• English
Friday, July 11, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်ခေါင်းဆောင် ဖိတ်သည့် ဆွေးနွေးပွဲ ပဋိပက္ခဖြေရှင်းရေး ရလဒ် ထွက်ဖွယ် မရှိ

by ဧရာဝတီ
10 May 2022
in သတင်း
A A
- အာဏာသိမ်း စစ်ကောင်စီကျင်းပသည့် ပြည်ထောင်စုနေ့ပွဲကို တက်ရောက်ခဲ့ကြသည့် လက်နက်ကိုင် အဖွဲ့များ

- အာဏာသိမ်း စစ်ကောင်စီကျင်းပသည့် ပြည်ထောင်စုနေ့ပွဲကို တက်ရောက်ခဲ့ကြသည့် လက်နက်ကိုင် အဖွဲ့များ

9.1k
VIEWS
Share on FacebookShare on Twitter

အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင် တွေ့ဆုံ ဆွေးနွေးရန် ဖိတ်ကြားခဲ့သည့် ဆွေးနွေးရေး အစီအစဉ်အား လတ် တလော နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခဖြစ်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ မပါရှိဘဲ အဖွဲ့ ၁၀ ဖွဲ့သာ တက်ရောက် မည် ဖြစ်ကြောင်း စစ်ကောင်စီက ထုတ်ဖော် ပြောကြားလိုက်သည်။

ဆွေးနွေးပွဲ တက်ရောက်ရန် စစ်ကောင်စီထံ အကြောင်းပြန်ခဲ့သည့် အဖွဲ့များသည် စစ်ရေး ပဋိပက္ခမရှိဘဲ ငြိမ်းချမ်းရေး ယူထားသည့် အဖွဲ့များ ဖြစ်သည့်အတွက် စစ်တပ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေသည့် အကျပ်အတည်းများအပေါ် အကျိုးသက်ရောက်လိမ့်မည် မဟုတ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ပြောသည်။

RelatedPosts

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

ဗုံးကြဲမှုများကြား ရင်းနှီးမြုပ်နှံရန် TNLA ဖိတ်ခေါ်

11 July 2025
328
နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

11 July 2025
1.2k
NUG ဘာတွေပြင်သင့်သလဲ

NUG ဘာတွေပြင်သင့်သလဲ

11 July 2025
2.7k

၎င်းက “နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခ ဘာမှမရှိတဲ့ အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမယ် ဆိုတာ မယောင်ရာဆီလူးနေတဲ့ အလုပ်ပဲ၊ ဘာမှ အဓိပ္ပာယ်မရှိပါဘူး၊ လက်ရှိ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စစ်ရေး အနေအထားတွေနဲ့ တခြားစီဖြစ်နေတယ်၊ ပြဿနာ ဖြေရှင်းရေးအတွက်လည်း ဘာမှထိရောက်တဲ့ အထောက်အကူ မဖြစ်ပါဘူး” ဟု ပြောသည်။

စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုနဲ့ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးထားသည့် အဖွဲ့များကြားတွင်ပင် သဘောထား ကွဲလွဲမှုများဖြစ်ခဲ့ပြီး ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU /KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်(DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP)နှင့် ပအို့ဝ်အမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့သာ တက်ရောက်ကြမည် ဖြစ်သည်။

အဆိုပါ အဖွဲ့များသည် အရပ်သား အစိုးရအား ဖြုတ်ချအာဏာသိမ်းခဲ့သည့် စစ်ကောင်စီလက်ထက်တွင် ပြုလုပ်သည့် ဆွေး နွေးပွဲတိုင်း တက်ရောက်ခဲ့ကြသည့် အဖွဲ့များဖြစ်သည့်အပြင် လတ်တလော လူထုတော်လှန်ရေးအတွင်း စစ်ကောင်စီနှင့် ထိ တွေ့တိုက်ပွဲများ ဖြစ်ပွားခြင်းလည်း ရှိမနေပေ။

ဒေသအတွင်း ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA)၊ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်(UWSA) တို့နှင့် စစ်ရေး တင်းမာမှု များရှိနေသည့် RCSS/SSA အနေဖြင့် စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်အား တက်ရောက်မည် ဖြစ် သော်လည်း မည်သူမည်ဝါ သွားရောက်မည်ကို ဆုံးဖြတ်ရခြင်း မရှိသေးကြောင်း ဗဟိုကော်မတီဝင်တဦးက ပြောသည်။

အာဏာသိမ်း စစ်ကောင်စီကျင်းပသည့် ပြည်ထောင်စုနေ့ပွဲကို တက်ရောက်ခဲ့ကြသည့် လက်နက်ကိုင် အဖွဲ့များ

၎င်းက “ဘယ်သူသွားမယ်ဆိုတာ တိကျတဲ့ ဆုံးဖြတ်ချက် မရသေးဘူး၊ သွားတယ်ဆိုတာကလည်း တီးခေါက်ကြည့်တဲ့ သဘောလောက်ပါပဲ၊ နိုင်ငံရေး ဆွေးနွေးပွဲတွေ ချက်ချင်းကြီး ဖြစ်လာမယ် မထင်ပါဘူး၊ သူတို့(စစ်ကောင်စီ)ဘက်ကလည်း ဘယ်လိုအချက်တွေ ကမ်းလှမ်းလာမလဲ မသိရသေးဘူး” ဟု ပြောသည်။

အပစ်အခတ်ရပ်စဲရေး NCA လက်မှတ် ရေးထိုးထားခြင်း မရှိသည့် အဖွဲ့များထဲကလည်း စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုအား ဝ ပြည်သွေး စည်းညီညွတ်ရေး ပါတီ(UWSP/UWSA)၊ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်(မိုင်းလား အဖွဲ့- NDAA) နှင့် ရှမ်းပြည်မြောက်ပိုင်း တပ်မတော် (SSPP/SSA) တို့သာ တက်ရောက်ရန် ကိုယ်စားလှယ် စေလွှတ်မည် ဖြစ်ကြောင်း စစ်ကောင်စီထံ အကြောင်းပြန်ထားသည်။

ယင်းသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ရာတွင် ဝ နှင့် မိုင်းလားအဖွဲ့တို့က ဒုတိယ ဥက္ကဋ္ဌများသာ ဦးဆောင် တက်ရောက်မည် ဖြစ်ပြီး ယင်းသို့ တက်ရောက်ခြင်းသည်လည်း မြောက်ပိုင်း လက်နက်ကိုင် ၇ ဖွဲ့ပါဝင်သည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) အနေဖြင့် တက်ရောက်ခြင်း မဟုတ်ကြောင်း မိုင်းလားအဖွဲ့က ပြောထားသည်။

ဆွေးနွေးရာတွင်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရေးနှင့် ဒေသအတွင်းနေထိုင်သူများ ဖွံ့ဖြိုးတိုးတက်ရေးကိုသာ အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်းလည်း မိုင်းလားအဖွဲ့က ဆိုထားသည်။

အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များဖြစ်သည့် ဝ နှင့် မိုင်းလားတို့သည် စစ်တပ်နှင့် ငြိမ်းချမ်းရေး ယူထား သည်မှာ နှစ်ပေါင်း ၃၀ ကျော်ကြာခဲ့ပြီဖြစ်ပြီး ယခု ဆွေးနွေးပွဲ တက်ရောက်ရန် ဒုတိယ ဥက္ကဋ္ဌများသာ ဦးဆောင်တက် ရောက်စေမည်ဖြစ်သည့် အတွက်လည်း မည်သည့် ဆုံးဖြတ်ချက်မှ ပေးနိုင်သည့် အခြေအနေ မဟုတ်ကြောင်းလည်း လေ့ လာသူတဦးက ဆိုသည်။

၎င်းက “အစည်းအဝေးရှိလို့ မကောင်းတတ်လို့ သွားကြရမှာ ဖြစ်ပြီးတော့ လက်ရှိ မြန်မာပြည်ပြဿနာကို ဘာမှ မဖြေ ရှင်းနိုင်မယ့် ဆွေးနွေးပွဲမှန်း သိတဲ့အတွက် အဆုံးအဖြတ် ပေးနိုင်မယ့် ခေါင်းဆောင်တွေ မတက်ရောက်တာ ဖြစ်နိုင်ပါ တယ်” ဟု ပြောသည်။

အခြားသော FPNCC အဖွဲ့ဝင်များဖြစ်သည့် မြောက်ပိုင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်သည့် ရက္ခိုင် စစ်တပ်(AA)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (ကိုးကန့်အဖွဲ့-MNDAA) နှင့် တအန်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (ပလောင်အဖွဲ့-TNLA) တို့ကလည်း ဆွေးနွေးပွဲ တက် မတက် နောက်ဆုံး အကြောင်းပြန်ရမည့် မေလ ၉ ရက်အထိ စစ် ခေါင်းဆောင်၏ ဖိတ်ခေါ်မှုအား တက်ရောက်ရန် အကြောင်းပြန်မှု မရှိဘဲ ဆက်လက် စောင့်ကြည့်ရမည်ဟုသာ ထုတ်ဖော် ပြောကြားခဲ့ကြသည်။

အာဏာသိမ်း စစ်ကောင်စီကျင်းပသည့် ပြည်ထောင်စုနေ့ပွဲကို တက်ရောက်ခဲ့ကြသည့် လက်နက်ကိုင် အဖွဲ့များ

MNDAA ပြန်ကြားရေးဌာနက “ကျနော်တို့ ညီနောင် မဟာမိတ်သုံးဖွဲ့အနေနဲ့က နိုင်ငံရေး၊ စစ်ရေး တသဘောထားထဲ ရှိပါတယ်။ စစ်ကောင်စီ ရဲ့ ဖိတ်ခေါ်မှုအပေါ် ဆွေးနွေးမှုတွေ ရှိတယ်။ လက်ရှိကတော့ စောင့်ကြည့်နေဆဲပဲ ပြောလို့ရပါ တယ်” ဟု ပြောသည်။

လက်ရှိ စစ်ကောင်စီနှင့် တိုက်ပွဲများ ဖြစ်ပွားနေသည့် FPNCC အဖွဲ့ဝင် ကချင် လွတ်မြောက်ရေး တပ်မတော် (KIO/KIA) ကတော့ စစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ဆွေးနွေးပွဲအား တက်ရောက်မည် မဟုတ်ကြောင်း မေလ ၅ ရက်ကတည်းက ထုတ်ပြန် ကြေညာထားပြီး ဖြစ်သည်။

စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုသည် ပါဝင်သင့်သူ အားလုံး ဖိတ်ခေါ်မှု မရှိသည့်အပြင် နိုင်ငံ၏ အရေးအရာများအား ဆွေးနွေး အဖြေရှာမည့်သဘော မပါရှိသည့်အတွက် နိုင်ငံ၏ အရေးအရာများအား တန်းတူ ဆွေးနွေးနိုင်မည့် အချိန်အခါရောက်မှသာ ပါဝင်ဆွေးနွေးမည်ဟု KIA က ပြောထားသည်။

ယင်းအတွက် ဝ ဦးဆောင် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေး ညှိနှိုင်းရေး ကော်မတီ (FPNCC) တွင်ပင် စစ်ခေါင်းဆောင် ဖိတ်ခေါ်သည့် ဆွေးနွေးပွဲ တက်ရေး/မတက်ရေး သဘောထား တူညီမှု မရှိသည့် အခြေအနေဖြစ်ပြီး FPNCC အနေဖြင့်လည်း တရားဝင် သဘောထား ကြေညာခြင်းလည်း မရှိပေ။

ယင်းပြင် စစ်တပ် အာဏာသိမ်းထားသော ပြီးခဲ့သည့် တနှစ်အတွင်း ဒုတိယ ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်သည့် စစ် ကောင်စီ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့နှင့် တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များ၏ ဆယ်ကြိမ်ထက်မနည်း သော တွေ့ဆုံ ဆွေးနွေးမှုများတွင် တစုံတရာ ကူညီ စေ့စပ်ပေးခဲ့သည့် တရုတ်နိုင်ငံသည်ပင်လျှင် ယခု စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုနှင့် ပတ်သက်ပြီး တက်ရေး မတက်ရေး ဝင်ရောက် စွက်ဖက်ခြင်း မရှိသည့် အခြေအနေကိုလည်း တွေ့ရကြောင်း လေ့လာသူတဦးက ပြောသည်။

၎င်းက “တရုတ်အနေနဲ့ သူပါဝင်စရာ မလိုတဲ့ကိစ္စလို့ သဘောထားပုံ ရပါတယ်။ တကယ်တမ်းကျတော့ မြန်မာပြည်မှာ ဖြစ်နေတဲ့ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းနိုင်မယ့် အစည်းအဝေး မဟုတ်ဘူးဆိုတာ သူက သဘောပေါက်လို့ မပါ တာ ဖြစ်တယ်လို့ ယူဆပါတယ်” ဟု သုံးသပ်သည်။

လက်တွေ့တွင်လည်း ငြိမ်းချမ်းရေး တည်ဆောက်ရေး ခေါင်းစဉ်တပ်ကာ စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုကပင် ၎င်းတို့ စစ်အာ ဏာသိမ်းကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် ပေါ်ပေါက်လာသည့် လူထုလက်နက်ကိုင်ခုခံရေး ပြည်သူ့ကာကွယ် ရေးတပ် (PDF) အဖွဲ့များ ပါဝင်ခြင်းမရှိဘဲ မြေပြင်တွင် PDF များအား ချေမှုန်းရေးကိုသား တိုးမြှင့်လုပ်ဆောင်လျက် ရှိနေ သည်။

အာဏာသိမ်း စစ်ကောင်စီကျင်းပသည့် ပြည်ထောင်စုနေ့ပွဲကို တက်ရောက်ခဲ့ကြသည့် လက်နက်ကိုင် အဖွဲ့များ

ယင်းအတွက် နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခဖြစ်လာသည့် လူထုခုခံစစ်အတွင်း PDF များနှင့် အတူလက်တွဲခေါ်ဆောင်ကာ စစ်ကောင်စီနှင့် တိုက်ခိုက်နေကြသည့် အဓိက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်မှုအား ငြင်းပယ်ခဲ့ကြသည်။

အဓိကအားဖြင့် လတ်တလော စစ်ကောင်စီ၏ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းခံနေရသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)၊ ချင်းအမျိုးသားတပ်ဦး(CNF) နှင့် ကရင် နီ အမျိုးသားများ တိုးတက်ရေးပါတီ (KNPP) တို့က တက်ရောက်မည် မဟုတ်ကြောင်း ထုတ်ပြန် ကြေညာထားကြသည်။

စစ်ကောင်စီ၏ ဖိတ်ကြားမှုသည် ကန့်သတ် ဖိတ်ကြားမှု ပုံစံဖြစ်နေပြီး သက်ဆိုင် ပတ်သက်သူ အားလုံး ပါဝင်ခြင်း မရှိ သည့်အတွက် မျှော်မှန်းထားသကဲ့သို့ ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေး မရနိုင်သလို လက်နက်ကိုင် ပဋိပက္ခများ လည်း ချုပ်ငြိမ်းနိုင်မည် မဟုတ်ကြောင်း KNU က ဆိုထားသည်။

ယင်းပြင် စစ်ကောင်စီအနေဖြင့် လက်ရှိ ထိုးစစ်ဆင်နေမှုများအား အမြန်ဆုံး ရပ်တန့်ပြီး ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်လျက် အဓိပ္ပာယ်ပြည်ဝသော တွေ့ဆုံဆွေးနွေးမှုကို ဖော်ဆောင်ရန်အပြင် နိုင်ငံတကာ လူမှုအဖွဲ့အစည်းများမှ စစ်ဘေး သင့်ပြည်သူများအား လွတ်လပ်စွာ လူမှုကူ ညီထောက်ပံ့မှုများ ဆောလျင်စွာ ဖိတ်ခေါ်ခွင့်ပြုသွားရန်လည်း KNU၊ KNPP နှင့် CNF တို့က ယမန်နေ့ မေလ ၉ ရက်က ပူးတွဲ ထုတ်ပြန်ခဲ့ကြသည်။

၎င်းတို့၏ ပူးတွဲကြေညာ ချက်၌ “လက်ရှိ တိုင်းပြည်မှာ ရင်ဆိုင် ကြုံတွေ့နေရသည့် နိုင်ငံရေး အကျပ်အတည်းများကို တွေ့ဆုံဆွေးနွေး အဖြေရှာမည် ဆိုပါက ပါဝင်သင့်သော Stakeholders အားလုံး ပါဝင်ရန်နှင့် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းတို့မှ ကြားဝင်စေ့စပ်ပေးသည့် မျှတသော တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းအမှန် ဖြစ်ပေါ်လာမည်ဖြစ်ပြီး အဆိုပါ တွေ့ဆုံဆွေးနွေးရေး စားပွဲဝိုင်းမှ တဆင့် မိမိတို့ မျှော်မှန်းသော ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံကို တည်ဆောက်သွားနိုင်မည်” ဟု ဖောျပွထားသည်။

You may also like these stories:

ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော

အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ

ရခိုင်စစ်ပွဲ ပြန်စတော့မလား

အာဏာသိမ်းခေါင်းဆောင်ဖိတ်သည့် ဆွေးနွေးပွဲသို့ တက်ရန် အပစ်ရပ် ၅ ဖွဲ့ဆုံးဖြတ်

Your Thoughts …
Tags: ငြိမ်းချမ်းရေး ဆွေးနွေးပွဲစစ်ကောင်စီအပစ်ရပ်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
113.3k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.8k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
94.6k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
64.3k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
62.2k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
56.1k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
မေလ ၅ရက်နှင့် ၆ရက်က  ကမော္ဘဒီးယားနိုင်ငံ ဖနွမ်းပင်မြို့တွင် မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှု အကူအညီများ ပေးနိုင်ရေး အတိုင်ပင်ခံ အစည်းအဝေး ကျင်းပနေစဉ် (Ministry of Foreign Affairs and International Cooperation – Cambodia)

စစ်ကောင်စီမှတဆင့် အကူအညီပေးမည့် အာဆီယံအစီအစဉ် ပြည်တွင်းပြည်ပအဖွဲ့များ ကန့်ကွက်

၂၀၂၂ ခုနှစ်၊ မတ်လ ၂၇ ရက်နေ့ ၇၇ ကြိမ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရသော စစ်လက်နက်ပစ္စည်းများ  / AFP

ရုရှား၏ ယူကရိန်း ကျူးကျော်စစ် မြန်မာစစ်အုပ်စုအတွက် ပြဿနာဖြစ်

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

7 days ago
3.9k
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

1 day ago
3.6k

Most Read

  • NUG ဘာတွေပြင်သင့်သလဲ

    NUG ဘာတွေပြင်သင့်သလဲ

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0
  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • နွေဦးတော်လှန်ရေးကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • ကျနော်တို့က တော်လှန်ရေးမျက်နှာကိုပဲ ထောက်ရမှာဖြစ်တယ်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate