• English
Tuesday, January 13, 2026
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

မောင်းတင်ထားတဲ့ ရခိုင်ပြည် ငြိမ်းချမ်းရေး

by ဧရာဝတီ
19 May 2022
in ဆောင်းပါး
A A
အာရကန်သူရဲကောင်းဟု ထိုးထားသော ဆေးမင်ကြောင် / ဧရာဝတီ

အာရကန်သူရဲကောင်းဟု ထိုးထားသော ဆေးမင်ကြောင် / ဧရာဝတီ

11.3k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်းစစ်တပ်နှင့် ရက္ခိုင်စစ်တပ် (AA) တို့ တိုက်ပွဲများ ရပ်တန့်နေသော်လည်း စိတ်ချရသည့် အခြေအနေ တော့ မဟုတ်ပေ။ စစ်ရေးအရ အချက်အခြာကျနေသည့် နေရာများတွင် အောက်ခြေတပ် အချင်းချင်း တပ်ချင်းဆိုင် ထားကာ သေနတ်မောင်းတင်ထား၍ အသင့် အနေအထား ဖြစ်ပေါ်နေသည်ကို တွေ့မြင်ရသည်။

ယခုလ မေလဆန်းပိုင်းလောက်ကတည်း စစ်တပ်နှင့် AA တို့သည် မြောက်ဦး၊ မင်းပြား စသည့် မြို့နယ်များအတွင်း တောတောင်နှင့်နီးသည့် ကျေးလက်ဒေသများတွင်သာ တင်းမာမှုမျိုး ဖြစ်သည် မဟုတ်တော့ဘဲ မြို့ပေါ်အထိပါ တဖက်နှင့်တဖက် နေရာအသီးသီး ယူ၍ တိုက်ပွဲဖြစ်လုလု အခြေအနေမျိုး ဖြစ်ပေါ်ခဲ့သည်။

လေးမြို့ချောင်းထဲက သေနတ်သံ စတင် ထွက်ပေါ်

ရခိုင်စစ်ပွဲကို စတင် သေနတ်ဖောက်ခဲ့သည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မေလ ၁၅ ရက်က အာဏာသိမ်း စစ်တပ်နှင့် AA တပ်ဖွဲ့ဝင်များ အကြား တင်းမာမှုကနေတဆင့် သေနတ်သံများကို စတင် ကြားလာနေရပြီ ဖြစ်သည်။

ပလက်ဝမြို့နယ် သံထောင်ကျေးရွာအနီး တောင်ကုန်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ကို ရိက္ခာလာပို့သည့် ရဟတ်ယာဉ် ဆင်းသက်စဉ် ချောင်းတဖက်ကမ်းမှ AA တပ်ဖွဲ့ဝင်များက စတင် ပစ်ခဲ့ခဲ့ရာမှ မိနစ် ၂၀ ခန့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

AA ဘယ်လက်မောင်းတံဆိပ်နှင့် ရင်ထိုး/ဧရာဝတီ

အဆိုပါ သံထောင်ကျေးရွာသည် မြောက်ဦးမြို့ နယ်နှင့် ထိစပ်သည့် ဒေသတခုဖြစ်ပြီး လေးမြို့ချောင်းအထက်ပိုင်းတွင် တည်ရှိသော ကျေးရွာတခုဖြစ်ကာ AA တပ်ဖွဲ့ဝင်များ ဝင်ရောက် လှုပ်ရှားမှုရှိသလို စစ်တပ်ကလည်း သံထောင် ရဲစခန်း နှင့် ရွာအနီးတောင်ကုန်းပေါ်၌ တပ်စွဲနေထိုင်လျက် ရှိကြောင်း သိရသည်။

လေးမြို့မြစ်ကြောင်း တလျှောက်တွင် စစ်တပ်နှင့် AA တို့ အခိုင်အမာ တပ်စွဲ နေထိုင်ကြပြီး ပြီးခဲ့သော ဧပြီလအတွင်း က AA ရိက္ခာဆန်များ တင်ဆောင်လာသည့် စက်လှေကို စစ်တပ်က ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်သလို စစ်တပ် ရိက္ခာ တင်ဆောင်လာသည့် စက်လှေများကိုလည်း AA တပ်ဖွဲ့ ဖမ်းဆီးကာ အပြန်အလှန် ဖမ်းဆီးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ ကြောင်းလည်း ဧရာဝတီ၏ သတင်းရင်းမြစ်များက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း အာဏာသိမ်း စစ်တပ်နှင့် AA တို့ စစ်ရေး တင်းမာမှု မြင့်တက်လျက်ရှိနေသည်မှာ အတန်ကြာခဲ့ ပြီဖြစ်ကာ စစ်တပ်က နေရာအနှံ့ စစ်အင်အား တိုးချဲ့ပြီး ULA / AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို အနှောင့်အယှက်ပေးနေသလို အဆိုပါ ကဏ္ဍများတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကိုလည်း ဖမ်းဆီးရန် ကြိုးစားနေကြောင်းလည်း AA သတင်းပြန်ကြားရေးဌာနက မေလ ၁၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ထားသည်။

သားကောင် ဖြစ်နေရတဲ့ သတင်းသမားများ

နိုင်ငံရေး၊ စစ်ရေး အခြေအနေ တင်းမာမှုဖြစ်ပေါ်တိုင်း ပထမဦးဆုံး သားကောင်ဖြစ်ရသည်မှာ သတင်းသမားများပင် ဖြစ်သည်။ ရခိုင်အခြေစိုက် မီဒီယာတိုက်ကြီး ၃ ခုဖြစ်သည့် Development Mea dia (DMG)၊ WesternNews ၊ Narinjara၊ စသည့် မီဒီယာတိုက်များမှ သတင်းသမားများအား စစ်ကောင်စီက ကြီးလေးသော ပုဒ်မများဖြင့် တရားစွဲ ထားသည်။

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပလက်ဝမြို့နယ် အခြေစိုက် အမှတ် ၂၈၉ ခြေလျင်တပ်ရင်းတွင် အလံဖြူထောင်ထားသည်ကို တွေ့မြင်ရကြောင်း ရေးသား ဖော်ပြထားခဲ့သဖြင့် စစ်တပ်က တရားလို လုပ်ကာ Western News သတင်းဌာနကို နိုင်ငံတော်ပုန်ကုန်မှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ ဖြင့်၂၀၂၂ ခုနှစ် ဇန်နဝါရီ လအတွင်းက တရား စွဲဆိုထားသည့်အတွက် သတင်းသမားများ ထွက်ပြေး တိမ်းရှောင်နေရသည်။

AA ညာလက်မောင်းတံဆိပ်/ဧရာဝတီ.

အလားတူ ရခိုင်အခြေစိုက် သတင်းဌာနတခုဖြစ်သည့် DMG အယ်ဒီတာချုပ် ဦးအောင်မင်းဦး ကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၂) နှင့် တရားစွဲဆိုထားသလို အယ်ဒီတာ အဖွဲ့ဝင်တဦးနှင့် သတင်းထောက် ၂ ဦး တို့မှာလည်း နိုင်ငံတော် အကြည်ညို ပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ)၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ) တို့ဖြင့် တရားစွဲထားသည့်အတွက် တိမ်းရှောင်နေကြရသည်။

မေလ ၇ ရက်ကလည်း Narinjara မီဒီယာရုံးကို စစ်ကောင်စီက ဝင်ရောက် စီးနင်း ရှာဖွေမှုပြုလုပ်ခဲ့သည့်အတွက် သတင်းသမားများ ထွက်ပြေး တိမ်းရှောင်နေကြသည်။

ထိုသို့ စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုရန် ကြိုးပမ်းခြင်းမှာ သတင်းအမှန်ကို ရေးသား တင်ပြသည့်အတွက် ဖိနှိပ်ရန် ကြိုးပမ်းခြင်း ဖြစ်သလို သတင်းထောက်များကို အစဉ်အလာအားဖြင့် တကြိမ်တခါမှ တရားစွဲဆိုခြင်း မရှိဖူးသည့် နိုင်ငံတော် ပုန်ကန်မှု ပုဒ်မဖြင့် တရားစွဲဆိုခြင်းမှာ စစ်ကောင်စီ၏ လူ့အခွင့်ရေး ချိုးဖောက်မှုကို စောင့်ကြည့်ကာ သတင်း ရေးသား တင်ပြသည့်အတွက် ရာဇသံပေးခြင်းတမျိုး ဖြစ်ကြောင်းလည်း ဝါရင့် သတင်းစာဆရာများက မှတ်ချက်ပြုကြသည်။

ပါဝါအပျော့နဲ့ စစ်ကောင်စီ ဗျူဟာ

အသက်ချင်း ထပ်ပြီး မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့ကြသည့် စစ်တပ်နှင့် AA တို့သည် ၂၀၂၁ ခုနှစ် အောက်တိုဘာလ အတွင်းက တရားဝင် သဘောတူညီချက် တစုံတရာ မရှိဘဲ ယာယီ ပစ်ခတ်တိုက်ခိုက်မှုများကို ရပ်စဲထားခြင်းမှာ ထာဝရ ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ နှစ်ဖက်လုံးမှ စစ်ပန်းနေသော တပ်ဖွဲ့ဝင်များကို ခဏတာ အနားပေးသည့် သဘော ဖြစ်သည်ဟု ဆိုရပေမည်။

တိုက်ပွဲများ ငြိမ်သက်သွားသည့်နှင့် လူထု ထောက်ခံမှုကို အပြည့်အဝ ရရှိထားပြီး မျက်နှာပန်းလှသော AA သည် ရက္ခိုင့် ပြည်သူ့ အာဏာပိုင်အဖွဲ့ ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးကဏ္ဍကိုပါ တွယ်ကျယ်စွာ ကျင့်သုံး ကာ မြို့နယ်အသီးသီးက စည်ပင်သာယာ လေလံခွန်များ၊ ဆောက်လုပ်ရေး လုပ်ငန်းများက အခွန်များကို ကောက်ခံပြီး အုပ်ချုပ်ရေး အာဏာကို အစားထိုး ရယူထားသည်။

ထိုသို့ အစားထိုး ရယူထားသည့်အတွက် ရခိုင်မြောက်ပိုင်းက ဌာနဆိုင်ရာ ရုံးများ၊ ရဲစခန်းများ၊ တရားရုံးများမှာ လည် ပတ်နိုင်ခြင်း မရှိတော့ဘဲ တံခါးပိတ်ထားရသည့် အခြေအနေထိကို ရောက်ရှိခဲ့သည်။

ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့နိုင်ပါတယ်/ဧရာဝတီ

ရက္ခိုင့် အမျိုးသားအဖွဲ့ချုပ် (ULA / AA) သည် စစ်ဒေသအလိုက် ရခိုင်ပြည် သူ့အာဏာပိုင်အဖွဲ့ ဖွဲ့စည်းပြီး နိုင်ငံရေးမှူး များ ၊ တိုက်နယ်မှူးများ၊ နယ်မြေမှူးများ ခန့်အပ်ကာ အစိုးရတရပ်ကဲ့သို့ သြဇာ လွှမ်းမိုးထားသည်။

ULA / AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်းရေး လုပ်ငန်းများကို ကြားဝင်ညှိနှိုင်းပေးသည့် ပုဂ္ဂိုလ်များမှ တဆင့်လည်း စစ်ခေါင်းဆောင်များက ကန့်ကွက်ပြီး လက်မခံနိုင်သည့် လုပ်ရပ်ဖြစ်ကြောင်းကို သတင်းစကားပါးထားသလို အောက် ခြေတွင်လည်း ဟန့်တား နှောင့်ယှက်မှုများ ပြုလုပ်ကြောင်း AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက သတင်း မီဒီယာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားထားသည်။

တိုင်းနှင့် ပြည်နယ်အသီးသီးအပြင် ကျေးရွာများပါမကျန် စစ်အာဏာရှင်ကို တော်လှန် တိုက်ခိုက်နေကြသည့် ပြည်သူ့ တော်လှန်ရေး အဖွဲ့အစည်းများနှင့် ရင်ဆိုင်နေရသည့် စစ်တပ်သည် သုံးနှစ်နီးပါး မီးကုန်ယမ်းကုန် တိုက်ခိုက်ခဲ့သော ရခိုင်ပြည်နယ်၌ ယခုလိုအချိန်အခါတွင် တကျော့ပြန် စစ်မျက်နှာဖွင့်ပြီး ထိပ်တိုက်တွေ့မည်ဆိုပါက အသက်ရှု မချောင်နိုင်ကြောင်း သဘောပေါက်ထားသဖြင့် ပါဝါအပျော့ဖြင့် ဗျူဟာပြောင်း ကစားနေသည်ကိုလည်း တွေ့မြင်ရ သည်။

ကြီးထွားလာသည့် AA သြဇာ

စစ်ကောင်စီတပ်သည် AA နှင့် ထိပ်တိုက်တွေ့မည့် လမ်းကို ရှောင်ရှားပြီး သတင်းအချက်အလက်များကို စုဆောင်း ထောက်လှမ်းခြင်းများ အပါအဝင် AA နှင့် ဆက်နွယ် ပတ်သက်နိုင်သည့် ကုန်စည်စီးဆင်းမှု လုပ်ငန်းများကို စစ်ဆေး ရေး ဂိတ်များဖွင့်လှစ်ကာ တားမြစ် ပိတ်ပင်မှုများ ပြုလုပ်ခြင်းများဖြင့် AA လွှမ်းမိုးမှုကို ဖြိုချရန် ကြိုးပမ်းလာသည်ကို တွေ့ရသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
104
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
144
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
408

အထူးသဖြင့် AA စခန်းများ အခိုင်အမာ တည်ဆောက်နေသည်နေမှု အပါအဝင် တောလမ်းများ၊ သင်တန်းကွင်းများကို တည်ဆောက်နေသည် ဆိုသည့် ယူဆချက်ဖြင့် ရခိုင်ပြည်အတွင်းသို့ ဆောက်လုပ်ရေးပစ္စည်းများ၊ မြေတူးစက်ယန္တရား များကို အမ်းရိုးမကို ဖြတ်ကျော်ခွင့် မပေးဘဲ တင်းကျပ်စွာ စစ်ဆေး တားမြစ်မှုများ ပြုလုပ်နေသည့်အတွက် ရခိုင်ပြည် နယ်အတွင်းက စီးပွားရေး လုပ်ငန်းရှင်များ အခက်ကြုံနေရကြောင်း ပြောဆိုကြသည်။

အာဏာသိမ်း စစ်ကောင်စီ ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ မဖြစ်ရန် အတတ်နိုင်ဆုံး ရှောင် သော်လည်း တဖက်တွင် ဗျူဟာတမျိုးဖြင့် AA အတွက် ရိက္ခာဖြစ်နိုင်သည့် ကုန်စည်များကို တင်းကျပ်စွာ စစ်ဆေး တားမြစ်ထားသလို ရခိုင်ပြည်နယ်၊ တောင်ပိုင်းမြို့ နယ်များ ဖြစ်သည့် တောင်ကုတ်၊ ရမ်းဗြဲ၊ မာန်အောင် စသည့်မြို့ များ တွင်လည်း AA သြဇာ မကြီးထွားရန် ကျေးရွာအတွင်းသို့ ဝင်ရောက် ရှာဖွေခြင်းများ၊ အမာခံ ဟု ယူဆသည့် ရွာသား များကို ဖမ်းဆီးမှုများ ခပ်စိတ်စိတ် ပြုလုပ်လျက်ရှိသည်။

ပြီးခဲ့သော မတ်လအတွင်းကလည်း တောင်ကုတ်မြို့နယ်အတွင်းက ULA / AA ကျေးရွာအဆင့် တာဝန်ခံတဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့သော်လည်း အမှုဖွင့်ကာ တရားရုံးတင်ရာတွင် လောင်းကစားမှုဖြင့် ပုဒ်မတပ်ပြီး ဗျူဟာ အမျိုးမျိုး ကျင့်သုံးကာ စစ်ကောင်စီက ထုတ်ကစားနေသည်ကိုလည်း တွေ့မြင်ရကြောင်း ရခိုင်နိုင်ငံရေးကို စိတ်ဝင် တစား စောင့်ကြည့်နေကြသည့် တောင်ကုတ်မြို့ခံများက ပြောသည်။

ကျားကွက် ရွှေ့နေသော AA

ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့် အမျိုးသား လွတ်မြောက်ရေးအတွက် အနိမ့်ဆုံးအဆင့် ကွန်ဖန်ဒရိတ်ရှင်း (ကိုယ်ပိုင်အုပ်ချုပ်ခွင့်) ကို ကြွေးကြော်ပြီး တိုက်ပွဲဝင်နေသော AA သည် စစ်ကောင်စီနှင့် တိုက်ပွဲများ ယာယီ ရပ်တန့်ထားသော် လည်း အုပ်ချုပ်ရေးအာဏာကို အစားထိုးရယူကာ ပြည်နယ်အတွင်း သြဇာကြီးမားအောင် ထူထောင်ထားသည်။ တဖက်တွင် စစ်ကောင်စီနှင့် အသေအကြေ တိုက်ခိုက်နေကြသည့် ပြည်သူ့တော်လှန်ရေး အဖွဲ့အစည်းများကို စစ်ပညာ လေ့ကျင့် သင်ကြားပေးခြင်း၊ လက်နက်ခဲယမ်းများ ထောက်ပံ့ပေးခြင်းများဖြင့် မဟာဗျူဟာကျကျ ကျားကွက်ရွှေ့ ကစား နေကြောင်းလည်း စစ်ရေး အကဲခတ်များက ဆိုကြသည်။

ပလက်ဝမြို့နယ် ကျေးရွာတွေမှာ AA လက်နက်ကိုင်တွေကို တွေ့နိုင်ပါတယ်/ဧရာဝတီ

AA ခေါင်းဆောင်များသည် ရခိုင်ပြည်နယ်နှင့် နယ်နိတ်မိတ်ချင်း ထိစပ်နေသည့် မကွေးတိုင်းဘက်မှ ပြည်သူ့တော်လှန် ရေး တပ်ဖွဲ့ဝင်များကို အခြေခံ စစ်ပညာ လေ့ကျင့်သင်ကြားပေးခဲ့သလို ချင်းတောင်တန်းမှ CDF ရဲဘော်များကိုလည်း လိုအပ်သော စစ်ရေးဗျူဟာများနှင့် လက်နက်ခဲယမ်း မီးကျောက်များ ထောက်ပံ့မှုများ ပြုလုပ်ခဲ့ကြောင်း ပြီးခဲ့သော ဧပြီ လ ၁၀ ရက် ကျရောက်သော AA ၏ ၁၃ နှစ်ပြည့် အခမ်းအနားသို့ ပေးသည့်ခဲ့သည့် သဝဏ်လွှာများကို ကြည့်ခြင်းအား ဖြင့် သိနိုင်သည်။

ချင်းတောင်တန်းတွင် တိုက်ပွဲဝင်နေသည့် မင်းတပ် CDF ရဲဘော်များ အနေဖြင့် AA ထံ စစ်ပညာသင်ကြားကာ လက် နက်များ ထောက်ပံ့မှု ရရှိခဲ့သည့်အတွက် ဝမ်းမြောက် ဂုဏ်ယူစွာဖြင့် မိခင် တပ်ဖွဲ့ထံ ပြန်လာကြသည့် ဗီဒီယိုဖိုင်တခုကို လည်း CDF မင်းတပ် တပ်ဖွဲ့က ပြီးခဲ့သည့် ဧပြီလ ၂၆ ရက်တွင် ထုတ်ပြန်ကာ AA ၏ ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များ အပေါ် ထားရှိသည့် သဘောထားကို သိရှိနိုင်ရန် ချပြထားသည်။

မေလ ၆ ရက်တွင် AA တပ်မှူးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ၎င်း၏ တွစ်တာ အကောင့်မှနေ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် (ရခိုင်) တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးကို “သိပ်လျှောက် မလုပ်ရန်” နှင့် ငြိမ်းချမ်းရေး ဘာညာ ဂရုစိုက်နေ မည် မဟုတ်ဘဲ အမ်းစစ်ဌာနချုပ်ကိုပါ တက်သိမ်းမည် ဟုဆိုသော စိန်ခေါ် သတိပေးမှုလည်း ပြုလုပ်ခဲ့သည်။

ထိုသို့သော စစ်တပ်နှင့် AA ကြား တင်းမာမှုများ ဖြစ်နေကြသည့်အချိန်၌ AA ထိပ်ပိုင်း ခေါင်းဆောင်များနှင့် စစ်ကောင် စီ၏ အကြီးမားဆုံး ရန်သူဖြစ်သည့် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ဝန်ကြီး အဖွဲ့တို့ မေလ ၁၆ ရက်တွင် အွန်လိုင်းကတဆင့် ဆွေးနွေးမှု တရပ် ပြုလုပ်ခဲ့ကြောင်း NUG ချပြလာခဲ့သည်။

ထိုသို့သော အခြေအနေ အကြောင်းအရပ်ရပ်များကြောင့် စစ်ရေး တင်းမာစပြုနေသည့် AA နှင့် အာဏာသိမ်း စစ်တပ်ကြား မကြာမီအချိန်တွင် ရခိုင်ပြည်နယ်အတွင်း၌ စစ်မီးများ ထပ်မံ တောက်လောင်မည်လား ဆိုသည်ကို စောင့်ကြည့်ရမည်သာ ဖြစ်သည်။

You may also like these stories:

ရခိုင်စစ်ပွဲ ပြန်စတော့မလား

ကချင်ပြည်နယ်အတွင်းရှိ BGF နှင့် ပြည်သူ့စစ်များကို တိုက်မည်ဟု KIO ကြေညာ

နွေဦးတော်လှန်ရေးနှင့် တိုင်းရင်းသားတော်လှန်ရေး

ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့

KNU တပ်မဟာ ၁ နှင့် ၅ က BGF တပ်တွေ ပြန်ဆုတ်

Your Thoughts …
Tags: AAစစ်ကောင်စီစစ်ရေးတင်းမာတိုက်ပွဲရခိုင်ပြည်နယ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ

ကွယ်လွန်သူ ဝါရင့်နိုင်ငံရေးသမားကြီး ဦးသုဝေ အကြောင်း တစေ့တစောင်း

မီးရှို့ခံရသည့် ဖယ်ခုံမြို့နယ် အရှေ့ဘက်ကမ်းက ဆောင်နန်းခဲရွာ  / SSRY-ရှမ်းတောင်တပ်ရင်း ၁၀၀၈

ဖယ်ခုံတွင် စစ်ရေးတင်းမာနေ

No Result
View All Result

Recommended

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

3 hours ago
2k
မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

1 day ago
1.9k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved