၂၀ ရာစုနောက်ပိုင်း ရှမ်းတိုင်းရင်းသားအများစု၏ ရှမ်းခေါင်းဆောင်အဖြစ် ယုံကြည်ကိုးစားခြင်းခံရသူ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးသည် ဧပြီ ၃၀ ရက်တွင် ကွယ်လွန်သွားခဲ့သည်။
အသက် ၇၉ နှစ် အရွယ်ရှိ ဦးခွန်ထွန်းဦးသည် ၎င်း၏ ရန်ကုန်မြို့နေအိမ်၌ ဆုံးပါးသွားခြင်းဖြစ်ကြောင်း၊ ပြောရမည့် သတ်သတ်မှတ်မှတ် ရောဂါမရှိဘဲ အနားယူရင်းဖြင့် ဆုံးပါးသွားသည်ဟု ပြောရမည်ဖြစ်ကြောင်း SNLD ပါတီ၏ တွဲဖက် အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ဧရာဝတီကို ပြောသည်။
ဦးခွန်ထွန်းဦး၏ ဈာပနအခမ်းအနားကို မေ ၂ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့ ရေဝေးသုသာန်၌ ရှမ်းတိုင်းရင်းသား ဓလေ့ထုံးစံနှင့်အညီ ကျန်ရစ်သူများက ပြုလုပ်ပေးခဲ့ကြသည်။
မီးသဂြိုဟ်ပြီးနောက် ကြွင်းကျန်ရစ်သည့် ဦးခွန်ထွန်းဦး၏ အရိုးပြာကို ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ သီပေါစော်ဘွား၏ ဆွေတော်မျိုးတော်များ ဂူဗိမာန်တွင် ဂူသွင်းသဂြိုဟ်မည် ဖြစ်ကြောင်း SNLD ထံမှ သိရသည်။
မီးသဂြိုဟ်ပြီးနောက် ကြွင်းကျန်ရစ်သည့် ဦးခွန်ထွန်းဦး၏ အရိုးပြာကို ရှမ်းပြည်နယ်၊ သီပေါမြို့ရှိ သီပေါစော်ဘွား၏ ဆွေတော်မျိုးတော်များ ဂူဗိမာန်တွင် ဂူသွင်းသဂြိုဟ်မည် ဖြစ်ကြောင်း SNLD ထံမှ သိရသည်။
ဦးခွန်ထွန်းဦး ကွယ်လွန်ချိန်တွင် ၎င်း၏ဇနီးဖြစ်သူ ဒေါ်ဝေဝေလွင်နှင့် သားဖြစ်သူ ခွန်ဦးလွင်၊ သမီးဖြစ်သူ နန်းအယ်လ် ကီတို့ အပါအဝင် ချွေးမ ၁ ဦးနှင့် မြေး ၂ ဦး ကျန်ရစ်ကြောင်း သိရသည်။
ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများ စသည့် အဖွဲ့အစည်း စုစုပေါင်း ၆၇ ခုက ဝမ်းနည်းကြောင်းသဝဏ်လွှာများ ပေးပို့ခဲ့သည်။
ရှမ်းခေါင်းဆောင်တဦး၏ ငယ်ဘဝ
ရှမ်းတိုင်းရင်းသားများ၏ လေးစားချစ်ခင်ခြင်းခံရသော SNLD ပါတီ ဥက္ကဋ္ဌဟောင်း ဦးခွန်ထွန်းဦးကို ၁၉၄၃ ခုနှစ် စက်တင်ဘာ ၁၁ ရက်တွင် ရှမ်းပြည်နယ်၊ သီပေါမြို့၌ မွေးဖွားသည်။
၎င်း၏ဖခင်မှာ ပါလီမန်ဒီမိုကရေစီခေတ်တွင် ရှမ်းပြည်နယ်အစိုးရအတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် စဝ်ကြာဇုံ ဖြစ်ပြီး မိခင်ဖြစ်သူမှာ စဝ်ရွှေယုံ ဖြစ်ကြောင်း SNLD ပါတီက ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။
၁၉၆၂ ခုနှစ် အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်နေဝင်း လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခံရ ပြီးနောက် ပျောက်ဆုံးသွားသော သီပေါနယ်၏ နောက်ဆုံးစော်ဘွား စဝ်ကြာဆိုင်၏ တူတော်စပ်သူလည်း ဖြစ်သည်။
ဦးခွန်ထွန်းဦးသည် ၁၉၆၄ တွင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ ကမ္ဘောဇကောလိပ်မှ တက္ကသိုလ်ဝင်တန်း အောင်မြင်ခဲ့ ပြီး ၁၉၆၅ တွင် ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၇ မှ ၁၉၇၇ ခုနှစ်ထိ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားစစ်သံမှူး၏ ကိုယ်ရေးအရာရှိအဖြစ် ဆောင်ရွက်ခဲ့ သလို ၁၉၈၄ တွင် နိုင်ငံတကာသတင်းစာ ဖြန့်ချိရေးကုမ္ပဏီဖြစ်သည့် ဂျပန်နိုင်ငံအခြေစိုက် Overseas Courier Service ၏ မြန်မာနိုင်ငံအတွင်း သတင်းစာ ဖြန့်ချိရေးကိုယ်စားလှယ်အဖြစ် ၂၀၀၅ ခုနှစ်ထိ လုပ်ကိုင်ခဲ့သည်။
SNLD တည်ထောင်ခြင်း
ဦးခွန်ထွန်းဦးသည် ၁၉၈၈ ဒီမိုကရေစီအရေး လူထုလှုပ်ရှားမှု ဖြစ်ပွားပြီးနောက်တွင် ရှမ်းတိုင်းရင်းသားများ၏အကျိုးကို ဆောင်ရွက်ရန် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ကို ၎င်း၏ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များနှင့် စတင် တည်ထောင်ခဲ့သည်။
ကျနော်တို့ CEC (ဗဟိုကော်မတီဝင်) ထဲမှာ ပလောင်တွေ ပါတယ်။ ရှမ်းနီတွေ ပါတယ်။ ပအို့ဝ်း ပါတယ်။ စသဖြင့် ပြန်ပြောရင်အများကြီးပဲ လူမျိုးပေါင်းစုံ ပါတယ်။ ရှမ်းတိုင်းရင်းသားများဆိုတာ ထည့်ထားတာ သတိထားမိမှာပေါ့။ တော်တော်များများက ဒီဟာကို သိပ်သတိမထားမိပါဘူး။
ဦးခွန်ထွန်းဦးနှင့် နှစ်ပေါင်း ၃၄ နှစ်ကျော် ရင်းနှီးခဲ့သည့် လက်ရှိ SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်က “၈၈ မှာ ကျနော်တို့ SNLD ထူထောင်တော့ လူမျိုးပေါင်းစုံပါတယ်ဗျ။ ကျနော်တို့ CEC (ဗဟိုကော်မတီဝင်) ထဲမှာ ပလောင်တွေ ပါတယ်။ ရှမ်းနီတွေ ပါတယ်။ ပအို့ဝ်း ပါတယ်။ စသဖြင့် ပြန်ပြောရင်အများကြီးပဲ လူမျိုးပေါင်းစုံ ပါတယ်။ ရှမ်းတိုင်းရင်းသားများဆိုတာ ထည့်ထားတာ သတိထားမိမှာပေါ့။ တော်တော်များများက ဒီဟာကို သိပ်သတိမထားမိပါ ဘူး။ ဘာကြောင့်များ ထည့်သလဲဆိုတော့ ပအို့ဝ်းတွေ၊ ပလောင်တွေ၊ ရှမ်းနီတွေ စသဖြင့် လူမျိုးပေါင်းစုံ ပါဝင်ဖွဲ့စည်း ထားတာ ဖြစ်တဲ့အတွက် ရှမ်းတိုင်းရင်းသားများဆိုပြီး နာမည်ပေးခဲ့တာပေါ့” ဟု ရှင်းပြသည်။
ဦးခွန်ထွန်းဦးနှင့် ၎င်းအကြား ၁၉၈၈ ခုနှစ်မှစတင်ကာ ဦးခွန်ထွန်းဦး ကွယ်လွန်ချိန်အထိ အတူလက်တွဲ အလုပ်လုပ်ခဲ့ ကြောင်း စိုင်းညွန့်လွင်က ပြောသည်။
“ခွန်ထွန်းဦးကတော့ ဖက်ဒရယ်စနစ်ကို ထူထောင်ဖို့ပေါ့။ သူ့အဘိုး၊ အဘွား၊ မိသားစုတွေ မအောင်မြင်ခဲ့တဲ့ဟာကို ဆက်ပြီးတော့ အောင်မြင်အောင် တာဝန်ထမ်းဆောင်တာပါပဲ။ ဒီကြားထဲမှာ ကျနော်တို့ တိုင်ပင်ဖြစ်တာက ဒီမူဝါ ဒတွေ ပြောင်းလဲတာ၊ သွေဖယ်တာတွေ မဖြစ်အောင် စသဖြင့် ကြိုးပမ်းကြရတာပေါ့။ တဖက်ကလည်း ကိုယ့်ရည်မှန်း ချက်ကို အောင်မြင်အောင်လုပ်သလို တခြားတဖက်ကလည်း ဒီရည်မှန်းချက်ပန်းတိုင်တွေ ပျောက်မသွားအောင်၊ လမ်း လွဲမသွားအောင် ထိန်းကျောင်းကြရတာပေါ့” ဟု ၎င်းက ဆိုသည်။
ဦးခွန်ထွန်းဦး ဦးဆောင်သည့် SNLD ပါတီသည် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (န.ဝ.တ စစ်အစိုးရ) က ကျင်းပသည့် ၁၉၉၀ အထွေထွေရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီပြီးလျှင် ဒုတိယမြောက် ကိုယ်စားလှယ်အများဆုံး အနိုင်ရသည့် နိုင်ငံရေးပါတီ ဖြစ်ခဲ့သည်။
ထိုစဉ်က SNLD သည် ကိုယ်စားလှယ်နေရာ စုစုပေါင်း ၂၃ နေရာ အနိုင်ရခဲ့ပြီး ဦးခွန်ထွန်းဦးသည်လည်း သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) တွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။
ဦးခွန်ထွန်းဦးသည် ၁၉၉၆ ခုနှစ်မှစတင်ကာ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ (SSJAC) ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ ၂၀၀၂ တွင် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် (UNA) သဘာပတိအဖွဲ့ဝင် အဖြစ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (CRPP) ၏ SNLD ကိုယ်စားလှယ်အဖြစ်လည်းကောင်း ဆောင် ရွက်ခဲ့သည်။
၂၀၁၆ တွင် ရှမ်းပြည်ညီညွတ်ရေးကော်မတီ (CSSU) ၏ အလှည့်ကျသဘာပတိအဖြစ် တာဝန်ယူခဲ့သည်။
အကျဉ်းထောင်တွင်းဖြတ်သန်းမှု
ဦးခွန်ထွန်းဦး ခေါင်းဆောင်သော SNLD သည် အမျိုးသားညီလာခံ စတင်ကျင်းပခဲ့သည့် ၁၉၉၃ ခုနှစ်ကတည်းကစ၍ ၁၉၉၆ ခုနှစ်ထိ ၃ နှစ်တိုင်တိုင် အမျိုးသားညီလာခံသို့ တက်ရောက်ဆွေးနွေးခဲ့သည်။
သို့သော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ အမျိုးသားညီလာခံမှ ထွက်ခွာသွားပြီးနောက်ပိုင်း SNLD အနေ နှင့်လည်း လက်မခံနိုင်သည့် အကြောင်းအရာများကြောင့် ၂၀၀၄ တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (န.အ.ဖ စစ်အစိုးရ) က ကျင်းပနေသည့် အမျိုးသားညီလာခံသို့ မတက်ရောက်နိုင်ကြောင်း ညီလာခံကျင်းပရေးကော်မရှင်ဥက္ကဋ္ဌထံ စာပို့အကြောင်းကြားခဲ့သည်။
အမျိုးသားညီလာခံအား မတက်ရောက်နိုင်ကြောင်း ငြင်းဆန်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ဦးခွန်ထွန်းဦး အပါ အဝင် SNLD ခေါင်းဆောင်များကို စစ်အစိုးရက နိုင်ငံတော်ပုန်ကန်မှုဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့သည်။
ထိုသို့ အမျိုးသားညီလာခံအား မတက်ရောက်နိုင်ကြောင်း ငြင်းဆန်ခဲ့ပြီးနောက် ၂၀၀၅ ခုနှစ်တွင် ဦးခွန်ထွန်းဦး အပါ အဝင် SNLD ခေါင်းဆောင်များကို စစ်အစိုးရက နိုင်ငံတော်ပုန်ကန်မှုဖြင့် အမှုဖွင့် ဖမ်းဆီးခဲ့သည်။
ဦးခွန်ထွန်းဦးနှင့် ရင်းနှီးသည့် မိတ်ဆွေဖြစ်သူ ထိုစဉ်က SNLD ပါတီအတွင်းရေးမှူး စိုင်းညွန့်လွင်က ၎င်းနှင့် ဦးခွန်ထွန်းဦးကို ထောက်လှမ်းရေးများက တရက်တည်းဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း ပြန်လည်ပြောပြသည်။
“ခွန်ထွန်းဦးနဲ့ ကျနော်တို့ အိမ်ချင်းကလည်း ကပ်လျက်ပါပဲ။ ဖမ်းဖမ်းချင်းမှာ ကျနော်တို့ကို အောင်သပြေ စစ် ကြောရေးပေါ့။ ကျိုက်ဝိုင်းဘုရားလမ်းနားက စခန်းကို ခေါ်သွားတယ်။ အဲဒီမှာ ၂ ပတ်လောက် နေရတယ်။ ပြီးတော့ ကျနော်တို့ အင်းစိန်ရောက်သွားတယ်။ အင်းစိန်မှာ အမှုရင်ဆိုင်တယ်။ အင်းစိန်မှာ ၉ လလောက် ကြာမယ်။ ၂၀၀၆ လောက်မှာ စီရင်ချက်ချတယ်။ တယောက်ကို ၅ မှုလောက်နဲ့ စွဲချက်တင်တယ်။ ခွန်ထွန်းဦးက ၉၃ နှစ် ကျတယ်။ ကျနော်က ၈၄ နှစ် ကျတယ်” ဟု ၎င်းက ဆိုသည်။
ထို့နောက် ဦးခွန်ထွန်းဦးကို စစ်အစိုးရက ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်သို့ ပို့ဆောင်ခဲ့ပြီး နောက်ပိုင်းတွင် ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ တောင်ငူထောင်သို့ ပြောင်းရွှေ့ပို့ဆောင်ခဲ့ကြောင်း စိုင်းညွန့်လွင်က ပြောပြသည်။
၎င်းက “SSPP (ရှမ်းပြည်တိုးတက်ရေးပါတီ) က ဗိုလ်ချုပ်ဆေထင်ရယ်၊ ကျနော်ရယ်၊ ဦးခွန်ထွန်းဦးလည်း ပါတယ်။ ကျနော်တို့ကို ရထားနဲ့ အိုးဘိုထောင်ကို ပို့တယ်။ အိုးဘိုထောင်ကနေ ကျနော့်ကို ကလေးထောင် ပို့လိုက်တယ်။ ခွန်ထွန်းဦးက ပူတာအိုထောင် ရောက်တယ်။ ဗိုလ်ချုပ်ဆေထင်က ခန္တီးထောင်ကို ရောက်တယ်။ ရှမ်းပြည်နယ်နဲ့ ဝေးတဲ့ နေရာတွေကို ပို့ထားတာပေါ့။ ဒါက တော်တော်လေး ကြာပါတယ်။ ၆ နှစ်လောက် ထင်တယ်။ အဲဒီနောက်ပိုင်းမှာ ဦးဆေထင်ကို သံတွဲထောင်ကို ပို့တယ်။ ဦးခွန်ထွန်းဦးကို တောင်ငူထောင်ကို ပို့လိုက်တယ်။ အဲဒီနောက်ပိုင်း ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်မှာ အကုန်လုံးကို လွှတ်လိုက်တယ်” ဟု ပြောသည်။
သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ထောင်ကပြန်လွတ်လာသည့်နောက် ဦးခွန်ထွန်းဦးနှင့် စိုင်းညွန့်လွင်တို့ ၂ ဦး မိမိနေအိမ် ပြန်ရောက်သည်မှာလည်း တရက်တည်းပင် ဖြစ်ကြောင်း စိုင်းညွန့်လွင်က မှတ်မှတ်ရရ ဆိုသည်။
“ကျနော်တို့အိမ်ကို ပြန်ဝင်တဲ့အခါမှာ ကျနော်တို့ ၂ ယောက် အတူတူတွေ့ပြီးတော့ အိမ်ကို အတူတူပြန်ဝင်ပါတယ်။ သူက ဟိုဘက်အိမ်၊ ကျနော်က ဒီဘက်အိမ်။ ထူးဆန်းတာက ထောင်ထဲကို ဖမ်းတုန်းကလည်း ၁ ရက်တည်းပဲ။ ထောင် ကနေလွတ်တော့လည်း ကျနော်တို့ အိမ်ပြန်ရောက်တဲ့အခါမှာ နှစ်ယောက်လုံး တပြိုင်နက်တည်း ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်တယ်။ အဲဒါတော့ ထူးဆန်းတယ်ဗျ။ အားလုံး ၇ နှစ်နီးပါး ထောင်ထဲမှာ နေခဲ့တယ်ပေါ့” ဟု ၎င်းက ဆိုသည်။
SNLD ကို ပြန်လည်တည်ထောင်ခြင်း
ထောင်ကပြန်လွတ်လာပြီးနောက် သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်တွင် ဦးခွန်ထွန်းဦး ဦးဆောင်သည့် SNLD ပါတီ ခေါင်းဆောင်များသည် SNLD ကို ပြန်လည်တည်ဆောက်ခဲ့ရသည်။
SNLD ပါတီသည် ၂၀၁၀ အထွေထွေးရွေးကောက်ပွဲ မဝင်သည့် အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခံထားရကြောင်း၊ ပါတီခေါင်းဆောင်များကို ဖမ်းထားလျက်နှင့် ရွေးကောက်ပွဲဝင်သည် ဆိုလျှင် ခေါင်းဆောင်များအပေါ် သစ္စာဖောက်ရာကျမည်၊ ခေါင်းဆောင်များ မတရားဖမ်းဆီးခံထားရသည်ကို လျစ်လျူရှု ရာကျမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲမဝင်ခဲ့ခြင်း ဖြစ်ကြောင်း လက်ရှိ SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောသည်။
ထောင်ကပြန်ထွက်လာပြီးနောက် SNLD ပါတီသည် ၂၀၁၀ အထွေထွေးရွေးကောက်ပွဲ မဝင်သည့် အကြောင်းပြချက်ဖြင့် ဖျက်သိမ်းခံထားရကြောင်း၊ ပါတီခေါင်းဆောင်များကို ဖမ်းထားလျက်နှင့် ရွေးကောက်ပွဲဝင်သည် ဆိုလျှင် ခေါင်းဆောင်များအပေါ် သစ္စာဖောက်ရာကျမည်၊ ခေါင်းဆောင်များ မတရားဖမ်းဆီးခံထားရသည်ကို လျစ်လျူရှု ရာကျမည် ဖြစ်သည့်အတွက် ရွေးကောက်ပွဲမဝင်ခဲ့ခြင်း ဖြစ်ကြောင်း လက်ရှိ SNLD ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ပြောသည်။
သို့သော် ရှမ်းတိုင်းရင်းသားများအတွက် ကိုယ်စားပြုမှုရရန် ထိုစဉ်က ကျန်ရှိနေသည့် ခေါင်းဆောင်များ တိုင်ပင်ကာ ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (SNDP) ကို ထူထောင်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။
“ကျားဖြူပါတီကို ထူထောင်ပြီး ရွေးကောက်ပွဲ ဝင်ခဲ့တယ်။ SNLD အနေနဲ့ မဝင်ဘူး။ SNDP အနေနဲ့ ဝင်ခဲ့တာ။ ကျနော်တို့ ပြန်ထွက်လာတဲ့အခါမှာ SNDP က လူတွေက ဝန်ကြီးဌာနတွေမှာ နေရာတွေ ဘာတွေရဆိုတော့ သူတို့က သဘောထားတွေ ပြောင်းသွားတယ်။ ကျနော်တို့က သူတို့နဲ့ ပြန်အလုပ်လုပ်ဖို့ဆိုတာက အရမ်းခက်ခဲသွားတယ်။ SNLD ကို ပြန်မှတ်ပုံတင်တာက ၂၀၁၂ မှာ။ အဲဒီကနေ အခုထိပဲပေါ့” ဟု စိုင်းညွန့်လွင်က ဆိုသည်။
SNLD ခေါင်းဆောင်များ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ဇန်နဝါရီ ၂၀ ရက်တွင် ပြုလုပ်သော အစည်းအဝေး သဘောတူဆုံးဖြတ်ချက်အရ SNLD ပါတီကို တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြန်လည်ရပ်တည်ရန် ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
NLD နှင့် သဘောထားကွဲလွဲခဲ့
၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလတွင် SNLD သည် ရှမ်းပြည်နယ် နေရာအများစုတွင် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သည်။ သို့သော် ဦးခွန်ထွန်းဦးကိုယ်တိုင်ကမူ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိတော့ပေ။
ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဦးဆောင်သည့် အစိုးရလက်ထက်တွင် NLD နှင့် ဦးခွန်ထွန်းဦး ဦးဆောင်သည့် SNLD ကြား သဘောထားမတိုက်ဆိုင်မှုများ ရှိလာသည်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက် ပြည်လုံးကျွတ်အနိုင်ရခဲ့သည့် NLD က အစိုးရဖွဲ့ရေး ဆောင်ရွက် စဉ် SNLD ခေါင်းဆောင်တဦးဖြစ်သူ စိုင်းညွန့်လွင်ကို ဒုသမ္မတ အမည်စာရင်းတင်သွင်းရာ၌ ထည့်သွင်းရန် ခေါ်ယူကမ်း လှမ်းခဲ့ဖူးသည်။
ဆွေးနွေးညှိနှိုင်းမှု ၃ ကြိမ်ခန့် ပြုလုပ်ပြီးနောက် မြန်မာစစ်တပ်ဘက်က လက်မခံသည့် သဘောထားများရှိသဖြင့် စိုင်းညွန့်လွင်ကို တိုင်းရင်းသားရေးရာဝန်ကြီးအဖြစ် နေရာပြောင်းပေးရန် ထပ်မံကမ်းလှမ်းခဲ့ရာ SNLD ဘက်က လက်မခံခဲ့သောကြောင့် ညှိနှိုင်းမှုများ ပျက်ပြယ်ခဲ့သည်။
၂၀၁၆ မေ ၇ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးပွဲ၌ SNLD ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက NLD ပါတီသည် တိုင်းရင်းသားများအတွက် အားကိုးမရတော့ ကြောင်း ဝေဖန်ခဲ့သည်။
၂၀၁၆ မေ ၇ ရက်က ရန်ကုန်မြို့တွင် ကျင်းပသည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ (UNA) အစည်းအဝေးပွဲ၌ SNLD ဥက္ကဋ္ဌဖြစ်သူ ဦးခွန်ထွန်းဦးက NLD ပါတီသည် တိုင်းရင်းသားများအတွက် အားကိုးမရတော့ ကြောင်း ဝေဖန်ခဲ့သည်။
“အားကိုးတကြီးနဲ့ မဲထည့်လိုက်တယ်။ ထည့်လိုက်တဲ့အခါကျတော့ ရလဒ်က ရခိုင်ကိစ္စမှာ တော်တော်လေးကို သိသိ သာသာကြီး ဖြစ်သွားပြီ။ ဆိုလိုတာကတော့ ဘယ်နည်းနဲ့မဆို NLD က တိုင်းရင်းသားအရေးအတွက် သိပ်အားမကိုးရတော့ဘူး” ဟု ၎င်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ဧပြီ ၁၆ ရက်မှစ၍ ရခိုင်ပြည်နယ်တွင် တိုက်ပွဲများဖြစ်ပွားပြီး ဒုက္ခသည် ၂၀၀၀ ကျော် ရှိနေသော်လည်း NLD အစိုးရဘက်က တစုံတရာကူညီခြင်းမျိုး မရှိခဲ့သည့်အပြင် လွှတ်တော်တွင်း ရခိုင်ပါတီအမတ်များ အဆိုပြုသည့် တိုက်ပွဲများရပ်တန့်ရေးနှင့် ရက္ခိုင်စစ်တပ် (AA) ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲများ၌ တရားဝင်ထည့်သွင်းရေး ဆွေးနွေးသည့်ကိစ္စများ မအောင်မြင်ခဲ့သည့်အပေါ် ဦးခွန်ထွန်းဦးက ရည်ညွှန်းပြောဆိုခဲ့ခြင်း ဖြစ်သည်။
အမြင်သဘောထား မတိုက်ဆိုင်မှုများ ရှိသော်လည်း NLD ပါတီဝင် အများစုသည် ဦးခွန်ထွန်းဦးအား ဖက်ဒရယ် ဒီမိုကရေစီကို လိုလားသည့် ရှမ်းခေါင်းဆောင်တဦးအဖြစ် လေးစားကြောင်း ဆိုကြသည်။
အမည်မဖော်လိုသည့် ရှေ့မီနောက်မီ NLD ပါတီဝင်တဦးက “ဖက်ဒရယ်ဒီမိုကရေစီကို သွားတဲ့အခါမှာ ကွယ်လွန်သွားတော့ ဆုံးရှုံးမှုတော့ ရှိတာပေါ့။ ၉၃ ခုနှစ် ကျိုက္ကဆံကွင်း အမျိုးသားညီလာခံမှာကျတော့ သူတို့လည်း တက်တယ်။ တို့လည်း တက်ကြတယ်။ ၉၅၊ ၉၆ မှာ တို့က ညီလာခံကို Boycott (သပိတ်မှောက်) လုပ်တာပေါ့။ နုတ်ထွက်တာပေါ့။ မကြာဘူး။ သူတို့လည်း လိုက်ထွက်တာပေါ့။ သူတို့နဲ့ တို့နဲ့က အယူအဆအတွေးအခေါ်ချင်း အများအားဖြင့် တူတာပေါ့။ လုပ်ဖော်ကိုင်ဖက်လို ဖြစ်ခဲ့တာပေါ့။ သူက မှန်ကန်တယ်။ သစ္စာရှိတယ်။ အပြောင်းအလဲ မရှိဘူး” ဟု မှတ်ချက်ပေးသည်။
မိသားစုအရေးကြောင့် SNLD က အနားယူခဲ့
ဦးခွန်ထွန်းဦးသည် ၂၀၂၀ စက်တင်ဘာတွင် သူ နှစ်ပေါင်း ၃၀ ကျော်ကြာ ဦးဆောင်ခဲ့သည့် SNLD ပါတီမှ နုတ်ထွက်ခဲ့ သည်။
ဦးခွန်ထွန်းဦး နုတ်ထွက်ခြင်းနှင့် ပတ်သက်၍ SNLD တွဲဖက်အတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ဥက္ကဋ္ဌကြီး ဦးခွန် ထွန်းဦးသည် အသက်အရွယ် ကြီးရင့်လာသဖြင့် ယခင်ကကဲ့သို့ ကျန်းမာရေး မကောင်းတော့သည်ကတကြောင်း၊ မိသားစုအရေးကိစ္စများ ဆောင်ရွက်ရန် အပါအဝင် လူငယ်မျိုးဆက်သစ်များကို တာဝန်များ လွှဲပြောင်းပေးလိုသဖြင့် နုတ်ထွက်ခြင်း ဖြစ်နိုင်ကြောင်း ထိုစဉ်က ဧရာဝတီသို့ ပြောခဲ့သည်။
ထိုစဉ်က သီပေါဒေသခံအချို့ကမူ ဦးခွန်ထွန်းဦးသည် သီပေါစော်ဘွား စဝ်ကြာဆိုင်၏ အမွေအနှစ်များကိစ္စ ဆောင်ရွက် လိုသဖြင့် နုတ်ထွက်ခြင်း ဖြစ်နိုင်ကြောင်းလည်း ပြောဆိုကြသည်။
လက်ရှိ သီပေါဟော်နန်းကို ထိန်းသိမ်းနေသည့် သီပေါစော်ဘွား၏နောင်တော် စဝ်အုံကြာ၏ သားအရင်း စဝ်ဦးကြာ နှင့်ဆိုလျှင် ဦးခွန်ထွန်းဦးသည် ဝမ်းကွဲညီအစ်ကို တော်စပ်သည်။
လွန်ခဲ့သည့် ၂၀၁၂ တွင် ဦးခွန်ထွန်းဦးသည် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်ခဲ့ပြီး သီပေါစော်ဘွား စဝ်ကြာဆိုင်၏ မဟာဒေဝီဖြစ်သည့် စဝ်သုစန္ဒီ (ခေါ်) Inge Eberhard နှင့် တွေ့ဆုံခဲ့သည်။
မဟာဒေဝီက သီပေါဟော်နန်းအပြင် ၎င်းတို့ ပိုင်ဆိုင်သည့်ပစ္စည်းများ စီမံခန့်ခွဲပိုင်ခွင့်ကို ဦးခွန်ထွန်းဦးအား ပေးအပ်ခဲ့ရာ ယင်းစီမံပိုင်ခွင့်အရ သီပေါဟော်နန်းကို လက်ရှိနေထိုင်နေသည့် စဝ်ဦးကြာထံမှ တောင်းယူခဲ့သည်။
သီပေါဟော်နန်းသည် စဝ်ဦးကြာ၏ ဂရန်အမည်ပေါက်ဖြစ်နေပြီး ဟော်နန်းကြီးကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည် မှာ နှစ်ပေါင်း ၆၀ နီးပါး ရှိခဲ့ပြီဖြစ်သဖြင့် စဝ်ဦးကြာက ဟော်နန်းကို မပေးဘဲရှိရာ ဦးခွန်ထွန်းဦးက တရားစွဲဆိုခဲ့ပြီး အမွေ ကိစ္စ အငြင်းပွားမှု ဖြစ်ခဲ့သည်။
သီပေါဟော်နန်းသည် စဝ်ဦးကြာ၏ ဂရန်အမည်ပေါက်ဖြစ်နေပြီး ဟော်နန်းကြီးကို ထိန်းသိမ်းစောင့်ရှောက်လာခဲ့သည် မှာ နှစ်ပေါင်း ၆၀ နီးပါး ရှိခဲ့ပြီဖြစ်သဖြင့် စဝ်ဦးကြာက ဟော်နန်းကို မပေးဘဲရှိရာ ဦးခွန်ထွန်းဦးက တရားစွဲဆိုခဲ့ပြီး အမွေ ကိစ္စ အငြင်းပွားမှု ဖြစ်ခဲ့သည်။ အဆိုပါ အငြင်းပွားမှုများ မပြေလည်သေးခင်မှာပင် ဦးခွန်ထွန်းဦး ကွယ်လွန်သွားခြင်း ဖြစ်သည်။
ဦးခွန်ထွန်းဦး၏ နိုင်ငံရေးခံယူချက်
ဦးခွန်ထွန်းဦးသည် စုပေါင်းခေါင်းဆောင်မှု တည်ဆောက်ရေးနှင့် လူမျိုးကြီးဝါဒကို မလိုလားကြောင်း သူ၏ မိန့်ခွန်းများ တွင် ပြောလေ့ရှိသည်။ ထို့ပြင် လူငယ်များကို ပခုံးပြောင်းတာဝန်များလွှဲပေးရန် ဆော်ဩလေ့ရှိသူလည်း ဖြစ်သည်။
ဦးခွန်ထွန်းဦးသည် ပြည်ထောင်စုကို စုပေါင်းဦးဆောင်သည့်စနစ်ဖြင့် ရှေ့ဆက်မှသာ အမျိုးသားတန်းတူရေးကို တည်ဆောက်နိုင်မှာဖြစ်ပြီး ပြည်ထောင်စု၏ အချုပ်အခြာအာဏာ တည်မြဲရေးကိုလည်း အာမခံနိုင်မည် ဖြစ်သည်ဟု သူ၏ မိန့်ခွန်းအချို့တွင် ထည့်သွင်းပြောဆိုဖူးသည်။
ထို့ပြင် လူမျိုးကြီးဗမာများက ရှမ်းတိုင်းရင်းသားများအပေါ် ပြုမူသကဲ့သို့ ရှမ်းတိုင်းရင်းသားများ အနေဖြင့်လည်း ရှမ်း ပြည်အတွင်းရှိ လူမျိုးစုငယ်များအား မလုပ်ဆောင်ကြရန် မှာကြားခဲ့သူလည်း ဖြစ်သည်။
SNLD တွဲဖက်အထွေထွေအတွင်းရေးမှူး (၁) စိုင်းကျော်ညွန့်က ဦးခွန်ထွန်းဦး၏ အမှတ်သင်္ကေတသည် လူငယ်များ ကို နေရာပေးတတ်ခြင်းပင် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“သူက လမ်းကြောင်းဖွင့်ပေးရုံတင်မကဘဲ လူငယ်တွေကို ယုံယုံကြည်ကြည်နဲ့ တာဝန်ပေးအပ်တယ်။ ဒါက အင်မတန်မှ အရေးကြီးပါတယ်။ လူငယ်တွေအတွက် တာဝန်ရှိပါတယ်ပြောပြီး တာဝန်မပေးအပ်ရင် ဘာမှတတ်လာမှာ မဟုတ်ဘူး။ တကယ့်ပါတီရဲ့ ကြီးလေးတဲ့ တာဝန်တွေကိုလည်း လူငယ်တွေကို ပေးတယ်ပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။
ထို့ပြင် ဦးခွန်ထွန်းဦးသည် မြန်မာနိုင်ငံအား ဖက်ဒရယ်ပြည်ထောင်စုအဖြစ် အကောင်အထည်ဖော်မှသာ နိုင်ငံ၏ ကြုံတွေ့နေရသည့် ပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသူလည်း ဖြစ်သည်။
လက်ရှိ SNLD ပါတီဥက္ကဋ္ဌ စိုင်းညွန့်လွင်ကလည်း ဦးခွန်ထွန်းဦးသည် နိုင်ငံရေးလုပ်ရာတွင် အခွင့်အရေးမယူဘဲ မိမိ ယုံကြည်ချက်အတိုင်း မပြောင်းမလဲ လုပ်ကိုင်တတ်သူဖြစ်ကြောင်း ဆိုသည်။
တော်တော်များများ နိုင်ငံရေးခေါင်းဆောင်တွေက ရာထူးပေးတာတို့၊ အခွင့်အရေးပေးတာတို့ တခုခု လုပ်တယ် ဆိုရင် ပြောင်းလဲတတ်တဲ့သဘောတွေ ရှိပါတယ်။ ပြောင်းလဲခဲ့တဲ့သူတွေလည်း ရှိပါတယ်။ သို့သော် မပြောင်းလဲခဲ့တဲ့ သူတွေထဲမှာ ခွန်ထွန်းဦးလည်းပါတယ်
၎င်းက “တော်တော်များများ နိုင်ငံရေးခေါင်းဆောင်တွေက ရာထူးပေးတာတို့၊ အခွင့်အရေးပေးတာတို့ တခုခု လုပ်တယ် ဆိုရင် ပြောင်းလဲတတ်တဲ့သဘောတွေ ရှိပါတယ်။ ပြောင်းလဲခဲ့တဲ့သူတွေလည်း ရှိပါတယ်။ သို့သော် မပြောင်းလဲခဲ့တဲ့ သူတွေထဲမှာ ခွန်ထွန်းဦးလည်းပါတယ်” ဟု မှတ်ချက်ပေးသည်။
ဦးခွန်ထွန်ဦး ကွယ်လွန်သွားခြင်းသည် အတွေ့အကြုံ ကြွယ်ဝသော လုပ်ဖော်ကိုင်ဖက်တဦးကို ဆုံးရှုံးသွားခြင်းပင် ဖြစ်ကြောင်း စိုင်းညွန့်လွင်က ပြောသည်။
“သင်္ခါရတရားကတော့ ဘယ်လိုမှ မလွန်ဆန်နိုင်ဘူးပေါ့။ သို့သော်လည်း နှစ်ပေါင်းများစွာ လုပ်ဖော်ကိုင်ဖက် ဖြစ်ခဲ့ တယ်။ နောက်ပြီးတော့ သူက ဖြတ်သန်းမှုအတွေ့အကြုံ များတယ်ပေါ့။ အတွေ့အကြုံများတဲ့ လူတယောက် ဆုံးရှုံး သွားတာပေါ့။ အဲဒါက အရမ်းအရေးကြီးတယ်။ ဖြတ်သန်းမှုများတဲ့သူတွေရဲ့ အကြံပြုချက်၊ ပြောကြားချက်တွေက တန် ဖိုးရှိတယ်။ အဲဒီလို လူတယောက် လျော့တယ်ဆိုတာက အားတအားလျော့တာပဲလေ”
You may also like these stories:
ငြိမ်းချမ်းရေး ဆွေးနွေးပွဲလော၊ နိုင်ငံရေး ကစားပွဲလော
တော်လှန်ရေးထဲက အောက်ချင်း သစ္စာ
ဝ ပြည်နယ်ဟု ခေါ်ဝေါ်ခြင်းက လေးစားသမှု ပြသခြင်းဟု NUG ဆို
အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ