စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ နောက်ဆုံးထွက်ပေါက်မှာ “ရွေးကောက်ပွဲ” ဖြစ်သည်။ ရွေးကောက်ပွဲသည် ရောဂါအလုံးစုံ ပျောက်ကင်းသည့် ဆေးခါးကြီးလို ရွေးကောက်ပွဲပြီးလျှင် ပြဿနာများအားလုံး ပြေလည်သွားပြီဟု မှတ်ယူထားပုံရသည်။
သတိပြုရမည်မှာ ယခုရွေးကောက်ပွဲ၏ တရားဝင်မှု ဖြစ်သည်။ ရုရှား၊ တရုတ်နှင့် နိုင်ငံအနည်းငယ်၏ ထောက်ခံမှုဖြင့် ကျင်းပမည့် ရွေးကောက်ပွဲကို ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုင်းအဝန်းက အသိအမှတ်ပြု လက်ခံမည်မဟုတ်။
နိုင်ငံအနှံ့ စစ်မက်ဖြစ်ပွားနေချိန်၊ မြို့ရွာ ရပ်ကွက်များ ဗုံးကြဲခံနေရချိန်၊ နိုင်ငံလူဦးရေ ၃ သန်းခွဲကျော် နေရပ်စွန့်ခွာထွက်ပြေး နေရချိန် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဓိက နိုင်ငံရေးခေါင်းဆောင်များကို အကျဉ်းချထားပြီး ကျင်းပသည့် ရွေးကောက်ပွဲကို နိုင်ငံတကာက လက်ခံမည် မဟုတ်သလို အာဆီယံ အပါအဝင် ကုလသမဂ္ဂ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိလိမ့်မည် မဟုတ်ပါ။
မည်သို့ပင်ဖြစ်စေ စစ်ကောင်စီသည် သူ၏ အာဏာသက်တမ်းကို အတုအယောင် ရွေးကောက်ပွဲခေါင်းစဉ်ဖြင့် ဆက်လက် ဆွဲဆန့်သွားရန် ကြိုးပမ်းနေသည်ကို မြင်တွေ့နေရသည်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy













