• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

ငြိမ်းချမ်းရေးစကားပြောရန် တိုင်းရင်းသားခေါင်းဆောင်များအား ဝဏ္ဏကျော်ထင်ပေးခဲ့

by ဧရာဝတီ
12 May 2022
in ဆောင်းပါး
A A
(အပေါ်-ဝဲမှယာ) စောဌေးမောင်၊ စေဝ်ရွက်ဆစ်၊ ခွန်ဥက္ကာ။ (အောက်-ဝဲမှယာ) ခိုင်စိုးနိုင်အောင်၊ နိုင်ထောမွန်၊ ကြာခွန်ဆာ

(အပေါ်-ဝဲမှယာ) စောဌေးမောင်၊ စေဝ်ရွက်ဆစ်၊ ခွန်ဥက္ကာ။ (အောက်-ဝဲမှယာ) ခိုင်စိုးနိုင်အောင်၊ နိုင်ထောမွန်၊ ကြာခွန်ဆာ

12.2k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်မယ့် တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ထဲက ၇ ဖွဲ့ရဲ့ခေါင်းဆောင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလက အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ပေးတဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ပူပူနွေးနွေးရထားကြသူတွေပါ။

နယ်ဘက်ဆိုင်ရာ အမှုထမ်းကောင်းလို့ပေးတဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ကို ကရင်ငြိမ်းချမ်းရေးကောင်စီ (KNLA/PC)ခေါင်းဆောင် ဗိုလ်ချုပ်ဌေးမောင် (ခ) စောဌေးမောင်၊ ပအို့ဝ်အမျိုးသားလွတ်မြောက်ရေးပါတီ (PNLO) က ခွန်ဥက္ကာ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီက ဦးခိုင်စိုးနိုင်အောင်၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က ဦးယွက်ဆစ်၊ ၂၀၁၈ မှာ ပျံလွန်တော်မူခဲ့တဲ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)က မြိုင်ကြီးငူဆရာတော် ဦးသုဇန ၊ မွန်ပြည်သစ်ပါတီ (NMSP)က နိုင်ထောမွန်နဲ့ လားဟူဒီမိုကရက်တစ်အစည်းအရုံးက ကြာခွန်ဆာတို့ဟာ ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း ၁ ရက်နေ့မှာ တခြားတိုင်းရင်းသားခေါင်းဆောင်အချို့နဲ့အတူ ရရှိခဲ့ကြတာဖြစ်ပါတယ်။

ဝဏ္ဏကျော်ထင်ဘွဲ့ရတဲ့ ဒီ ၇ ဖွဲ့ဟာ နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ထိုးထားတဲ့အဖွဲ့တွေလည်း ဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ ဒီဘွဲ့ကို လူပုဂ္ဂိုလ် ၂၅ ယောက်ကို ပေးခဲ့တာဖြစ်ပြီး ၂၀ လောက်က တိုင်းရင်းသားခေါင်းဆောင်တွေဖြစ်ပါတယ်။

RelatedPosts

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်နှင့် AAတို့ နယ်စပ်တိုက်ပွဲအပြီး တွေ့ဆုံ

14 January 2026
342
ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

ရွေးကောက်ပွဲအပိုင်း ၂ မန္တလေးတိုင်းမှာ ကြံ့ဖွံ့ အသာရ

14 January 2026
64
၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
754

ဒီလိုဘွဲ့ပေးပြီး ၅ ရက်အကြာ ဧပြီ ၂၂ ရက်နေ့မှာတော့ မင်းအောင်လှိုင်ဟာ လက်နက်ကိုင် ပဋိပက္ခတွေကို “လက်တွေ့ကျကျ ထိထိရောက်ရောက်ဖြေရှင်းဖို့ ” တိုင်းရင်းသားအဖွဲ့ခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင်တွေ့ဆုံမယ်ဆိုပြီး ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။ တက်ရောက်မယ့် တိုင်းရင်းသားခေါင်းဆောင်ကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ ဦးဟာ မေလ ၉ ရက်နေ့နောက်ဆုံးထားပြန်ကြားရမယ်လို့လည်း ရက်သတ်မှတ်ခဲ့ပါတယ်။ ဒီလိုဖိတ်ကြားမှာ စစ်ကောင်စီက အကြမ်းဖက်အဖွဲ့အစည်းလို့ သတ်မှတ်ထားတဲ့ NUG / CRPH/ PDF အဖွဲ့တွေတော့ မပါဝင်ခဲ့ပါဘူး။

မေ ၉ ရက်ကျော်လို့ စစ်ကောင်စီကဖိတ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်မယ့် တိုင်းရင်းသားလက်နက်အဖွဲ့အစည်းစာရင်းပိတ်တဲ့အခါ ဝဏ္ဏကျော်ထင်ဘွဲ့ရ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ပါဝင်လာခဲ့ပါတယ်။ NCA လက်မှတ်မထိုးဘဲ ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်လာတဲ့ ၃ ဖွဲ့တွေကတော့ ၀ ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA)၊ မိုင်းလားအဖွဲ့ (NDAA) နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) တို့ဖြစ်ပါတယ်။

ဝဏ္ဏကျော်ထင်ဘွဲ့ရ တိုင်းရင်းသားခေါင်းဆောင်တွေထဲမှာ KNU က စောမူတူးစေးဖိုးလည်းပါဝင်ပေမယ့် KNU ကတော့ မင်းအောင်လှိုင်ဖိတ်ကြားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲဟာ ကန့်သတ်ဖိတ်ကြားမှုပုံစံနဲ့ သက်ဆိုင်ပတ်သက်သူတွေ ပါဝင်နိုင်ခြင်းမရှိတာကြောင့် တက်ရောက်မှာမဟုတ်ဘူးလို့ မေ ၉ ရက်နေ့က ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ KNU လိုဘဲ NCA မှာ လက်မှတ်ထိုးထားတဲ့ CNF နဲ့ ABSDF တို့ကလည်း မင်းအောင်လှိုင်ရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုမတက်ဘူးလို့ ကြေညာချက်ထုတ်ပြန်ခဲ့ကြပါတယ်။ KIA က ဆွေးနွေးပွဲကိုတက်ရောက်မှာမဟုတ်ဘူးလို့ ကြေညာခဲ့ပြီး AA အပါအဝင်မြောက်ပိုင်းညီနောင် ၃ ဖွဲ့ကတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဆက်စောင့်ကြည့်ဦးမယ်လို့ ဆိုထားပါတယ်။

စစ်ကောင်စီရဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ မင်းအောင်လှိုင်နဲ့တိုက်ရိုက် တဖွဲ့ချင်းဆွေးနွေးပြီးတဲ့နောက်မှာ စစ်ကောင်စီအဖွဲ့ဝင် ၃ ဦးနဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နဲ့ တဖွဲ့ချင်းစီ ဆက်ဆွေးနွေး ရမှာဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲတွေကို အမြန်ဆုံးပြုလုပ်သွားမယ်လို့ စစ်ကောင်စီကပြောထားပါတယ်။ စစ်ကောင်စီက တိုင်းရင်းသားခေါင်းဆောင်တွေကို ဘွဲ့ထူးဂုဏ်ထူးတွေပေးတာ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲဖိတ်ခေါ်တာတွေဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအချင်းချင်း စည်းလုံးညီညွတ်မှုပျက်ပြားအောင် လုပ်တာ၊ လတ်တလော စစ်ကောင်စီနဲ့ စစ်ရေးပဋိပက္ခဖြစ်နေတဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေ ဆွေးနွေးပွဲမှာ မပါတာကြောင့် ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

You may also like these stories:

စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ

ရခိုင်စစ်ပွဲ ပြန်စတော့မလား

NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်

ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော

Your Thoughts …
Tags: ငြိမ်းချမ်းရေးစကားပြောတိုင်းရင်းသားခေါင်းဆောင်မင်းအောင်လှိုင်ဝဏ္ဏကျော်ထင်အာဏာသိမ်းစစ်ခေါင်းဆောင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

ထိုင်ခုံကြီးတလုံးနဲ့ နေပြည်တော် NCA ပွဲ

by ဧရာဝတီ
17 October 2023
42.6k

ခန်းမအတွင်းရှိ တခြားသောသူများထက် တမူထူးကဲစွာ တဦးတည်း ပိုမိုပေါ်လွင်ထင်ရှားနေသော ထိုင်ခုံကျယ်ကြီးကို ကြည့်ခြင်းအားဖြင့် အာဏာသိမ်းစစ်ခေါင်းဆောင်တွင် တန်းတူညီမျှရေးစိတ်ဓါတ် မရှိသည်ကို ထင်ရှားပေါ်လွင်နေပေသည်။

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

ဦးရဲထွဋ်၏ ကံကြမ္မာနှင့် စစ်ကောင်စီအတွင်း အာဏာလှည့်ကွက်

by ဧရာဝတီ
16 November 2023
42k

ဦးရဲထွဋ် ဖမ်းဆီးခံရသည့်လသည် စစ်ခုံရုံးက ထိပ်တန်း ဗိုလ်ချုပ် နှစ်ဦးကို ပုန်ကန်မှု၊ လာဘ်စားမှု၊ နိုင်ငံခြားငွေ တရားမဝင် ပိုင်ဆိုင်မှုနှင့် စစ်စည်းကမ်း ချိုးဖောက်မှုတို့ဖြင့် ထောင်ဒဏ် တသက်တကျွန်းချသည့်လပင် ဖြစ်သည်။

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

ဒုတပ်ချုပ် စိုးဝင်း တက်လာလည်း ထူးမခြားနားသာ ဖြစ်မည်

by စွယ်တော်
15 July 2024
36.6k

တကယ်တမ်း ပြောရမည်ဆိုပါက ဒု တပ်ချုပ်အပါအဝင် ဗိုလ်ချုပ်ကြီးများသည် အဆင့်ပေါ်မူတည်၍ ဝေစားမျှစား ရပိုင်ခွင့်များအပေါ် သာယာနေကြသူများသာ ဖြစ်ကြသည်။

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

စစ်ကောင်စီ လက်ရုံးတပ်များ အားလုံး ရှေ့တန်းထွက်ရန် ဆင့်ခေါ်

by ဧရာဝတီ
9 November 2023
30.2k

လက်ရုံးတပ်များအားလုံးကို စစ်မြေပြင်တိုက်ပွဲအတွက် ပြင်ဆင်ရန် အမိန့်ထုတ်လိုက်ကြာင်း စစ်ဘက် သတင်းရင်းမြစ်များ ပြောသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.9k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

ခြောက်လုံးတန်း “ခွင့်တိုင်ရပြီ”

by ဧရာဝတီ
21 April 2025
28.1k

မြန်မာနိုင်ငံကို အုပ်ချုပ်ခဲ့သော ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အပါအဝင် အခြား ထိပ်ပိုင်း ဗိုလ်ချုပ်ကြီးများ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး၊ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ဗိုလ်ချုပ်ကြီး တင်အေး၊ ဗိုလ်ချုပ်ကြီး ရွှေမန်း နှင့်...

Next Post
၂၀၂၁ ခုနှစ်က အမေရိကန်-ASEAN ထိပ်သီးဆွေးနွေးပွဲကို အွန်လိုင်းမှ တက်ရောက်နေသည့် သမ္မတ ဘိုင်ဒင်  / The New York Times

အမေရိကန်-ASEAN ထိပ်သီးဆွေးနွေးပွဲမှ မျှော်လင့်နိုင်သည်များ

အင်ဒိုနီးရှားနိုင်ငံက ပြည်ပသို့ စားအုန်းဆီ တင်ပို့မှုနှင့် ကုန်ကြမ်းတင်ပို့မှုကို ရပ်ဆိုင်းပြီး နောက်ပိုင်း မြန်မာ့ပြည်တွင်းစားအုန်းဆီဈေး အနည်းငယ်မြင့်တက်သွားခဲ့သည်

ဆီထွက်သီးနှံ ပြည်ပတင်ပို့မှု ပိတ်သဖြင့် စားသုံးဆီဈေးကွက် မတည်ငြိမ်ဖြစ်နေ

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.3k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

1 week ago
3.3k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • ဦးကိုကိုလှိုင် ဘယ်သူလဲ

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved