AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦး အမည်ကို တပ်ပြီး လူမှုကွန်ရက် တွစ်တာကနေ ကမ္ဘာသိ စိန်ခေါ် လိုက်တာကြောင့် တနှစ်ကျော်ကြာ အပစ်ရပ်ထားတဲ့ ရခိုင်ပြည်နယ်မှာ သေနတ်သံပြန်ကြားရတော့မလားဆိုတဲ့ မေးခွန်းတွေပေါ်ပေါက်လာပါတယ်။
‘’ကိုထင်လတ်ဦးရေ သိပ်လျှောက်မလုပ်နဲ့။ အာရုံနောက်နေပြီ။ ငြိမ်းချမ်းရေးဘာညာ သောက်ဂရုစိုက်နေမှာ မဟုတ်ဘူး။ မင်းနေတဲ့ နေရာအထိ တက်ကြိတ်ပစ်လိုက်မှာနော်’’ လို့ မေလ ၇ ရက်က ပြင်းပြင်းထန်ထန်ရေးခဲ့တာပါ။
အဲဒီ post ထွက်လာပြီးတဲ့နောက် တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးက “ရခိုင်ဘက်က မိုးခြိမ်းသံ ခပ်ကျယ်ကျယ် တချက်ကြားလိုက်ရတယ်” လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ တင်ခဲ့ပါတယ်။
AA ခေါင်းဆောင်က အဲဒီလိုမျိုး ပြင်းပြင်းထန် ပြောရလောက်အောင် ဖြစ်နေတဲ့ လက်ငင်း အကြောင်းတရားကို လတ်တလောမှာ မသိရသေးပေမယ့် မြေပြင်ကလာတဲ့ သတင်းတွေအရ ရခိုင်မှာလည်း အခြေအနေတွေက ကောင်းလှတယ် မဟုတ်ဘူး
AA ခေါင်းဆောင်က အဲဒီလိုမျိုး ပြင်းပြင်းထန် ပြောရလောက်အောင် ဖြစ်နေတဲ့ လက်ငင်း အကြောင်းတရားကို လတ်တလောမှာ မသိရသေးပေမယ့် မြေပြင်ကလာတဲ့ သတင်းတွေအရ ရခိုင်မှာလည်း အခြေအနေတွေက ကောင်းလှတယ် မဟုတ်ဘူးလို့ သိရပါတယ်။
ကန့်လန့်ကာနောက်ကွယ်က ရခိုင်ပြည်နယ်
ရခိုင့်တပ်တော် AA နဲ့ မြန်မာစစ်တပ်ဟာ ခါးသီးတဲ့ ရန်သူတော်တွေ ဖြစ်ခဲ့ပါတယ်။
စစ်တပ်ရဲ့ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက “လွတ်လပ်ရေးရပြီးကတည်းက ပေါ်ပေါက်ခဲ့ဖူးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲ AA လောက် သူရဲဘောကြောင်ပြီး ကောက်ကျစ်တဲ့ အဖွဲ့မျိုး မတွေ့ဖူးဘူး” လို့ ၂၀၁၉ အောက်တိုဘာလ က သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြောခဲ့ဖူးပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ နယ်မြေမတည်ငြိမ်မှုကို အကြောင်းပြပြီး ရခိုင်ပြည်နယ်က မဲဆန္ဒနယ်အတော်များများမှာ ရွေးကောက်ပွဲ မကျင်းပဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆုံးဖြတ်လိုက်တဲ့အခါမှာတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရခိုင်မှာ ရွေးကောက်ပွဲကျင်းပနိုင်ဖို့ ကူညီပေးမယ်ဆိုပြီး နိုင်ငံရေး ဝင်ကစားလို့ AA နဲ့ အပစ်ရပ်ကာလဖြစ်ခဲ့ပါတယ်။
အဲ့ဒီနောက် နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ ပါ ပါလာပြီးတဲ့နောက် AA နဲ့ တပ်မတော်ဟာ စာချုပ်တစုံတရာမရှိဘဲ Gentleman agreement နဲ့ နှစ်ပေါက်အောင် အပစ်ရပ်ခဲ့ကြတာပါ။
ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးတဲ့နောက်မှာတော့ မြန်မာပြည်မဘက်မှာ ရုန်းကန်နေရတဲ့ စစ်တပ်က ရခိုင်ပြည်နယ်အရေးဘက်ကို လုံးဝနီးပါး လှည့်မကြည့်နိုင်ခဲ့ပါဘူး။
သတင်းမီဒီယာတွေမှာလည်း မြန်မာပြည်အလယ်ပိုင်းနဲ့ မြို့ကြီးတွေမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု သတင်းတွေကသာ လွှမ်းမိုးထားပါတယ်။
“စစ်တပ် အခက် AA အချက်” ဖြစ်ခဲ့ပြီး AA ဟာ ရခိုင်ပြည်နယ်မှာ သူ့ရဲ့သြဇာကိုချဲ့ထွင်သည်ထက်ချဲ့ထွင်နိုင်ခဲ့ပါတယ်။ မြန်မာပြည်တလွှား လုံခြုံရေးအခြေအနေကြောင့် ကျောင်းတွေ ပိတ်ထားရချိန်မှာ ရခိုင်ပြည်နယ်မှာတော့ AA ရဲ့ သြဇာနဲ့ ကျောင်းတံခါးတွေ အားလုံးပွင့်ခဲ့ပါတယ်။
“စစ်တပ် အခက် AA အချက်” ဖြစ်ခဲ့ပြီး AA ဟာ ရခိုင်ပြည်နယ်မှာ သူ့ရဲ့သြဇာကိုချဲ့ထွင်သည်ထက်ချဲ့ထွင်နိုင်ခဲ့ပါတယ်။ မြန်မာပြည်တလွှား လုံခြုံရေးအခြေအနေကြောင့် ကျောင်းတွေ ပိတ်ထားရချိန်မှာ ရခိုင်ပြည်နယ်မှာတော့ AA ရဲ့ သြဇာနဲ့ ကျောင်းတံခါးတွေ အားလုံးပွင့်ခဲ့ပါတယ်။
ဒါ့အပြင် AA ဟာ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ အခွန်အကောက် ယန္တရားတွေကို ပါ ခိုင်မာအောင် တည်ဆောက်လာနိုင်ခဲ့ပါတယ်။
ဒါဟာ ရခိုင်ပြည်နယ်ကို တာဝန်ယူထားရတဲ့ အမ်းမြို့အခြေစိုက်တဲ့ စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးရဲ့ နားရွက်ကို တံထွေးဆွတ်ခံရတဲ့အခြေအနေပါပဲ။
ဒီအခြေအနေကို တန်ပြန်ဖို့ စစ်ကောင်စီ တပ်တွေက ရခိုင်ပြည်နယ်မှာ ရွာတွေကို ဝင်ရောက်စစ်ဆေးတာ၊ လမ်းနဲ့မြို့တွေမှာ လုံခြုံရေးတင်းကျပ်တာတွေ လုပ်လာပါတယ်။
အထူးသဖြင့် AA နဲ့ ဆက်နွယ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ခေါ်ယူစစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေအထိ စစ်တပ်ဘက်က ပြုလုပ်လာတယ်လို့ ရခိုင်ဒေသခံတွေဆီက သိရပါတယ်။
စစ်တပ်ဘက်က ဒီလိုလုပ်ရပ်တွေကို အရင်က ကြိုကြားကြိုကြားသာ လုပ်ပေမယ့် သင်္ကြန်အပြီးလောက်ကစလို့ ပိုပြီးတင်းတင်းကြပ်ကြပ်လုပ်လာတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် စိန်ခေါ်ချက် မတိုင်မီကတည်းက ရခိုင်ပြည်နယ်မှာ စစ်ရိပ်စစ်ငွေ့က သမ်းနှင့်နေပြီ လို့ ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ဒီလုပ်ဆောင်မှုတွေကြောင့် ဗိုလ်ချုပ်ထွန်းမြတ်နိုင် စိန်ခေါ်ချက် မတိုင်မီကတည်းက ရခိုင်ပြည်နယ်မှာ စစ်ရိပ်စစ်ငွေ့က သမ်းနှင့်နေပြီ လို့ ရခိုင်နိုင်ငံရေးသမားတွေက ပြောပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်သာ သည်းမခံနိုင်ရုံမက AA ရဲ့ အောက်ခြေတပ်တွေကလည်း သည်းမခံနိုင်ဖြစ်နေတယ်လို့ AA နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ပြည်မမှာ PDF တွေကို နိုင်အောင်မတိုက်နိုင်တဲ့ စစ်ကောင်စီဟာ ရခိုင်ပြည်နယ်ဘက်ကို စစ်မျက်နှာပြင်သစ်ဖွင့်ချင်မှာ မဟုတ်ဘူးလို့ အကဲခတ်တွေက သုံးသပ်ပါတယ်။
စစ်ပန်းနေတဲ့စစ်တပ် လေသံပြောင်း
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ စိန်ခေါ်စကားနဲ့ပတ်သက်လို့ စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်မတိုက်ချင်တဲ့ သဘောမျိုး ဘီဘီစီသတင်းဌာနကို ပြန်ဖြေခဲ့တာတွေ့ရပါတယ်။
မြေပြင်မှာဖြစ်နေတဲ့ တင်းမာမှုတွေကို နေပြည်တော်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့တွေ့တဲ့အခါပြောဖို့ သူက ဖျောင်းဖြနေတာပါ။
လွန်ခဲ့တဲ့ နှစ်နှစ်က AA အပေါ် မှတ်ချက်ပြုတဲ့ လေသံနဲ့တော့ အတော်ကွာသွားပါပြီ။
စစ်ရေးအကဲခတ်တွေက တော့ စစ်ကောင်စီဟာ အတော်ခံပြင်းနေမှာဖြစ်ပြီး ပြည်မမှာ အခြေအနေမကောင်းတာရော ငြိမ်းချမ်းရေးဆွေးနွေးပွဲပါရှိလို့သာ သည်းခံနေပုံထောက်တယ်လို့ သုံးသပ်ကြပါတယ်။
စစ်ရေးအကဲခတ်တွေက တော့ စစ်ကောင်စီဟာ အတော်ခံပြင်းနေမှာဖြစ်ပြီး ပြည်မမှာ အခြေအနေမကောင်းတာရော ငြိမ်းချမ်းရေးဆွေးနွေးပွဲပါရှိလို့သာ သည်းခံနေပုံထောက်တယ်လို့ သုံးသပ်ကြပါတယ်။
PDF တွေအပေါ် အသာစီးရတာနဲ့ ရခိုင်ဘက်ကို စစ်မျက်နှာပြင်ဖွင့်မှာ သေချာသလောက်ပဲလို့ စစ်ရေးအကဲခတ်တွေက သုံးသပ်နေကြတာပါ။
ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ တကျော့ပြန် တိုက်ပွဲတွေဟာ ဒီ့ထက်စောချင်လည်း စောသွားနိုင်ပြီး ဘာမဆို ဖြစ်နိုင်တဲ့အနေအထားလို့ လို့ သုံးသပ်ကြပါတယ်။
ခဲတလုံးနဲ့ ဌက်နှစ်ကောင်ပစ်တဲ့ ဗိုလ်ချုပ်
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာ ပုံမှန်အားဖြင့် ဒီလိုစိတ်လိုက်မာန်ပါ ရေးသားပြောဆိုတတ်တဲ့ ဉာဉ် မရှိဘူးဆိုတာ သူ့ရဲ့ အင်တာဗျူးတွေနဲ့ လူမှုကွန်ရက်အပေါ် ရေးသားမှုတွေမှာ သက်သေပြခဲ့ပြီးသားပါ။
ဒီတကြိမ် စိန်ခေါ်မှုကတော့ အချိန်ကိုက် စနက်တံ ဖြုတ်လိုက်တဲ့ ဗုံးတလုံးလိုပါပဲ။
စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးဖိတ်ခေါ်ထားပြီး မေလ ၉ ရက် နောက်ဆုံးထား အကြောင်းပြန် ရမှာဖြစ်ပါတယ်။
AA ဘက်ကရော ငြိမ်းချမ်းရေးအကျိုးဆောင်တွေဆီက ရတဲ့သတင်းတွေအရ AA ဟာ စစ်ကောင်စီရဲ့ ဆွေးနွေးပွဲကို တက်ဖို့ အကြောင်းပြန်မထားပါဘူး။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) က ဒီဆွေးနွေးပွဲကို မတက်ဘူးလို့ ထုတ်ပြန်ပြီး နောက်တရက်မှာပဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီ စိန်ခေါ်ချက် ထွက်လာတာဖြစ်ပါတယ်။
ကချင်လွတ်မြောက်ရေးတပ်မတော်(KIO) က ဒီဆွေးနွေးပွဲကို မတက်ဘူးလို့ ထုတ်ပြန်ပြီး နောက်တရက်မှာပဲ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဒီ စိန်ခေါ်ချက် ထွက်လာတာဖြစ်ပါတယ်။
AA ဟာ လိုင်ဇာနဲ့ တသဘောတည်း ရှိတယ်လို့ ပြသလိုက်ရာ ရောက်တဲ့အပြင် ရခိုင်ပြည်နယ်ထဲက စစ်ကောင်စီရဲ့လှုပ်ရှားမှုအရှိန်ကိုလည်း ဟန့်လိုက်တာလည်း ဖြစ်နိုင်တယ်လို့ ယူဆလို့ရပါတယ်။
ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ စိန်ခေါ်ချက်မှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်တဲ့ အမ်းကို အချိန်မရွေးတက်သိမ်းနိုင်တယ်ဆိုတဲ့အထိ သတိပေးလိုက်တဲ့ သဘောသက်ရောက်နေလို့ ဖြစ်ပါတယ်။
‘’ဒါက ကျန်နေတဲ့ နားရွက်တဘက်ကို တံတွေးဆွတ်လိုက်တာပဲ’’ လို့ အကဲခတ်တဦးက ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ မခံချင်စိတ်နဲ့ ရခိုင်မှာစစ်မျက်နှာပြင်ဖွင့်ရင်လည်း အရူးမီးဝိုင်းသလိုဖြစ်နေမှာဖြစ်ပြီး မဖွင့်ရင်လည်း AA ရဲ့ သြဇာဆက်လက်ချဲ့ထွင်မှုကို ထိုင်ကြည့်နေရမယ့်သဘောဖြစ်ပါတယ်။
You may also like these stories:
NLD၊ ဗမာလူမျိုးကြီးဝါဒနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်
ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးမှ မြို၊ ခမီ နှင့် ဒိုင်းနက်တို့ နုတ်ထွက်
ရခိုင်တွင် သင်္ကြန်ပွဲတော်ကို AA စည်ကားသိုက်မြိုက်စွာ ကျင်းပ
ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး
ခွန်ထွန်းဦး သို့မဟုတ် တကယ့် ရှမ်းခေါင်းဆောင်