ဒီဇင်ဘာလမှာ ကျင်းပမယ်လို့ ကြေညာထားတဲ့ ရွေးကောက်ပွဲမတိုင်ခင် အရေးပေါ်အခြေအနေ ကုန်ဆုံးတဲ့ ဇူလိုင်လကုန်မှာ မြန်မာနိုင်ငံဟာ နိုင်ငံရေးအပြောင်းအလဲကို စောင့်မျှော်နေတယ်။ စစ်အုပ်စုအတွင်း ဖွဲ့စည်းမှု အပြောင်းအလဲကို မျှော်လင့်ရပေမဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်အုပ်စုရဲ့အာဏာ အဓိက အစိတ်အပိုင်းတွေကို ထိန်းချုပ်ထားမယ်လို့ မျှော်လင့်ရပါတယ်။
လက်ရှိသက်တမ်းတိုးတာက ဇူလိုင်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ်။
စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုမှာ ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရကို ဖြုတ်ချခဲ့ပြီး ကနဦး တနှစ်တာ အရေးပေါ်အခြေအနေ ကြေညာခဲ့ကာ ခြောက်လ အကြိမ်ကြိမ် သက်တမ်းတိုးခဲ့တယ်။ လက်ရှိသက်တမ်းတိုးတာက ဇူလိုင်လ ၃၁ ရက်နေ့မှာ ကုန်ဆုံးမယ်။
အဲဒီအခါ စစ်အုပ်စုဟာ အမျိုးသားလုံခြုံရေး၊ ကာကွယ်ရေးနဲ့ အရေးပေါ်အုပ်ချုပ်ရေးအတွက် ဖွဲ့စည်းပုံအရ အာဏာပေးထားတဲ့ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာလုံ – NDSC) ကို အာဏာလွှဲမယ်လို့ မျှော်လင့်ရတယ်။
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနဲ့ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှာ ရွေးကောက်ပွဲ ကျင်းပမယ်လို့ ကတိပေးထားတဲ့အတွက် စစ်အုပ်စုဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ စစ်တပ်က လွှမ်းမိုးတဲ့ အဖွဲ့ဝင် ၁၁ ဦးပါ အဲဒီအဖွဲ့ကို ဒီလမှာ အာဏာပြန်လွှဲပေးဖို့ လိုတယ်။ အာဏာလွှဲပြောင်းပေးပြီး ခြောက်လအတွင်း အဲဒီအဖွဲ့ဟာ ရွေးကောက်ပွဲ ကျင်းပပေးရမယ်လို့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဖော်ပြပါတယ်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာလုံဟာ ဥပဒေပြုရေးအာဏာတွေကို ချုပ်ကိုင်ပြီး ရွေးကောက်ပွဲ ကျင်းပဖို့ တာဝန်ရှိတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အပါအဝင် အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးအဖွဲ့တွေ ခန့်အပ်ခြင်းကို ကြီးကြပ်ရမယ်။ အဲဒီအာဏာပိုင်တွေဟာ အစိုးရသစ် ရွေးကောက်ပြီးသည်အထိ အာဏာရှိနေမှာ ဖြစ်ပါတယ်။
ဒါပေမဲ့ မင်းအောင်လှိုင်ဟာ စစ်ကောင်စီနဲ့ ကာလုံ နှစ်ဖွဲ့လုံးမှာ ခေါင်းဆောင်ဖြစ်နေလို့ အဲဒီ အာဏာလွှဲပြောင်းမှုဟာ ဟန်ပြပဲဖြစ်တယ်။ သူက စစ်ကောင်စီဥက္ကဋ္ဌနဲ့ ဝန်ကြီးချုပ်လုပ်တယ်။ လွန်ခဲ့တဲ့နှစ် ဇူလိုင်လမှာ မင်းအောင်လှိုင်ဟာ အမည်ခံ ယာယီသမ္မတနဲ့ NDSC ဥက္ကဋ္ဌ ဦးမြင့်ဆွေဆီကနေ ယာယီသမ္မတရာထူး လွှဲယူပြီး အဓိက အဖွဲ့အစည်းတွေ အားလုံးကို ထိန်းချုပ်မှု ခိုင်မာအောင် လုပ်ထားတယ်။
အပြောင်းအလဲပုံစံရှိပေမဲ့ မင်းအောင်လှိုင်ရဲ့ အာဏချုပ်ကိုင်မှု လျော့ကျဖို့ မရှိဘူးလို့ နိုင်ငံရေးသုတေသီတွေက သတိပေးတယ်။ စီစဉ်ထားတဲ့ အာဏာလွှဲပြောင်းမှုပြီးရင် ဗြောင်ကျတဲ့ ခေါင်းဆောင်မှုနေရာတွေကနေ နောက်ဆုတ်ရင်တောင်မှ နောက်ကွယ်ကနေ အာဏာထိန်းချုပ်ဖို့ သေနင်္ဂဗျူဟာကို သူ့ရဲ့အရင်က ခန့်အပ်မှုတွေနဲ့ ရာထူးနေရာ အပြောင်းအလဲတွေက ဖော်ပြနေတယ်။
အပြောင်းအလဲပုံစံရှိပေမဲ့ မင်းအောင်လှိုင်ရဲ့ အာဏချုပ်ကိုင်မှု လျော့ကျဖို့ မရှိဘူးလို့ နိုင်ငံရေးသုတေသီတွေက သတိပေးတယ်။ စီစဉ်ထားတဲ့ အာဏာလွှဲပြောင်းမှုပြီးရင် ဗြောင်ကျတဲ့ ခေါင်းဆောင်မှုနေရာတွေကနေ နောက်ဆုတ်ရင်တောင်မှ နောက်ကွယ်ကနေ အာဏာထိန်းချုပ်ဖို့ သေနင်္ဂဗျူဟာကို သူ့ရဲ့အရင်က ခန့်အပ်မှုတွေနဲ့ ရာထူးနေရာ အပြောင်းအလဲတွေက ဖော်ပြနေတယ်။
၂၀၂၅ ခုနှစ် အစောပိုင်းမှာ မင်းအောင်လှိုင်က စစ်ဘက်အရပ်ဘက် ရာထူးနေရာရွှေ့ပြောင်းမှု အကြီးအကျယ်လုပ်ပြီး လူငယ်အရာရှိတွေကို ရာထူးတိုးပေးကာ ဝါရင့်တပ်မှူးတွေကို ဘေးဖယ်ထုတ်တယ်။ စစ်ခေါင်းဆောင်ဟောင်း ဦးသန်းရွှေသုံးတဲ့ သေနင်္ဂဗျူဟာအတိုင်း ဆက်လုပ်တယ်။
အဲဒီလိုလုပ်ပေမဲ့ စစ်ကောင်စီဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေရဲ့ မြင့်မားတဲ့ ဖိအားနဲ့ နယ်မြေကျယ်ကျယ်ပြန့်ပြန့် ဆုံးရှုံးမှုကို ရင်ဆိုင်ရတယ်။ မင်းအောင်လှိုင်ရဲ့အပြောင်းအလဲကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ကို စစ်မြေပြင်ရှုံးနိမ့်မှုတွေနဲ့ နိုင်ငံတကာစိစစ်မှု တိုးလာခြင်းက ပိုမို အကန့်အသတ် ဖြစ်စေမယ်လို့ သုတေသီတွေက ပြောတယ်။
မြန်မာရဲ့ အချုပ်အခြာအာဏာ လုပ်ငန်းစဉ်ကို လေးစားဖို့နဲ့ ရွေးကောက်ပွဲ လမ်းပြမြေပုံကို ထောက်ခံဖို့ စစ်ကောင်စီက နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုတယ်။ ဒါပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် အတိုက်အခံအင်အားစုတွေက ရွေးကောက်ပွဲကို တရားမဝင်ဘူးလို့ ရှုတ်ချပြီး သပိတ်မှောက်ဖို့ နိုင်ငံသားတွေကို တိုက်တွန်းတယ်။
ရွေးကောက်ပွဲဟာ မင်းအောင်လှိုင် ဆက်လက်အုပ်ချုပ်မှုကို တရားဝင်အောင်လုပ်တဲ့ အတုအယောင် ဖြစ်ကြောင်း လေ့လာသူတွေက သတိပေးတယ်။ ရွေးကောက်ပွဲအပြီးမှာ မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတလို့ ကြေညာမယ် မျှော်လင့်ရတယ်။
အဓိက အတိုက်အခံပါတီတွေဖြစ်တဲ့ NLD နဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) တို့ကို ရွေးကောက်ပွဲက ဖယ်ထုတ်ထားလို့ ယုံကြည်နိုင်မှုကို အကြီးအကျယ် ထိခိုက်စေတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဟာ နိုင်သူအကုန်ယူစနစ်နဲ့ အချိုးကျ ကိုယ်စားပြု (PR) စနစ်ကို ရောနှောသုံးပြီး နိုင်ငံရဲ့ မြို့နယ် ၃၃၀ အနက် ၂၆၇ ခုမှာ ရွေးကောက်ပွဲလုပ်ဖို့ စီစဉ်နေတယ်။
ရွေးကောက်ပွဲဟာ မင်းအောင်လှိုင် ဆက်လက်အုပ်ချုပ်မှုကို တရားဝင်အောင်လုပ်တဲ့ အတုအယောင် ဖြစ်ကြောင်း လေ့လာသူတွေက သတိပေးတယ်။ ရွေးကောက်ပွဲအပြီးမှာ မင်းအောင်လှိုင်က သူ့ကိုယ်သူ သမ္မတလို့ ကြေညာမယ် မျှော်လင့်ရတယ်။
အဲဒီရွေးကောက်ကို တရုတ်၊ အိန္ဒိယနဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) အဖွဲ့ဝင်တချို့ အပါအဝင် ဒေသတွင်း မဟာမိတ်တွေနဲ့ ပိုမိုဝေးကွာတဲ့ မဟာမိတ်တွေဖြစ်တဲ့ ရုရှားနဲ့ ဘယ်လာရုစ်တို့က ထောက်ခံကြတယ်။
ရွေးကောက်ပွဲကို တနိုင်ငံလုံးမှာ ကျင်းပဖို့ မဖြစ်နိုင်ပေမဲ့ စစ်ကောင်စီဟာ နေပြည်တော်၊ ရန်ကုန်နဲ့ မန္တလေး အပါအဝင် မြို့ကြီးအချို့မှာ ရွေးကောက်ပွဲ ကျင်းပနိုင်ခြေရှိတယ်။
(ဧရာဝတီ အင်္ဂလိပ်ပိုင်းပါ မောင်ကဝိ၏ Myanmar Junta’s Power Transfer Looms, but Real Control to Remain With Regime Boss ကို ဘာသာပြန်သည်။)
You may also like these stories:
ငြိမ်းချမ်းရေးဖိုရမ် လမ်းပြ ရွေးကောက်ပွဲက ထွက်လမ်းလား ကျလမ်းလား
အတုအယောင် ရွေးကောက်ပွဲဖြင့် မင်းအောင်လှိုင် အာဏာ ဆွဲဆန့်ဖို့ ပြင်
နေပြည်တော်က ငြိမ်းချမ်းရေးဖိုရမ် ဘယ်ကိုဦးတည်သလဲ (ရုပ်/သံ)
မြန်မာပြည်ထုတ် ငြိမ်းချမ်းရေးအတုနှင့် စစ်ပွဲအစစ်
စစ်ခေါင်းဆောင်ကို အာဏာဆက်ပေးမယ့် အတုယောင် ရွေးကောက်ပွဲ (ရုပ်/သံ)
စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေးကတိကဝတ်တွေကို ယုံကြည်ကြသလား (ရုပ်/သံ)














