• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

by ဧရာဝတီ
5 March 2024
in သတင်း
A A
ပုဏ္ဏားကျွန်းကို သိမ်း၍ စစ်တွေကို AA အနီးကပ် ခြိမ်းခြောက်

၂၀၂၄ ဖေဖော်ဝါရီ ၁၆ ရက်က မင်းပြားအခြေစိုက် စကခ ၉ လက်အောက်ခံ နည်းဗျူဟာ ၂ ၏ ခမရ ၃၇၉၊ ခမရ ၃၈၀နှင့် ခမရ ၅၄၁ တို့အား AA သိမ်းပိုက်ပြီးနောက် တွေ့ရသော စစ်အသုံးအဆောင် ပစ္စည်းများ/ AA Info Desk

11.2k
VIEWS
Share on FacebookShare on Twitter

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ရှိ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းကို ရက္ခိုင့်တပ်တော်(AA)မှ မတ်လ ၄ရက်က တိုက်ခိုက် သိမ်းပိုက်လိုက်ပြီးနောက် ယခုဆိုလျှင် AA က သိမ်းယူပြီး မြို့ပေါင်း ၆မြို့ အထိ ရှိလာပြီဖြစ်သည်။

AA သည် ပုဏ္ဏားကျွန်းမြို့အား အလုံးစုံသိမ်းပိုက်ရေး ဖေဖော်ဝါရီ ၂၃ ရက်မှ စ၍ ခမရ-၅၅၀ အားတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး ၁၁ ရက်မြောက်နေ့တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

ပုဏ္ဏားကျွန်းမြို့သည် စစ်တွေခရိုင်ထဲပါဝင်ကာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ရှိသည့် ရခိုင်ပြည်နယ်မြို့တော် စစ်တွေနှင့် ၂၅ မိုင်ခန့်သာ ကွာ၍ ပုဏ္ဏားကျွန်းအခြေစိုက် ခမရ-၅၅၀ တပ်ရင်းသည် စစ်တွေတပ်နယ်အုပ်ချုပ်မှုအတွင်း ပါဝင်သည့် တပ်လည်းဖြစ်သည်။

စစ်ရေးလေ့လာသူများက ပုဏ္ဏားကျွန်းမြို့အား AA က သိမ်းပိုက်ခြင်းသည် စစ်တွေသို့ ကုန်းလမ်းဝင်ပေါက်အား အပြည့် အဝပိတ်ဆို့ ထားနိုင်သည့် အခြေအနေဖြစ်ပြီး ဒကစ(စစ်တွေ)ကိုလည်း အနီးကပ်ခြိမ်းခြောက်နိုင်ပြီဖြစ်ကြောင်း ဆိုသည်။

စစ်ရေးလေ့လာသူတဦးက “ပုဏ္ဏားကျွန်းရသွားတော့ စစ်တွေကို အနီးကပ်ခြိမ်းခြောက်နိုင်တာပေါ့၊ အဲဒီနားမှာ ကန်ဆောက်တို့ ဘာတို့မှာ သိမ်းဆည်းရရှိတဲ့ လက်နက်ကြီးတွေ ဆင်ပြီးတော့ တောက်လျောက်ပစ်ရင် စစ်တွေ ဒကစ ဌာနချုပ်ထဲကို တောက်လျောက်ကျမှာပဲ။ ပုဏ္ဏားကျွန်းရတာ အဓိကတော့ စစ်တွေကို တိုက်ရိုက် ခြိမ်းခြောက်နိုင်တာပဲ” ဟု ဧရာဝတီသို့ ပြောသည်။

AA သည် ပုဏ္ဏားကျွန်းမြို့ပေါ်ရှိ ခမရ-၅၅၀ အား တိုက်ခိုက်နေချိန်နှင့် တပြိုင်နက် စစ်တွေနှင့်ပုဏ္ဏားကျွန်းနယ်စပ်ဖြစ်သည့် ပါဒလိတ်၊ အမြင့်ကျွန်းကျေးရွာတဝိုက်တွင်လည်း စစ်ကောင်စီစစ်ကြောင်းများအား ဖြတ်တောက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရသည်။

ခမရ-၅၅၀ အပြင်းအထန် တိုက်ခိုက်ခံနေရချိန် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စစ်တွေမြို့ဘက်မှ စစ်ကူတက်လာသည့် စစ်ကြောင်းအား AA က အမြင့်ကျွန်းတံတားထိပ်တွင် ဖြတ်တောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ သံချပ်ကာ ကားနှစ်စီးကိုပါ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ကြောင်း ရုပ်သံဖိုင်နှင့်တကွ ထုတ်ပြန်ထားသည်။

အမြင့်ကျွန်းတံတားသည် ခမရ-၅၅၀ အား AA ထိုးစစ်မဆင်မီ ဖေဖော်ဝါရီလလယ်ပိုင်းကတည်းက စစ်တွေမြို့နယ်ထဲသို့ AA တပ်များ ကုန်းလမ်းမှအလုံးအရင်း ဝင်ရောက်မလာနိုင်စေရန် စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးထားသည့် တံတားဖြစ်သည်။

AA တိုက်ခိုက်သိမ်းပိုက်လိုက်သော ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ-၅၅၀/AA Info Desk

စစ်တွေမြို့နယ်အစွန်ရှိ ပါဒလိတ်ကျေးရွာအုပ်စုတွင် ခမရ-၂၃၂၊ ခမရ-၃၄၄ တပ်ရင်းနှစ်ရင်းအပြင် ပညာရေးသင်တန်း ကျောင်းနှင့် စစ်လက်နက်ပစ္စည်းတပ်ခွဲ တခွဲလည်းရှိနေပြီး ထိုနေရာအထိ AA ဘက်က ထိုးဖောက်တိုက်ခိုက်နိုင်ပါက စစ်တွေမြို့အား ပိုမိုအနီးကပ် ခြိမ်းခြောက်ပိတ်ဆို့ထားနိုင်မည်ဖြစ်ကြောင်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

၎င်းက “ စစ်တွေကို ကုန်းလမ်းကနေ အလုံးစုံဖြတ်တောက်ထားနိုင်ပြီလို့ သေချာပေါက်ပြောလို့ရပါတယ်။ စစ်တွေသည် လေကြောင်းနဲ့ ရေကြောင်းထွက်ပေါက်ပဲရှိတော့တယ်၊ ဒကစ စစ်တွေကို AA တပ်တော်တို့ အလုံးစုံ ပိတ်ဆို့ဖြတ်တောက် ထားပြီးပြီ၊ စစ်တွေတပ်နယ်ထဲ အထိ ရောက်သွားပြီလို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

CDM ဗိုလ်ကြီး ဇင်ယော်သည် ရခိုင်စစ်မြေပြင်တွင် AA နှင့် တိုက်ပွဲများပြင်းထန်ခဲ့သည့် ၂၀၁၉ ခုနှစ်အတွင်းက ပလက်ဝမြောက်ခြမ်း၊ ရသေ့တောင်နှင့် ကျောက်တော်ဒေသများ၌ စစ်ဆင်ရေးဝင်ခဲ့ဖူးသူ ဖြစ်သည်။

ရခိုင်ပြည်နယ်စစ်မျက်နှာ၌ တပ်စခန်းများနှင့် မြို့များအား လက်လွှတ်နေရသည့် စစ်ကောင်စီအနေဖြင့် AA ထိုးစစ်အား ဟန့်တားရန် တံတားများအား ကိုယ်တိုင်ဖျက်ဆီးနေရပြီး ပုဏ္ဏားကျွန်းမြို့ လက်လွတ်ရပြီးနောက်တွင်လည်း ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့ အား ဆက်သွယ်ထားသည့်လမ်းပေါ်မှ စေတီပြင်တံတားအား ယမန်နေ့ညနေပိုင်းတွင် တိုက်လေယာဉ် နှစ်စင်းဖြင့် တိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း AA က ပြောသည်။

RelatedPosts

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

မဲဆန္ဒရှင်တွေကို ပိုက်ဆံကြိုပေးမှု ပေါ်ပေါက် (ရုပ်/သံ)

11 January 2026
6
စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

စစ်ခေါင်းဆောင် မဲရုံတွေဝင်တာ ချိုးဖောက်မှုမြောက်လား (ရုပ်/သံ)

11 January 2026
19
ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

ရန်ကုန်နဲ့ မန္တလေးက မဲရုံတွေ လုံခြုံရေးအထပ်ထပ်ချ (ရုပ်/သံ)

11 January 2026
12

ထိုလုပ်ရပ်သည် AA ကမြို့သိမ်းထိုးစစ်ဆင်နေသည့် ရသေ့တောင်မြို့ဘက်သို့ ပုဏ္ဏားကျွန်းဘက်မှ AA တပ်များ အလုံးအရင်းဝင်မလာနိုင် စေရန် လမ်းကြောင်းဖြတ်တောက်ခြင်းဖြစ်ကြောင်း လေ့လာသူများကသုံးသပ်သည်။

ပုဏ္ဏားကျွန်းသို့ စစ်ကူပေးရန်လာသော စစ်ကောင်စီ သံချပ်ကာယာဉ်ကို AA က ဖျက်ဆီးလိုက်စဉ်

ပုဏ္ဏားကျွန်းမြို့အား AA သိမ်းပိုက်ပြီး စစ်ကောင်စီကိုယ်တိုင် တံတားချိုးလိုက်သည့်အတွက် ရသေ့တောင်မြို့တွင် AA ထိုးစစ်အား ခုခံနေရသည့် စစ်ကောင်စီတပ်ရင်းများအနေဖြင့် ကုန်းလမ်းမှဆုတ်ခွာမရသည့် အနေအထားဖြစ် သွား ကြောင်းလည်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် ယမန်နှစ် နိုဝင်ဘာ ၁၃ ရက်မှစတင်ကာ AA က ထိုးစစ်ဆင်နေခြင်း ဖြစ်ပြီး လက်ရှိတွင် ပလက်ဝမြို့နယ်နှင့် ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တောနှင့် ပုဏ္ဏား ကျွန်းမြို့နယ်တို့အား သိမ်းပိုက်ထားသည့်အပြင် တောင်ပြိုလက်ဝဲနှင့် တောင်ပြိုလက်ယာနယ်ခြားစောင့်စခန်းနှင့် မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့အတွင်းမှ နယ်ခြားစောင့်တပ်စခန်းအများအပြားအား သိမ်းပိုက်ထားပြီဖြစ်သည်။

ထို့ပြင် ရခိုင်ပြည်နယ်အတွင်း လက်နက်ချအညံ့မခံသည့် တပ်စခန်းအားလုံးအား ဆက်လက်တိုက်ခိုက်မည်ဖြစ်ကြောင်း AA ကပြော ထားပြီး လက်ရှိတွင် ရသေ့တောင်၊ မောင်တောနှင့် ဘူးသီးတောင်မြို့နယ်တို့ရှိ တပ်စခန်းများအား ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။

ရခိုင်စစ်မျက်နှာတွင် အထိနာနေသည့် စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် မြို့များ၊ စခန်းများမှ တပ်ဖွဲ့ဝင်များအား စစ်တွေနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းတို့တွင် ပြန်လည်စုစည်းမှုများ ပြုလုပ်ကာ ခံစစ်ပြင်နေသည့်အခြေအနေဖြစ်ကြောင်းလည်း စစ်ရေးလေ့လာသူများက သုံးသပ်ထားသည်။

You may also like these stories:

စစ်ကောင်စီကို ကိုင်လှုပ်သည့် ရခိုင် ရေကြောင်းတိုက်ပွဲ

ရက္ခိုင့်တပ်တော်က အနိုင်ယူလာနေတဲ့ ရခိုင်စစ်မျက်နှာ

ရခိုင်မြောက်ပိုင်းမှ တပ်စခန်း ၄ ခု AA တပြိုင်နက် တိုက်ခိုက်

AA ထိုးစစ်ကို စစ်တွေနှင့် အမ်းမှ ခုခံရန်ပြင်

ကျောက်တော် ခမရ ၅၃၉ တပ်ရင်း AA ထံ လက်နက်ချ

Your Thoughts …
Tags: AAစစ်တွေပုဏ္ဏားကျွန်းရခိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

၁၀၂၇ စစ်ဆင်ရေး၏ အဓိကအချက် ၇ ချက်

by ဧရာဝတီ
4 November 2023
32.5k

ထိုစစ်ဆင်ရေး၏ အဓိက ထူးခြားချက် ၇ ချက်ကို ဧရာဝတီက အောက်တွင် မီးမောင်းထိုးပြထားသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် စစ်ကောင်စီတွေ့ဆုံမှု သဘောတူညီချက် ဘာမှမရ

by ဧရာဝတီ
12 December 2023
30.5k

ညီနောင်မဟာမိတ်သုံးဖွဲ့နှင့် အာဏာသိမ်းစစ်ကောင်စီအကြား ယမန်နေ့က တွေ့ဆုံဆွေးနွေးမှုတွင် မည်သည့်သဘောတူညီချက်မှ မရရှိခဲ့ကြောင်း နီးစပ်သူတဦးကပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

Next Post
ပြည်သူကို ဗဟိုပြုစဉ်းစားဖို့ တိုက်တွန်းခဲ့တယ် (ရုပ်/သံ)

ပြည်သူကို ဗဟိုပြုစဉ်းစားဖို့ တိုက်တွန်းခဲ့တယ် (ရုပ်/သံ)

ရခိုင်မှာ မွတ်စလင်တွေကို အသေခံတပ်သားအဖြစ် စေခိုင်းနေတာ (ရုပ်/သံ )

ရခိုင်မှာ မွတ်စလင်တွေကို အသေခံတပ်သားအဖြစ် စေခိုင်းနေတာ (ရုပ်/သံ )

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • စစ်တပ် ရွေးကောက်ပွဲ ဒုတိယပိုင်းအတွက် အရေးပါတဲ့ အချက်အလက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved