ထိုင်းနိုင်ငံရဲ့လွှတ်တော် အမျိုးသားလုံခြုံရေးနဲ့ နယ်စပ်ရေးရာကော်မတီက ကျင်းပတဲ့ မြန်မာ့အရေးဆွေးနွေးပွဲ ၂ ရက်တာမှာ မြန်မာပြည်သူတွေ အမှန်တကယ်လိုအပ်နေတဲ့ ကူညီထောက်ပံ့မှုတွေ ရရှိနိုင်ရေးအတွက် ဆွေးနွေးတင်ပြတာတွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) ရဲ့ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။
“အာဏာသိမ်းပြီး သုံးနှစ်အကြာ” ခေါင်းစဥ်နဲ့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မတ်လ ၂ ရက်နေ့နဲ့ ၃ရက်နေ့တွေမှာ ဆွေးနွေးပွဲကို ပြုလုပ်ခဲ့တာဖြစ်ပြီး၊ ထိုင်းလွှတ်တော်အမတ်တွေ၊မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေ၊ အမျိုးသား ညီညွှတ်ရေးအစိုးရ (NUG) က ဝန်ကြီးအချို့နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တက်ရောက်ဆွေးနွေးခဲ့ကြ တာပါ။
ဆွေးနွေးပွဲရလာဒ်နဲ့အတူ ထိုင်းအစိုးရနဲ့ NUG တို့ကြား ဘယ်လိုတွေ သဘောတူလုပ်ဆောင်မှုတွေ ရှိနေတယ် ဆိုတာနဲ့ပတ်သက်ပြီး ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဧရာဝတီက ဆက်သွယ် မေးမြန်းထား ပါတယ်။













