• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မဲရုံမှာ ရှုံးသော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူသည့် ကြံ့ဖွံ့အမတ် တဒါဇင်ကျော်ရှိ

by ဧရာဝတီ
10 January 2026
in သတင်း
A A
မဲရုံမှာ ရှုံးသော်လည်း ကြိုတင်မဲဖြင့် အနိုင်ယူသည့် ကြံ့ဖွံ့အမတ် တဒါဇင်ကျော်ရှိ

၂၀၂၅ ခု ဒီဇင်ဘာ ၂၉ ရက်က ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နှင့် ရုရှားမှ စေလွှတ်သည့် ရွေးကောက်ပွဲစောင့်ကြည့်ရေး ကိုယ်စားလှယ်အဖွဲ့တို့ နေပြည်တော် ကြံ့ဖွံ့ပါတီဌာနချုပ်တွင် တွေ့ဆုံစဉ် (USDP)

228
VIEWS
Share on FacebookShare on Twitter

မနက်ဖြန် ဇန်နဝါရီ ၁၁ ရက် ဆိုလျှင် ရွေးကောက်ပွဲ အပိုင်း ၂ ကို ကျင်းပတော့မည်ဖြစ်ရာ ထို့အတွက် ပြီးခဲ့သည့် ဒီဇင်ဘာ ၂၈ ရက်က ကျင်းပသည့် ရွေးကောက်ပွဲ အပိုင်း ၁ ၏ အနိုင်အရှုံးစာရင်းများကို ထုတ်ပြန်နေရာ စစ်တပ်ပါတီ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ(ကြံ့ဖွံ့)က အများစုအနိုင်ရထားသည်ကို တွေ့ရသည်။

ထိုအနိုင်ရသည့် ကြံ့ဖွံပါတီ အမတ်လောင်းများ၌ တဒါဇင်ကျော်သည် မဲရုံမဲရလာဒ်အရ ရှုံးနိမ့်သော်လည်း ကြိုတင်မဲနှင့် အနိုင်ယူကြောင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်(UEC) ထုတ်ပြန်ချက်အရ သိရသည်။

၁၉၉၃ ခုနှစ်က အသင်းအဖွဲ့အဖြစ် ထူထောင်ကာ အားယူလာပြီး ၂၀၁၀ တွင် ပါတီအဖြစ်ပြောင်းလဲကာ ရွေးကောက်ပွဲ ဝင်ခဲ့သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ထို ၂၀၁၀ ရွေးကောက်ပွဲမှာလည်း ပြိုင်ဘက်ပါတီများကို နောက်ကျမဲဖြင့် အနိုင်ယူခဲ့သည့် သာဓကများစွာ ရှိထားသည့် ပါတီဖြစ်သည်။

ယခုလည်း ရွေးကောက်ပွဲအပိုင်း(၁)ကို ၁၀၂ မြို့နယ်၌ ကျင်းပခဲ့ရာ ကြိုတင်မဲဖြင့် အနိုင်ယူခဲ့သည် မဲဆန္ဒနယ်မှာ ၁၃ နယ် ရှိပြီး ပြည်သူ့လွှတ်တော်အနေဖြင့် မြိတ်၊ ကျောက်ဖြူ၊ မူဆယ်၊ မိုးညှင်း၊ ဘားအံ၊ တီးတိန်၊ အမျိုးသားလွှတ်တော်တွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်(၂)၊ တနင်္သာရီတိုင်းမဲဆန္ဒနယ်(၁) နဲ့ (၄)၊ တိုင်းနှင့် ပြည်နယ်လွှတ်တော်၌ ချောင်းဆုံ၊ တာချီလိတ်၊ မူဆယ်၊ လင်းခေးမဲဆန္ဒနယ်များဖြစ်သည်ကို တွေ့ရသည်။

ကြိုတင်မဲဖြင့် အနိုင်ယူသူများတွင် စစ်ရာထူးခန့်ချုပ်မှ အနားယူ၍ ကြံ့ဖွံ့ပါတီမှ ပြည်သူ့လွှတ်တော်နေရာအတွက် ရွေးကောက်ပွဲဝင်ခဲ့သူ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း လင်းအောင်လည်း အပါအဝင်ဖြစ်သည်။

၎င်းယှဉ်ပြိုင်သည့် မြိတ်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် မဲရုံမဲ၌ ကြံ့ဖွံက ၂၅,၂၀၆ မဲနဲ့ ပြည်သူ့ပါတီက ၂၆,၇၁၆ မဲ ရရှိခဲ့သော်လည်း ကြိုတင်မဲတွင် ကြံ့ဖွံ့က ၄,၆၈၇ မဲ၊ ပြည်သူ့ပါတီက ၂၉၅ မဲ ရသဖြင့် ကြံ့ဖွံ့က ကြိုတင်မဲ ၄,၄၀၀ နီးပါး အသာဖြင့် အနိုင်ယူခဲ့သည်။

မိုးညှင်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာလည်း မဲရုံမဲရလဒ်အရ ကြံ့ဖွံ့က ၁၀,၅၂၁ နဲ့ တိုင်းလိုင်(ရှမ်းနီ) အမျိုးသား များ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)က ၁၁,၀၆၅ မဲ ရှိခဲ့သော်လည်း ကြိုတင်မဲတွင် ကြံ့ဖွံ့က ၃,၁၃၄ နဲ့ ရှမ်းနီပါတီက ၆၇၄ သာရခဲ့သည့်အတွက် ကြံ့ဖွံ့ပင် အနိုင်ရခဲ့ပြန်သည်။

မိုးညှင်း၌ ကြိုတင်မဲဖြင့် ရှုံးခဲ့သူ ရှမ်းနီပါတီဥက္ကဋ္ဌ စိုင်းဌေးအောင်က ရွေးကောက်ပွဲမတိုင်မီ တရက်အလို ကြိုတင်မဲနှင့် ပတ်သက်၍ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မညီသည်များ တွေရှိ၍ မဲရုံသို့သာ မဲထွက်ပေးကြရန် ၎င်း၏ လူမှုကွန်ရက် စာမျက်နှာမှ တိုက်တွန်းခဲ့သည်ကို တွေ့ရသည်။

၎င်းက “လုံခြုံရေးအကြောင်းပြပြီး ၂၅ ရက်နေ့မှစ၍ ကြိုတင်မဲထည့်နေကြသည်ကို တွေ့ရှိရသည်။ ရပ်/ကျေးအုပ်ချုပ် ရေးမှုးအိမ်တွင် ထည့်ရသည်၊ နည်းဥပဒေ လုပ်ထုံးလုပ်နည်းနှင့် မညီညွတ်သည်ကိုလည်း တွေ့ရသည်။ မိဘပြည်သူများ အားလုံး ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်မှ စက်ခလုတ်နှိပ်၍ မဲပေးကြပါရန် မေတ္တာရပ်ခံပါသည်”ဟု လူမှုကွန်ရက်၌ ဆိုထားသည်။

အမျိုးသားလွှတ်တော်မဲဆန္ဒနယ်များတွင် ကြိုတင်မဲဖြင့် အနိုင်ယူခဲ့သည့် နေရာများမှာ တနင်္သာရီတိုင်း မဲဆန္ဒနယ် အမှတ်(၁) နဲ့ အမှတ်(၄)၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်(၂) တို့ ဖြစ်သည်။

ရွေးကောက်ပွဲအပိုင်း(၁)၌ တွေ့ရသည့် မဲရုံတရုံ/ ဧရာဝတီ

တနင်္သာရီတိုင်း အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၁) နှင့် (၄) ၌ ကြံ့ဖွံ့ပါတီက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ကို မဲရုံမဲရလဒ်အရ ရှုံးသော်လည်း ထောင်နှင့်ချီ အသာရထားသည့် ကြိုတင်မဲကြောင့် ကြံ့ဖွံ့ကပင် အနိုင်ရခဲ့ပြီး ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်မဲဆန္ဒနယ် (၂)တွင်လည်း မဲရုံမဲရလဒ်မှာ ကြံ့ဖွံ့က ရခိုင့်ဦးဆောင်ပါတီ (AFP)ကို ရှုံးသော်လည်း ထောင်ချီရထားသည့် ကြိုတင်မဲဖြင့် ကြံ့ဖွံ့က ပြန်အနိုင်ယူခဲ့သည်ကို တွေ့ရသည်။

အလားတူ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များတွင် တာချီလိတ်၊ မူဆယ်၊ လင်းခေးမြို့နယ်တို့၌ ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကို ကြံ့ဖွံ့က မဲရုံမဲရလဒ်တွင် ရှုံးသော်လည်း ကြိုတင်မဲအသာစီးဖြင့်ပင် အနိုင်ရယူခဲ့ပြန်သည်။

အလားတူ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော်မဲဆန္ဒနယ်မှာလည်း လက်ရှိ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင် ကြည်သိန်း က မွန်ညီညွတ်ရေးပါတီ အမတ်လောင်း ဦးနိုင်ထွန်းဦးကို ရွေးကောက်ပွဲ ညပိုင်း မဲရေတွက်ချိန်အထိ ရှုံးနေရာမှ ဒီဇင်ဘာ ၂၉ ရက် နံနက်ပိုင်း ရောက်လာသည့် နောက်ကျမဲကြောင့် အနိုင်ရသွားကြောင်း ဒေသတွင်းသတင်းများက ဖော်ပြ ကြသည်။

UEC ကြေညာသည့် မဲရလဒ်အရ ချောင်းဆုံမြို့နယ် ပြည်နယ်လွှတ်တော် မဲရုံမဲ ရလဒ်မှာ ကြံ့ဖွံ့က ၁၈,၉၆၀ မဲနှင့် မွန်ညီညွတ်ရေး ပါတီက ၂၀,၀၃၂ မဲ ဟု ဆိုသော်လည်း ကြိုတင်မဲတွင် ကြံ့ဖွံ့က ၂,၁၇၀ မဲ၊ မွန်ညီညွတ်ရေးပါတီက ၅၈၃ မဲ ဖြစ်သဖြင့် စုစုပေါင်း မဲရလဒ်မှာ ကြံ့ဖွံ့ကပင် ပြန်အသာစီးယူကာ အနိုင်ရသွားသည်။

စစ်တပ်နှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၏ ကြိုတင်မဲများဖြင့် အသာစီးယူထားသည့် ကြံ့ဖွံ့ပါတီသည် တခြားမဲဆန္ဒနယ်အားလုံးနီးပါးတွင်လည်း ပြိုင်ဘက်ပါတီတွေထက် ကြိုတင်မဲ ထောင်နဲ့ချီ အသာရနေတာကိုလည်း တွေ့ ရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသမာမှုရှိသည်ဟု အကြောင်းပြကာ တိုင်းပြည်အာဏာကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က သိမ်းယူခဲ့ခြင်းဖြစ်ရာ နိုင်ငံတွင် စစ်ပွဲများဖြစ်ပြီး တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားသည်မှာ ငါးနှစ်တိုင်ရှိပြီဖြစ်သည်။

ကြံ့ဖွံ့ပါတီ၏ ကြိုတင်မဲနှင့် တဖက်သတ် အသာစီးယူနေမှုအပေါ် ကျန်နိုင်ငံရေးပါတီများက ဝေဖန်လာကြပြီး ပွင့်လင်းမျှတ မှုရှိဖို့ အာဏာသိမ်းစစ်ခေါင်းဆောင်ထံ စာပို့တင်ပြကြသလို မကြာသေးမီက ရွေးကောက်ပွဲကော်မရှင်နှင့် ပါတီများ တွေ့ဆုံ ရာတွင် ကြိုတင်မဲကိစ္စ အလေးပေးပြောခဲ့ကြောင်း ဆိုသည်။

ရွေးကောက်ပွဲ အပိုင်း(၁) ကြိုတင်မဲ ကောက်ယူရာမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ကြံ့ဖွံ့တပါတီသာ လိုက်ပါခွင့်ရရှိခဲ့ပြီး ကျန်ပါတီများ လိုက်ခွင့်မရခဲ့ခြင်း၊ ကြိုတင်မဲကို အုပ်ချုပ်ရေးမှူးအိမ်၌ ပေးစေခြင်း စသည့် အချက်များ ကို နိုင်ငံရေးပါတီများက ထောက်ပြကာ ပိုုမိုပွင်လင်း ရိုးရှင်းဖို့ တောင်းဆိုထားကြသည်။

စစ်ခေါင်းဆောင်ထံ စာပို့ခဲ့သူများတွင် ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီလည်း ပါဝင်ပြီး မဲဆန္ဒနယ်လေးခုတွင် မဲရုံမဲရလဒ် နိုင်သော်လည်း ကြိုတင်မဲဖြင့် ကြံ့ဖွံ့ပါတီကို အရှုံးပေးခဲ့ရကာ မဲရုံ ၁၈ ရုံရှိသည့် မူဆယ်မဲဆန္ဒနယ်တွင် ၁၇ရုံ အနိုင်ရသော်လည်း နောက်ကျမှရောက်လာသော် မဲရုံ ၁ ရုံရဲ့ ကြိုတင်မဲများကြောင့် ရှုံးနိမ့်ခဲ့ရကြောင်း ပါတီဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက မီဒီယာတွေကို ပြောဆိုထားသည်။

ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်သည် ၈၁ မြို့နယ်၏ ပြည်သူ့လွှတ်တော်မဲရလဒ်တို့ကို အခြေခံကာ Data For Myanmar အဖွဲ့၏ အစီရင်ခံစာအရ ကြံ့ဖွံ့ပါတီ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ၈၁ ဦး ရရှိခဲ့သည့် ကြိုတင်မဲ ၃ သိန်း ၄ သောင်း ကျော်ရှိပြီး ကျန်ပါတီနဲ့ တသီးပုဂ္ဂလကိုယ်စားလှယ်လောင်း ၃၆၂ ဦး၏ ကြိုတင်မဲမှာ ၉၄,၀၀၀ ကျော်သာ ရှိခဲ့ကြောင်း သိရသည်။

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
98
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
26

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
44

You may also like these stories:

အကြောက်တရား လွှမ်းတဲ့ ရွေးကောက်ပွဲ ကြိုတင်မဲနဲ့ ကြံ့ခိုင်ရေး အသာစီးရ

စစ်အာဏာ အသက်ဆက်ဖို့ အကွက်ချထားတဲ့ ရွေးကောက်ပွဲ

ချင်းနဲ့ရခိုင် PR ခွဲတမ်းလည်း ကြံ့ဖွံ့ပါတီ အသာစီးထပ်ရ

Your Thoughts …
Tags: ကြံ့ဖွံ့ပါတီကြိုတင်မဲစစ်တပ်မဲရုံမဲရွေးကောက်ပွဲအပိုင်း(၁)
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

ရွှေဘုန်းပွင့်၊ ခရိုနီ ဂိုဏ်းချုပ် နဲ့ အာဏာသိမ်း စစ်ခေါင်းဆောင်

by စိုင်းခမ်းယွမ်း
26 May 2025
22k

အခု လက်ရှိ လက်နက်ကိုင် စစ်ကောင်စီ တပ်နဲ့ သေအတူ ရှင်မကွဲ ဆက်ပြီး ပေါင်းနေတဲ့ ခရိုနီ ကြီးငယ်လတ်တွေ ထဲမှာတော့ ခရိုနီ ဂိုဏ်းချုပ်ကြီးလို့ အခေါ်ခံရတဲ့ ဦးအောင်ကိုဝင်းပဲ ဖြစ်ပါတယ်။

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

ရှောင်လင်ခရိုနီ သူဋ္ဌေးကြီးရဲ့ ညစာ

by ကြာဖက်နှင်း
7 April 2024
14.9k

စစ်တပ်က ကြီးကြီးမာစတာဟု ခေါ်သော ဗိုလ်ချုပ် အထက်တွေ အားလုံး သူ့ရဲ့ အိတ်ကပ်ထဲမှာ။ ညနေခင်း ဆိုလျှင် ဂေါက်ရိုက်နေကြ။ ပြီးလျှင် ဈေးကြီးကြီး ဝီစကီ ပုလင်းတွေ ထောင်ကြ။ Louis 13 ဆိုလား။

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

ဆိုရှယ် မီဒီယာမှာ ပြန်ပေါ်လာသည့် ခရိုနီ ဂုရုကြီး ဆရာကျောင်း

by ဧရာဝတီ
19 May 2024
13.6k

ဘီလီယံနာ အငြိမ်းစား တယောက် ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂေါက်သွား ရိုက်တာ မဆန်း။ အဲဒီထဲမှာ မြန်မာပြည်က သူဌေးကြီး ဦးအောင်ကိုဝင်းလည်း ပါသည်။

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

စစ်တပ်လိုလားသူ အမာခံများ တရုတ်ခရီးစဉ်မှာ ပါ

by မောင်ကဝိ
24 July 2024
10.7k

USDP ကိုယ်စားလှယ်တွေမှာ စစ်ကောင်စီအမာခံ သဘောထားတင်းမာသူတွေလို့ ထင်ရှားသူတွေ ပါဝင်ပါတယ်။

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

နိုင်ငံတော် သံဃနာယကအဖွဲ့ဝင် ဆရာတော် ပစ်ခတ်ခံရ၍ ပျံလွန်တော်မူ

by ဧရာဝတီ
19 June 2024
10.5k

ဆရာတော်ကြီး၏ ရုပ်ကလပ်ကို ပဲခူးမြို့သို့ ပြန်လည် သယ်ဆောင်ရန် တာဝန်ရှိသူများက ခွင့်မပြု၍ ဆရာတော် တချို့နှင့် အချေအတင် ဖြစ်ခဲ့သော်လည်း နောက်ပိုင်းတွင် စစ်ကောင်စီက ပဲခူးမြို့သို့ ပြန်လည် သယ်ယူခွင့်ပြုလိုက်ကြောင်း သိရသည်။

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

ဒုချုပ် မုံရွာခရီးစဉ်အပြီး ဘုတလင်ဒေသခံတို့ ရက်စက်စွာ အသတ်ခံရ

by ဧရာဝတီ
21 October 2024
9.6k

မကြာသေးမီ အောက်တိုဘာ ၁၄ ရက်က စစ်ကိုင်းတိုင်း မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) သို့ အာဏာသိမ်း ဒုစစ်ခေါင်းဆောင် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း လာရောက်ခဲ့သည့် ခရီးအစဉ်အပြီး အောက်တိုဘာ ၁၇ ရက် (သီတင်းကျွတ်လပြည့်နေ့)...

Next Post
ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

ကမ္ဘာကျော် Tomorrowland ဂီတပွဲတော် ထိုင်းမှာ ကျင်းပမယ်

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

အကျဥ်းသားတွေ ကျွန်ပြုခံရတဲ့ မှတ်တမ်းတွေထွက်လာ (ရုပ်/သံ)

No Result
View All Result

Recommended

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

14 hours ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved