• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ

by ဧရာဝတီ
1 March 2023
in သတင်း
A A
စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ

စစ်တပ်အာဏာသိမ်းပြီးနောက် ပထမဆုံးအကြိမ် လူမြင်ကွင်း ထွက်လာသည့် အာဏာရှင်ဟောင်း ဦးသန်းရွှေ

22.1k
VIEWS
Share on FacebookShare on Twitter

နာမည်ဆိုးဖြင့် ကျော်ကြားခဲ့သော စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေသည် တပည့်ဖြစ်သူ အာဏာရှင် လက်သစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နေပြည်တော်ရှိ မာရဝိဇယရုပ်ပွားတော် တည်ဆောက်ရေးလုပ်ငန်းခွင်ကို လာရောက် လေ့လာခဲ့ကြောင်း စစ်တပ်ထောက်ခံသူတို့၏ လူမှုကွန်ရက်စာမျက်နှာ များ၌ ဓာတ်ပုံနှင့်တကွ ဖော်ပြလာခဲ့သည်။

ထိုသို့ လူလုံးထွက်ပြလာမှုသည် ၎င်းကိုယ်တိုင် ရွေးချယ်နေရာပေးခဲ့သည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်း အပြီး ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရခြင်းဖြစ်ကာ စစ်တပ် အာဏာသိမ်းမှုအပေါ် သိရှိထောက်ခံနေကြောင်း ပြသသည့် သဘော သက်ရောက် နေသည်ဟု သုံးသပ်မှုများလည်း ရှိသည်။

ဦးသန်းရွှေ အား သမက် ဖြစ်သူ ဗိုလ်မှူးချုပ် သိန်းနိုင် (ငြိမ်း) ၏ ဈာပနပြုလုပ်ရာ နေပြည်တော် ကွေ့ကြီးသုသာန်တွင် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့က နောက်ဆုံးတွေ့မြင်ခဲ့ရပြီး ၃ နှစ်ကျော် အကြာတွင် ပြန်လည်တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

မကြာခဏဆိုသလို သေဆုံးပြီဟု သတင်းများ ထွက်ပေါ်လေ့ရှိသည့် အသက် ၉၀ နှစ်အရွယ် အာဏာရှင်ဟောင်း ဦးသန်းရွှေ၏ လူမှုကွန်ရက်စာမျက်နှာထက် ထွက်ပေါ်လာသော ပိဋကတ်စာပေများအား ကျောက်စာရေးထိုးထားမှုကို ကြည့်ရှုနေသည့် ဓာတ်ပုံများအရ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေကြောင်း ထွက်ပေါ်နေသည့် သတင်းများကို ရပ်တန့်သွားစေသည်။

နိုင်ငံရေးသုံးသပ်သူအချို့ကတော့ ဦးသန်းရွှေ လူမြင်ကွင်းထွက်လာသည်မှာ တပည့်ဖြစ်သူ အာဏာသိမ်း ခေါင်းဆောင်၏ လုပ်ရပ်ကို ထောက်ခံကြောင်း ပြသရာရောက်သလို၊ ၎င်းအား ထောက်ခံသူ အတိမ်အနက်ကို စမ်းသပ်သည့်သဘော ရှိနိုင်သည်ဟု ဆိုသည်။

သို့သော်လည်း ထိုအခြေအနေများမှာ ဦးသန်းရွှေ လူလုံးထွက်ပြလာရခြင်းသည် ၎င်း၏ သဘောဆန္ဒ အရလာရောက်ခြင်းဟုတ်မဟုတ်အပေါ်တွင် မူတည်နေပြီး တပ်တွင်းစည်းလုံးမှု စိုးရိမ်မှုများ ရှိနေသည့် လက်ရှိ အာဏာသိမ်းအုပ်စု၏ အတင်းအကြပ်စီစဉ်မှု ဖြစ်နိုင်ကြောင်းလည်း သုံးသပ်နေကြသည်။

မာရဝိဇယရုပ်ပွားတော် တည်ဆောက်ရေးလုပ်ငန်းခွင်သို့ လာရောက်သည့် အဆိုပါ ဓာတ်ပုံများ ပျံ့နှံလာသော ဖေဖော်ဝါရီ ၂၅ ရက်တွင် အာဏာရှင်ဟောင်း ဦးသန်းရွှေသည် ရန်ကုန်မြို့၌ ကျင်းပနေသည့် နိုင်ငံတော်သံဃမဟာနာယက ၄၇ ပါး စုံညီအစည်းအဝေးကိုလည်း နေ့ဆွမ်းဆပ်ကပ် လှူဒါန်းခဲ့သေးသည်။

RelatedPosts

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
51
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
814
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
227

တပည့်ဖြစ်သူ အာဏာသိမ်းပြီးနောက် လူလုံးထွက်ပြလေ့ မရှိသော်လည်း အာဏာရှင်ဟောင်း ဦးသန်းရွှေသည် နိုင်ငံတော် သံဃမဟာနာယက အစည်းအဝေးများတွင် ဆွမ်းဒါယိကာအဖြစ် လှူဒါန်းလေ့ရှိကြောင်းလည်း အာဏာသိမ်း စစ်ကောင်စီ ဝါဒဖြန့်သတင်းများတွင် ဖော်ပြလေ့ရှိသည်။

ယမန်နှစ် မတ်လတွင်မူ ဦးသန်းရွှေသာမကဘဲ ၎င်း၏ လက်ထောက်ဟောင်း ဒုဗိုလ်ချုပ်ကြီးမောင်အေး၊ သမ္မတ (ငြိမ်း) ဦးသိန်းစိန်၊ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးတင်အေးနှင့် စစ်ဗိုလ်ချုပ်ဟောင်း တချို့၏ မိသားစုများက ဗုဒ္ဓဘာသာ သံဃာတော်များအား ဆွမ်းစားရိတ် လှူဒါန်းခြင်းဖြင့် စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း တစုတစည်းတည်း ရှိနေကြောင်း ကိုလည်း ပြသခဲ့ကြသေးသည်။

လူထုအပေါ် ဖိနှိပ်ချုပ်ကိုင်ခဲ့သည့် ဦးသန်းရွှေနှင့် အပေါင်းအပါ စစ်ခေါင်းဆောင်ဟောင်းတစုသည် တပည့်ဟောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ နိုင်ငံတဝှမ်း ကလေး၊ လူကြီးမရှောင် အကြမ်းဖက်သတ် ဖြတ်မှုများ၊ ရွာလုံးကျွတ်မီးတိုက်မှုများဖြင့် အထိန်းအကွပ်မဲ့ စစ်ရာဇဝတ်မှု ကျူးလွန်နေခြင်းအပေါ် လျစ်လျူရှု ထောက်ခံနေသည့်သဘောလည်း သက်ရောက်နေသည်။

နိုင်ငံအား စစ်အုပ်စုက အမြဲတစေ ဦးဆောင်ချုပ်ကိုင်ထားနိုင်ရေးအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို စိတ်ကြိုက် ဖန်တီးပြီး ၂၀၁၀ အထွေထွေရွေးကောက်ပွဲ ကျင်းပစေခြင်းဖြင့် ဒီမိုကရေစီ အပြောင်းအလဲ အမည်ခံကာ ဦးသိန်းစိန်အား သမ္မတအဖြစ်လည်းကောင်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အဖြစ်လည်းကောင်း ဦးသန်းရွှေက ရွေးချယ်နေရာပေးခဲ့သည်။

ထို့ကြောင့်ပင် ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်ထိ တိုင်းပြည်ကို ဖိနှိပ်ချုပ်ကိုင်ခဲ့သည့် ဦးသန်းရွှေသည် တပ်ချုပ်ရာ ထူးကို စွန့်လွှတ်ခဲ့သော်လည်း စစ်တပ်အပေါ် ဩဇာလွှမ်းမိုးမှု ကျန်ရှိနေသေးသလို အာဏာသိမ်းမှုတွင်လည်း ၎င်းနှင့် အငြိမ်းစား စစ်ဗိုလ်ချုပ်ကြီးများ ထောက်ခံမှု ရှိနေကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ထားသည်။

ဒီမိုကရေစီ အသွင်ကူးပြောင်းကာလအဖြစ် လူအများထင်မှတ်ခဲ့ကြသည့် ၂၀၁၀ ခုနှစ်မှ ၂၀၂၀ ခုနှစ်အတွင်း ကာလများက လည်း လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။ ထိုအခြေအနေအပေါ် ဦးသန်းရွှေသည် စစ်တပ်အပေါ် ဩဇာရှိနေသေးကြောင်း သုံးသပ်ခဲ့ကြသည်။

ထိုကာလအတောအတွင်း တရုတ်နှင့် စင်္ကာပူနိုင်ငံတို့မှ ကိုယ်စားလှယ်အဖွဲ့များအား နေပြည်တော်ရှိ ၎င်း၏ စံအိမ်တွင် လက်ခံတွေ့ဆုံခြင်းများ ရှိခဲ့သည်။

ဦးသန်းရွှေ တက်ရောက်ခဲ့သည့် မာရဝိဇယရုပ်ပွားတော် သမိုင်းနှင့် ပတ်သက်၍ ရုပ်ပွားတော် ထုဆစ်မည့် စကျင်ကျောက်တုန်းအား အလှူရှင်ဖြစ်သူ Angelo Mining Co.,Ltd မှ ဦးအောင်ခိုင်သန်းက ရွှေဖောင်ဒေးရှင်း (Shwe Foundation) သို့ ၂၀၁၃ တွင် လှူဒါန်းခဲ့ခြင်း ဖြစ်ပြီး ဖောင်ဒေးရှင်း၏ ထပ်ဆင့်လွှဲအပ်ချက်အရ စစ်တပ်က ဦးဆောင်ကာ ဆင်းတုတော် ထုဆစ်တည်ဆောက်နေခြင်း ဖြစ်ကြောင်း အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထုတ်ဖော် ပြောဆိုထားသည်။

You may also like these stories :

အာဏာရှင်ဟောင်း ဦးသန်းရွှေနှင့် ဗိုလ်ချုပ်ကြီးဟောင်းများ ငုပ်နေရာမှ ပြန်ပေါ်လာ

နေပြည်တော် စစ်ရေးပြပွဲ ဗိုလ်ချုပ်ဟောင်းများ ပြန်ပေါ်လာ

ဦးသန်းရွှေကို စစ်ကောင်စီခေါင်းဆောင် သွားတွေ့

သူတို့ တွေ့ပြီး ဘာတွေ တိုင်ပင်ခဲ့ကြလဲ

စစ်အုပ်စု အဆက်ဆက် မြန်မာပြည်သူ သန်းပေါင်းများစွာကို မောင်းထုတ်ခဲ့သည်

Your Thoughts …
Tags: နေပြည်တော်မင်းအောင်လှိုင်မာရဝိဇယရုပ်ပွားတော်အာဏာရှင်ဟောင်းဦးသန်းရွှေ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
41.9k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

ဗိုလ်ချုပ်ကြီး ခင်ညွန့် နေပြည်တော် စီမံကိန်း တားခဲ့သလား

by ဧရာဝတီ
28 April 2025
37.6k

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သမိုင်းကြောင်းအရသာမက လုံခြုံရေး အင်္ဂါရပ်နဲ့ ညီညွတ်တဲ့ ပျဉ်းမနားတဝိုက်ကို ရွေးချယ်ချင်သလို…

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

ဒေါ်အောင်ဆန်းစုကြည်ကို စစ်တပ်ဝင်းထဲသို့ ရွှေ့

by ဧရာဝတီ
15 May 2024
31.4k

ဒေါ်အောင်ဆန်းစုကြည်အား အကျဉ်းထောင်မှ နေပြည်တော်တိုင်း စစ်ဌာနချုပ်လက်အောက်ခံ အမှတ် (၆) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၆) ဝင်းအတွင်းရှိ အဆောက်အဦသို့ မကြာသေးမီရက်ပိုင်းက ပြောင်းရွှေ့လိုက်ကြောင်း သိရသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

Next Post
စစ်ကောင်စီတပ် စစ်ကြောင်းထိုး မီးရှို့ခဲ့သည့် မြင်းမူမြို့နယ်၊ ပဒတ္ထိုင်းရွာနှင့် ကန်တော်ရွာ / မြင်းမူသတင်းမှန်ပြန်ကြားရေး

မြင်းမူနယ်တိုက်ပွဲ နှစ်ဖက် အကျအဆုံးရှိ

၂၀၁၇ခုနှစ်က ပထမဆုံး ပြုလုပ်သည့် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ စစ်တပ်ပူးတွဲ စစ်လေ့ကျင့်မှုတွင် တွေ့ရသည့် စစ်ဖက်အရာရှိကြီးများ

မြန်မာစစ်တပ်အား လက်နက်နှင့် လေယာဉ်ဆီ အိန္ဒိယကုမ္ပဏီများ အဓိကထောက်ပံ့နေ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved