• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ

by ဧရာဝတီ
23 April 2022
in ဆောင်းပါး
A A
အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

16k
VIEWS
Share on FacebookShare on Twitter

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAOs) ခေါင်းဆောင်များနှင့် လူကိုယ်တိုင် တွေ့ဆုံချင်သည် ဆိုသော အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကမ်းလှမ်းချက်၊ ဖိတ်ခေါ်ပွဲကို လက်ခံပြီး တက်ရောက်မည့် EAO အဖွဲ့များ နည်းပါးနိုင်ကြောင်း နိုင်ငံရေးလေ့လာသူများက သုံးသပ်ပြောဆိုကြသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စစ်တပ်ပိုင် မြဝတီသတင်းဌာနမှတဆင့် ဧပြီ ၂၂ ရက်တွင် ထုတ် လွှင့်သည့် ရုပ်သံမိန့်ခွန်း၌ EAO ခေါင်းဆောင်များနှင့် လူကိုယ်တိုင် တွေ့ဆုံဆွေးနွေးချင်ကြောင်း ပြောဆိုခဲ့ခြင်း ဖြစ် သည်။

“တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရဲ့ ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးဖို့အတွက် ဖိတ်ခေါ်ပါတယ်။ အဖွဲ့များ အားလုံးကို ကျနော်ကိုယ်တိုင် တွေ့ပါမယ်။ ပြီးလို့ရှိရင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုများ ပြုလုပ်သွားပါမယ်။ လိုအပ်ရင်လည်း ထပ်မံဆွေးနွေးမှုတွေ ပြုလုပ်သွားပါမယ်” ဟု ၎င်းက ဆိုသည်။

ဆွေးနွေးပွဲ တက်ရောက်မည့်သူများကိုလည်း ၂၀၂၂ မေ ၉ ရက် နောက်ဆုံးထားပြီး စာရင်းပေးပို့ရမည် ဖြစ်ကြောင်း၊ ၎င်းအနေဖြင့် ၂၀၂၂ ခုနှစ်သည် ငြိမ်းချမ်းရေးနှစ် ဖြစ်သည်ဟူသောပြောကြားချက်ကို လက်တွေ့အကောင်အထည်ဖော် သည့်အနေနှင့် ယခုကဲ့သို့ ဖိတ်ကြားရခြင်း ဖြစ်ကြောင်း အာဏာသိမ်း စစ်ခေါင်းဆောင်က ပြောသည်။

EAOs အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးမည့်ရက်ကိုလည်း နှစ်ဖက်ညှိနှိုင်းကာ သတ်မှတ်ကြစေလို ကြောင်း ၎င်းက ပြောဆိုထားသည်။

စစ်ကောင်စီ၏ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းကမူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုတွင် အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာခံထားရသည့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) များ မပါကြောင်း BBC သတင်းဌာန သို့ ပြောထားသည်။

EAO အချို့၏ တုံ့ပြန်မှု

RelatedPosts

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

လွှတ်တော်အိပ်မက် ဇွဲမလျှော့တဲ့ ဇောတိက ဦးခင်လှိုင် အနိုင်ရပြီ

12 January 2026
42
မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
17
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
66

ကယား (ကရင်နီ) ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲများ အပြင်းအထန် ဖြစ်နေသည့် KNPP က စစ်ကောင်စီခေါင်းဆောင်နှင့် တွေ့ဆုံဆွေးနွေးရန် အခြေအနေမရှိကြောင်း ပြတ်ပြတ်သားသား ပြောဆိုသည်။

KNPP အတွင်းရေးမှူး (၁) ခူးဒယ်နီရယ်က “မသွားဖြစ်ဖို့တော့ များတယ်။ အကြောင်းရင်းက လူထုတရပ်လုံးက သူ့ကို တော်လှန်နေတဲ့အနေအထား ဖြစ်တယ်။ လူထုကို မတရားသတ်ဖြတ်မှုတွေ ဒီလောက်ကြားထဲကနေ သူနဲ့ ဆွေးနွေးဖို့က ဘာမှမရှိဘူးပေါ့။ ကျနောျတို့ဆီမှာကတော့ တိုက်ပွဲကတော့ အမြဲတမ်းနေ့စဉ်လိုလို ရှိနေတယ်” ဟု ဆိုသည်။

KNU နိုင်ငံခြားရေးဌာန အကြီးအကဲ ပဒိုစောတောနီးကလည်း စစ်ကောင်စီတပ်အနေဖြင့် ကရင်ပြည်နယ်တွင် တပ်စွဲ ထားသော ၎င်း၏တပ်များကို ဆုတ်ခွာပေးရမည်ဖြစ်ပြီး မြန်မာ့နိုင်ငံရေးမှလည်း စဈတပျက ဆုတ်ခွာမှသာ KNU အနေနှင့် ဆွေးနွေးနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ဖက်ဒရယ်ဒီမိုကရေစီစနစ် လက်တွေ့ ကျင့်သုံးနိုင်ရေးကိုလည်း အကောင် အထည်ဖော်ပေးရမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ပဒိုစောတောနီး က “တတိယအချက် Transitional Justice (အသွင်ကူးပြောင်းကာလတရားမျှတမှု) အရင်တုန်းက လည်း ပြောခဲ့တာပဲ။ ကျနော်တို့ ပါခဲ့တဲ့ဆွေးနွေးပွဲတွေမှာ။ ဒါပေမဲ့ အဲဒီတုန်းက သူတို့ လက်မခံဘူး။ ဒီတခါတော့ အဲဒီ လိုမျိုး လုပ်မယ်ဆိုရင်တော့ လုံးဝကို သူတို့ကို လက်မခံဘဲနဲ့ ဒီလောက်သတ်ဖြတ်ပြီးတော့မှ အသားလွတ် မေ့ပျောက် လို့ မရဘူးဗျ။ တရားမျှတရေးနဲ့ အမှန်တရား ဖော်ထုတ်ဖို့ကလည်း လုပ်ရမယ်” ဟု ပြောသည်။

KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကမူ လတ်တလောတွင် စစ်ကောင်စီခေါင်းဆောင်၏ ဖိတ်ခေါ်ချက်နှင့် ပတ်သက်၍ KIO ဗဟိုကော်မတီ၏ သဘောထား မသိရသေးဟု ဆိုသော်လည်း စစ်ကောင်စီတပ်နှင့် ဆွေးနွေးရေး သည် အလုပ်ဖြစ်မည်ဟုမထင်ကြောင်း သူ့အမြင်ကို ကချင်ပြည်နယ်အခြေစိုက် the 74 မီဒီယာသို့ ပြောဆိုထားသည်။

“ကနြောျတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ဆွေးနွေးတာက နှစ်ပေါင်း ၆၀ ကျော် ရှိပြီလေ။ ဘာမှ အဖြေကောင်း မှ မထွက်တာ။ အခုလည်း ထွက်မှာမှ မဟုတ်တာ။ အခုက ကနြောျတို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နဲ့ ပြေလည် ရင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ပြေလည်မှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောသည်။

KIA သည် မြန်မာနိုင်ငံတွင် စစ်တပ်က အာဏာသိမ်းပြီးနောက် ပြုလုပ်သည့် စစ်ကောင်စီနှင့် EAO များ၏ ဆွေးနွေးပွဲ များတွင် တကြိမ်တခါမျှ မတက်ရောက်ဘဲ ငြင်းပယ်ကာ NUG ပြုလုပ်သည့် အထိမ်းအမှတ်ပွဲများတွင် အဆင့်မြင့် စစ် ဘက်အရာရှိများ တက်ရောက်စကားပြောစေသည့် EAO အဖွဲ့လည်း ဖြစ်သည်။

ချင်းအမျိုးသားတပ်ဦး (CNF) ဒုဥက္ကဋ္ဌ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်ကလည်း CNF အနေဖြင့် စစ်ကောင်စီ၏ လုပ်ဆောင်ချက်များကို လက်မခံကြောင်း၊ စစ်ကောင်စီနှင့် နိုင်ငံရေး မဆွေးနွေးဆိုသည့် ရပ်တည်ချက်ကို မပြောင်းလဲ ကြောင်း ဧရာဝတီသို့ ပြောသည်။

သို့သော် စစ်ကောင်စီအနေဖြင့် ဆွေးနွေးရေးလုပ်လိုပါက EAO များနှင့် ဆွေးနွေးစရာ ကိစ္စတခုသာ ရှိသည်ဟု မြင်ကြောင်း ၎င်းက ထောက်ပြသည်။

၎င်းက “မင်းအောင်လှိုင်နဲ့ စစ်ကောင်စီက ဆွေးနွေးရမှာက နံပါတ် ၁ ငါတို့ အာဏာသိမ်းတာ မှားတယ်။ ပြည်သူလူထု က ရွေးကောက်တင်မြှောက်ထားသော ၂၀၂၀ နိုဝင်ဘာလမှာကျင်းပတဲ့ ရွေးကောက်ပွဲရလဒ်ကို အဲဒီကနေ တက်လာ တဲ့ အစိုးရထံကို အမြန်ဆုံး လွှဲပြောင်းပေးပါ့မယ်။ အဲဒီလို အာဏာလွှဲပြောင်းနိုင်ရေး လုပ်နိုင်ဖို့အတွက် ကူညီပါဆို ရင်တော့ အဲဒီလိုမျိုး ငြိမ်းချမ်းရေးဆွေးနွေးပွဲက စဉ်စားသင့်တာပေါ့။ အဲဒါတောင်မှ သူတို့က ကတိတည်မှာလား” ဟု မေးခွန်းထုတ်သည်။

ထို့ပြင် စစ်ကောင်စီအနေဖြင့် ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်အား ဖျက်ဆီးနေသည့် လုပ်ရပ်အားလုံးကို လည်း အမြန်ဆုံး ရပ်တန့်ရမည်ဖြစ်ပြီး တိုင်းရင်းသားနယ်မြေများသို့ ရောက်နေသည့် စစ်ကောင်စီတပ်များအား ရုပ် သိမ်းပေးရမည် ဖြစ်ကြောင်း ဒေါက်တာဆလိုင်းလျန်မှုန်းက ပြောသည်။

“အခု သူဖျက်ဆီးလိုက်တဲ့ ပြည်သူလူထုရဲ့ အိုးအိမ်တွေ ငါဖျက်ဆီးတာ မှားပါတယ်။ အဲဒီအတွက် လျော်ကြေးပေး ပါ့မယ်။ အဲဒီ လျော်ကြေးအတွက် အိမ်တလုံးမှာ ဘယ်လောက်တန်ဖိုးရှိမလဲ။ ဘယ်လို လျော်ကြေးပေးရမလဲ ဆို တာ ဆွေးနွေးမယ်ဆိုရင် ဆွေးနွေးလို့ရတယ်။ အဲဒီလိုမဟုတ်ဘဲ သူ့အာဏာတည်မြဲရေးအတွက် မလိမ့်တပတ် လုပ် မယ်ဆိုရင်တော့ ပြည်သူလူထုတရပ်လုံးကလည်း လုံးဝ လက်မခံသင့်ဘူး။ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့တွေကလည်း လုံးဝ လက်မခံသင့်ဘူး။ နိုင်ငံတကာကလည်း ဒါမျိုးကိုတော့ လုံးဝ လက်မခံသင့်တဲ့အကြောင်း ပြော ချင်ပါတယ်” ဟုလည်း ၎င်းက ဆိုသည်။

ဆက်လက်၍ ဒေါက်တာဆလိုင်းလျန်မှုန်းက စစ်ကောင်စီဖိတ်သည့်ပွဲကို သွားတက်ရောက်သည့် မည်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း မဆိုသည်လည်း စစ်ကောင်စီနှင့်အတူ သမိုင်းတရားခံ ဖြစ်နိုင်ကြောင်း သတိပေးသည်။

“NCA ဆိုတာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ (EAOs) တွေ ချုပ်ဆိုတဲ့ စာချုပ်ဖြစ်တယ်။ ကျနော်တို့ EAOs တွေနဲ့ စစ်တပ် ချုပ်ဆိုတဲ့ စာချုပ်မဟုတ်ဘူး။ အဲဒီ ငြိမ်းချမ်းရေးဆောင်ရွက်ဖို့က မင်းအောင်လှိုင်မှာ တာဝန်လည်းမရှိသလို လုပ်ပိုင်ခွင့်လည်း မရှိဘူး။ သူလုပ်ပိုင်ခွင့်မရှိတဲ့၊ တာဝန်မရှိတဲ့ဟာကို မတရားလိုက်လုပ်တာ ဖြစ်တယ်။ အခုက ပြည်သူလူထုဆီကအာဏာကို လုယူသလို ငြိမ်းချမ်းရေးကိုလည်း လုယူတဲ့သဘောမျိုး ဖြစ်တယ်။ အစိုးရလက်ထဲက လုယူတဲ့သဘော ဖြစ်တယ်။ ဒီလုယူတဲ့ပွဲကိုသွားပြီး အားပေးပြီးတော့ တက်မယ့်သူတွေက သမိုင်း တရားခံ ဖြစ်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီဥက္ကဋ္ဌဖိတ်သည့်ပွဲ တက်ရောက်မည့်သူနည်း

နိုင်ငံရေးလေ့လာသုံးသပ်သူများကမူ အာဏာသိမ်းစစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်သည် EAOs နှင့် ပြည်သူ့ ကာကွယ်ရေးတပ် (PDF) များအား ခွဲခြားကာ PDF များကို ချေမှုန်းလိုသောကြောင့် EAO များနှင့် အပစ်ခတ် ရပ်နိုင်ရေး ကြိုးပမ်းနေခြင်း ဖြစ်ကြောင်း သုံးသပ်ကြသည်။

“လက်တွေ့ သူ့ရဲ့ဖိတ်ခေါ်ချက်ကို EAO ခေါင်းဆောင် တော်တော်များများက လက်ခံပြီးလာတွေ့ဖို့ အလားအလာနည်း တယ်လို့ မြင်တယ်။ နောက်တခုက စစ်ရေးအရ ဖိအားများနေတဲ့အချိန်မှာ EAO တွေနဲ့သာ မတိုက်ရဘူးဆိုရင် စစ်တပ် က စစ်ရေးဖိအား တဝက်လောက်လျှော့ချနိုင်မှာ။ အခုက EAO တွေနဲ့ပါ တိုက်နေရတော့ စစ်ရေးဖိအားက အရမ်းများ နေတယ်။ ဒါကို လျှော့ချချင်တာကြောင့်လည်း ပါတယ်။ ဒါပေမဲ့ ခက်တာက ဥပမာ – ကချင်၊ ချင်း၊ ကရင်၊ ကရင်နီ၊ ရှမ်းမှာ EAO တွေနဲ့ PDF က ကွဲနေတာ မဟုတ်ဘူး။ EAO နဲ့ PDF ကို ခွဲထုတ် စဉ်းစားနေတယ်ဆိုကတည်းက အခြေခံ က လွဲနေတာ။ အဲဒီ အခြေခံလွဲလို့ အောင်မြင်ဖို့ မလွယ်တာ” ဟု နိုင်ငံရေးလေ့လာသူတဦးက မှတ်ချက်ပြုသည်။

ထို့ပြင် EAO များကလည်း PDF များ ရှိနေသဖြင့်သာ စစ်ကောင်စီက ၎င်းတို့ကို ဖိမတိုက်နိုင်ခြင်းဖြစ်ကြောင်း၊ PDF များ မရှိတော့ပါက EAO များကို ဦးတည်ကာ စစ်ကောင်စီတပ်က စစ်ဆင်လာနိုင်သည်ဟု ရှုမြင်ကြကြောင်း မြန်မာနိုင်ငံ အခြေစိုက် နိုင်ငံရေးလေ့လာသူတဦးကလည်း ပြောသည်။

စစ်ကောင်စီဥက္ကဋ္ဌ၏ ဖိတ်ခေါ်ချက်ကို စစ်ကောင်စီနှင့် တိုက်နေသည့် အင်အားကြီး EAOs အဖွဲ့များက မတက်ရောက် ဘဲ နေနိုင်သော်လည်း စစ်ကောင်စီဥက္ကဋ္ဌက ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ချီးမြှင့်ထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် EAO အချို့ကမူ တက်ရောက်နိုင်ခြေရှိကြောင်း နိုင်ငံရေးလေ့လာသူများက ခန့်မှန်းကြ သည်။

PPST ဦးဆောင်ကော်မတီဝင် ပအို့ဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက စစ်ကောင်စီဥက္ကဋ္ဌနှင့် တွေ့မည့်အစီအစဉ်နှင့် ပတ်သက်၍ လာမည့် ဧပြီ ၂၅ ရက်တွင် ပြုလုပ်မည့် PPST ဦးဆောင်ကော်မတီ အစည်းအဝေးတွင် ဆွေးနွေးရဦးမည် ဖြစ်ကြောင်း၊ လတ်တလောတွင် ဆွေးနွေးပွဲတက်ရေး မတက်ရေး ပြောရန် စောနေသေးကြောင်း ဆိုသည်။

၎င်းက “ခြုံကြည့်ရင်တော့ သူ့အနေနဲ့ ဒီနှစ်က ငြိမ်းချမ်းရေးနှစ်လို့ နှစ်သစ်ကူးကတည်းက ပြောထားပေမယ့် ကော်မ တီတွေနဲ့ပဲ လွှဲနေရင် အထက်အောက် အစီရင်ခံနေတာနဲ့ပဲ ကြာနေမယ်။ ကိုယ်တိုင်ထွက်ပြီး ပြောမယ့်ဆိုမယ့် သဘော လို့ ယူဆရတာပေါ့။ ကျနော်တို့ PPST ဦးဆောင်ကော်မတီကလည်း ၂၅ ရက်နေ့မှာ အစည်းအဝေး ရှိတယ်လေ။ အဲဒီ မှာ အကျေအလည် တိုင်ပင်ပြီးတော့ ဘယ်လိုပုံစံ၊ ဘယ်လို သဘောထားမလဲဆိုတာ အဲဒီမှာမှ သဘောထားစုလို့ရမယ် ထင်ပါတယ်” ဟု ပြောသည်။

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ မြန်မာ့တော်ဝင်နဂါးတပ် (MRDA) ၏ ခေါင်းဆောင်ဖြစ်သူ ဗိုလ်နဂါးကမူ စစ်ကောင်စီ ဥက္ကဋ္ဌ မိန့်ခွန်းသည် ၎င်း၏အရှုံးကို တရားဝင် ဖော်ပြလိုက်ခြင်းပင်ဖြစ်ပြီး စစ်ကောင်စီနှင့် ဆွေးနွေးပွဲအား လက်မခံသင့် ကြောင်း မှတ်ချက်ပေးသည်။

“သူရှုံးပြီလို့ တရားဝင်ပြောတဲ့ စကားလုံးပဲ။ PDF တွေ မပါဘူးဆိုတာကတော့ သူမိုက်ရူးရဲ ကြွေးကြော်ထားတဲ့ စကား လုံးတွေအတွက် သူက နည်းနည်းချန်ထားတာ။ သူက သိပ်မကြာခင် ကျရှုံးတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ကျနော် ကတော့ အဲဒီလိုမြင်တယ်” ဟု ၎င်းက ပြောသည်။

EAO များ အနေဖြင့်လည်း စစ်ခေါင်းဆောင်၏ ကမ်းလှမ်းချက်ကို လက်မခံဘဲ စစ်တပ်က စစ်တပ်နေရာ ရောက်သည် အထိ၊ တိုင်းရင်းသားများ နိုင်ငံရေးတွင် တန်းတူညီမျှ အသိအမှတ်ပြုခံရသည်အထိ ဆက်လက် တိုက်ပွဲဝင်ကြရန် ၎င်းက တိုက်တွန်းပြောဆိုသည်။

ဗိုလ်နဂါးက “စစ်ကောင်စီက နိုင်ငံရေးမှာ ကိုယ်နဲ့မဆိုင်တဲ့နေရာမှာ ဝင်ရောက် စွက်ဖက်ရုံတင်မကပေါ့။ လွှမ်းမိုးချုပ် ကိုင်ချင်နေတဲ့ အစဉ်အလာကနေ ရပ်သွားတဲ့အထိ၊ စစ်တပ်က စစ်တပ်နေရာ ရောက်သွားတဲ့အထိ၊ တိုင်းရင်းသား တွေအားလုံး တန်းတူညီမျှ နိုင်ငံရေးမှာ ပါဝင်နိုင်တဲ့အထိ ကျနော်တို့အားလုံး တော်လှန်ရေးကို ဆက်လုပ်ကြဖို့ ပြော ချင်တယ်။ ဒါမှလည်း ကျနော်တို့က တော်လှန်ရေးအတွက် လက်နက်ကိုင်တယ်ဆိုတာမျိုး ပီသမှာဖြစ်တယ်” ဟု ဆိုသည်။

You may also like these stories:

အပြုတ်တိုက်ရေးကို စစ်ဗိုလ်ချုပ်များ ရွေးချယ်

ခုခံတော်လှန်သူများ၏ ဗဟိုအမိန့်ပေးစနစ် တည်ဆောက်ရေး ပြဿနာ

တပ်ကို စွန့်ခွာချိန်တန်ပြီ သို့မဟုတ် CDM ဗိုလ်ကြီးတဦး၏ အိတ်ဖွင့်ပေးစာ

Your Thoughts …
Tags: EAOsNUGPDFငြိမ်းချမ်းရေးစစ်ကောင်စီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နွေဦးတော်လှန်ရေးသည် စွန့်စားမှု/အရင်းအနှီး ကြီးမားပြီး အောင်မြင်သောအခါ ရရှိမည့် အကျိုးအမြတ်သည်လည်း ကြီးမားပါသည် / AFP

လောင်းကြေးကြီးသော မြန်မာ့နွေဦးတော်လှန်ရေး

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ် လွိုင်တန်းလျန်တွင် ၂၀၁၆ ဖေဖော်ဝါရီအတွင်း ကျင်းပသော ရှမ်းပြည်နယ်နေ့ / ဧရာဝတီ

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

6 days ago
1.8k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

5 days ago
1.2k

Most Read

  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved