• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးမှ မြို၊ ခမီ နှင့် ဒိုင်းနက်တို့ နုတ်ထွက်

by ဧရာဝတီ
2 May 2022
in သတင်း
A A
၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သော ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး တည်ထောင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များတွေ့ဆုံပွဲ   / REC

၂၀၁၇ ခုနှစ်က ပြုလုပ်ခဲ့သော ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး တည်ထောင်ခြင်းဆိုင်ရာ ကိုယ်စားလှယ်များတွေ့ဆုံပွဲ / REC

7.1k
VIEWS
Share on FacebookShare on Twitter

ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (Rakhine Ethnic Congress) မှ မြို၊ ခမီနှင့် ဒိုင်းနက် လူမျိုးစုများ အပြီးအပိုင် နုတ်ထွက်လိုက်ကြောင်း ဧပြီလ ၃၀ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာထားသည်။

REC ကို ရခိုင်၊ မြို၊ ခမီ၊ ဒိုင်းနက် စသည့် ဒေသတွင်း တိုင်းရင်းသား လူမျိုးစုများဖြင့် ဖွဲ့စည်းထားသော်လည်း လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်ရာတွင် တဦးတယောက်၏ သဘောထားများဖြင့်သာ ဆုံးဖြတ် လုပ်ကိုင်နေသည့်အတွက် ထိုသို့ အဖွဲ့မှ နုတ်ထွက်ရခြင်း ဖြစ်ကြောင်း ခမီ တိုင်းရင်းသားလည်းဖြစ် REC အဖွဲ့၏ ဥက္ကဋ္ဌ ဖြစ်သူ ဦးရွှေဖော်စိန်က ပြောသည်။

ဦးရွှေဖော်စိန်က “REC ကို ပြည်နယ်အတွင်းက လူမျိုးစု တိုင်းရင်းသားတွေနဲ့ အခြေခံပြီး ဖွဲ့စည်းတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာ အဖွဲ့အစည်းမှာ ဖွဲ့စည်းပုံ၊ မူဝါဒ၊ စည်းကမ်း၊ စည်းမျဉ်းတွေ ရှိပါတယ်။ တကယ် လက်တွေ့ အလုပ် လုပ်တဲ့ အခါ အဖွဲ့အစည်း မူဝါဒနဲ့ မကိုက်ညီဘဲ၊ လူတဦး တယောက်ရဲ့ စီမံခန့်ခွဲမှု ရောက်ရှိတဲ့အတွက်နဲ့ ကျနော်တို့ တိုင်းရင်းသား မျိုးနွယ်စုတွေဟာ အသုံးချခံ ပုံစံမျိုး ရောက်ရှိနေတဲ့အတွက် နုတ်ထွက်ရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

REC ကို ပြည်နယ် အတွင်း မှီတင်းနေထိုင်သည့် လူမျိုးစု တိုင်းရင်းသားများ အားလုံး ရသင့်ရထိုက်သည့် မွေးရာပါ အခွင့် အရေး ရရှိရေး၊ လူမျိုးစု တိုင်းရင်းသားများ အချင်းချင်း စည်းလုံး ညီညွတ်ပြီး ဖွံ့ဖြိုးတိုးတက်ရေးသည့် လူမှု အဖွဲ့အစည်း တခု တည်ထောင်ရန် ရည်ရွယ်ချက်ဖြင့် ပြီးခဲ့သော၂၀၁၇ ခုနှစ် စက်တင်ဘာလအတွင်းက ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

RelatedPosts

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

12 January 2026
307
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
124
တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

တိုက်ပွဲ၊ ပေါက်ကွဲမှုနဲ့ လူထုဆန့်ကျင်မှုတွေ တွေ့ရတဲ့ အပိုင်း ၂ ရွေးကောက်ပွဲ (ရုပ်/သံ)

11 January 2026
63

ထိုသို့ ဖွဲ့စည်းရာတွင် ခမီလူမျိုးစု တိုင်းရင်းသား ဦးရွှေဖော်စိန်က ဥက္ကဋ္ဌအဖြစ် လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရခိုင် တိုင်းရင်းသား ဦးဇော်ဇော်ထွန်း၊ ဘဏ္ဍာရေးမှူးအဖြစ် မြို တိုင်းရင်းသား ဦးဇနီဖြူတို့က တာဝန်ပေးအပ်ခံရကြောင်းလည်း သိရသည်။

ရခိုင် တိုင်းရင်းသားမျိုးနွယ်များ အစည်းအရုံး (Rakhine Ethnic Congress) အမှတ် တံဆိပ်

ဘဏ္ဍာရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ မြို တိုင်းရင်းသား ဦးဇနီဖြူက “ကျနော်တို့ လူမျိုးစုတွေပေါင်းမှ REC ဆိုတာ ဖြစ်တာ။ ကျနော်တို့ လူမျိုးတွေ နစ်နာမှု ရှိတယ်။ ကျနော်တို့ လူမျိုးစုတွေက အသုံးချခံ သက်သက် ဖြစ်နေတယ်။ ကျနော် က ဘဏ္ဍာရေးမှူး ဆိုပေမယ့် ငွေစာရင်းနဲ့ ပတ်သက်ပြီး ဘာမှလည်း မသိရဘူး။ တဦးတယောက်ကလည်း သူ့ ကုမ္ပဏီ ထောင်ထားသလိုမျိုး လုပ်နေတဲ့အတွက် ကျနော်တို့က နုတ်ထွက်ရတာ ဖြစ်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးရွှေဖော်စိန်ကလည်း “ကျနော်တို့က ဒီအခင်းအကျင်းမျိုးကို မဖြစ်ချင်တော့ ကျနော်တို့ အကြိမ်ကြိမ်အခါခါ ဆွေးနွေးမှုတွေ၊ မဖြစ်သင့်တဲ့ ကိစ္စတွေကို မဖြစ်ဖို့၊ ဆက်လက်ပြီးတော့ ရပ်တည်ဖို့ အားလုံး ပါဝင်တဲ့ အဓိက ပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပြီးမှ အလုပ်တခုကို လုပ်သင့်တယ်ဆိုတာ ကျနော်တို့ ညှိနှိုင်း အဖြေရှာမှုတွေကို အကြိမ် ကြိမ် လုပ်ခဲ့ပါတယ်။ ဒီဟာတွေကို အလေးထားခြင်း မရှိဘဲနဲ့ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး ဆိုပြီးတော့ ရာထူး တပ်ထားပြီးတော့ အတွင်းရေးမှူး တယောက်တည်းကသာ စီမံခန့်ခွဲမှု ရှိနေတဲ့အတွက်ကြောင့် ကျနော်တို့ နောက်ပိုင်း ဒီအဖွဲ့မှာ လူမျိုးစုတွေ အနေနဲ့ ပါဝင်ဖို့ဆန္ဒ မရှိတော့တဲ့အနေအထားကို ရောက်သွားတာ ဖြစ်တယ်” ဟု ဧရာဝတီသို့ ဆက်လက် ပြောဆိုသည်။

အဆိုပါ မျိုးနွယ်စုများ နုတ်ထွက်သည့်ကိစ္စနှင့် ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ရန် ရခိုင်တိုင်းရင်းသားမျိုးနွယ်များ အစည်း အရုံးမှ အတွင်းရေးမှူး ဦးဇော်ဇော်ထွန်းအား ဧရာဝတီမှ ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပေ။

လက်ရှိ အခြေအနေတွင် လူမျိုးစုတိုင်းရင်းသားများ နုတ်ထွက်သွားပြီဖြစ်သည့်အတွက် REC အမည်ဖြင့် မည်သည့် စီမံကိန်းများကိုမဆို လုံးဝ ဆက်လက် မလုပ်ဆောင်ရန်၊ REC အဖွဲ့မှ ပိုင်ဆိုင်သော ရုံးပိုင်ပစ္စည်းများ၊ ရံပုံငွေများကို အဖွဲ့ တွင် ပါဝင်သည့် မျိုးနွယ်စုဝင် အားလုံး ပိုင်ဆိုင်သင့်ကြောင်းနှင့် သဘောထား ထုတ်ပြန်ချက်အပေါ် လိုက်နာမှု မရှိပါက ဥပဒေကြောင်းအရ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း အဖွဲ့မှ နုတ်ထွက်သည့် ခမီ၊ မြို၊ ဒိုင်းနက် စသည့် တိုင်းရင်း သားများ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံး (Rakhine Ethnic Congress – REC) သည် ၂၀၁၈ ခုနှစ်မှနေ ၂၀၂၀ ခုနှစ်ကာလက ဖြစ်ပွားခဲ့သည့် ရခိုင်စစ်ပွဲအတွင်း လူသိများခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အပါအဝင် စစ်ဘေး ရှောင်အရေး၊ ကိုဗစ်- ၁၉ အရေးတို့တွင် အောက်ခြေ တိုင်းရင်းသားလူမျိုးစုများနှင့် လက်တွဲကာ ကူညီဆောင်ရွက် ပေးနေသော အဖွဲ့အစည်း တခုလည်း ဖြစ်သည်။

You may also like these stories :

အာဏာသိမ်းစစ်တပ်နှင့် AA တိုက်ပွဲဖြစ်

တပ်အခြေစိုက် ပြည်နယ်မြို့များကို ခရိုင်အဆင့် တိုးမြင့်

ရခိုင်ပြည်နယ် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို မနှောင့်ယှက်ရန် စစ်ကောင်စီကို AA သတိပေး

Your Thoughts …
Tags: RECနုတ်ထွက်မြို၊ ခမီ၊ ဒိုင်းနက်ရခိုင်တိုင်းရင်းသား မျိုးနွယ်စု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

သတ်ဖြတ်ခံရမှုများကြောင့် အုပ်ချုပ်ရေးမှူးများ နုတ်ထွက်

by မိအိသဉ္ဇာမြင့်
3 April 2024
4.9k

ရွာပေါင်း ၂၀ ကျော်ရှိ အုပ်ချုပ်ရေးမှူးများ လုံခြုံရေးအရ နုတ်ထွက်စာတင်ထားကြသော်လည်း စစ် ကောင်စီဘက်က နုတ်ထွက်ခွင့်မပြုကြောင်း အုပ်ချုပ်ရေးမှူးများက ပြောသည်။

မင်းဘူးခရိုင်၌ နှစ်လအတွင်း အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်

မင်းဘူးခရိုင်၌ နှစ်လအတွင်း အုပ်ချုပ်ရေးမှူး ၄၀ ကျော် နုတ်ထွက်

by ဧရာဝတီ
4 May 2024
1.3k

စစ်မှုထမ်းဥပဒေ အသက်သွင်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလကုန်ပိုင်းမှ လက်ရှိအချိန်ထိ မကွေးတိုင်း၊ မင်းဘူးခရိုင်အတွင်း၌ နုတ်ထွက်သည့် ရပ်ကွက်၊ ကျေးရွာအဆင့် အုပ်ချုပ်ရေးမှူးပေါင်း ၄၀ ကျော်ထိ ရှိလာကြောင်း ဒေသခံများနှင့် တော်လှန်ရေးအင်အားစုများထံမှ သိရသည်။

ဒု ရဲချုပ် အောင်နိုင်သူ  / ဧရာဝတီ

ဒု ရဲချုပ် အောင်နိုင်သူ နုတ်ထွက် သတင်း မမှန်ဟု ဆို

by ထက်နိုင်ဇော်
18 September 2019
77.2k

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒု ရဲချုပ် အောင်နိုင်သူသည် ကျန်းမာရေး မကောင်းသဖြင့် နုတ်ထွက်စာ တင်လိုက်ပြီ ဟု လူမှုကွန် ရက် တွင် ပျံ့နှံ့နေသည့် သတင်းသည် “သတင်းမှား” ဖြစ်ကြောင်း

စစ်ကိုင်းတိုင်းမြို့အဝင် ဆိုင်းဘုတ်

စစ်ကိုင်းမြို့နယ်ရှိ အုပ်ချုပ်ရေးမှူးများ အစုလိုက်အပြုံလိုက် နုတ်ထွက်

by ဧရာဝတီ
12 January 2022
30.1k

လဆန်းပိုင်းက စပြီးတော့ အုပ်ချုပ်ရေးမှူးကနေ အနားယူပါရစေလို့ ထွက်စာတင်လာတာ ၂၀ လောက်ထိ ရှိတယ်။ မြို့ နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌကို တိုက်ရိုက် အသိပေးစာ ပို့တာတွေပေါ့။ သူတို့ ထွက်စာတင်တဲ့ အပေါ်မှာတော့ ခွင့်ပြု တယ်၊ မပြုဘူး...

အဆိုတော် မေလသံစဉ် / ချစ်ပိုး / ဧရာဝတီ

အဘိုးဖြစ်သူ ကျန်းမာရေးကြောင့် ရွှေကြိုပြိုင်ပွဲက နုတ်ထွက်ခဲ့တဲ့ မေလသံစဉ်

by ချစ်ပိုး
18 March 2020
15.4k

“ သမီးကို ချစ်ပြီး Grand Final တက်ခွင့်ရ အောင် Voting ပေးခဲ့ကြတဲ့ မေလရဲ့ အမာခံ ချစ်ရသူတွေ အားလုံးကို ‌အရမ်းပဲကျေးဇူးတင်ပါတယ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ်

ရေစကြိုတွင် ၁ လအတွင်း အုပ်ချုပ်ရေးမှူး အယောက် ၂၀ ကျော် နုတ်ထွက်

by ဧရာဝတီ
4 October 2021
9.4k

ရေစကြိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များ သာမက ကျေးရွာများတွင်ပါ အုပ်ချုပ်ရေးမှူးများသည် ကျန်းမာရေး မကောင်းသည်ဟု အကြောင်းပြချက်များဖြင့် နုတ်ထွက်မှု ဖြစ်စဉ်များ ဖြစ်ပေါ်လျက်ရှိပြီး ၁ လအတွင်း အယောက် ၂၀ ကျော်အထိ နုတ်ထွက်မှု ရှိနေကြောင်း

Next Post
သွေးသောက်အဖွဲ့ သတ်ဖြတ်၍ ပစ်ထားသည့် ရုပ်အလောင်း / CJ

အမရပူရတွင် သွေးသောက်အဖွဲ့ လည်ဆွဲဖြင့် အမျိုးသားအလောင်း ထပ်မံ စွန့်ပစ်ထား

ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို တတ်နိုင်သမျှလက်ရှောင်ချင်သည်ကို မြင်သာစေသည် / ဧရာဝတီ

ဒေါ်အောင်ဆန်းစုကြည် အဂတိမှု တရားသူကြီးများ လက်ရှောင်ချင်လည်း မရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved