• English
Tuesday, September 26, 2023
No Result
View All Result
NEWSLETTER

28 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ဝင်ငွေခွန်ကောက်မည့်အပေါ် ထိုင်းရောက် အလုပ်သမားများ လက်မခံ

    စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

    စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    တရုတ်-မြန်မာနယ်စပ်တွင် နိုင်ငံကူးလက်မှတ်ဖြင့် ဝင်ထွက်ခွင့် ပြုမည်

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    စစ်ကိုင်းတိုင်း၌ စစ်ခုံရုံးဖြင့် အမိန့်ချခံရသူ ၂၅၃ ဦးထိ ရှိလာ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

    Trending Tags

      • All
      • Crime
      • Development
      • Environment
      • Ethnic Issues
      • Human Rights
      • Military
      • Obituary
      • Politics
      • Religion
      • Women
      • သတင်းတို
    • ဆောင်းပါး
    • စီးပွားရေး
    • အာဘော်
      • All
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
      • အယ်ဒီတာ့အာဘော်
      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      NUG အပေါ် တိုင်းရင်းသားများ ယုံကြည်မှု ရှိ မရှိ ခြေရာခံခြင်း

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      ထိုင်းအစိုးရသစ် နိုင်ငံရေးဟောင်းကိုသာ ဆက်လုပ်မည်

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      မဏိပူရ လူမျိုးရေးပဋိပက္ခနှင့် မြန်မာ့ဒီမိုကရေစီ အကျပ်အတည်း

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      “နိုင်ငံမဲ့ဖြစ်ခဲ့ရတယ်” ဆိုတဲ့ အလှမယ် စန်းမြှာဦး

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      စင်ကာပူသမ္မတ ရွေးကောက်ပွဲရလဒ် ဘာကြောင့် နိုင်ငံရေးအရ အရေးပါလဲ

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      မြန်မာ့စီးပွားရေး “ကပ်ဆိုးကြီး” ဆိုက်နေဟု ဒေါက်တာရှောင်တာနဲလ် ပြော

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      NUG နှင့် ထိုင်း အနာဂတ် ဆက်ဆံရေးကို တွေးမြင်ခြင်း

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      ရှီကျင့်ဖျင် G20 အစည်းအဝေး မတက်တာ ဘာကြောင့်လဲ

      • All
      • အယ်ဒီတာ့အာဘော်
      • သူ့အတွေး သူ့အမြင်
      • အင်တာဗျူး
    • Lifestyle
      • All
      • Automobile
      • Coronavirus Update
      • Culture
      • Education
      • Entertainment
      • Event
      • Food
      • Health
      • Travel
      • Trend
      • အားကစား
      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ပင်ဒိုရာအိုး ပွင့်ပြီး ဟားပီးဇ်တို့ ပျံလာချိန်

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ရုပ်ရှင်ထုတ်လုပ်ရေး အမည်များ ပြောင်းလဲထုတ်လုပ်လာသည့် စစ်ခေါင်းဆောင် သမီး

      ကုသိုလ်ဆက်

      ကုသိုလ်ဆက်

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အင်းဝရှေးဟောင်းဒေသ ခရီးသွားလုပ်ငန်း နာလန်ထူနိုင်ပါ့မလား

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      အချစ်ဆိုတာ အသစ်အသစ် ဖြစ်နိုင်သလား…

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      ရသသစ်၊ အလှသစ်၊ ရင်ခုန်မှု မျှဝေ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      စားနပ်ရိက္ခာပြတ်လာသဖြင့် တမူးမြို့ကို စွန့်ခွာသူများရှိလာ

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      တရုတ်ခရီးသွားတွေ ပြန်လာတော့မလား

      မြင်းရိုင်းစီးခြင်း

      မြင်းရိုင်းစီးခြင်း

      Trending Tags

        • All
        • Entertainment
        • Event
        • Travel
        • Food
        • Trend
        • Culture
        • Health
        • Coronavirus Update
        • Automobile
        • အားကစား
      • Cartoon
      • Photo Essay
      • Women & Gender
      • Labor Rights
      • Election
      • Organized Crime Guide
      • Donate

          Home အာဘော် အင်တာဗျူး

          NLD ကို တရုတ် ကာကွယ်တာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်တာ

          by ဧရာဝတီ
          1 September 2021
          in အင်တာဗျူး
          Reading Time: 1 min read
          A A
          တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇော  / ၂၀၂၀ ဇန်နဝါရီလအတွင်း နေပြည်တော်သို့ လာရောက်သော တရုတ်သမ္မတ ရှီကျင့်ဖျင်အား ဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ကြိုဆိုလက်ခံခဲ့ကြစဉ် 

          58.4k
          VIEWS
          Share on FacebookShare on Twitter

          မကြာသေးမီ ရက်ပိုင်းက တရုတ်ကွန်မြူနစ်ပါတီက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဗဟိုအလုပ်အမှု ဆောင်ကော်မတီထံ ဇူလိုင် ၂၁ ရက်တွင် ပေးပို့ခဲ့သည့် စာတစောင် လူမှုကွန်ရက်တွင် ပေါ်ထွက်လာသည်။

          အဆိုပါ စာ၌ တရုတ်ကွန်မြူနစ် ပါတီနှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပေးပို့လာသည့် NLD ပါတီအပေါ် တရုတ်ကွန်မြူနစ် ပါတီက ကျေးဇူးတင်ကြောင်း ရေးသားထားသည်။

          RelatedPosts

          အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

          အဂတိစွဲချက်များကြောင့် စစ်ကောင်စီ ပြင်ဆင်ဖွဲ့စည်း

          26 September 2023
          2k
          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          အဝေးရောက်မြန်မာများ ဇာတိမြေမှ ဒီမိုကရေစီတိုက်ပွဲနှင့် တသားတည်းရှိ

          26 September 2023
          430
          စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

          စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

          26 September 2023
          7.9k

          ဩဂုတ် ၁၂ ရက်က စစ်ကောင်စီခန့် နိုင်ငံခြားရေး ဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ချန်ဟိုင်တို့ အွန်လိုင်းမှတဆင့် တွေ့ဆုံခဲ့သည့် တွေ့ဆုံဆွေးနွေးပွဲတွင်လည်း မစ္စတာချန်ဟိုင်က စစ်ကောင်စီကို မြန်မာအစိုးရဟု စခေါ်ပြီး NLD ပါတီ ဖျက်သိမ်းရေး မလိုလားကြောင်း ပြောသည်။

          အာဏာသိမ်း မြန်မာစစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) က NLD ပါတီကို ဖျက်ပစ်ရမည်ဟု ပြောထားပြီးနောက် တရုတ်ဘက်က NLD ပါတီဖျက်ရေး မလိုလားကြောင်း ပြသလာခြင်းသည် မည်သည့် အကြောင်းကြောင့် ဖြစ်သနည်း။

          အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ပိုမိုသိရှိနိုင်ရန် တရုတ်နိုင်ငံ ယူနန်ပြည်နယ်တွင် ရှိနေသည့် နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇောအား ဧရာဝတီ သတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

          NLD က ဗမာပြည်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲခိုးမှု ဘာညာ စွပ်စွဲခံနေရပေမယ့် ဗမာပြည်သူလူထုရဲ့ ထောက်ခံမှုကို ရထားတဲ့ ပါတီတရပ် ဖြစ်တယ်။ အဲဒီတော့ ဒီပါတီကို လှမ်းပြီး ကာကွယ်ပေးတာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်ပေါ့။

          မေး ။ ။ တရုတ်က စစ်ကောင်စီကို အစိုးရလို့ အသိအမှတ်ပြုပြီး NLD (အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်) ပါတီကို ဖျက်တာကို မလိုလားကြောင်း စကားပါးလိုက်တာက ဘာသဘောပါလဲ။

          ဖြေ။ ။ ကျမ ကြည့်တာတော့ အဲဒီသတင်းမှာ တရုတ်အစိုးရက စစ်ကောင်စီကို ပေးချင်တဲ့ သတင်းစကားတွေ ပါတယ်။ သဘောကတော့ ခင်ဗျားတို့ အစိုးရအဖွဲ့ကို အသိအမှတ်ပြုစေချင်ရင် အရင်တုန်းက ရှိတဲ့ စာချုပ်စာတမ်းတွေ အတိုင်း ဆက်လုပ်စေချင်ရင် ဆိုပြီး စကားပါးလိုက်တာပေါ့။ စကားပါးရတဲ့ ရည်ရွည်ချက်ကိုက တရုတ်အစိုးရဟာ ဗမာပြည် တည်ငြိမ်အေးချမ်းဖို့ သဘောကျတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒါက သူ့ရဲ့ အကျိုးစီးပွားနဲ့လည်း တိုက်ဆိုင်တာကိုး။

          တရုတ်နိုင်ငံ ယူနန်ပြည်နယ်ရှိ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ လှကျော်ဇေ

          သူ့ရဲ့ မဟာဗျူဟာ ရည်မှန်းချက်ဖြစ်တဲ့ ပိုးလမ်းမကြီးဟာ ဗမာပြည်တည်ငြိမ်မှ ဆက်လုပ်လို့ရမှာ။ ဒါကြောင့် ဗမာပြည် တည်ငြိမ်စေချင်တယ်။ ဗမာပြည် တည်ငြိမ်စေချင်ရင် စစ်တပ်တခုတည်းကိုပဲ အားထားလို့ မဖြစ်ဘူး ဆိုတာကိုလည်း သူက သိတယ်။ ဒါကြောင့်မို့ သူက အာဆီယံနဲ့ ပူးပေါင်းပြီးတော့ ဗမာပြည်မှာ ရှိတဲ့ အဖွဲ့အားလုံးပါတဲ့ တွေ့ဆုံ ဆွေးနွေး ညှိနှိုင်း အဖြေရှာရေးကို တွန်းနေတာ။

          အဲဒီမှာ ဘာဖြစ်လို့သူက NLD ကို ထည့်ပြောရသလဲဆိုတော့ NLD က ဗမာပြည်မှာ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲခိုးမှု ဘာညာ စွပ်စွဲခံနေရပေမယ့် ဗမာပြည်သူလူထုရဲ့ ထောက်ခံမှုကို ရထားတဲ့ ပါတီတရပ် ဖြစ်တယ်။ အဲဒီတော့ ဒီပါတီကို လှမ်းပြီး ကာကွယ်ပေးတာဟာ ဗမာပြည်သူတွေရဲ့ စိတ်အညှာကို ကိုင်လိုက်ပေါ့။ အခုက ဗမာပြည်သူတွေက တရုတ် ဆန့်ကျင်ရေးလည်း တစုံတရာ တော်တော်များနေတဲ့အချိန်မှာ သူက ဗမာပြည်သူတွေရဲ့ ဆန္ဒကို လေးစား အသိ အမှတ်ပြုပါတယ်ဆိုပြီး သတင်းစကားပါးတဲ့ အဓိပ္ပာယ်ပါပဲ။

          မေး။ ။ NLD က တရုတ်ကွန်မြူနစ် ပါတီ နှစ် ၁၀၀ ပြည့် အခမ်းအနားကို ဂုဏ်ယူ ဝမ်းမြောက်ကြောင်း သဝဏ်လွှာ ပို့ခဲ့တာ ရှိတယ်။ တရုတ်ကွန်မြူနစ် ပါတီဘက်ကလည်း NLD အပေါ် ကျေးဇူးတင်ကြောင်း စာပြန်ပို့ခဲ့တာ ရှိပါတယ်။ ဒီစာက တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ပါတီကြား ဆက်ဆံရေးကို ဘယ်လောက် ထင်ဟပ်ပါသလဲ။

          ဖြေ ။ ။ အခုနောက်ပိုင်း တရုတ်ကွန်မြူနစ်ပါတီရဲ့ ပြောဆိုပုံတွေ လုပ်ဟန်တွေက တော်တော်ပြောင်းတယ်။ သမရိုးကျ ကွန်မြူနစ်ပါတီ တရပ်ရဲ့ သဘောမျိုး မဟုတ်တော့ဘူး။ အရင်တုန်းက တရုတ်ကွန်မြူနစ်ပါတီက လူတန်းစား သဘောတရားမှာပဲ အခြေခံပြီးတော့ ပါတီတွေကို ဆက်ဆံတာ များတယ်။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ထူးခြားချက်က ဘာလဲဆိုရင် သမရိုးကျ ကွန်မြူနစ် အတွေးအခေါ်တွေကနေ တော်တော်ကွာလာတယ်။ တော်တော်ဝေးလာတယ်။ သူတို့ ကိုယ်တိုင်ကလည်း ၂၁ ရာစုရဲ့ မက်စ်ဝါဒကို ရှာဖွေတီထွင်နေတယ်လို့ ပြောတယ်။ သူက တကမာ္ဘလုံးမှာရှိတဲ့ နိုင်ငံရေးပါတီတွေ အားလုံးကို ဖိတ်ပြီး ဆက်ဆံတာ။

          ၂၀၂၀ က ဒေါ်စုတို့ လာတက်တဲ့ ပွဲဆိုရင် ဒေါ်စုတို့ ဒေါက်တာဇော်မြင့်မောင်တို့ တက်သလိုပဲ ကြံ့ခိုင်ဖွံ့ဖြိုးရေးက ဦးသန်းဌေးတို့လည်း တက်တာပဲ။ သူက အားလုံးကို ဖိတ်ပြီးတော့ နိုင်ငံရေးအမြင်တွေ ဖလှယ်တယ်။ ဆင်းရဲမှုပပျောက်ရေး ပြတိုက်တွေ ဘာတွေခေါ်သွားပြီး ပြတယ်။

          NLD ကိုလည်း ဆက်ဆံတယ်။ ကြံ့ခိုင်ရေးကိုလည်း ဆက်ဆံတယ်။ တိုင်းရင်းသားပါတီတွေကိုလည်း ဖိတ်ပြီး ဆက်ဆံတယ်။ သူက နိုင်ငံတကာမှာ သူ့ပုံရိပ်ကို အာဏာပျော့ (Soft Power) နဲ့ စည်းရုံးတာပေါ့။

          အဓိက ကတော့ ကမာ္ဘ့ အုပ်ချုပ်မှုစနစ်ကြီးကို Globalization (ကမာ္ဘလုံးဆိုင်ရာ ပေါင်းစည်းမှုဖြစ်စဉ်) ခေတ်ကြီးမှာ ဘယ်လို ပြောင်းလဲပြီး လုပ်လို့ရတယ်။ ပြည်သူတွေ ငြိမ်းငြိမ်းချမ်းချမ်း လုပ်ဆောင်လို့ ရတယ်ဆိုတာကို ခေါ်ပြီး ပြတာပေါ့။ သူက သဘောတရားထက် လက်တွေ့ပဲ ကြည့်တော့တာပေါ့။ ဒါကြောင့်မို့ သူက NLD ကိုလည်း ဆက်ဆံတယ်။ ကြံ့ခိုင်ရေးကိုလည်း ဆက်ဆံတယ်။ တိုင်းရင်းသားပါတီတွေကိုလည်း ဖိတ်ပြီး ဆက်ဆံတယ်။ သူက နိုင်ငံတကာမှာ သူ့ပုံရိပ်ကို အာဏာပျော့ (Soft Power) နဲ့ စည်းရုံးတာပေါ့။ ဒါကြောင့် NLD နဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ထူထောင်ထားမှာပဲ။ NLD ဘက်ကလည်း ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးစားမှာပဲ။

          မေး။ ။ ဘာကြောင့် တရုတ်ကွန်မြူနစ်ပါတီက သဘောတရား အယူဝါဒပေါ်မှာ အခြေမခံတော့တာလဲ။

          ဖြေ။ ။ အခုက အရင်တုန်းက အတွေးအခေါ်တွေနဲ့ တော်တော်ကွာသွားပြီ။ ဟိုတုန်းက မက်စ်ဝါဒက အရင်းရှင်စနစ်ကို တိုက်ဖို့အတွက် ပစ္စည်းမဲ့တွေ၊ အလုပ်သမား၊ လယ်သမားတွေကို စည်းရုံးပြီး တိုက်ကြတာ။ အခုက အရင်းရှင်စနစ်က Globalization ဖြစ်လာတာကိုး။ Globalization မှာ ကိုယ်က ဝင်ပါဖို့ဆိုရင် အရင်းရှင်ရဲ့ စနစ်ထဲမှာ ဝင်ပါရမှာ။ ဒါကြောင့်မို့ တရုတ်က WTO (ကမာ္ဘ့ ကုန်သွယ်ရေးအဖွဲ့ချုပ်) တို့ ဘာတို့ထဲဝင်တာ။ ဘာကြောင့်လဲဆိုတော့ တကမာ္ဘလုံးရဲ့ Order (အစီအစဉ်) က အရင်းရှင်တွေကပဲ ကိုင်ထားတာကိုး။ အမေရိကားတို့ ဥရောပတို့က ကိုင်ထားတော့ အဲဒီလူတွေထဲမှာ သူက ဝင်ပါပြီး ရသမျှ အမြတ်ကို ယူပြီး သူ့နိုင်ငံမှာ ပြန်လည်ခွဲဝေတော့ သူက ဆိုရှယ်လစ်စနစ်နဲ့ ခွဲဝေတာ။ အရင်းရှင်စနစ်ကို ဘယ်သူမဆို အသုံးချလို့ ရတယ်။

          အခု နောက်ဆုံး ရှီကျင့်ဖျင်က ဒါးဗို့စ်မှာတင်တဲ့ မိန့်ခွန်းအရဆိုရင် သူက အရင်းရှင်စနစ်ကို အရင်းရှင်တွေထက်တောင် ကာကွယ်သေးတယ်။ Globalization က ထုတ်လုပ်မှုတွေကို အများကြီး ဖွံ့ဖြိုးအောင် လုပ်ပေးလိုက်တယ်။ အဲဒါကို စနစ်တကျနဲ့ ပြည်သူလူထုအတွက် ကောင်းကောင်းမွန်မွန် ခွဲဝေပေးနိုင်တယ်ဆိုရင် ပြည်သူအများစုအတွက် အကျိုးရှိတယ်။ ဒါကြောင့်မို့ ရှင်းရှင်းပြောရရင် အရင်းရှင် Globalization ကို ဆိုရှယ်လစ် Globalization နဲ့အစားထိုးဖို့ ကြိုးစားနေတာပေါ့။ အရင်းရှင်စနစ်က အသုံးကျမှာတွေကို ဆွဲယူပြီး သူ့ပြည်သူတွေ ချမ်းသာအောင် လုပ်နေတာပေါ့။

          မေး ။ ။ လက်ရှိမှာ တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ပါတီကြားက ဆက်ဆံရေးကို ကျနော်တို့မြင်ရတယ်။ ဒါပေမယ့် NLD ပါတီဝင်တွေ အများစုပါဝင်တဲ့ ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ဆက်ဆံရေးကတော့ မမြင်ရသေးဘူး။ မေးချင်တာက တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ကြားဆက်ဆံရေးက တရုတ်အစိုးရအပေါ် ဘယ်လောက်အထိ ထင်ဟပ်နိုင်လဲ။

          ဖြေ ။ ။ တရုတ်အစိုးရက တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးဆောင်မှု အခန်းကဏ္ဍအောက်ကပဲ လုပ်ရတာ။ အရေးကြီးတဲ့ မူတွေကို တရုတ်ကွန်မြူနစ်ပါတီက ချပေးတာပဲ။ ဥပမာ သံခင်းတမန်ခင်းပဲ ဖြစ်ဖြစ်၊ နိုင်ငံတကာဆက်ဆံရေးပဲ ဖြစ်ဖြစ် အခရာက တရုတ်ကွန်မြူနစ်ပါတီပဲ။ တရုတ်ကွန်မြူနစ်ပါတီက မူချပြီးရင် လုပ်ငန်းဆိုင်ရာ သဘောတရားတွေကို တရုတ်အစိုးရက သူ့ဟာသူ လုပ်ရတယ်။ တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ကြားဆက်ဆံရေးက တရုတ်အစိုးရအပေါ် သိပ်ပြီး ဂယက်ရိုက်စရာ မရှိပါဘူး။ သူတို့ လုပ်စရာရှိတာ ဆက်လုပ်ပါလိမ့်မယ်။

          တရုတ်က စစ်ကောင်စီနဲ့ NLD ကြား တခြား အင်အားစုတွေကြား သမာသမတ်ကျတဲ့အနေနဲ့ ကြားဝင်ချင်တာဖြစ်တဲ့အတွက် တတ်နိုင်ရင် ကြားမှာပဲ နေချင်တဲ့ သဘောရှိတယ်။

          မေး။ ။ NUG ကိုရော တရုတ်အစိုးရ ဘက်က ထိတွေ့ဆက်ဆံနိုင်ခြေရှိလား။

          ဖြေ။ ။ ကျမကြည့်တာကတော့ NUG နဲ့ဟာကတော့ ၂ ဖက်စလုံးက နည်းနည်း စောင့်ဆိုင်းနေတယ်ထင်တယ်။ NUG ဘက်ကလည်း တွန့်ဆုတ်၊ တွန့်ဆုတ် ဖြစ်နေတယ်ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ NUG က အမေရိကန်တို့ ဘာတို့ကို အဓိက အားကိုးရတာဖြစ်တဲ့အတွက်ကြောင့် တရုတ်နဲ့ ဆက်ဆံရေးမှာ နည်းနည်း တွန့်ဆုတ်နေပုံရတယ်။ တရုတ် အနေနဲ့ကလည်း စစ်ကောင်စီ စိတ်မသက်မသာ ဖြစ်စေမယ့် ကိစ္စ လုပ်ချင်ပုံမရဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်က စစ်ကောင်စီနဲ့ NLD ကြား တခြား အင်အားစုတွေကြား သမာသမတ်ကျတဲ့အနေနဲ့ ကြားဝင်ချင်တာဖြစ်တဲ့အတွက် တတ်နိုင်ရင် ကြားမှာပဲ နေချင်တဲ့ သဘောရှိတယ်။ ဟိုဘက် ဒီဘက် လိုက်တယ်လို့ မထင်အောင်ပေါ့ဗျာ။ NUG ဘက်က ဒီထက်ပိုပြီး အင်အားတောင့်လာလို့ ဒီထက်ပိုပြီး လုပ်ကိုင်လာနိုင်ရင်တော့ တရုတ်ဘက်က ဆက်ဆံကောင်း ဆက်ဆံလာနိုင်ပါတယ်။

          မေး။ ။ တရုတ်ကွန်မြူနစ်ပါတီနဲ့ NLD ကြားဆက်ဆံရေးကို စစ်ကောင်စီက သဘောကျပါ့မလား။ ဘယ်လို ရှုမြင်နိုင်ပါသလဲ။

          ဖြေ။ ။ စစ်ကောင်စီဘက်ကတော့ ဘယ်ကြိုက်ပါ့မလဲ။ မကြိုက်နိုင်ပါဘူး။ ဒါပေမယ့် ကျမ စဉ်းစားတာကတော့ စစ်ကောင်စီဟာ သူ့ရဲ့ ပကတိ အခြေအနေအရ အချိန်ဆွဲဖို့ လိုတာကိုး။ အချိန်ဆွဲဖို့လိုတော့ အာဆီယံက တင်သွင်းထားတဲ့ အချက် ၅ ချက်လည်း သူက သဘောတူထားရတာ ဖြစ်တယ်။ အခုလည်း အာဆီယံက ကိုယ်စားလှယ် မြန်မာပြည်သွားဖို့ ကိစ္စက တော်တော်နှောင့်နှေးနေတာပဲလေ။ ပြောချင်တာက စစ်ကောင်စီက မကြိုက်သော်လည်း အောင့်ကာနမ်းပဲ လတ်တလောတော့ ခဏဆိုင်းထားတာပေါ့။ တောက်လျှောက်လည်း စစ်တပ်က ဘယ်တုန်းကမှ NLD ကို ကြိုက်ခဲ့တာမှ မဟုတ်ဘဲ။ လောလောဆယ်တော့ NLD ကို ဖျက်သိမ်းဖို့ မလုပ်သေးဘူးပေါ့။ တရုတ်ဘက်ကလည်း ပြောထားတော့ ဒီလိုပဲ ဆက်ပြီး ခဏထားမယ်လို့ ထင်တယ်။

          နောက်တခုက NLD အနေနဲ့ကလည်း ၁၉၉၀ ခုနှစ်ကတည်းက စစ်ကောင်စီကို ဒီလိုပဲ တိုက်လာတာ။ သူတို့မှာ ခံနိုင်ရည်ရှိတာပေါ့။ ပါတီပျက်တယ်ဆိုတာ ကာယကံရှင်တွေက ကိုယ့်ဟာကိုယ် ဖျက်မှ ပျက်မှာဗျ။ ဘယ်ပါတီပဲ ဖြစ်ဖြစ် ယုံကြည်သက်ဝင်သူတွေရှိတယ်ဆိုရင် အချိန်မရွေး စုစည်းနိုင်မှာပဲ။ ဗမာပြည်မှာ ဆင်းရဲချမ်းသာ ကွာဟသရွေ့ မတရားမှုတွေ ရှိနေသရွေ့ ဒီမိုကရေစီ မရသရွေ့ကတော့ ပြည်သူလူထုထောက်ခံတဲ့ ပါတီတွေက သူ့ဟာသူ ရပ်တည်နေမှာပဲ။ NLD နာမည်မဟုတ်လည်း တခြားနာမည်တခုနဲ့ ထွက်လာမှာပဲ။

          မေး။ ။ လာမယ့် ကုလသမဂ္ဂ Credential ကော်မတီ (အထွေထွေညီလာခံ ကိုယ်စားလှယ် စိစစ်ရေးကော်မတီ) အစည်းအဝေးမှာ စစ်ကောင်စီနဲ့ NUG အကြား ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်နေရာအတွက် ပြိုင်ဆိုင်ရဖို့ ရှိနေပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ရင် တရုတ်အစိုးရ ဘယ်ဘက်က ရပ်တည်မယ်လို့ ထင်ပါသလဲ။

          ဖြေ။ ။ ကုလသမဂ္ဂမှာတော့ တရုတ်ရဲ့ လုပ်နည်းလုပ်ဟန်က အချိန်ကာလနဲ့ တိုင်းပြည်အခြေအနေ အပြောင်းအလဲပေါ် မူတည်ပြီး လုပ်လေ့ရှိတယ်။ တသမတ်တည်းတော့ မဟုတ်ဘူး။ ဥပမာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့) ၊ နအဖ (နိုင်ငံတော်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ) လက်ထက်တုန်းကတော့ ကုလသမဂ္ဂမှာ တရုတ်ဟာ ဗီတိုတွေ ဘာတွေ သုံးပြီး အပြတ်ကိုင်တာ။ အဲဒီလို လုပ်တဲ့အတွက် ဗမာပြည်သူလူထုက သူ့ အပေါ်မှာထားတဲ့ သဘောထားတွေကို သူရိပ်မိပါတယ်။ အဲဒါကြောင့်မို့လည်း ပြည်သူတွေနဲ့လည်း ဆက်ဆံဖို့ လိုတယ်ဆိုပြီး NLD အပါအဝင် နယ်ပယ်အသီးသီးမှာ ထိတွေ့ ဆက်ဆံမှုတွေလုပ်လာတာပေါ့။

          ဒီတခါမှာလည်း သူက ကြားကနေ ဝင်ပြီး ဖျန်ဖြေပေးမယ့်သူ ဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့လည်း မျက်နှာမပျက်အောင် ပြည်သူလူထုလည်း စိတ်မထိခိုက်အောင် ကြားပဲနေဖို့များတယ်။ နိုင်ငံပေါင်း ၁၀၀ ကျော်မှာ တဖက်ဖက်က အရမ်းများသွားရင် အဲဒီဘက်ကို ထောက်ခံတာလည်း ဖြစ်နိုင်သလို မဲမပေးဘဲ ကြားနေတာလည်း ဖြစ်နိုင်ပါတယ်။

          သူက ကြားကနေ ဝင်ပြီး ဖျန်ဖြေပေးမယ့်သူ ဖြစ်တဲ့အတွက် စစ်ကောင်စီနဲ့လည်း မျက်နှာမပျက်အောင် ပြည်သူလူထုလည်း စိတ်မထိခိုက်အောင် ကြားပဲနေဖို့များတယ်။

          မေး ။ ။ မြန်မာ့အရေးနဲ့ပတ်သက်ရင် အမေရိကန်ရော တရုတ်နိုင်ငံကပါ အာဆီယံနည်းလမ်းအတိုင်း ဖြေရှင်းဖို့ကို အားပေးကြတာတွေ့ရတယ်။ ဒါပေမယ့် တဖက်မှာလည်း တောင်တရုတ်ပင်လယ် ကိစ္စနဲ့ပတ်သက်ပြီး အမေရိကန်နဲ့ တရုတ် နိုင်ငံကြား ဒေသတွင်း တင်းမာနေတယ်ရှိတယ်။ မေးချင်တာက မြန်မာ့အရေးမှာရော တရုတ်နဲ့ အမေရိကန်အကြား မြန်မာနိုင်ငံက ကြားခံ အားပြိုင်ရာ နေရာ ဖြစ်လာနိုင်လား။ ဘယ်လိုယူဆပါသလဲ။

          ဖြေ။ ။ တကယ်တော့ တရုတ်နဲ့ အမေရိကန်အကြား ပထဝီနိုင်ငံရေး ပြိုင်ဆိုင်မှုတွေကြားမှာ မြန်မာနိုင်ငံက ကြားညှပ်နေတာပဲ။ ဖေဖော်ဝါရီလ ၁ ရက် အာဏာသိမ်းပွဲ ပြီးကတည်းက တရုတ်ပြည်မှာလုပ်တဲ့ တရုတ်ပညာရှင်တွေ ဆွေးနွေးပွဲတွေမှာ တချို့ တရုတ်ပညာရှင်တွေ ပြောတာက NLD နဲ့ ဒေါ်စုအစိုးရဟာ တရုတ်နဲ့ သိပ်ရင်းနှီးလွန်းအားကြီးလို့ အနောက်နိုင်ငံတွေက တမင်အစိုးရပြုတ်အောင် လုပ်တာလို့တောင် ပြောကြတယ်။ တချို့ကလည်း ဒေါ်စုကို အနောက်နိုင်ငံတွေက ပေးထားတဲ့ ဆုတွေပြန်ရုပ်သိမ်းတာ အကြီးအကျယ် ကန့်ကွက်ရှုတ်ချတာတွေက စစ်တပ်ကို အာဏာသိမ်း ဖြစ်အောင် မြှောက်ပေးသလို ဖြစ်တယ်လို့ ပြောတယ်။

          တချို့ကလည်း မြန်မာပြည်မှာ တရုတ်ဆန့်ကျင်ရေး ဖြစ်နေတာတွေက စစ်တပ်က သူတို့အပေါ်ကို တမင်လှည့်ပေးနေတာ စစ်တပ်အပေါ် ဝင်လာတဲ့ အမုန်းတရားတွေကို တရုတ်ပြည်ဘက်ရောက်အောင် လှည့်ပေးနေတာလို့ တရုတ် သုတေသီတွေပြောတာ ရှိတယ်။ တရုတ်အစိုးရရဲ့ အာဘော်တော့ မဟုတ်ဘူး။ ကျမတို့ မြန်မာနိုင်ငံကတော့ တရုတ်၊ အမေရိကန်အကြား ကြားညှပ်နိုင်တယ်။ ဥပမာ ယူကရိန်းဟာ ဥရောပသမဂ္ဂ (EU) နဲ့ ရုရှားကြား ကြားညှပ်သလိုပဲ ကျမတို့နိုင်ငံလည်း ဖြစ်နိုင်တယ်။ ရိုဟင်ဂျာ အရေးစပေါ်ကတည်းက တရုတ်က ပြောနေပြီးသား တမင်သက်သက် သူတို့ရဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်း အစီအစဉ်ကို အနှောင့်အယှက်ပေးတယ်ပေါ့။

          ကျမတို့က တပ်ပေါင်းစုဖွဲ့ဖို့ လိုတယ်။ စစ်တပ်ကို မကြိုက်တဲ့သူ အားလုံး ပါဝင်တဲ့ တပ်ပေါင်းစုဖွဲ့ဖို့လိုတယ်။ ဘယ်သူ့ကိုမှ ဖယ်ထားလို့မရပါဘူး။ စစ်တပ်ကို အထီးကျန်ဖြစ်ရေးက အားလုံးရဲ့ တာဝန်ပါပဲ။

          ဒါပေမယ့် ကျမတို့ မြန်မာပြည်သူတွေကြည့်ရမှာက နိုင်ငံကြီးတွေ ပဋိပက္ခကြားမှာ ကျမတို့နိုင်ငံက ကြားမညှပ်ဖို့ လိုတယ်။ ကျမတို့ ပြည်သူလူထုကတော့ စစ်အာဏာရှင် အုပ်ချုပ်နေသရွေ့ ကျမတို့ နိုင်ငံဟာ မတိုးတက်ဘူးဆိုတာကို ပြတ်ပြတ်သားသား နားလည်ပြီးပြီ။ ဒါကြောင့် အပြတ်တိုက်ရတော့မယ်လို့ ဆိုနေတာပေါ့။

          အဲဒီလိုတိုက်တဲ့ နေရာမှာ ကျမအမြင်ကတော့ လက်နက်ကိုင်တိုက်နိုင်သူက တိုက်။ အဲဒီလိုမဟုတ်ဘဲနဲ့ လက်နက်ကိုင် တော်လှန်ရေး မဟုတ်ဘဲနဲ့ စေ့စပ် ဆွေးနွေးကြတာပဲ ဖြစ်ဖြစ်၊ မြို့ပြပြောက်ကျားပဲ ဖြစ်ဖြစ် လျှပ်တပြက် သပိတ်ပဲ ဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် လုပ်နိုင်သလောက်လုပ်ဖို့ပေါ့။ အဲဒါကို ကျမတို့က တပ်ပေါင်းစုဖွဲ့ဖို့ လိုတယ်။ စစ်တပ်ကို မကြိုက်တဲ့သူ အားလုံး ပါဝင်တဲ့ တပ်ပေါင်းစုဖွဲ့ဖို့လိုတယ်။ ဘယ်သူ့ကိုမှ ဖယ်ထားလို့မရပါဘူး။ စစ်တပ်ကို အထီးကျန်ဖြစ်ရေးက အားလုံးရဲ့ တာဝန်ပါပဲ။

          You may also like these stories:

          တရုတ်က NLD ဖျက်သိမ်းခံရမှာကို မလိုလား

          မြန်မာဘက်မှ ကျည်ကျသောကြောင့် တရုတ်ကန့်ကွက်

          တရုတ်က မြန်မာစစ်ကောင်စီကို အစိုးရဟု ခေါ်

          မြန်မာ စစ်အာဏာသိမ်းမှုအပေါ် အမေရိကန် ဘယ်လိုကိုင်တွယ်နိုင်သလဲ

          ကမ်မလာဟားရစ်ရဲ့ အရှေ့တောင်အာရှ ခရီး ဘာလဲ

          Your Thoughts …
          Tags: NLDစစ်ကောင်စီတရုတ်ဒေါက်တာ လှကျော်ဇော
          ဧရာဝတီ

          ဧရာဝတီ

          ...

          Similar Picks:

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

          နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

          by ဧရာဝတီ
          21 August 2023
          32.2k

          စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

          by အောင်သစ်
          28 August 2023
          31.4k

          ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          စ သုံးလုံး ညွှန်ချုပ်သစ် ပြည်ပသို့ ဒေါ်လာယူဆောင်ခွင့် ပိုတင်းကျပ်

          by ဧရာဝတီ
          11 September 2023
          19.6k

          အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (စစစ) ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်ကျော် ကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ညွှန်ချုပ်အဖြစ် ပြောင်းရွှေ့ကြောင်း ထုတ်ပြန်ပြီးနောက် စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး (စရခ) မှ ဗိုလ်မှူးကြီး အောင်ဇော်လင်းမှာ စ သုံးလုံး...

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

          by ဧရာဝတီ
          12 September 2023
          19.1k

          ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          သတိပြုစရာ သေးဆူလဲတိုက်ပွဲ

          by မိုးစက်ငြိမ်းချမ်း
          16 September 2023
          17.1k

          သေးဆူလဲတိုက်ပွဲနှင့် ပတ်သက်၍ KNDF ၏ ထုတ်ပြန်ချက်တွင် မီဒီယာနှင့်ပတ်သက်၍ အထူးအလေးထား ဖော်ပြထားသည်ကို တွေ့ရ၏။

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

          by ကိုဦး
          25 September 2023
          16.9k

          စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

          Next Post
          ၂၀၁၈ ခုနှစ် နေပြည်တော်တွင် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် ပါဝင်သော စစ်သားများ / ဧရာဝတီ

          နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ် ဇော်မျိုးတင် တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဖြစ်လာ

          ပျောက်ဆုံးနေသူများ၏ ဓာတ်ပုံတချို့

          တင်းမရွာသား ၁၈ ဦးအမှု အမြန်ဆုံးဖြေရှင်းပေးရန် မိသားစုဝင်များ တောင်းဆို

          No Result
          View All Result

          Recommended

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

          1 day ago
          11.8k
          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          စီးပွားကူးသန်း ဒုဝန်ကြီးနှင့် Moon Sun Energy ပိုင်ရှင်တို့ကို စစ်ဆေးနေ

          1 week ago
          13.1k

          Most Read

          • စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            စစ်တပ်ထိပ်ပိုင်းမှာ အက်ကြောင်းရှိနေပြီ

            shares
            Share 0 Tweet 0
          • ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

            shares
            Share 0 Tweet 0
          • စစ်ကောင်စီ ပြန်ဖွဲ့ချိန် ဗိုလ်ချုပ်ကြီး မြထွန်းဦး တရုတ်တွင် ရှိနေ

            shares
            Share 0 Tweet 0
          • ၃ရက်ဆက် လှုပ်သည့် ငလျင်ကြောင့် ရန်ကုန်လူထု စိုးရိမ်

            shares
            Share 0 Tweet 0
          • ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေရာ ဗိုလ်ချုပ်ကြီးမြထွန်းဦး ဝင်လာတဲ့အခါ

            shares
            Share 0 Tweet 0

          Newsletter

          Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

          Subscribe here for daily updates.

          Contents

          • သတင်း
          • ဆောင်းပါး
          • စီးပွားရေး
          • သူ့အတွေး သူ့အမြင်
          • အင်တာဗျူး
          • Cartoon
          • Women & Gender
          • Ethnic Issues
          • Organized Crime Guide
          • Lifestyle
          • Human Rights

          About The Irrawaddy

          Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

          • Copyright
          • Code of Ethics
          • Privacy Policy
          • Team
          • About Us
          • Careers
          • Contact
          • English

          © 2023 Irrawaddy Publishing Group. All Rights Reserved

          No Result
          View All Result
          • Home
          • သတင်း
          • Politics
          • ဆောင်းပါး
          • စီးပွားရေး
          • အာဘော်
          • Women & Gender
          • Election
          • Photo Essay
          • On This Day
          • Organized Crime Guide

          © 2023 Irrawaddy Publishing Group. All Rights Reserved