• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

21 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ယူကရိန်း စစ်ပွဲမှ အမြတ်ထွက်ရန် တရုတ် မူချ

by ဧရာဝတီ
17 March 2022
in ဆောင်းပါး
A A
တရုတ်ခေါင်းဆောင် မစ္စတာ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဝေဖန်ခြင်း ရှောင်ရှားပြီး ယူကရိန်းတွင် သတ်ဖြတ်မှုမှ တရုတ်နိုင်ငံကို ခပ်ကင်းကင်းဖြစ်စေရန် ကြိုးစားသည်  /  AFP

တရုတ်ခေါင်းဆောင် မစ္စတာ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဝေဖန်ခြင်း ရှောင်ရှားပြီး ယူကရိန်းတွင် သတ်ဖြတ်မှုမှ တရုတ်နိုင်ငံကို ခပ်ကင်းကင်းဖြစ်စေရန် ကြိုးစားသည် / AFP

5.6k
VIEWS
Share on FacebookShare on Twitter

ယူကရိန်းစစ်ပွဲပြီးဆုံးရန် အချိန်ယူဦးမည် ဖြစ်သော်လည်း တရုတ်မူဝါဒ ရေးဆွဲသူ အသိုက်အဝန်းတွင် ထိုဖရိုဖရဲအခြေအနေမှ အမြတ်ထွက်သော နိုင်ငံတနိုင်ငံမှာ နောက်ဆုံး တရုတ်နိုင်ငံသာ ဖြစ်ရမည်ဟု သဘောတူ ကြသည်။

ကနဦးတွင် ရှရုားကျူးကျော်စစ်ကို မရှင်းမရှင်းတုံ့ပြန်ပြီးနောက် တရုတ်နိုင်ငံသည် ၎င်းရင်ဆိုင်ရမည့် အဆိုးဆုံး စီးပွားရေးနှင့် သံတမန်ရေး အကျိုးဆက်များကို ကာကွယ်ရန်၊ အကျပ်အတည်းပြီးနောက် ပထဝီနိုင်ငံရေး အပြောင်းအလဲများမှ အကျိုးအမြတ်ရရန် သေနင်္ဂဗျူဟာ အခြေခံများကို ချမှတ်သည်။

တရုတ်ခေါင်းဆောင် မစ္စတာ ရှီကျင့်ဖျင်သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကို ဝေဖန်ခြင်း ရှောင်ရှားပြီး ထိုစစ်ပွဲမှ တရုတ်နိုင်ငံကို ခပ်ကင်းကင်းဖြစ်စေရန် ကြိုးစားသည်။ သမ္မတ ရှီ၏ အစိုးရသည် ရုရှားအပေါ်ချမှတ်သည့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ရှုတ်ချသော်လည်း တရုတ်ကုမ္ပဏီများသည် အနောက်နိုင်ငံများမှ ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရန် ထိုအရေးယူပိတ်ဆို့မှုများကို အနည်းဆုံး လက်ရှိအချိန်အထိ လိုက်နာမည့်သဘော အရိပ်အမြွက်ပြနေသည်။

သမ္မတ ရှီ၏ အစိုးရသည် ရုရှားအပေါ်ချမှတ်သည့် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုများကို ရှုတ်ချသော်လည်း တရုတ်ကုမ္ပဏီများသည် အနောက်နိုင်ငံများမှ ၎င်းတို့၏ စီးပွားရေး အကျိုးစီးပွားများကို ကာကွယ်ရန် ထိုအရေးယူပိတ်ဆို့မှုများကို အနည်းဆုံး လက်ရှိအချိန်အထိ လိုက်နာမည့်သဘော အရိပ်အမြွက်ပြနေသည်။

အခြားတရုတ်အရာရှိများက အမေရိကန်နှင့် နေတိုးအဖွဲ့ကို အယုံအကြည် ကင်းမဲ့စေရန် ရည်ရွယ်သည့် ရုရှား၏ သတင်းမှား လှုပ်ရှားမှုကို ပိုမိုကြီးမားအောင် လုပ်နေသည့်တိုင် မစ္စတာ ရှီက ပြဿနာ ပြေလည်အောင် ညှိနှိုင်းရန် အကူအညီပေးမည့်သဘော မရေရာသည့် ကမ်းလှမ်းမှုမျိုးကို လွန်ခဲ့သော အပတ်က ဥရောပခေါင်းဆောင်များကို ဆက်သွယ်ပြောကြားခဲ့သည်။

ပြီးခဲ့သည့် တနင်္လာနေ့တွင် သမ္မတ ဘိုင်ဒင်၏ အမျိုးသားလုံခြုံရေး အကြံပေး မစ္စတာ ဂျိတ် ဆူလီဗန်သည် တရုတ် ထိပ်တန်း သံတမန်တဦးနှင့် အီတလီနိုင်ငံ ရောမတွင် တွေ့ဆုံဆွေးနွေးပြီး အမေရိကန် ပြည်ထောင်စုသည် ဘေဂျင်း၏ ပိုမိုကြီးထွားလာသည့် ရုရှားဘက် လိုက်နေခြင်းအတွက် နက်နဲစွာ စိုးရိမ်ကြောင်းပြောသည်။

ခြေကုန်လက်ပမ်းကျနေသည်ဟု ၎င်းတို့သတ်မှတ်ထားသည့် အင်အားကြီး နှစ်နိုင်ငံအထက်က ရပ်တည်ပြီး ပိုမိုဖရိုဖရဲဖြစ်လာသော ကမ္ဘာတွင် တည်ငြိမ်ရေး မဏ္ဍိုင်အဖြစ် အမြင်ခံရရန် ကြိုးစားရမည်ဟု တရုတ်ခေါင်းဆောင်ပိုင်းက နောက်ဆုံးတွင် တွက်ချက်ထားပုံရသည်။

“ဆိုလိုတာကတော့ ကျနော်တို့က သေလောက်တဲ့ သေနင်္ဂဗျူဟာအမှား မကျူးလွန်သမျှ တရုတ်နိုင်ငံရဲ့ ခေတ်မီရေးလှုပ်ရှားမှုက ရပ်တန့်သွားမှာ မဟုတ်ဘဲ ဆန့်ကျင်ဘက်ဖြစ်ပြီး တရုတ်ဟာ နိုင်ငံတကာစနစ်သစ်တခု တည်ဆောက်ရေးမှာ ပိုမိုအရေးပါတဲ့ အခန်းကဏ္ဍက ပါဝင်ဖို့ ပိုမိုကြီးမားတဲ့ စွမ်းရည်နဲ့ ဆန္ဒတောင်မှ ရှိလာမယ်” ဟု တရုတ် ထိပ်တန်းအရာရှိများကို အကြံပေးနေသည့် ရှန်ကျန်း ပြည်နယ်ရှိ ဟောင်ကောင်တရုတ်တက္ကသိုလ်မှ ပါမောက္ခ ကျုံယုံညံက ယူကရိန်းစစ်ပွဲ စတင်ပြီးနောက် ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ချိနေသည့် ဆောင်းပါးတပုဒ်တွင် ရေးသားသည်။

အမေရိကန် ပြည်ထောင်စုသည် ဘေဂျင်း၏ အမြင် သမ္မတ ပူတင်ကို ယူကရိန်း ပဋိပက္ခသို့ တွန်းပို့ခြင်း အပါအဝင် ပေါ့ဆသော နိုင်ငံတကာ စွန့်စားမှုများကြောင့် အားပျော့လာသည် ဆိုသည့် အယူအဆရှိနေသည်။

အမေရိကန် ပြည်ထောင်စုသည် ဘေဂျင်း၏ အမြင် သမ္မတ ပူတင်ကို ယူကရိန်း ပဋိပက္ခသို့ တွန်းပို့ခြင်း အပါအဝင် ပေါ့ဆသော နိုင်ငံတကာ စွန့်စားမှုများကြောင့် အားပျော့လာသည် ဆိုသည့် အယူအဆရှိနေသည်။

မကြာသေးမီက အများပြည်သူသို့ ထုတ်ပြန်သည့် ကြေညာချက်များနှင့် တရားဝင်နီးပါး သရုပ်ခွဲ လေ့လာမှုများတွင် ဖော်ပြနေသည့် ထိုအမြင်အရဆိုပါက ရုရှား၏ ကျူးကျော်စစ်သည် အမေရိကန်၏ သြဇာနှင့် အာရုံစိုက်မှုကို ဥရောပသို့ ဦးတည်သွားစေပြီး ယခင်သမ္မတများကဲ့သို့ပင် သမ္မတ ဘိုင်ဒင်သည် တရုတ်နှင့် ပိုမိုကျယ်ပြန့်သည့် အာရှ-ပစိဖိတ်ဒေသကို အာရုံစိုက်ရန် ကြိုးစားမှုများ မအောင်မမြင် ဖြစ်သွားနိုင်သည်။

“ကျမတို့ပြောနေတဲ့ အခက်အခဲတွေ၊ ချိန်ညှိရတာတွေနဲ့ စိတ်ကသိအအောက်ဖြစ်စရာတွေ အားလုံးက ကာလတိုအတွက်ပဲ ဖြစ်ပါတယ်” ဟု ယူကရိန်းစစ်ပွဲမတိုင်မီ တရုတ်နိုင်ငံ၏ ဆောင်ရွက်ချက်များကို လေ့လာနေသော ဝါရှင်တန်ရှိ Stimson Center မှ တရုတ်အစီအစဉ် ညွှန်ကြားရေးမှူး မစ္စ ယွန်ဆန်းက ပြောသည်။ “ရေရှည်မှာတော့ ရုရှားက နိုင်ငံတကာအသိုက်အဝန်းမှာ အပယ်ခံဖြစ်ပြီး တရုတ်ကလွဲပြီး အားကိုးစရာ မရှိတော့ဘူး” ဟုလည်း သူကပြောသည်။

တရုတ်နိုင်ငံက ရှေ့ဆက်လျှောက်မည့် လမ်းမှာလည်း မရေရာပေ။ ရုရှားနှင့် လွန်စွာ နီးနီးကပ်ကပ် ဆက်ဆံခြင်းသည် ဥရောပနှင့် အခြားဒေသများတွင် တရုတ်မုန်းတီးမှုကို ပိုမိုပြင်းထန်စေမည်ဖြစ်ပြီး ထိုအချက်ကို သမ္မတ ရှီ အစိုးရက လွန်စွာ စိုးရိမ်နေနိုင်သည်။

ဂျာမနီ၊ ပြင်သစ်နှင့် အခြားမဟာမိတ်များသည် ကတိအတိုင်း ကာကွယ်ရေးအင်အား တောင့်တင်းအောင် လုပ်ဆောင်ပါက အမေရိကန် ပြည်ထောင်စုသည် တရုတ်ကို ရင်ဆိုင်ရန် စစ်ရေးရင်းမြစ်များကို ပိုမိုအသုံးပြုနိုင်မည် ဖြစ်သည်။ သမ္မတ ဘိုင်ဒင်က ဒီမိုကရေစီမဟာမိတ်များကို စုရုံးရန် ကတိပြုထားပြီး အမေရိကန် စစ်ခေါင်းဆောင်များကလည်း ယူကရိန်းကိစ္စကြောင့် တရုတ်အနေဖြင့် လမ်းကြောင်းလွဲစေခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း ပြောသည်။

“ရုရှား-ယူကရိန်းစစ်ပွဲဟာ ဥရောပကို အမေရိကန် ပြည်ထောင်စုဘက် ယိမ်းစေပြီး တရုတ်နိုင်ငံကို ပိုမိုဆိုးရွားတဲ့ အကျပ်အတည်းထဲကို ဆွဲခေါ်သွားနိုင်လို့ ကျနော်တို့ အရမ်းစိုးရိမ်တယ်” ဟု နန်ကျင်း တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး ပါမောက္ခ ကျူဖန်းက ပြောသည်။ ဂျပန်နှင့် သြစတြေးလျ အပါအဝင် ပစိဖိတ်မှ အမေရိကန် ပြည်ထောင်စု၏ မဟာမိတ်များသည်လည်း စစ်အင်အား တိုးချဲ့လာမည် ဖြစ်သောကြောင့် တရုတ်နှင့် အဆင်ပြေဖွယ် မရှိကြောင်းလည်း သူကပြောသည်။

ယူကရိန်းစစ်ပွဲတွင် စစ်လက်နက်ပစ္စည်းများ သာမက ထိုကျူးကျော်မှုပြီးနောက်ပိုင်း ချမှတ်လိုက်သော အရေးယူ ပိတ်ဆို့မှုများကို တန်ပြန်ရန် စီးပွားရေးအကူအညီပါ ရုရှားက တရုတ်ကို တောင်းဆိုသည်ဆိုသည့် သတင်းများ ထွက်လာပြီးနောက် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဆူလီဗန်နှင့် တရုတ်နိုင်ငံခြားရေး ထိပ်တန်းအရာရှိ ယန်ကျဲ့ချီတို့ ရောမတွင် တွေ့ဆုံသည်။

ယူကရိန်းစစ်ပွဲတွင် စစ်လက်နက်ပစ္စည်းများ သာမက ထိုကျူးကျော်မှုပြီးနောက်ပိုင်း ချမှတ်လိုက်သော အရေးယူ ပိတ်ဆို့မှုများကို တန်ပြန်ရန် စီးပွားရေးအကူအညီပါ ရုရှားက တရုတ်ကို တောင်းဆိုသည်ဆိုသည့် သတင်းများ ထွက်လာပြီးနောက် အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဆူလီဗန်နှင့် တရုတ်နိုင်ငံခြားရေး ထိပ်တန်းအရာရှိ ယန်ကျဲ့ချီတို့ ရောမတွင် တွေ့ဆုံခြင်းဖြစ်သည်။ တရုတ်ကမူ ထိုသတင်းများကို ငြင်းပယ်သည်။

ရုရှားကျူးကျော်စစ် စတင်ပြီး ကနဦးကာလကတွင် တရုတ်က တုံ့ဆိုင်းနေခြင်းကြောင့် ထိုစစ်ပွဲ၏ ရိုက်ခတ်မှုများကို ကိုင်တွယ်နိုင်သည့် သမ္မတ ရှီ၏ စွမ်းရည်နှင့်ပတ်သက်ပြီး မေးခွန်းထုတ်စရာလည်း ဖြစ်လာသည်။

ကမ္ဘာသည် ရာစုနှစ်တခုအတွင်း မကြုံဘူးသည့် အပြောင်းအလဲကို ရင်ဆိုင်နေရကြောင်း တရုတ် အရာရှိများကို သူက အကြိမ်ကြိမ် သတိပေးသည်။ သို့သော် ထိုအရာရှိများသည် ယူကရိန်းကို သမ္မတ ပူတင်၏ တိုက်ခိုက်မှုကြောင့် ဖြစ်လာသည့် အပြောင်းအလဲများအတွက် ကြိုတင်ပြင်ဆင်မှု ချို့ယွင်းနေပုံရသည်။

ရုရှားသည် ကျူးကျော်တိုက်ခိုက်ရန် ပြင်ဆင်နေသည်ဆိုသည့် သတိပေးချက်များကို တရုတ် အရာရှိများက လှောင်ပြောင်ခဲ့ကြပြီး အမေရိကန် ပြည်ထောင်စုသည် တင်းမာမှုမြင့်မားအောင် လုပ်ဆောင်နေကြောင်းသာ ကျူးကျော်မှု စတင်ဖြစ်ပွားသည့်နေ့အထိ စွပ်စွဲနေခဲ့ကြသည်။ ထိုအချိန်မှ စတင်ပြီး တရုတ် အရာရှိများသည် သမ္မတ ပူတင်၏ လုံခြုံရေးဆိုင်ရာ စိုးရိမ်ထိခိုက်မှုများအတွက် စာနာနားလည်ကြောင်းနှင့် ၎င်းတို့ မကြာခဏ ပြောကြားနေသည့် ယူကရိန်းအပါအဝင် နိုင်ငံများ၏ အမျိုးသား အချုပ်အခြာအာဏာပိုင်ရေး မူအကြား မျှတမှုရှိစေရန် ကြိုးစားအားထုတ်နေရသည်။

ပြင်သစ်သမ္မတ အီမန်နူရယ် မက်ခရွန်၊ ဂျာမန်ဝန်ကြီးချုပ် အိုလက် ရှို့လ်ဇ်တို့နှင့် ဗီဒီယိုမှတဆင့် ဆွေးနွေးရာတွင် သမ္မတ ရှီက ဥရောပ၌ စစ်မီးပြန်လည် တောက်လောင်စေခြင်းအတွက် စိတ်မကောင်းကြောင်း ပြောသည်။ သို့သော် သူ့သံတမန်များက အမေရိကန် ပြည်ထောင်စုသည် ယူကရိန်းတွင် ဓာတုလက်နက်များ ထုတ်လုပ်နေကြောင်း စွပ်စွဲထားသည့် ရုရှား၏ သတင်းမှားများအား မီးလောင်ရာလေပင့် ပြောဆိုကြသည်။

“ဒီကိစ္စက တရုတ်နိုင်ငံရဲ့ နိုင်ငံတကာ ဂုဏ်သတင်းအတွက် မကောင်းဘူး” ဟု ပြင်သစ် နိုင်ငံတကာဆက်ဆံရေး အင်စတီကျုမှ တရုတ်-ရုရှားဆက်ဆံရေး ကျွမ်းကျင်သူ ဘိုဘိုလိုက ပြောသည်။ “ဒီကိစ္စက အနောက်နိုင်ငံတွေမှာ တရုတ်နိုင်ငံရဲ့ ဂုဏ်သတင်းကို ထိခိုက်စေရုံသာ မကဘူး၊ တရုတ်ဟာ နယ်ချဲ့အင်အားကြီးနိုင်ငံနဲ့ သွားပတ်သက်တဲ့အတွက် အနောက်နိုင်ငံတွေ မဟုတ်တဲ့ အခြားနိုင်ငံတွေမှာပါ တရုတ်ရဲ့ ဂုဏ်သတင်းကို ထိခိုက်စေတယ်” ဟုလည်း သူကပြောသည်။

ထိုစစ်ပွဲကြောင့် ဖြစ်လာသော စီးပွားရေးဆိုင်ရာ အနှောင့်အယှက်များကို တရုတ်နိုင်ငံ ရင်ဆိုင်နိုင်ရသည်။ အနောက်နိုင်ငံများက ကုန်သွယ်ရေးကန့်သတ်ကာ ရုရှားဘဏ္ဍာရေး လုပ်ငန်းများအား အဆက်အသွယ် ဖြတ်တောက်ပြီး ရုရှားကို အပြစ်ပေးရန် ကြိုးစားခြင်းကြောင့် တရုတ်နိုင်ငံကလည်း ယင်းအကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည်။

ထိုစစ်ပွဲကြောင့် ဖြစ်လာသော စီးပွားရေးဆိုင်ရာ အနှောင့်အယှက်များကို တရုတ်နိုင်ငံ ရင်ဆိုင်နိုင်ရသည်။ အနောက်နိုင်ငံများက ကုန်သွယ်ရေးကန့်သတ်ကာ ရုရှားဘဏ္ဍာရေး လုပ်ငန်းများအား အဆက်အသွယ် ဖြတ်တောက်ပြီး ရုရှားကို အပြစ်ပေးရန် ကြိုးစားခြင်းကြောင့် တရုတ်နိုင်ငံကလည်း ယင်းအကျိုးဆက်ကို ရင်ဆိုင်ရနိုင်သည်။

ထိုသို့သော အရေးယူမှုများကို တရုတ်အရာရှိများက ရှုတ်ချပြီး အမေရိကန် ပြည်ထောင်စုနှင့် မဟာမိတ်များကမူ ထိုသို့သော အရေးယူပိတ်ဆို့မှုများ ချမှတ်ရာတွင် ညီညွတ်မှု ပြသကြသော်လည်း အခြားနိုင်ငံများကမူ အင်အားကြီးမားသော စီးပွားရေးကိရိယာများကို လက်နက်အဖြစ် အသုံးပြုခြင်းနှင့် ပတ်သက်သည့် ဘေဂျင်း၏ သဘောထားကို လက်ခံကြသည်။

မည်သို့ဆိုစေကာမူ အခြားနိုင်ငံများ အင်အားချည့်နဲ့သွားစေနိုင်သည့် ရိုက်ခတ်မှုများကို ခံနိုင်လောက်အောင် တရုတ်စီးပွားရေးက ကြီးမားသည်။ ၂၀၁၄ ခုနှစ်တွင် ရုရှားက ခရိုင်းမီးယားကို နယ်ချဲ့စဉ် အရေးယူပိတ်ဆို့မှု ခံရစဉ်ကကဲ့သို့ ကုန်သွယ်မှု လွန်စွာ လိုအပ်နေခြင်းမှ အမြတ်ထုတ်နိုင်သကဲ့သို့ တရုတ်ကုမ္ပဏီများ ယခုလည်း ထိန်းကျောင်းနိုင်မည့်ပုံရှိသည်။

တရုတ်၏ သေနင်္ဂဗျူဟာသည် ၂၀၂၁ ခုနှစ်တွင် မစ္စတာ ဘိုင်ဒင် သမ္မတဖြစ်လာပြီးနောက် အမေရိကန် ပြည်ထောင်စုသို့ သဘောထား တင်းမာလာခြင်းကို ထင်ဟပ်နေသည်။ သမ္မတ ဒေါ်နယ်ထရမ့်၏ ဖရိုဖရဲနိုင်ပြီး ထိပ်တိုက်တွေ့သည့် မူဝါဒများအလွန်တွင် ဆက်ဆံရေး တစုံတရာ ပြေလည်လာခြင်းကို တဖက်ကလည်း အကြီးအကျယ် မျှော်လင့်ခဲ့သည်။

“တရုတ်နိုင်ငံဆိုင်ရာမူဝါဒမှာ ဘိုင်ဒင်အစိုးရရဲ့ မူဝါဒက ထရမ့်အစိုးရနဲ့ ကွဲလွဲတာထက် အရင်အတိုင်း ဆက်လက် ရှိနေတာက ထင်ရှားတယ်” ဟု ဘေဂျင်းမှ တရုတ်ခေတ်ပြိုင် နိုင်ငံတကာ ဆက်ဆံရေး အင်စတီကျု ဥက္ကဋ္ဌ ယွန်ပန်းက လွန်ခဲ့သောနှစ်က ရေးသားခဲ့သည်။ “အမေရိကန် ပြည်ထောင်စုဟာ တရုတ်နိုင်ငံနဲ့ စစ်အေးတိုက်ပွဲသစ် ဖြစ်နေတာ မဟုတ်ဘူးဆိုတာ ဘိုင်ဒင်က မကြာခဏပြောပေမယ့် တရုတ်က နေရာတိုင်းမှာ မကြာခဏဆိုသလို အန္တရာယ်နဲ့ ရင်ဆိုင်နေရပြီလို့ ခံစားနေရတယ်” ဟု သူက ပြောသည်။

ယူကရိန်းစစ်ပွဲတွင် မည်သည်တို့ ဖြစ်ပျက်သည်ဖြစ်စေ တရုတ်နိုင်ငံသည် ရုရှားနှင့်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေးကို အမေရိကန် ပြည်ထောင်စုနှင့် အာဏာချိန်ခွင်လျှာညှိရန် နည်းလမ်းတခုအဖြစ် ရှုမြင်မည်ဖြစ်သည်။

ယူကရိန်းစစ်ပွဲတွင် မည်သည်တို့ ဖြစ်ပျက်သည်ဖြစ်စေ တရုတ်နိုင်ငံသည် ရုရှားနှင့်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရေးကို အမေရိကန် ပြည်ထောင်စုနှင့် အာဏာချိန်ခွင်လျှာညှိရန် နည်းလမ်းတခုအဖြစ် ရှုမြင်မည်ဖြစ်သည်။ အချို့အရာရှိများတွင် ယူကရိန်း စစ်ပွဲအတွက် မည်သည့် သံသယများ ရှိစေကာမူ ဘေဂျင်းတွင် ကျင်းပသည့် ဆောင်းရာသီ အိုလံပစ်ပွဲတော်တွင် သမ္မတ ရှီနှင့် သမ္မတ ပူတင်တို့ တက်ရောက်သည့် ပူးပေါင်းဆောင်ရွက်မှုသည် မည်သည့်ကိစ္စအတွက်မျှ မစတေးနိုင်လောက်အောင် အရေးပါသည်။

၁၉၉၁ ခုနှစ်တွင် ဆိုဗီယက်ယူနီယံ ပြိုကွဲသွားပြီးနောက် အမေရိကန် လွှမ်းမိုးသည့်ခေတ်သည် သမိုင်းဆိုင်ရာ ထူးခြားမှုဖြစ်သည်ဟု ယူဆပြီး သမ္မတ ရှီနှင့် သမ္မတ ပူတင်တို့က ၎င်းတို့နိုင်ငံများသည် အင်အားကြီးနိုင်ငံများ အဆင့်အတန်းကို ပြန်လည်တောင်းဆိုသော ပထဝီနိုင်ငံရေး အယူအဆကို လက်ခံထားကြသည်။

အမေရိကန် ပြည်ထောင်စုသည် အနောက်ဘက် စစ်မျက်နှာတွင် ၎င်းတို့ကို ခြိမ်းခြောက်နေသည်ဟု သမ္မတ ပူတင်က မြင်သကဲ့သို့ပင် သမ္မတ ရှီကလည်း အမေရိကန် ပြည်ထောင်စုက ထိုင်ဝမ်ကို ထောက်ခံနေခြင်းကို တရုတ်ကမ်းလွန်မှ ခြိမ်းခြောက်မှုအဖြစ် မြင်သည်။ ထိုင်ဝမ်သည် ကိုယ်ပိုင်အုပ်ချုပ်နေသော ဒီမိုကရေစီ ကျွန်းဖြစ်သော်လည်း တရုတ်က ၎င်းတို့ပိုင်နက်အဖြစ် ကြေညာထားသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း တရုတ်သုတေသီများသည် ဗြိတိသျှ ပထဝီပညာရှင် ဆာ ဟဲလ်ဖို့ ဂျွန် မက်ကင်ဒါ၏ ရာစုနှစ်ကြာပြီဖြစ်သည့် ရေးသားချက်များကို အကြိမ်ကြိမ် ကိုးကားကြသည်။ ဗဟိုဥရောပကို ထိန်းချုပ်သော မည်သူမဆိုသည် ဥရောပမှ အာရှအထိ ကျယ်ပြန့်သော (ယူရေးရှား) နယ်မြေကို ထိန်းချုပ်နိုင်သည်။ ယူရေးရှားကို ထိန်းချုပ်နိုင်သူ မည်သူမဆိုသည် ကမ္ဘာကို စိုးမိုးနိုင်သည်ဆိုသည့် အယူအဆဖြစ်သည်။

RelatedPosts

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

ရွှေနှင်းဆီ ဒေါ်တင်ညွန့်

11 January 2026
98
စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

10 January 2026
387
၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

၂၀၁၀ ကြိုတင်မဲ မသမာမှု နည်းဟောင်း USDP ထပ်မံကျင့်သုံးဟု စွပ်စွဲခံရ

10 January 2026
189

ထိုကဲ့သို့သော အယူအဆကို မျက်မှောက်ခေတ်တွင် ထောက်ခံသူ ရုရှား ဒဿနပညာရှင်နှင့် ပါမောက္ခ အလက်ဇန္ဒား ဂျီ ဒူဂင်က လစ်ဘရယ်ဆန်ပြီး ပျက်စီးယိုယွင်နေသော အနောက်တိုင်းနှင့် ရုရှားကို ဗဟိုပြုသည့် ရှေးရိုးဆန်သော ယူရေးရှားတိုက်အကြား ကြီးထွားလာသော ပဋိပက္ခဟု သူ ယူဆသည့် အကြောင်းအရာများအား ကျယ်ကျယ်ပြန့်ပြန့်ရေးသားနေသည်။

သမ္မတ ပူတင်၏ သဘောတရားရေးဆရာဟု မကြာခဏ သတ်မှတ်ခံရသော ပါမောက္ခ ဒူဂင်ကို တရုတ်နိုင်ငံတွင် ထောက်ခံမှုရှိပြီး တရုတ်အစိုးရ မီဒီယာများတွင် မကြာခဏဖော်ပြကာ ၂၀၁၈ ခုနှစ်တွင် ပို့ချချက်များ ပြုလုပ်ရန် ဘေဂျင်းသို့ ဖိတ်ခေါ်ခဲ့သည်။ ထိုစဉ်က သူ့ကို အိမ်ရှင်အဖြစ် ဖိတ်ခေါ်သူမှာ သမ္မတ ရှီ၏ မျက်နှာသာပေးမှုခံရသည့် ဝါဒဖြန့်ချိရေး ပညာရှင် ကျန်းဝေဝေဖြစ်ပြီး သူသည် ထိပ်တန်း ပါတီဝင် ၂၅ ဦးပါသည့် တရုတ်ကွန်မြူနစ်ပါတီ နိုင်ငံရေး ဦးဆောင်အဖွဲ့ကို လွန်ခဲ့သောနှစ်က ပို့ချချက်တခု ပြုလုပ်ခဲ့သူ ဖြစ်သည်။

“အနောက်တိုင်း သို့မဟုတ် ဥရောပ သို့မဟုတ် ယေဘုယျအားဖြင့်ခေါ်တဲ့ အနောက်တိုင်းဟာ လူသားတွေရဲ့ အစိတ်အပိုင်း တခုမျှသာဖြစ်တဲ့အတွက် အနောက်နိုင်ငံတွေအနေနဲ့ အကြွင်းမဲ့ စံနှုန်းတွေကို မချမှတ်သင့်ဘူး” ဟု ပါမောက္ခ ဒူဂင်က တရုတ်ရုပ်သံမှ တွေ့ဆုံမေးမြန်းသူတဦးကို ၂၀၁၉ ခုနှစ်က ပြောကြားခဲ့သည်။ “အခြားတဘက်က ကြည့်ရင်လည်း လူသားတွေရဲ့အများစုဟာ အနောက်တိုင်းရဲ့ ပြင်ပဖြစ်တဲ့ အာရှမှာ နေထိုင်ကြတယ်” ဟုလည်း သူက ပြောသည်။

အနောက်နိုင်ငံများက ချမှတ်သည်ဟု ယူဆရသည့် နိုင်ငံရေး သို့မဟုတ် လူ့အခွင့်အရေးဆိုင်ရာ နိုင်ငံတကာ စံနှုန်းများကို ထိုကဲ့သို့ မုန်းတီးခြင်းသည် တရုတ်က အမေရိကန် ပြည်ထောင်စုကို ဝေဖန်ရာတွင် အကြိမ်ကြိမ်တွေ့ရသည့် အကြောင်းအရာများ ဖြစ်သည်။ ထိုအချက်သည် သမ္မတ ဘိုင်ဒင်က ကျင်းပသည့် ဒီမိုကရေစီနိုင်ငံများ ဗီဒီယိုကွန်ဖရင့်ကို တုံ့ပြန်သည့် ဒီဇင်ဘာလက အစိုးရ၏ သဘောထားစာတမ်းတခုနှင့် လွန်ခဲ့သောလက သမ္မတ ပူတင်နှင့် သမ္မတ ရှီတို့ ဘေဂျင်းတွင် တွေ့ဆုံပြီးနောက် ထုတ်ပြန်သည့် ရှည်လျားသော ကြေညာချက်၏ အဓိကအကြောင်းအရာ ဖြစ်လာသည်။

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများအား ဆန့်ကျင်ရန် ထောက်ခံမှု ရရှိရေး ဘေဂျင်းကို အားကိုးလာသော ရုရှားသည် ဘေဂျင်းကို သေနင်္ဂဗျူဟာကျသည့် ပထဝီနိုင်ငံရေး ချိန်ခွင်လျှာတွင် ထိန်းညှိပေးမည့် ၎င်းတို့၏ သံတမန်ရေးနှင့် စီးပွားရေး အသက်သွေးကြောအဖြစ် ပိုမိုမြင်လာမည်

အနောက်နိုင်ငံများ၏ အရေးယူပိတ်ဆို့မှုများအား ဆန့်ကျင်ရန် ထောက်ခံမှု ရရှိရေး ဘေဂျင်းကို အားကိုးလာသော ရုရှားသည် ဘေဂျင်းကို သေနင်္ဂဗျူဟာကျသည့် ပထဝီနိုင်ငံရေး ချိန်ခွင်လျှာတွင် ထိန်းညှိပေးမည့် ၎င်းတို့၏ သံတမန်ရေးနှင့် စီးပွားရေး အသက်သွေးကြောအဖြစ် ပိုမိုမြင်လာမည်ဟု သုတေသီများက ပြောသည်။

“နိုင်ငံတကာစနစ်ဟောင်းက အလျင်အမြန် ပြိုကွဲနေပြီး ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအကြားမှာ အာဏာရှင်ဆန်တဲ့ နိုင်ငံရေးက ပြန်ခေါင်းထောင်လာတယ်” ဟု ရှန်ကျန်း ပြည်နယ် ဟောင်ကောင်တရုတ်တက္ကသိုလ်မှ ပါမောက္ခ ကျုံယုံညံက ပြောသည်။ “ကျားတွေက သားကောင်ကို ချောင်းသလိုပဲ နိုင်ငံတွေမှာ မျှော်လင့်ချက်တွေနဲ့ ပြည့်နေပြီး စနစ်ဟောင်းရဲ့ အပျက်အစီးတွေ ကြားထဲကနေ ရသမျှ အခွင့်အရေးကို ရှာဖွေဖို့ စိတ်အားထက်သန်နေတယ်” ဟု သူကပြောသည်။

(The New York Times ပါ Steven Lee Myers နှင့် Chris Buckley တို့၏ China Sees at Least One Winner Emerging From Ukraine War: China ကို ဘာသာပြန် ဖော်ပြသည်။)

ရုရှားထောက်လှမ်းရေး နိုင်ငံခြားဌာန အကြီးအကဲကို ပူတင်ဖမ်းထား

ယူကရိန်းစစ်ပွဲ ရုရှားက တရုတ်ကို အကူအညီတောင်းကြောင်း အမေရိကန်ပြော

ယူကရိန်းကို အာရုံစိုက်လာသောကြောင့် မြန်မာအပေါ် အာရုံစိုက်မှုနည်းလာ

ယူကရိန်းနှင့် မြန်မာ တူသည်များ၊ မတူသည်များနှင့် လုပ်နိုင်သည့် အလုပ်များ

ရှုံးနေပြီးသော ပူတင်၏ ကျူးကျော်စစ်

Your Thoughts …
Tags: ကျူးကျော်စစ်ဂျိတ် ဆူလီဗန်စီးပွားရေးဆာ ဟဲလ်ဖို့ ဂျွန် မက်ကင်ဒါတရုတ်နိုင်ငံတရုတ်သေနင်္ဂဗျူဟာထိုင်ဝမ်နေတိုးပထဝီနိုင်ငံရေးပိတ်ဆို့အရေးယူမှုမစ္စ ယွန်ဆန်းယူကရိန်းနိုင်ငံယူရေးရှားရုရှားနိုင်ငံသမ္မတ ပူတင်သမ္မတ ရှီကျင့်ဖျင်အမေရိကန် ပြည်ထောင်စုအလက်ဇန္ဒား ဂျီ ဒူဂင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

စစ်ကောင်စီသစ္စာခံ အမျိုးသမီး ၉ ဦး

by ဧရာဝတီ
22 March 2025
33.9k

အာဏာသိမ်းပြီးနောက် မင်းအောင်လှိုင်သည် အမျိုးသမီး သုံးဦးဖြစ်သော ဒေါ်ရင်ရင်နွယ်၊ ဒေါ်ယဉ်ယဉ်ဦးနှင့် ဒေါ်ခင်ဦးလှိုင်တို့ ပါဝင်သည့် အကြံပေးအဖွဲ့ ဖွဲ့သည်။

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် မောင်တောက စီးပွားရေးသမားများ

by ဧရာဝတီ
20 December 2024
24.7k

မောင်တောမြို့အခြေစိုက် မွတ်ဆလင်လုပ်ငန်းရှင်များထဲတွင် ဒိလ် မာမတ် မှာ ဗိုလ်မှူးချုပ် သူရိန်ထွန်းနှင့် အလွန်ရင်းနှီးသူဖြစ်သည်။

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

လာဘ်စားမှုနှိမ်နင်းရေးမှာ မိုးမြင့်ထွန်း မပါဘူးလား

by ဧရာဝတီ
12 September 2023
21k

ဗိုလ်ချုပ်ရန်နောင်စိုးကို လွန်ခဲ့သောအပတ်အတွင်း ဖမ်းဆီးမှုက သူ၏ဆရာသမား ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကိုလည်း မီးမောင်းအောက်ရောက်သွားစေသည်။

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

အမျိုးသားလုံခြုံရေးအကြံပေး ဗိုလ်ချုပ်ကြီး မိုးအောင် ဘာကြောင့် ဖယ်ရှားခံရသနည်း

by ဧရာဝတီ
8 August 2025
20.8k

မိုးအောင်ကို ဖယ်ရှားခြင်းသည် စစ်အုပ်စုဝန်ထမ်း ၂ သိန်းကျော်၏ ကိုယ်ရေးအချက်များ အကြီးအကျယ် ပေါက်ကြားခြင်းနှင့် ဆက်စပ်နေသည်ဟု နေပြည်တော်မှ သတင်းရင်းမြစ်များပြောသည်။

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

မင်းအောင်လှိုင် မိသားစု၏ အာဏာသိမ်း စီးပွားရေး

by ဒေးဗစ်အောင်
10 February 2024
20.4k

ဒုက္ခရောက်နေသည့် ပြည်သူ သန်းပေါင်းများစွာကို အားလုံးက အာရုံစိုက်နေစဉ် မင်းအောင်လှိုင်နှင့် သား သမီး နှစ်ဦးသည် ပိုင်ဆိုင်မှုများကို သိမ်းကြုံးစုဆောင်းနေသည်။

Next Post
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှ စစ်ရှောင်များ  / CJ

တိုက်ပွဲပြင်းထန်နေသည့် ကန်ပက်လက်တွင် စစ်ရှောင်များ အရေးပေါ် အကူအညီလိုနေ

ထားဝယ်မြို့ရှိ၊ ထားဝယ်အကျဉ်းထောင်

ထားဝယ်ထောင်တွင်း ရုံးထုတ်စဉ် ဆန္ဒပြသည့် နိုင်ကျဉ်းတချို့ တိုက်ပိတ်ခံရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved