• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အခင်အမင်မပျက်သေးတဲ့ တရုတ်နဲ့ NLD ဆက်ဆံရေး

by ဧရာဝတီ
14 September 2021
in ဆောင်းပါး
A A
၂၀၂၀ ဇန်နဝါရီလတွင် နေပြည်တော်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်စဉ် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့က နွေးထွေးစွာ လက်ခံကြိုဆိုခဲ့စဉ်

၂၀၂၀ ဇန်နဝါရီလတွင် နေပြည်တော်သို့ တရုတ်သမ္မတ ရှီကျင့်ဖျင် လာရောက်စဉ် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့က နွေးထွေးစွာ လက်ခံကြိုဆိုခဲ့စဉ်

37.8k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ကောင်စီ၏ ကိုယ်စားလှယ်ကို ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ အသိအမှတ်မပြုဘဲ ဦးကျော်မိုးထွန်းကို ယာယီ ဆက်လက်အသိအမှတ်ပြုရန် အမေရိကန်နှင့် တရုတ်တို့ အကြား သဘောတူညီမှု ရထားကြောင်း အမေရိကန် အခြေစိုက် နိုင်ငံခြားရေးရာ မူဝါဒစာစောင် Foreign Policy က ရေးသည်။

ယင်းကိစ္စကို ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံကြား သီတင်းပတ် တချို့ကြာ အချိန်ယူပြီး ကြိတ်ဆွေးနွေးနေခဲ့ကြကြောင်း သတင်းက ဆိုသည်။

၎င်းဆုံးဖြတ်ချက် အတည်ဖြစ်ပါက ကုလသမဂ္ဂ ကိုယ်စားလှယ် ဆုံးဖြတ်ရေးကော်မတီပါ တရုတ်နိုင်ငံ၏ ရပ်တည်ချက်သည် လုံခြုံရေးကောင်စီမှာကဲ့သို့ စစ်ကောင်စီအား အခိုင်အမာ မထောက်ခံတော့ဘဲ ကြားနေသဘောဆောင်လာပုံပေါ်သည်။

တရုတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ပြောင်ပြောင်တင်းတင်း ဆက်လက် အသိအမှတ်ပြု ဆက်ဆံလာနေသည်။

သို့သော် ဦးကျော်မိုးထွန်းကို လက်ရှိနေရာတွင် နိုဝင်ဘာလအထိ ဆက်ထားမည်ဆိုခြင်းမှာ ဦးကျော်မိုးထွန်း ယခု ကိုယ်စားပြုနေသော အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုယ်စားလှယ်အဖြစ် လက်ခံလိုက်ခြင်း မဟုတ်ဘဲ ဦးကျော်မိုးထွန်းကို လက်ရှိနေရာသို့ ပို့ဆောင်ခဲ့သော ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရ၏ ကိုယ်စားလှယ်အဖြစ်သာ အသိအမှတ်ပြုခြင်းဟု နားလည်ရသည်။

ယခုလို တရုတ်၏ သဘောထား ရပ်တည်ချက်သည် မကြာသေးမီရက်များအတွင်း တရုတ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကို ပြောင်ပြောင်တင်းတင်း ဆက်လက် အသိအမှတ်ပြု ဆက်ဆံလာနေမှု၏ နောက်ဆက်တွဲလည်း ဖြစ်သည်။

တရုတ်ကွန်မြူနစ်ပါတီက ဦးဆောင်ပြီး စက်တင်ဘာလ ၉ ရက်တွင် အွန်လိုင်းကတဆင့် ပြုလုပ်သည့် တရုတ်ကွန်မြူနစ်ပါတီ (CPC) နှင့် အရှေ့တောင်အာရှ၊ တောင်အာရှနိုင်ငံများမှ နိုင်ငံရေးပါတီများ တွေ့ဆုံပွဲအား NLD ပါတီကို တရုတ်ဘက်က ဖိတ်ကြားခဲ့သည်။

ထို့ အတူ တရုတ်ကွန်မြူနစ်ပါတီ နှစ် (၁၀၀) ပြည့်အခမ်းအနားသို့ NLD ဘက်က ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး တရုတ်ကွန်မြူနစ်ပါတီကလည်း အပြန်အလှန်အနေနှင့် NLD ကို ကျေးဇူးတင်ကြောင်း စာပြန်ပို့ခဲ့သည်။

တရုတ်နိုင်ငံသည် စစ်ကောင်စီဘက်က NLD ပါတီကို ဖျက်ရန် ပြင်ဆင်နေစဉ်တွင် ထိုသို့ ဆက်ဆံနေခြင်းသည် မည်သည့်အတွက်ဖြစ်သနည်းဆိုသည်မှာ စိတ်ဝင်တစား စူးစမ်းဖွယ်ရာ ဖြစ်လာသည်။

နွေးထွေးနေဆဲ ဆက်ဆံရေး

ဩဂုတ်လ ၂၁ မှ ၂၈ ထိ တပတ်ကြာ တိုးတိုးတိတ်တိတ် နေပြည်တော် ခရီးစဉ်တွင် တရုတ်အထူးသံတမန် မစ္စတာ ဆွန်ကော့ရှန်က စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံထားရသည့် NLD ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ပေးရန် တောင်းဆိုခဲ့ရာ စစ်ကောင်စီက လက်မခံဘဲ ပယ်ချခဲ့ကြောင်း သိရသည်။

တရုတ်နိုင်ငံက NLD ဖျက်သိမ်းခံရမည့် အခြေအနေကို မလိုလားကြောင်း စစ်ကောင်စီဘက်ကို ပြောထားပြီးနောက် တရုတ်အထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဉ်ပေါ်လာခြင်းဖြစ်ပြီး ယင်းခရီးစဉ်အတွင်း တရုတ်သံတမန်၏ တောင်းဆိုမှုကို စစ်ကောင်စီဘက်က ငြင်းပယ်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ်လ ၁၂ ရက်က စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်တို့ အွန်လိုင်းမှ တဆင့် တွေ့ဆုံခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင် မစ္စတာချန်ဟိုင်က စစ်ကောင်စီကို မြန်မာအစိုးရဟု စခေါ်ပြီး NLD ပါတီ ဖျက်သိမ်းရေး မလိုလားကြောင်းကိုပါ စကားပါးခဲ့သည်။

တရုတ်သံအမတ်ကြီး ချန်ဟိုင်က စစ်ကောင်စီကို မြန်မာအစိုးရဟု စခေါ်ပြီး NLD ပါတီ ဖျက်သိမ်းရေး မလိုလားကြောင်းကိုပါ စကားပါးခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CPC) က ၎င်းတို့ပါတီ နှစ် ၁၀၀ ပြည့်အထိမ်းအမှတ်အတွက် ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ ထားသော NLD ပါတီအပေါ် ကျေးဇူးတင်ကြောင်း ပြန်လည်ပေးပို့ ထားသည့် စာတွင်လည်း NLD နှင့်ပတ်သက်ပြီး တရုတ်က လိုလားသည့် ဆက်ဆံရေးအခြေအနေကို ဖော်ပြထားသည်။

အဆိုပါ စာတွင် NLD ကို တရုတ်ကွန်မြူနစ်ပါတီက အဆွေတော်ဟု ခေါ်ထားပြီး CPC နှင့် NLD သည် ခင်မင်ရင်းနှီးစွာ ဆက်ဆံခဲ့ကာ တရုတ်- မြန်မာ ဆက်ဆံရေး ချောမော ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ကြောင်း ဖော်ပြထားသည်။

ယင်းကျေးဇူးတင်လွှာနှင့် ပတ်သက်ပြီး နှစ်နိုင်ငံ ပြည်သူများ၏ အကျိုးစီးပွားရှေးရှုသည့် ဆက်ဆံရေးမျိုး ဦးတည်သော သဘောထားဖြစ်သည့်အတွက် လေးစားကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က ပြောသည်။

မြန်မာနိုင်ငံတွင် တရုတ်၏ အကျိုးစီးပွားအတွက် အကောင်အထည်ဖော်ရန် ဒေါ်လာဘီလီယံနှင့်ချီသည့် အခြေခံအဆောက်အဦ စီမံကိန်းများ ရှိနေပြီး အဆိုပါစီမံကိန်းများ လုံခြုံစွာ အကောင်အထည်ဖော်ရန် လူထုထောက်ခံမှုရှိသည့် NLD နှင့် ရင်းရင်းနှီးနှီး ဆက်ဆံနေခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။

တရုတ်က စစ်ကောင်စီကိုသာ တဖက်သတ် ထောက်ခံနေပါက အရေးအပါဆုံးနှင့် ကြိုတင်ခန့်မှန်းနိုင်သော ကိစ္စမှာ ရွေးကောက်ခံခေါင်းဆောင်များနှင့် တရုတ်က ဆယ်စုနှစ်တခုကြာ ပြုစုပျိုးထောင်ခဲ့သော ဆက်ဆံရေး ပျက်ဆီးရမည်

ပြီးခဲ့သည့်နှစ်က တရုတ်သမ္မတ ရှီကျင့်ဖျင်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း တရုတ်အစိုးရနှင့် ဖြုတ်ချခံ NLD အစိုးရတို့က ကျောက်ဖြူ အထူးစီးပွားရေးဇုန်၊ မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော်တွင် ရန်ကုန်မြို့သစ်နှင့် ရှမ်းနှင့် ကချင်ပြည်နယ်များရှိ မြန်မာ-တရုတ် နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဇုန်မများ အပါအဝင် တရုတ်-မြန်မာ စီးပွားရေး စင်္ကြန် CMEC စီမံကိန်းများကို အရှိန်မြှင့်ရန် သဘောတူခဲ့သည်။

စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော မြန်မာနိုင်ငံမှ ဖရိုဖရဲအခြေအနေများသည် တရုတ်-မြန်မာဆက်ဆံရေး သွင်ပြင်လက္ခဏာများ အားလုံးကို ထိခိုက်စေသည်။ အကယ်၍ တရုတ်က စစ်ကောင်စီကိုသာ တဖက်သတ် ထောက်ခံနေပါက အရေးအပါဆုံးနှင့် ကြိုတင်ခန့်မှန်းနိုင်သော ကိစ္စမှာ ရွေးကောက်ခံခေါင်းဆောင်များနှင့် တရုတ်က ဆယ်စုနှစ်တခုကြာ ပြုစုပျိုးထောင်ခဲ့သော ဆက်ဆံရေး ပျက်ဆီးရမည်ဖြစ်ပြီး မြန်မာပြည်သူအများစုအကြား ရှိနှင့်နေပြီးသား တရုတ်ဆန့်ကျင်ရေးစိတ်ဓါတ် ထိန်းမရအောင် မြင့်မားလာမည်ကို တရုတ်က တွက်ချက် နားလည်ထားပုံ ရသည်။

တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် နေထိုင်သည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကလည်း တရုတ်ကွန်မြူနစ်ပါတီသည် NLD နှင့် ထိတွေ့ ဆက်ဆံပြီး NLD ပါတီဖျက်သိမ်းရေးမလိုလားကြောင်း သတင်း စကားပါးလိုက်ခြင်းသည် မြန်မာနိုင်ငံသူနိုင်ငံသားများ၏ စိတ်အညှာကို ကိုင်လိုက်ခြင်းပင် ဖြစ်ကြောင်း ဆိုသည်။

“NLD က ဗမာပြည်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲခိုးမှု ဘာညာ စွပ်စွဲခံနေရပေမယ့် ဗမာပြည်သူလူထုရဲ့ ထောက်ခံမှုကို ရထားတဲ့ ပါတီတရပ် ဖြစ်တယ်။ အဲဒီတော့ ဒီပါတီကို လှမ်းပြီး ကာကွယ်ပေးတာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာပေါ့။ အခုက ဗမာပြည်သူတွေက တရုတ် ဆန့်ကျင်ရေးလည်း တစုံတရာ တော်တော်များနေတဲ့အချိန်မှာ သူက ဗမာပြည်သူတွေရဲ့ ဆန္ဒကို လေးစား အသိ အမှတ်ပြုပါတယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ” ဟု ၎င်းက မှတ်ချက်ပေးသည်။

NUG နှင့် NLD ကို ခွဲခြား ဆက်ဆံ

NLD နှင့် ရင်းနှီးစွာ အပြန်အလှန်ဆက်ဆံသော်လည်း တရုတ်နိုင်ငံသည် NLD မှ ရွေးကောက်ပွဲအနိုင်ရ အမတ်အများစုဖြင့် ဖြစ်ပေါ်လာသော အမျိုးသားညီညွတ်ရေးအစိုးရ NUG ကိုမူ တစုံတရာ ထိတွေ့ ဆက်ဆံမှု ပြုလုပ်သည် မရှိပေ။

ထို့အတွက်ကြောင့် NUG က တရုတ်၏ လုပ်ရပ်ကို စိုးရိမ်ကြောင်း ဇွန်လ ၇ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီထံ စာပေးပို့ခဲ့သည်။

တရုတ်နိုင်ငံ ချုံကင်းမြို့တွင် တရုတ်–အာဆီယံ နှစ် ၃၀ ပြည့် အထိမ်းအမှတ် ဆွေး‌နွေးပွဲ ပြုလုပ်နေစဉ် နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှတဆင့် အိတ်ဖွင့်ပေးစာတစောင် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

တရုတ်သံရုံးက သတင်းထုတ်ပြန်ရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံ ခေါင်းဆောင် အဖြစ် ဖော်ပြထားသည့်အပေါ် NUG က အလေးအနက် ရှုတ်ချကြောင်း ပြောဆိုထားသည်။

အဆိုပါ ဆွေးနွေးပွဲကို စစ်ကောင်စီ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် သွားတက်ရောက်ခဲ့ပြီး NUG ဘက်က တက်ရောက်ခွင့် မရရှိခဲ့သောကြောင့်ဖြစ်သည်။

RelatedPosts

သဇင်ပန်း

သဇင်ပန်း

10 January 2026
14
လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

လူထုဆန္ဒအနည်းဆုံးနဲ့ ထွက်ပေါ်လာမယ့် ချင်း-ရခိုင်က အစိုးရနဲ့လွှတ်တော်များ

8 January 2026
113
မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

8 January 2026
4.2k

ဒေါ်ဇင်မာအောင်၏ ပေးစာတွင် တရုတ်နှင့် အာဆီယံက မြန်မာ့အရေးဆောင်ရွက်ရာ၌ လူထုထောက်ခံသည့် NUG ကို ဘေးဖယ်ထားမှုအပေါ် မလိုလားကြောင်း အချက် ၃ ချက်ဖြင့် ထောက်ပြထားပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ရာတွင် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာနိုင်ငံ ခေါင်းဆောင် အဖြစ် ဖော်ပြထားသည့်အပေါ် အလေးအနက် ရှုတ်ချကြောင်း ပြောဆိုထားသည်။

စစ်ကောင်စီက လက်ရှိတွင် ၎င်းကို ဆန့်ကျင်တော်လှန်နေသည့် NUG နှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPH) ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာထားပြီး အပြန်အလှန်အားဖြင့် NUG ကလည်း စစ်ကောင်စီကို တနိုင်ငံလုံး ဆန့်ကျင်တော်လှန်ရန် တပ်လှန့်ထားသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကမူ တရုတ်သည် မြန်မာ့အရေးတွင် အပြုသဘောကြားဝင် စေ့စပ်ပေးမည်ဟု ပြောထားသဖြင့် ဘက်မလိုက်ဘဲ စေ့စပ်နိုင်မည့် အနေအထားကို ယူသည့်အနေနှင့် NUG ကို ထိတွေ့ဆက်ဆံမှု မလုပ်ခြင်းဖြစ်ကြောင်း ဆိုသည်။

တရုတ်ဘက်က စစ်ကောင်စီနှင့် NLD အကြား ဆက်ဆံရေးကို မယုတ်မလွန်ထားရှိပြီး ၂ ဖက်လုံးနှင့်ဆက်ဆံနေ သော်လည်း မြန်မာစစ်ခေါင်းဆောင်များကမူ တရုတ်၏ လုပ်ရပ်ကို နှစ်သက်လိမ့်မည်မဟုတ်

“တရုတ် အနေနဲ့ကလည်း စစ်ကောင်စီ စိတ်မသက်မသာ ဖြစ်စေမယ့် ကိစ္စ လုပ်ချင်ပုံမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က စစ်ကောင်စီနဲ့ NLD ကြား တခြား အင်အားစုတွေကြား သမာသမတ်ကျတဲ့အနေနဲ့ ကြားဝင်ချင်တာ ဖြစ်တဲ့အတွက် တတ်နိုင်ရင် ကြားမှာပဲ နေချင်တဲ့ သဘောရှိတယ်။ ဟိုဘက် ဒီဘက် လိုက်တယ်လို့ မထင်အောင်ပေါ့ဗျာ။ NUG ဘက်က ဒီထက်ပိုပြီး အင်အားတောင့်လာလို့ ဒီထက်ပိုပြီး လုပ်ကိုင်လာနိုင်ရင်တော့ တရုတ်ဘက်က ဆက်ဆံကောင်း ဆက်ဆံလာနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

တရုတ်ဘက်က စစ်ကောင်စီနှင့် NLD အကြား ဆက်ဆံရေးကို မယုတ်မလွန်ထားရှိပြီး ၂ ဖက်လုံးနှင့်ဆက်ဆံနေ သော်လည်း မြန်မာစစ်ခေါင်းဆောင်များကမူ တရုတ်၏ လုပ်ရပ်ကို နှစ်သက်လိမ့်မည်မဟုတ်ကြောင်း လေ့လာသူများက သုံးသပ်သည်။

သို့သော်လည်း တရုတ်၏ဆန္ဒကို ဆန့်ကျင်ကာ NLD ဖျက်သိမ်းရေး စစ်ကောင်စီဘက်က ဆက်လုပ်မည် မလုပ်မည်ဆိုသည်မှာ လတ်တလော ထင်ရှားစွာ ရှေ့တိုးလုပ်ဆောင်ခြင်းကို မတွေ့ရသော်လည်း မြန်မာ စစ်တပ်၏ ထုံးစံအတိုင်း မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ NLD ဖျက်သိမ်းရေး ရှေ့တိုးလုပ်ဆောင်ခဲ့လျှင် မည်သို့လုပ်မည်မှာလည်း မေးစရာ ရှိနေသေးသည်။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာတင်မောင်သန်း (သင့်ဘဝ) ကမူ တရုတ်ကွန်မြူနစ်ပါတီနှင့် NLD အကြား ရင်းနှီးသည့် ဆက်ဆံရေး ရှိနေသော်လည်း တရုတ်ကွန်မြူနစ်ပါတီသည် မိတ်ဖက်ပါတီများကို မည်မျှကူညီပြီး မည်မျှရပ်တည်ပေးမည်ဆိုသည့် သဘောထားမှာ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်း ဆိုသည်။

“မေးစရာရှိတာက တရုတ်ကွန်မြူနစ်ပါတီက NLD အတွက် ဘယ်လောက်အထိ ရပ်တည်ပေးမလဲဆိုတာက စိတ်ဝင်စားစရာမေးခွန်းပေါ့။ သူ့ကို စာပို့လို့ ကိုယ့်ကို စာပို့တဲ့ အပေါ်ယံဆက်ဆံရေးမျိုးပဲလားပေါ့။ နိုင်ငံရေးသဘော ရှိလိမ့်မယ်လို့တော့ ထင်တယ်” ဟု ၎င်းက ဆိုသည်။

You may also like these stories:

တရုတ် အထူးသံတမန်ရဲ့ မြန်မာပြည်ခရီးစဉ်ကို စစ်ကောင်စီ ဘာကြောင့် ထိန်ချန်ခဲ့သလဲ

မြန်မာနိုင်ငံ ဖရိုဖရဲ အခြေအနေက တရုတ်အတွက် အိပ်မက်ဆိုး ဖြစ်သည်

NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ

တရုတ်က NLD ဖျက်သိမ်းခံရမှာကို မလိုလား

မြန်မာစစ်ကောင်စီနှင့် တရုတ် စီးပွားရေး ဆက်လုပ်မည်ဟု MRTV ထုတ်လွှင့်

Your Thoughts …
Tags: စစ်ကောင်စီတရုတ်နဲ့ NLD ဆက်ဆံရေးအခင်အမင်မပျက်ဦးကျော်မိုးထွန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / နိုင်ငံတော် အတိုင်ပင်ခံရုံး

ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ပြန်သက်သာလာ၊ အမှု စွဲချက်တင်/မတင် ရှေ့တပတ်အမိန့်ချမည်

ရန်ကုန်မြို့တနေရာက တယ်လီနော၏ သုံးစွဲသူဝန်ဆောင်ရေး ဌာနတခု / ဧရာဝတီ

တယ်လီနောမြန်မာရဲ့ အရောင်းအဝယ် မရေမရာဖြစ်နေသေး

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved