ရခိုင်ပြည်နယ်အတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး လုပ်ငန်းများကို စစ်ကောင်စီအနေဖြင့် ကန့်ကွက် နှောင့်ယှက်မှု များ ပြုလုပ်နေခြင်းမှာ စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုများ ရှိလာနိုင်ကြောင်း ရက္ခိုင်အမျိုးသား အဖွဲ့ချုပ်၊ ရက်ခိုငျ့တပျတောျ (ULA / AA) က သတိပေး ပြောဆိုသည်။
ယနေ့ (ဧပြီလ ၅ ရက်) တွင် အွင်းလိုင်းမှတဆင့် ပြုလုပ်သည့် ULA/ AA သတင်းစာ ရှင်းလင်းပွဲ၌ ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက အထက်ပါအတိုင်း ပြောခြင်း ဖြစ်သည်။
ဦးခိုင်သုခက “မြန်မာ စစ်တပ်နဲ့ ULA/ AA ဦးဆောင်တဲ့ ရခိုင်ပြည်သူ့အစိုးရကြား တင်းမာမှုတွေ ဒီလပိုင်းမှာ မြင့်တက် လာတာ ရှိပါတယ်။ တင်းမာမှုကို လျှော့ချပြီးတော့ ထိပ်တိုက် ရင်ဆိုင်မှု မဖြစ်ဖို့ ကျနော်တို့ ကြားလူတွေက တဆင့် အပြန်အလှန် စကားပြောနေတာတွေ ရှိတယ်။ သို့သော်လည်း စစ်တပ်ဘက်က ဒီလိုမျိုး ဆက်လုပ် လာမယ် ဆိုရင် ဒီကိစ္စဟာ တင်းမာမှုနေတဆင့် ထိပ်တိုက်ရင်ဆိုင်မှုထိ မရောက်လာနိုင်ဘူးလို့ မပြောနိုင်ဘူး။ အဲဒီအတွက်နဲ့ ဒီကိစ္စ တွေကို မြန်မာစစ်တပ်ဘက်ကလည်း သတိထားပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်” ဟု သတင်း မီဒီယာများကို ပြော ဆိုသည်။
စစ်ကောင်စီသည် ULA/ AA ၏ အုပ်ချုပ်ရေးနှင့် တရားစီရင် လုပ်ငန်းများအပေါ် တောက်လျှောက် ကန့်ကွက်မှုများ လုပ်ဆောင်နေသလို မြေပြင်တွင်လည်း စစ်ရေး အင်အားဖြင့် ဖိအားပေး၍ နှောင့်ယှက်မှုများ ပြုလုပ်နေကြောင်း ပြန် ကြားရေး တာဝန်ခံ ဦးခိုင်သုခက ဆိုသည်။
ယင်းပြင် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ စသည့် မြို့နယ်များရှိ ULA / AA ၏ တရားရုံးများကို စစ်ကောင်စီက အင် အားသုံးပြီး နှောင့်ယှက်ရန် ကြိုးစားနေသလို တဖက်တွင်လည်း ရခိုင်ပြည်နယ်အတွင်းရှိ မတူကွဲပြား လူမျိုးစုများကြား တွင် တည်ငြိမ်အေးချမ်းရေးနှင့် သဟဇာတ ရရှိရန် ကြိုးပမ်း လုပ်ဆောင်နေသည့် အပေါ်တွင်လည်း ကန့်ကွက် နှောင့် ယှက်မှုများရှိနေသောကြောင့် နှစ်ဖက် ထိပ်တိုက်တွေ့ဆုံမှုများ ဖြစ်လာနိုင်သည့်အတွက် ရခိုင်ပြည်သူများ အနေဖြင့် အမျိုးသားရေး သတိ၊ စစ်ရေး သတိရှိရန်လည်း လိုအပ်ကြောင်း ဦးခိုင်သုခက ဆက်လက် ပြောကြားခဲ့သည်။
You may also like these stories :
ချင်းတိုင်းရင်းသား စစ်ရှောင် ၁၃၀၀ ကျော်ကို နေရပ်ပြန်ပို့မည်