သော စကားလုံးအနည်းငယ်၊ ဟာသ၊ မြှောက်ပင့်ပြောဆိုမှုနှင့် စိတ်ရှည် ကျိုးကြောင်း ဆီလျော်သော အစိတ်အပိုင်းအချို့သာ လိုသည်။ သံအမတ်များမှသည် ကုလသမဂ္ဂ အေဂျင်စီ အကြီးအကဲများအထိ နိုင်ငံတကာကြက်ခြေနီ ကော်မတီ (ICRC) ဥက္ကဋ္ဌ၊ တရုတ်နှင့် အိန္ဒိယ သံတမန်များနှင့် အဆုံးမရှိ လာရောက်သည့် ရုရှားများအထိ ဧည့်သည်အများအပြားသည် ထိုချော့မော့သည့် နည်းလမ်းကို ကြိုးစားခဲ့ကြသည်။

စစ်ကောင်စီ၏ အပြုအမူ အပြောင်းအလဲကို တွေ့ရှိသူ တစုံတဦး ရှိပါသလား။ မရှိပါ။ ပဋိပက္ခဇုန်များ သို့မဟုတ် သဘာဝဘေးအန္တရာယ် ကျရောက်သောဒေသများသို့ လူသားချင်းစာနာမှု အကူအညီ ပေးပို့ခွင့်ပေးမည်ဆိုသည့် ပိုမိုအနှစ်သာရ ကင်းမဲ့သော ကတိများသာရသည်။

မကြာသေးမီရက်များက ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်နှင့် အရေးပေါ် ကယ်ဆယ်ရေး ညှိနှိုင်းရေးမှူး မစ္စတာ မာတင် ဂရစ်ဖစ်က မင်းအောင်လှိုင်နှင့် စစ်ကောင်စီ၏ အခြားအဆင့်မြင့် အရာရှိများကို နေပြည်တော်တွင် သွားရောက် တွေ့ဆုံခြင်းသည် ဆိုင်ကလုန်းမိုခါအလွန် ကယ်ဆယ်ရေးလုပ်ဆောင်ခွင့် လမ်းပွင့်ရန် မျှော်လင့်ချက်ကို နှိုးဆွပေးသည်။ သို့သော် မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံသောအခါ မျှော်လင့်ချက် သေဆုံးသွားသည်။

စစ်ကောင်စီသည် အနှစ်သာရကင်းမဲ့သည့် သံတမန်ရေး ယဉ်ကျေးမှုကို အမွေရထားပြီး ဧည့်သည်များကို ၎င်းတို့၏ လွန်စွာကျယ်သော အစည်းအဝေးခန်းများသို့ ခေါ်ကာ သဘောကျစေသည့် ဧည့်ခံမှု၊ အပေါစား လက်ဆောင်၊ အသုံးချသည့် ဓာတ်ပုံအခွင့်အရေးများ ပေးသော်လည်း အဓိပ္ပာယ်ရှိသည့် တိုးတက်မှု လုံးဝမပေးပေ။ သြစတြေးလျ သံအမတ်ဟောင်း မစ္စ အင်ဒရီယာ ဖေါ့ကနာသည် ၂၀၂၂ ခုနှစ်၊ ဧပြီလက နေပြည်တော်သို့ သွားရောက်သောအခါ ထိုသို့ ခံစားရသည့် အရာရှိတဦးဖြစ်သည်။ ထိုသို့သွားရောက်စဉ် မင်းအောင်လှိုင်နှင့် တွေ့ဆုံခဲ့သော်လည်း ပါမောက္ခ ရှောင်တာနဲလ် လွတ်မြောက်အောင် မလုပ်နိုင်ခဲ့ပေ။

မရိုးသားမှုသည် မြန်မာစစ်တပ်၏ မျိုးဗီဇတွင်ပါသည်။ ဦးစိုးသိန်း၊ ဦးကိုကိုလှိုင်၊ ဦးခင်ရီနှင့် စစ်ကောင်စီတွင် ပါဝင်ခဲ့သူများ အပါအဝင် အခြားသူအများအပြား၏ သံသယဖြစ်စရာ စိတ်အားထက်သန်မှုကို သဘောကျခဲ့သော ရာနှင့်ချီသည့် သံအမတ်များ၊ သတင်းသမားများ၊ အနောက်တိုင်း ကျွမ်းကျင်သူများနှင့် ဂုဏ်သရေရှိလူကြီးမင်းများကို မိမိတို့ မည်သို့ ရှင်းပြရမည်နည်း။ အချို့သံတမန်များတွင် စစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်းသည် ကျိုးကြောင်း ဆီလျော်မှု ရှိသောသူ ဖြစ်သည်ဆိုသည့် အမြင်မျိုးရှိသည့်သူများ ပါဝင်သည်။ ဆွစ်ဇာလန်နိုင်ငံသည် သူ့ကို အလိုလိုက်သော သားအဖြစ် မွေးစားရန် ဆုံးဖြတ်ထားပုံရသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) ခေါင်းဆောင် မစ္စတာ မာတင် ဂရစ်ဖစ်သ်တို့ ဩဂုတ်လ ၁၅ ရက်က နေပြည်တော်တွင် တွေ့ဆုံစဉ် / MOI

စိုးဝင်းသည် မင်းအောင်လှိုင်နှင့် ကွဲပြားခြားနားသည်ဟု ယူဆရပြီး သူ့ကို အမေရိကန် သံအမတ်ဟောင်း မစ္စတာ စကော့မာစီရယ်က အပေါ်ယံချောမွေ့ပြီး သင့်တင့်စွာ အမွှမ်းတင်ထားသော်လည်း ပြင်းထန်သော လူမျိုးရေးအမြင်ရှိသည်ဟု မကြာသေးမီက မှတ်ချက်ချခဲ့သည်။ မင်းအောင်လှိုင်သည် သံအမတ်များနှင့် ကမ္ဘာ့ခေါင်းဆောင်များကို ဆယ်စုနှစ် တခုကြာ လိမ်လည်လှည့်စား စိတ်ရှုပ်ထွေးအောင် လုပ်နိုင်သလို သူလည်း လုပ်နိုင်သည်။

မင်းအောင်လှိုင်သည် လာရောက်လည်ပတ်သည့် ဂုဏ်သရေရှိ လူကြီးမင်းများအား အပိုင်းပိုင်းပြတ်နေသည့် မြန်မာစစ်သားများ၊ ရိုဟင်ဂျာ စစ်သွေးကြွများ၏ တိုက်ခိုက်ခံရသူများ၏ ဓာတ်ပုံအယ်လ်ဘမ်များ ပေးပြီး ၎င်း၏ အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှုများအတွက် ဆင်ခြေပေးကာ ထိုသို့လုပ်ခြင်းသည် အများအပြားကို တုန်လှုပ်စေသော်လည်း ၎င်းတို့သည် အနာဂတ် အစည်းအဝေးများကို လက်ခံကြသည်။ ထိုနည်းလမ်းကို ယခုလောလောဆယ် သူအားကိုး နေနိုင်သည်။ ရှားပါးသောကြောင့် ပိုမိုတန်ဖိုးထားစေသည့် နိုင်ငံအုပ်ချုပ်ရေး သဘောတရားပုံစံသစ် ဖြစ်သည်။ သူတို့ကို ကောင်းစွာဆက်ဆံသည်ဆိုသည်မှာ စိတ်မပျက်ရန် ထိန်းသိမ်းထားသည့် သဘောသာဖြစ်သည်။

ထိုနည်းလမ်းသည် အာဏာသိမ်းပြီးနောက် ခုခံတော်လှန်ရေးကို ရင်ဆိုင်ရာတွင် စစ်ကောင်စီက စစ်မြေပြင်တွင် ကျင့်သုံးသည့် သေနင်္ဂဗျူဟာနှင့် အလားတူသော သံတမန်ရေးသာ ဖြစ်သည်။ နိုင်ငံခြားသံတမန်များ တယောက်ပြီးတယောက် လာကြသွားကြသော်လည်း အပြောင်းအလဲ မရှိသည့် မြန်မာတွင် ယခင်အတိုင်းသာ ရှိနေမည်ဆိုသည့် သဘောဖြစ်သည်။ ခေတ်မကောင်းချိန်တွင် ဆက်လက်ရှင်သန်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

နိုင်ငံခြားသံတမန်များ တယောက်ပြီးတယောက် လာကြသွားကြသော်လည်း အပြောင်းအလဲ မရှိသည့် မြန်မာတွင် ယခင်အတိုင်းသာ ရှိနေမည်ဆိုသည့် သဘောဖြစ်သည်။ ခေတ်မကောင်းချိန်တွင် ဆက်လက်ရှင်သန်ရန် ကြိုးစားနေခြင်းသာ ဖြစ်သည်။

စစ်ကောင်စီလေ့လာရေး၏ အခြား သဘောသဘာဝတခုမှာ ပိုမိုရင့်ကျက် သို့မဟုတ် အလယ်အလတ် သဘောဆောင်သူကို ယန္တရားအတွင်း ရှာဖွေခြင်း ဖြစ်သည်။ နအဖ ခေတ်နှောင်းပိုင်းနှင့် အသွင်ကူးပြောင်းရေးကာလ ၁၀ နှစ်အတွင်း အမှန်တကယ် အလုပ်လုပ်ရန် လိုသောအခါ ယခင်ဝန်ကြီးဟောင်း ဦးအောင်ကြည်ကို ပြဿနာဖြေရှင်းပေးသူအဖြစ် မကြာခဏ ပွဲထုတ်ကာ ပြဿနာတက်နေသော ဝန်ကြီးဌာနများ သို့မဟုတ် အစီအစဉ်များသို့ ရွှေ့ပြောင်းခန့်ထားသည်။ သူသည် ရှားပါးသော လူပုဂ္ဂိုလ်မျိုးဖြစ်သော်လည်း သိမြင်နိုင်သော သက်ရောက်မှုမှာ အလယ်အလတ်သာ ရှိသည်။

သို့သော် စစ်ကောင်စီအတွင်း ထိုသို့သော လူတော်လူကောင်းအခန်းမှ ပါဝင်ရန် အရည်အချင်းရှိသူ မည်သူမှ မရှိပေ။ လက်ရှိ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို အပြောင်းအလဲများသည့် ယခင်နိုင်ငံခြားရေးဝန်ကြီး အဝလွန် ဦးဝဏ္ဏမောင်လွင်ထက် ပိုမိုတည်ငြိမ်သည်ဟု မြင်ကြသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အရာရှိဖြစ်သောကြောင့် ဒုဗိုလ်ချုပ်ကြီး ရာပြည့်ကို ထိန်းချုပ်ရလွယ်ကူသည့် သို့မဟုတ် အနည်းဆုံး ချဉ်းကပ်ရ လွယ်သည့်သူအဖြစ် မြင်ကြသော်လည်း သူသည် အာဏာသိမ်းပြီးမကြာမီ အမျိုးသားလုံခြုံရေးအကြံပေး ခန့်အပ်ခံရပြီး သြဂုတ်လမှ စတင်ကာ ပြန်ထဲရေးဝန်ကြီး ဖြစ်လာသည်။ ငြိမ်းချမ်းရေးအတုလုပ်ရန် တာဝန်မှ ခုခံတော်လှန်ရေးကို နှိမ်နင်းရေးတာဝန် ပြောင်းယူသောကြောင့် စစ်ရာဇဝတ်ကောင်အဖြစ် ပိုမိုဆိုးရွားသွားစေရန် အာမခံသည့် ရာထူးဖြစ်သည်။

“အာဏာရှင်နိုင်ငံများနှင့် မည်သို့ (မ) ထိတွေ့ ဆက်ဆံမည်နည်း” ဆိုသည့် မကြာသေးမီက အစီရင်ခံစာတစောင်တွင် ထိတွေ့ဆက်ဆံရေးဘက်မှ ထောင်ချောက်အများအပြားကို ဖော်ပြထားပြီး မြန်မာနှင့် ထိတွေ့ဆက်ဆံရာတွင် မြင်သာသည့် လုံးဝတိကျသောအချက်များ ဖြစ်သည်။

ထင်ရှားသောအချက်တခုမှာ မြန်မာသို့ စေလွှတ်သည့် သံတမန်သစ်များအား အတိတ်က အမှတ်သညာတခုကို သိရှိစေရန် အကြိမ်ကြိမ် ရေးသားလေ့ကျင့်ခိုင်းသင့်သည်။ “ပြုပြင်ပြောင်းလဲရေးဟု အချိန်မတန်မီ ချီးကျူး ဂုဏ်ပြုခြင်းသည် ကြီးကြီးမားမား ပြောင်းလဲရန် မရည်ရွယ်သည့် ဖိနှိပ်သော အစိုးရများကို တရားဝင်စေသည်။ ပြုပြင်ပြောင်းလဲရေး အစိုးရများဟု ယူဆရသည့် အစိုးရများသည် အဓိပ္ပာယ်ပြည့်ဝသည့် အပြောင်းအလဲ အနည်းငယ်သာ လုပ်သေးသော်လည်း ထိုအစိုးရများကို ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီများက အလျင်စလို ချီးကျူးသည့် သဘောသဘာဝရှိပြီး စွမ်းရည်ကင်းမဲ့ ဖိနှိပ်သောအစိုးရများကို မထိုက်တန်သော တရားဝင်မှုပေးသည်” ဆိုသည့်အချက် ဖြစ်သည်။

နိုင်ငံတကာ နိုင်ငံခြားရေးမူဝါဒ အတွေးအခေါ်လောကမှ လူအများအပြားသည် မြန်မာနှင့်ပတ်သက်ပြီး အနည်းငယ်သာ နားလည်ကြသည်။ မြန်မာ့ယဉ်ကျေးမှု၊ မြေမျက်နှာသွင်ပြင်၊ ဟင်းလျာနှင့် အပြန်အလှန်ဆက်စပ်မှု စသည်တို့ကို နားမလည်ကြပေ။ ၎င်းတို့ စဉ်းစားတွေးခေါ်မှုသည် ၎င်းတို့၏ ထိပ်တန်း အကြိုက်ဆုံးအရာများနှင့် ယခင်က ရေးသားချက်များကို ထူထောင်ခြင်းသာ ဖြစ်သည်။ တက်ကြွလှုပ်ရှားသူများသည် အခြေခံကိရိယာမျိုးစုံပေးနေသည်။ ကျယ်လောင်သော ပြစ်တင်ရှုတ်ချမှုများ၊ နိုင်ငံတကာအရေးယူမှု တောင်းဆိုခြင်းများ၊ အရေးယူပိတ်ဆို့မှုများ၊ ပြင်းထန်သည့် စကားလုံးများအသုံးပြုသည့် ကြေညာချက်များ၊ ယခုအခါ ဝေးကွာသော အတိတ်က စိတ်ပျက်စရာ ဗိုလ်ချုပ်များ အသက်ဆက်ခဲ့သည့် နည်းလမ်းများကို စစ်ဆေးရန်များ ပါဝင်သည်။

နိုင်ငံတကာ နိုင်ငံခြားရေးမူဝါဒ အတွေးအခေါ်လောကမှ လူအများအပြားသည် မြန်မာနှင့်ပတ်သက်ပြီး အနည်းငယ်သာ နားလည်ကြသည်။ မြန်မာ့ယဉ်ကျေးမှု၊ မြေမျက်နှာသွင်ပြင်၊ ဟင်းလျာနှင့် အပြန်အလှန်ဆက်စပ်မှု စသည်တို့ကို နားမလည်ကြပေ။

ဖြစ်နိုင်ခြေရှိသော ချော့မော့ပြောဆိုမှု လုပ်ငန်းစဉ်သည် စိတ်ပျက်စရာကောင်းလောက်စွာ ယခုမှ ပေါ်ပေါက်လာသည် မဟုတ်ဘဲ စစ်ကောင်စီသည် ထိုနည်းကို ရွေးချယ်မှ အသုံးပြုနိုင်သည့်နည်း ဖြစ်သည်။ လတ်တလော ထိုသို့လုပ်ဖွယ် မရှိသေးသော်လည်း စစ်ကောင်စီသည် မည်သည့်အချိန်မဆို ရွေးကောက်ပွဲကို မည်သည့်နည်းဖြင့်မဆို ကျင်းပခြင်း အပါအဝင် နောက်ဆုံး အသွင်ကူးပြောင်းခြင်းတွင် နိုင်ငံတကာ ထိတွေ့ဆက်ဆံရေး အနာဂတ်တခုကို မျှော်တွေးနေပုံ ရသည်။

ထိုသို့ဆိုခြင်းသည် ဒေါသထွက်ဖွယ်ဖြစ်သော်လည်း စာရေးသူတို့သည် ရိုးသားစွာ ရှုမြင်ရမည်ဖြစ်သည်။ ထိုအခြေအနေသည် စတင်နေပြီးဖြစ်သလို စစ်ကောင်စီကလည်း သဘောပေါက်သည်။ ပထမအချက်မှာ မြင့်မားလာသည့် အကြမ်းဖက်မှုများကို ရှုတ်ချပြီးနောက် ပဋိပက္ခ ဘက်နှစ်ခုလုံးမှ ကျင့်ဝတ်ကို နှိုင်းယှဉ်ကာ ငြိမ်းချမ်းစွာ ဖြေရှင်းရန် တစုံတခု လုပ်ရမည်ဟု ပြောဆိုခြင်းမျိုး ဖြစ်သည်။

ဒုတိယအနေဖြင့် အတိုက်အခံနှင့် ၎င်းတို့၏ ကံမကောင်း အကြောင်းမလှဖြစ်စေသည့် စူးရှသော သတင်းစကားပေးပို့ခြင်း၊ ၎င်းတို့၏ အစွန်းရောက်နေသည့် အနေအထား၊ ၎င်းတို့၏ လက်နက်၊ တရားဝင် အသိအမှတ်ပြုခြင်း၊ အကူအညီများကို လက်ဝါးကြီးအုပ်ခွင့်၊ စစ်ကောင်စီနှင့် လုံးဝ မဆက်ဆံရေး စသည့် ကျိုးကြောင်းမဲ့ တောင်းဆိုမှုများကို အယုံအကြည် ကင်းမဲ့အောင် တဖြည်းဖြည်း အရှိန်မြှင့်လုပ်ဆောင်ခြင်း ဖြစ်သည်။ ထိုစကားများ အားလုံးသည် ပြည်ပမှ အကြံပေးလူတစုထံမှ ဗလုံးဗထွေး ထွက်လာသည့် စကားများဖြစ်သည်။

တတိယအချက်မှာ ထိရောက်မှု မရှိသော်လည်း အတိတ်က အသုံးပြုသည့် မရိုးသားသော ဆွေးနွေးဘက်များနှင့် သို့မဟုတ် လူယုတ်မာသစ်များနှင့် ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ရန် စစ်ကောင်စီကို အားပေးခြင်း ဖြစ်သည်။

စတုတ္ထအချက်မှာ လွန်စွာလှပလွန်းသော အင်္ဂလိပ်ကျေးလက်စံအိမ်များ သို့မဟုတ် စင်ကာပူမှ ကွန်ဖရင့်ခန်းမများတွင် ဖြစ်နိုင်ခြေရှိသော အခြေအနေများကို စဉ်းစားသုံးသပ်ရန်နှင့် ပြန်လည် ကြေအေးခြင်းအတွက် မက်လုံးများ ထုတ်လုပ်ရန် အဓိက သက်ဆိုင်သူများကို တွေ့ဆုံဆွေးနွေးမှု အများအပြား ပြုလုပ်စေခြင်းဖြစ်သည်။ (ထိုကိစ္စသည် အတော်ရှေ့တန်း ရောက်ပြီဖြစ်သည်။)

ကျင့်ဝတ်အရ သံသယရှိစရာကောင်းသော သုတေသန အဖွဲ့အစည်းများ (think tanks) သို့မဟုတ် ငြိမ်းချမ်းရေး အင်စတီကျုများ၊ ဂျာမန် stiftungs အင်စတီကျုများ၊ ဘက်စုံရိုက်နိုင်သည့် နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်များ (INGOs) စသည့်တို့ အမျိုးမျိုးကို ငွေကြေးပိုမိုထောက်ပံ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့လိုချင်သည့် ဈေးရပါက မည်သည့် ရက်စက်ကြမ်းကြုတ်မှု ယန္တရားကိုမဆို တရားဝင်အောင် လုပ်ပေးမည်ဖြစ်သည်။ (၎င်းတို့သည် ထိုကိစ္စတွင် စစ်ကောင်စီထက်ပင် ကောင်းစွာရှေ့ရောက်နေပြီး အလားအလာရှိသည့် မည်သည့် ပါဝင်ပတ်သက်ရမည့် နေရာကိုမဆို မျှော်လင့်စောင့်စားနေသည်။)

နိုင်ငံတကာ သံတမန်ရေးတွင် အတွေ့ရ အများဆုံးဖြစ်သော်လည်း အင်အားချိနဲ့စေသည့် အပြစ်အနာအဆာမှာ ရန်သူသည် မိမိစဉ်းစားသကဲ့သို့ စဉ်းစားသည်ဟု ယူဆခြင်းဖြစ်သည်။ ဆယ်စုနှစ်ပေါင်း များစွာကြာအောင် မြန်မာစစ်တပ် အသိုက်အဝန်းသည် ၎င်းတို့၏ သံတမန်ရေး ကိုယ်စားလှယ်များ အမျိုးမျိုးသော စွမ်းဆောင်ရည် ရှိသည်ဖြစ်စေ ထိုသို့သော ချဉ်းကပ်ပုံ နည်းလမ်းများကို အပြင်းအထန် ပြစ်တင်ဝေဖန်သည်။ ယခုအချိန်တွင် အချိန်မတန်သေးသည့် ကြားဝင်စေ့စပ်ခြင်းကို ပြုလုပ်ခြင်းသည် စစ်ကောင်စီကို ခက်ခဲသော အသက်ရှုပေါက် ပေးလိုက်ခြင်းပင်ဖြစ်သည်။

ယခုအချိန်တွင် အချိန်မတန်သေးသည့် ကြားဝင်စေ့စပ်ခြင်းကို ပြုလုပ်ခြင်းသည် စစ်ကောင်စီကို ခက်ခဲသော အသက်ရှုပေါက် ပေးလိုက်ခြင်းပင်ဖြစ်သည်။

နိုင်ငံတကာ အကောင်းမြင်သမားများ သို့မဟုတ် အချောင်သမားများက စစ်ကောင်စီ၏ ဆုံးဖြတ်ချက်ချသည့် လုပ်ငန်းစဉ်နှင့် ပတ်သက်ပြီး အပြုသဘောဆောင်သော ရည်ရွယ်ချက်ဖြစ်သည်ဟု အထောက်အထားမရှိ ပြောကြသည်။ ဂျာမန် ဒဿနပညာရှင် နစ်ရှေး ရေးသားခဲ့သည့်အတိုင်းဆိုပါက “၎င်းတို့သည် ရေနက်သည်ဟု ထင်စေရန် ရေကိုနောက်အောင် လုပ်ကြသည်” ဟုသာ ပြောရမည်ဖြစ်သည်။ တစုံတရာ ပိုမိုနက်ရှိုင်းသော ကျွမ်းကျင်မှု လှောင်ကန်ကို မျှော်လင့်ပြီး ကြံစည်ခြင်းနှင့် စီစဉ်ခြင်းသည် စစ်တပ်က အစွန်းရောက် အကြမ်းဖက်ခြင်းနှင့် အာဏာ ဆက်လက်ထိန်းချုပ်ရန် အခွင့်အလမ်း မျှော်လင့်ချက်တို့ကို ပေါင်းစပ်ခြင်းသာ ဖြစ်စေနိုင်သည်။

ရူးသွပ်ရာတွင် ရူးသွပ်နည်းလမ်းဟု မရှိပါ။ ရူးသွပ်ခြင်းသာ ရှိသည်။

(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ David Scott Mathieson ၏ Reappraising Myanmar Military Statecraft ကို ဘာသာပြန်သည်။ ဒေးဗစ် စကော့ မက်သီဆန်သည် မြန်မာပဋိပက္ခ၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှု ပြဿနာများကို လေ့လာနေသည့် လွတ်လပ်သော သုတေသီဖြစ်သည်။)

You may also like these stories:

ကုလ အကူအညီပေးရေး အကြီးအကဲ၏ မြန်မာပြည်ခရီးစဉ်အား အထုပ်ဖြေခြင်း

စစ်ကောင်စီကို စိတ်ဒုက္ခပေးသည့် အစီရင်ခံစာများ

မြန်မာစစ်တပ် ညှင်းပမ်းနှိပ်စက်မှုများကို စုံစမ်းစစ်ဆေးရန် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန တိုက်တွန်း

စစ်ကောင်စီတပ် စိတ်ဓာတ်ကျနေတာ သေချာလား

မြန်မာဆိုင်ရာ ကုလသမဂ္ဂရုံးများ လူသတ် စစ်ကောင်စီကို တရားဝင်မှုပေးနေ 

Your Thoughts …
Tags: INGOsစစ်ကောင်စီဆိုင်ကလုန်းမိုခါနအဖနိုင်ငံခြားရေးမူဝါဒဘုံသဘောတူညီချက် ၅ ချက်ရွေးကောက်ပွဲဝါဒဖြန့်ချိရေးသံတမန်ရေးအာဆီယံ
David Scott Mathieson

David Scott Mathieson

ဒေးဗစ် စကော့ မက်သီဆန်သည် ပဋိပက္ခ၊ လူသားချင်းစာနာမှု၊ လူ့အခွင့်အရေး ပြဿနာများနှင့် ပတ်သက်သည့် လွတ်လပ်သော သုတေသီ ဖြစ်သည်။

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဘာသာရေး အကြောင်းပြ စစ်ကောင်စီနှိပ်ကွပ်နေဟု သံဃာတော်များ မိန့်ကြား

ဘာသာရေး အကြောင်းပြ စစ်ကောင်စီနှိပ်ကွပ်နေဟု သံဃာတော်များ မိန့်ကြား

အကြမ်းဖက်လုပ်ရပ်စွန့်ကြောင်း ကမ္ဘာသိကြေညာမှ ဆွေးနွေးနိုင်မည်ဟု စစ်ကောင်စီပြော

အကြမ်းဖက်လုပ်ရပ်စွန့်ကြောင်း ကမ္ဘာသိကြေညာမှ ဆွေးနွေးနိုင်မည်ဟု စစ်ကောင်စီပြော

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved