စစ်တပ်ထဲမှာ လက်ရှိ တာဝန်ထမ်းဆောင်နေသေးတဲ့ အရာရှိ အရာခံ အကြပ် စစ်သည်တွေအနေနဲ့ ဆုံးဖြတ်ချက်ချရမယ့်အချိန်ပါ။
အခုချိန်မှာ ဆက်လက် တာဝန်ထမ်းဆောင်သင့်၊ မသင့်ကို သေချာဆုံးဖြတ်ဖို့ လိုလာပါပြီ။ စစ်တပ်မှာ ဆယ်စုနှစ်တခုစာ တာဝန်ထမ်းဆောင်ခဲ့သူ အရာရှိတယောက်အနေနဲ့ ဘာကြောင့် ဆုံးဖြတ်ဖို့ အချိန်ကျပြီလဲဆိုတာ ရှင်းပြပါ့မယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ စစ်တပ်ထဲဆက်ရှိနေတာဟာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်နိုင်ငံအတွက် ဘာကောင်းကျိုးမှ မရှိတော့ပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင် လက်ထက်မှာ အောက်ခြေအရာရှိ၊ စစ်သည်တွေအတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်ပေါ်လာတာကို နေ့စဉ် တွေ့လာရပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်းကစလို့ စစ်တပ်ထဲဆက်ရှိနေတာဟာ ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်နိုင်ငံအတွက် ဘာကောင်းကျိုးမှ မရှိတော့ပါဘူး။ အာဏာသိမ်း စစ်ခေါင်းဆောင် လက်ထက်မှာ အောက်ခြေအရာရှိ၊ စစ်သည်တွေအတွက် ဆိုးကျိုးတွေ အများကြီး ဖြစ်ပေါ်လာတာကို နေ့စဉ် တွေ့လာရပါတယ်။ ဒါတွေထဲကမှ အာဏာသိမ်း အကြမ်းဖက် စစ်တပ်ကို အချိန်မီ စွန့်ခွာကြဖို့ အဓိက အကြောင်းအရင်းတွေ ရှိလာပါတယ်။
ရာထူးတိုးဖို့ မသေချာတော့ပါ
လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိငယ်တွေဟာ ဟိုအရင်တုန်းကလို သတ်မှတ်သက်တမ်း ပြည့်တာနဲ့ ရာထူးမတိုးတော့ဘူးဆိုတာ သိကြပြီး ဖြစ်ပါလိမ့်မယ်။ DSA အပတ်စဉ် ၄၉ နောက်ပိုင်း အဖွဲ့တွေဟာ ဗိုလ်မှူးအပွင့် တင်ဖို့တောင် တော်တော်ခက်ခဲနေတဲ့ အခြေအနေမျိုး ဖြစ်လာပါပြီ။ ကျောင်းဆင်းဆင်းချင်း တပွင့်နဲ့ ဒုဗိုလ်၊ နောက်တနှစ်နေရင် နှစ်ပွင့်နဲ့ ဗိုလ်၊ နောက်သုံးနှစ်နေရင် သုံးပွင့်နဲ့ ဗိုလ်ကြီး ဆိုတာလောက်ပဲ သေချာပါတော့တယ်။
ဒါတောင် အခုနောက်ပိုင်း အပိုင်တွက်ထားလို့ မရတဲ့ အနေအထားပါ။ ဟိုတုန်းကလို ဗိုလ်ကြီးအဆင့်နဲ့ ငါးနှစ်နေရင် ဗိုလ်မှူးဖြစ်မယ်ဆိုတာကတော့ လုံးဝ မဖြစ်နိုင်တော့ပါဘူး။ ဘာပြစ်မှုမှ မရှိထားတဲ့ သူတွေတောင် ရာထူးတိုးဖို့ မသေချာတော့တဲ့အချိန်မှာ အနီကတ်၊ အဝါကတ် ထိထားသူတွေအတွက်ကတော့ မျှော်လင့်လို့ကို မရတော့ပါဘူး။ ကိုယ့်အခြေအနေတွေ ကိုယ်အသိဆုံး ဖြစ်ပါလိမ့်မယ်။
အာဏာသိမ်း စစ်ခေါင်းဆောင်လက်အောက်မှာ ဘယ်လိုလူတွေ ရာထူးတိုးလဲဆိုတာလည်း အရာရှိငယ်တွေ အားလုံးအသိ ဖြစ်မှာပါ။
အခြားအဆင့်စစ်သည်တွေ အနေနဲ့လည်း စစ်သက် ဆယ်နှစ်၊ ဆယ့်ငါးနှစ်နေမှ နိုင်ငံတော်က ပေးတယ်လို့ သတ်မှတ်တဲ့ လက်မောင်းက အရစ်လေးတရစ်ရမယ်။ တနှစ်၊ နှစ်နှစ်နဲ့ ဖားယားပြီး ရတဲ့ကောင်တွေ မပါပေါ့။ အဲ့ဒီနောက်ပိုင်း ဆင့်ဆင့် ရာထူးတက်ဖို့ကတော့ အရာရှိမဟုတ်တဲ့အတွက် ဘာအာမခံချက်မှ မရှိထားဘူး။ ဒါကြောင့် ရာထူးလိုချင်လို့ စစ်တပ်ထဲ ဝင်လာသူတွေ အတွက်ကတော့ လက်ရှိအချိန်ဟာ စွန့်ခွာဖို့ အဖြစ်သင့်ဆုံး အချိန်ပါ။
လစာ
တခြားနိုင်ငံတွေမှာ စစ်သားဆိုရင် အမြင့်ဆုံးလစာနဲ့ ခံစားခွင့် ရှိတဲ့ထဲမှာ ပါတယ်။ မြန်မာနိုင်ငံက စစ်သားတွေ အတွက်ကတော့ အားလုံး သိကြတဲ့အတိုင်းပါပဲ။ ခိုးလို့၊ ဝှက်လို့၊ ပေါင်းစားလို့ မရတဲ့၊ မလုပ်တတ်တဲ့ သာမန် အရာရှိ၊ စစ်သည်တွေရဲ့ ရတဲ့လစာဟာ လစဉ်လောက်ငဖို့တောင် မနည်းကြိုးစားရမယ့် အခြေအနေပါ။ ဗိုလ်ကြီးအဆင့်ရှိတဲ့ အရာရှိတယောက်ရဲ့ သုံးသိန်းကျော်သာ ရရှိတဲ့ လစာနဲ့ ခံစားခွင့်ဆိုတာ ဒီခေတ်မှာ အလွန်နည်းပါးတဲ့ ပမာဏပါ။
စစ်သည်တယောက်ရဲ့အခြေခံလစာဖြစ်တဲ့ တသိန်းကျော် နှစ်သိန်းနီးပါးဆိုတာလည်း မိသားစုအတွက် ဘယ်လိုမှ မလောက်ငတဲ့ အနေအထားပါ။ ဒါကြောင့် ငွေချေးတာတွေ၊ ချက်လက်မှတ် ပေါင်တာတွေ ဖြစ်ပေါ်လာပါတယ်။ ဒါကို အရာရှိကြီးကတော်များအနေနဲ့ ၁၀၀ ကို ၂၀ တိုးဆိုတဲ့ ကြီးမားတဲ့ ပမာဏနဲ့ ငွေချေးပေးရင်း အမြတ်ကြီးစား ခေါင်းပုံဖြတ်တဲ့စရိုက်တွေလည်း ပေါ်လာပါတယ်။
ဦးပိုင်၊ ဘဏ်စုငွေ၊ အသက်အာမခံ၊ သက်သာဆိုင်အကြွေး အစရှိတဲ့ ခေါင်းစဉ်အမျိုးနဲ့ ဖြတ်တောက်လိုက်ချိန်မှာ ဖြတ်ပိုင်းလောက်ပဲ ကျန်တဲ့သူတွေ ရှိပါတယ်။ ဒီလိုနည်းပါးလှတဲ့ လစာငွေဟာ မိသားစုရှိသူတွေအတွက် အရမ်းခက်ခဲပါတယ်။ တပ်ထဲက တချို့ စစ်သည်ရဲမေတွေဆိုရင် လစာထုတ်တဲ့ရက် ရောက်မှာကို ကြောက်နေရတဲ့ အဖြစ်မျိုးပါ။
ဒီကြားထဲ ဦးပိုင်၊ ဘဏ်စုငွေ၊ အသက်အာမခံ၊ သက်သာဆိုင်အကြွေး အစရှိတဲ့ ခေါင်းစဉ်အမျိုးနဲ့ ဖြတ်တောက်လိုက်ချိန်မှာ ဖြတ်ပိုင်းလောက်ပဲ ကျန်တဲ့သူတွေ ရှိပါတယ်။ ဒီလိုနည်းပါးလှတဲ့ လစာငွေဟာ မိသားစုရှိသူတွေအတွက် အရမ်းခက်ခဲပါတယ်။ တပ်ထဲက တချို့ စစ်သည်ရဲမေတွေဆိုရင် လစာထုတ်တဲ့ရက် ရောက်မှာကို ကြောက်နေရတဲ့ အဖြစ်မျိုးပါ။
ရတဲ့လစာနဲ့သက်သာဆိုင်က ယူထားတဲ့အကြွေးနဲ့ မလောက်ငတဲ့အတွက် လစဉ်ပူပန်နေကြရတာတွေ အများကြီး ရှိပါတယ်။ အရာရှိ ဆိုရင်လည်း ရတဲ့လစာနဲ့ အဆင်မပြေတဲ့အတွက် မိဘဆွေမျိုးတွေဆီကိုပဲ အကြောင်းအမျိုးမျိုးပြပြီး အထောက်အပံ့ ယူနေရတာတွေ အများကြီး ရှိပါတယ်။ စစ်တပ်က ရတဲ့လစာငွေ ပိုလျှံလို့ မိဘကို ပြန်ထောက်ပံ့ ပေးနိုင်တယ်ဆိုတာမရှိသလောက် ရှားပါတယ်။
ဒါကြောင့် လစာငွေ ပိုတိုးပေးနိုးနိုးနဲ့ မျှော်လင့်ပြီး တာဝန်ထမ်းဆောင်နေတဲ့သူတွေ အတွက်လည်း လက်ရှိအခြေအနေဟာ စွန့်ခွာဖို့ ဆုံးဖြတ်သင့်တဲ့ အချိန်ပါ။ အပြင်လောကမှာ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် ကိုယ်ကြိုးစားရင် ကြိုးစားသလောက် အခွင့်အလမ်းတွေ အများကြီး ရှိနေပါပြီ။
ဘယ်နေ့သေမလဲ
အရင်တုန်းက မြေပြင်မှာ တိုက်ပွဲကို ဦးဆောင် တိုက်ခိုက်တဲ့ နေရာမှာ တပ်ရင်းမှူးအဆင့်က အကြီးဆုံးလောက်ပဲ ရှိပေမယ့် အခုတော့ တိုင်းမှူး၊ ကစထမှူးတွေပါ မြေပြင်ဆင်းပြီး ကြီးကြပ်ကွပ်ကဲနေရတာတွေ ရှိလာတယ်။ အရင်က ဗိုလ်ချုပ်အဆင့်ရောက်တဲ့အထိကို မယ်မယ်ရရ စစ်မတိုက်ဖူးတဲ့သူတွေ ရှိတယ်။
အရင်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေသာရှိတဲ့ နယ်စပ်ဒေသတွေမှာသာ တိုက်ပွဲတွေ ဖြစ်တယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက်မှာတော့ ပြည်သူနဲ့ စစ်ပြန်ဖြစ်ရလောက်အောင် လုပ်လာတဲ့ အခြေအနေတွေကြောင့် နိုင်ငံအနှံ့အပြားမှာတော်လှန်ရေး တပ်ဖွဲ့တွေ အများအပြား ပေါ်ပေါက်လာခဲ့တယ်။
ဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ နေရာအနှံ့မှာ တိုက်ပွဲဖြစ်နေရတယ်။ အရာရှိဆိုလည်း ဘာမှမသိနားမလည်သေးတဲ့ ကျောင်းဆင်းခါစ ဒုဗိုလ်ကအစ ရှေ့တန်းတိုက်ပွဲ နေရာတွေမှာချည်းတာဝန်ထမ်းဆောင်ခိုင်းတယ်။အခြားအဆင့် ရဲဘော်စစ်သည်တွေလည်း ရှေ့တန်းအမြဲထွက်နေရတဲ့ တိုက်ခိုက်ရေး တပ်တွေကိုချည်းပဲ အင်အားဖြည့်ပေးနေရတယ်။
လက်ရှိ အခြေအနေအရတော့ နားတဲ့နှစ်ဆိုတာ မရှိသလောက်ဖြစ်သွားပြီ။ ရှေ့တန်းတနှစ်ဆိုပေမယ့်လည်း အလဲအလှယ်လုပ်ပေးမယ့် တပ်မရှိလို့ နှစ်နှစ်ကျော် သုံးနှစ်တွေ ဖြစ်လာပြီ။ ဘယ်အချိန် မိသားစုနဲ့ ပြန်ဆုံရမယ် မသေချာဘူး။ ဘယ်နေ့သေမယ်၊ ဘယ်နေ့ (ခြေ၊ လက်) ပြတ်မယ်ဆိုတာ မပြောနိုင်တော့ပါဘူး။
အရင်က ရှေ့တန်းထွက်တဲ့တပ်တွေဟာ တနှစ်ထွက် တနှစ်နား စနစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ရတယ် ဆိုပေမယ့် လက်ရှိ အခြေအနေအရတော့ နားတဲ့နှစ်ဆိုတာ မရှိသလောက်ဖြစ်သွားပြီ။ ရှေ့တန်းတနှစ်ဆိုပေမယ့်လည်း အလဲအလှယ်လုပ်ပေးမယ့် တပ်မရှိလို့ နှစ်နှစ်ကျော် သုံးနှစ်တွေ ဖြစ်လာပြီ။ ဘယ်အချိန် မိသားစုနဲ့ ပြန်ဆုံရမယ် မသေချာဘူး။ ဘယ်နေ့သေမယ်၊ ဘယ်နေ့ (ခြေ၊ လက်) ပြတ်မယ်ဆိုတာ မပြောနိုင်တော့ပါဘူး။ အရာရှိငယ်တွေ၊ ဗိုလ်မှူးတွေဟာ ဗိုလ်မှူးချုပ်မဖြစ်ခင်အထိ သေမလား ပြတ်မလား ဖြစ်သွားနိုင်ပါတယ်။
အာဏာရှင်အတွက် အချိန်မရွေး အသက်စတေးပေးရနိုင်တယ်။ ရှေ့လျှောက်ဆိုရင် ပိုဆိုးလာတော့မယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လက်ထက် အာဏာရှင် စနစ်ဆိုးကို တော်လှန်လာတာ တတိုင်းပြည်လုံး ဖြစ်လာတဲ့အတွက် နိုင်ငံရဲ့ နေရာအနှံ့အပြားဟာ စစ်မြေပြင်ဖြစ်လာပြီး နေ့ညမရွေး အသက်ဆုံးရှုံးရနိုင်တယ်။ ဒါကြောင့် မိမိရဲ့အသက်ကို တန်ဖိုးထားရင်၊ မိမိရဲ့မိသားစုကို တသက်လုံး ကောင်းမွန်စွာ စောင့်ရှောက်ခွင့်ရချင်ရင် အခုချိန်ဟာ အမြန်ဆုံး စွန့်ခွာသင့်တဲ့အချိန် ဖြစ်ပါတယ်။
ရပိုင်ခွင့်နဲ့ အခွင့်အရေး
စစ်တပ်ထဲမှာ အခွင့်အရေးဆိုတာ အကြီးပိုင်း စစ်ဗိုလ်ချုပ်တွေ အတွက်ကလွဲလို့ အောက်ခြေအရာရှိ စစ်သည်တွေအတွက် ဘာမှမရှိသလောက် ဖြစ်လာနေပါပြီ။ စစ်ဗိုလ်ချုပ်တွေဟာ ရာထူး အာဏာ လုပ်ပိုင်ခွင့်တွေ ပိုများလာတာနဲ့အမျှ သူတို့အတွက်နဲ့ သူတို့မိသားစုအတွက် ကောင်းစားဖို့သာ အသုံးချခဲ့ကြတယ်။
ခေါင်းဆောင်တယောက်အနေနဲ့ လက်အောက်ငယ်သားတွေရဲ့ဘဝတွေ တိုးတက်မြင့်မားလာဖို့ လုပ်ပေးလို့ရတာ အများကြီး ရှိလာပေမယ့် ဂရုမစိုက်ခဲ့ကြဘူး။ ရိုးသားစွာ နေထိုင်ကျင့်ကြံသူ အောက်ခြေ အရာရှိ၊ စစ်သည်တွေအနေနဲ့ တပ်ထဲစဝင်လာပြီး ပြန်ထွက်သွားသည်အထိ လောကအလယ်မှာ မိသားစုကို မျက်နှာမငယ်အောင် ထားနိုင်သူ မရှိသလောက်ရှားပါတယ်။
အခွင့်အရေးဆိုတာ လူကြီးစိတ်ကြိုက် လုပ်ဆောင်ပေးနိုင်သူ မြှောက်ပင့်ပေါင်းစားတတ်သူများအတွက်သာ ဖြစ်ပါတယ်။ ပညာရေး၊ လူမှုရေး၊ စီးပွားရေး စတာတွေအားလုံး တိုးတက်ပြောင်းလဲသွားတာဆိုလို့ စစ်တပ်ခေါင်ဆောင်များနဲ့ သူတို့ရဲ့ မိသားစုတွေသာ ဖြစ်ပါတယ်။
အရာရှိ၊ စစ်သည်များအတွက် တနှစ်လျှင် သာမန်ခွင့် ဘယ်နှကြိမ်၊ ရှောင်တခင်ခွင့် ဘယ်နှကြိမ် ခံစားခွင့်ရှိတယ်ဆိုတဲ့ မူဝါဒတွေဟာ စာရွက်ပေါ်မှာပဲ ရှိပါတယ်။ မိဘဆေးရုံတင်ရလို့၊ အသည်းသန်ဖြစ်လို့၊ သေဆုံးလို့ဆိုတဲ့ အခိုင်မာဆုံး အကြောင်းပြချက်တွေ ရှိတာတောင် ပြန်ခွင့်မရဘဲ အဝေးကနေပဲ မျက်ရည်ကျနေရသူတွေ အများကြီးဖြစ်လာပါတယ်။
ကိုယ်နဲ့ယူလို့ ကိုယ့်ဇနီးမယား ဖြစ်လာသူတွေအတွက်လည်း ရဲမေဆိုတဲ့ အမည်တခုတပ်ပြီး တပ်ရေးတပ်ရာ ကိစ္စတွေအပြင် လူကြီးအိမ်မှာ အိမ်အကူသာလုပ်တဲ့ အလုပ်မျိုးတွေပါ ခိုင်းစေခံနေရတယ်။ အခုလို ကျွန်ဝယ်ရာ အဆစ်ပါ အဖြစ်မျိုးတွေမှာ အမျိုးသမီးတွေအပြင် သားသမီးတွေကိုပါ ဆွဲထည့်စ ပြုလာပါပြီ။
ကိုယ်နဲ့ယူလို့ ကိုယ့်ဇနီးမယား ဖြစ်လာသူတွေအတွက်လည်း ရဲမေဆိုတဲ့ အမည်တခုတပ်ပြီး တပ်ရေးတပ်ရာ ကိစ္စတွေအပြင် လူကြီးအိမ်မှာ အိမ်အကူသာလုပ်တဲ့ အလုပ်မျိုးတွေပါ ခိုင်းစေခံနေရတယ်။ အခုလို ကျွန်ဝယ်ရာ အဆစ်ပါ အဖြစ်မျိုးတွေမှာ အမျိုးသမီးတွေအပြင် သားသမီးတွေကိုပါ ဆွဲထည့်စ ပြုလာပါပြီ။
ဒါတွေကို မလုပ်ချင် မကိုင်ချင်ပေမယ့် အမိန့်ဆိုတဲ့ စကားလုံးတခုနဲ့ အကြပ်ကိုင်ခံနေကြရပါတယ်။ မှန်တိုင်းလည်း မပြောရဲတဲ့ ဘဝတွေနဲ့ အာဏာရှင်တွေ အလိုကျ လုပ်ဆောင်နေကြရတယ်။ လူသားတဦးရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်ဆိုတာ စစ်တပ်ထဲမှာ မရှိသလောက် ရှားပါးနေကြပြီ။ ဒါကြောင့် အခုအချိန်ဟာ လူဖြစ်ပါလျက်နဲ့ လူနဲ့မတူပဲ ဘဝတွေသေနေတဲ့ အကြမ်းဖက်စစ်သား အဖြစ်ကနေ ပြောင်းလဲနိုင်ကြဖို့ အခွင့်အရေးပါပဲ။
ပြုန်းတီးမှု
အခုဆိုရင်စစ်တပ်မှာ အင်အား ပြုန်းတီးမှုတွေ အများကြီး ဖြစ်လာနေပါတယ်။ ပြည်သူကို ပြန်သတ်နေတဲ့ စစ်တပ်ကြီးထဲ ဘယ်လူငယ်မှ တပ်ထဲမဝင်တော့ပါဘူး။ မရမကနည်းလမ်းတွေနဲ့ စုဆောင်းခဲ့ကြတဲ့အတွက် အရည်အချင်း မပြည့်မီသူ၊ စိတ်ဓာတ်မကောင်းတဲ့သူတွေသာ စစ်သားဖြစ်လာခဲ့ကြတယ်။
အခုနောက်ပိုင်းဆိုရင် စုဆောင်းလို့ မဖြစ်နိုင်တာ သိတော့ တပ်ရင်းတွေမှာ တလတယောက် မဖြစ်မနေ စုဆောင်းရမယ်ဆိုတဲ့မူဝါဒကိုတောင် ပယ်ဖျက်လိုက်ရတယ်။ နောက်ထပ် ပြုန်းတီးမှု တခုအနေနဲ့ကတော့ ကပ်ရောဂါကြောင့်ပါ။
ကိုဗစ်နိုင်တင်းဒုတိယလှိုင်းမှာလည်း တပ်တွင်းအင်အားတွေ များစွာပြုန်းတီးခဲ့ပါတယ်။ အာဏာသိမ်း ဖြစ်စဉ်ကြောင့် ကိုဗစ်နိုင်တင်း ကာလအတွင်းမှာတောင် နေ့မနား ညမအား စစ်ဆင်ရေး လုံခြုံရေးတာဝန်တွေ ခိုင်းစေခံရတဲ့အပြင် ညံ့ဖျင်းတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကြောင့် အဖိုးတန်အသက်တွေ ပြုန်းတီးခဲ့ရပါတယ်။
နောက်ထပ်ပြုန်းတီးမှုတခုကတော့ စစ်ဆင်ရေးတွေကြောင့် ဖြစ်ပါတယ်။ အာဏာသိမ်းဖြစ်စဉ် မတိုင်ခင် စစ်တပ်ရဲ့ စစ်ဆင်ရေးနယ်မြေဆိုတာ တိုင်းရင်းသားတွေရဲ့ နယ်စပ်ဒေသတွေမှာသာ အများဆုံး ရှိခဲ့ကြတာပါ။
အခုနောက်ပိုင်းတော့ မတရား အာဏာသိမ်းမှုကို မလိုလားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့အတွက် တပ်အပြင်ထွက်လိုက်တာနဲ့ စစ်ဆင်ရေးနယ်မြေသဖွယ် ဖြစ်လာခဲ့ပါတယ်။
ဒါပေမယ့် အခုနောက်ပိုင်းတော့ မတရား အာဏာသိမ်းမှုကို မလိုလားတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဟာ နိုင်ငံအနှံ့ ပေါ်ပေါက်လာတဲ့အတွက် တပ်အပြင်ထွက်လိုက်တာနဲ့ စစ်ဆင်ရေးနယ်မြေသဖွယ် ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် အာဏာသိမ်းကာလနောက်ပိုင်း စစ်တပ်ရဲ့ ပြုန်းတီးမှုထဲမှာ စစ်ဆင်ရေးကြောင့် ပြုန်းတီးမှုဟာလည်း တခုအပါအဝင် ဖြစ်လာပါတယ်။
နောက်ထပ်စစ်တပ်ရဲ့ ပြုန်းတီးမှုတခုကတော့ စစ်သားတွေ CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ပူးပေါင်း ရပ်တည်လာတာ ဖြစ်ပါတယ်။ အရင်ကတော့ စစ်တပ်မှာ CDM မရှိဘူး၊ တပ်ပြေးဆိုတာပဲရှိတယ်လို့ ထုတ်ပြန်ခဲ့ပေမယ့် အခုတော့ CDM မလုပ်အောင် အမျိုးမျိုး တားမြစ်ထိန်းချုပ်တာတွေပါ ပြုလုပ်နေရပါပြီ။
အခုဆိုရင် စစ်သား CDM အင်အားဟာ ထောင်ပေါင်းများစွာ များပြားလာနေပြီ ဖြစ်ပါတယ်။ ဒီလို ပြုန်းတီးမှုတွေအပြင် နှစ်စဉ် ခွင့်မဲ့ စစ်ပြေး အရေအတွက်ဟာလည်း ထောင်ဂဏန်းအထိ ရှိပါတယ်။ ဒါကြောင့် စစ်တပ်ဟာ ပြုန်းတီးမှုမျိုးစုံနဲ့ အင်အား ချိနဲ့လာနေပြီ ဖြစ်ပါတယ်။
အနာဂတ်
ဒါနဲ့ပတ်သက်လို့လည်း ပိုပြီး စဉ်းစားဆုံးဖြတ်စေချင်တယ်။ ကိုယ့်အနာဂတ်ဆိုတာ ဘာလဲ၊ကိုယ့်မိသားစု အနာဂတ် ဘယ်မှာလဲ သေချာစဉ်းစားကြည့်ပါ။ ဗိုလ်ချုပ်သားသမီးတွေထားတဲ့နိုင်ငံခြားလိုကျောင်းမျိုး ကိုယ့်သားသမီးတွေကို ထားနိုင်ပါ့မလား။
ကိုယ်ရတဲ့လစာနဲ့ ပြည်တွင်းက ကျောင်းကောင်းကောင်းမှာ ပညာသင်ခိုင်းဖို့တောင် အနားမကပ်နိုင်ဘူး မဟုတ်လား။ တပ်ထဲက အရည်အသွေး မပြည့်ဝတဲ့ စာသင်ကျောင်းမှာပဲ ကြိတ်မှိတ်နေခိုင်းကြရတယ်။
ဒီလိုပညာသင်ကြရပြီး မှီခိုသူ သားသမီးတွေ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေလို့ ဆယ်ယောက်မှာ ငါးယောက်အောင်တယ်ဆိုတဲ့ တပ်ရင်းရှိဖူးလား။ နှစ်ယောက်၊ သုံးယောက် အောင်ရင်ကို အတော် အောင်ချက်ကောင်းတယ်လို့ပြောရမယ့် အနေအထား။ နောက်ဆုံးတော့ ဒီလိုပညာရေးနဲ့ ကြီးပြင်းလာတဲ့ ကလေးတွေဟာ တပ်ပတ်ဝန်းကျင်က အထည်ချုပ်စက်ရုံလို နေရာမျိုးမှာပဲ ဘဝဆုံးကြရတယ်။ သူများခိုင်းဖက် ဘဝမျိုးနဲ့ပဲ ကြိုးစားရုန်းကန်နေရရှာတယ်။
ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတာ မှန်ပေမယ့် ကိုယ်လုပ်သလောက် ကိုယ်စားရဖို့က အရေးကြီးပါတယ်။ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ဖို့ ၂၄ နာရီ တာဝန်ရှိတယ်ဆိုတဲ့ စကားဟာ လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီရဲ့လား စဉ်းစားဖို့ လိုပါတယ်။
ကိုယ်လုပ်မှ ကိုယ်စားရတယ်ဆိုတာ မှန်ပေမယ့် ကိုယ်လုပ်သလောက် ကိုယ်စားရဖို့က အရေးကြီးပါတယ်။ နိုင်ငံနဲ့ လူမျိုးကို ကာကွယ်ဖို့ ၂၄ နာရီ တာဝန်ရှိတယ်ဆိုတဲ့ စကားဟာ လက်ရှိအခြေအနေတွေနဲ့ ကိုက်ညီရဲ့လား စဉ်းစားဖို့ လိုပါတယ်။
ပြည်သူကိုချစ်မှ ပြည်သူကချစ်တဲ့ တပ်မတော်တရပ် ဖြစ်နိုင်မှာပါ။ ပြည်သူကို သတ်ဖြတ်နေတဲ့ တပ်မတော်တရပ်အတွက် ဒီစကားကို လိုက်နာဖို့ တန်ရဲ့လားဆိုတာ သေချာတွေးတောဖို့ လိုပါတယ်။ အခုဆိုရင် ပြည်သူရဲ့ အမုန်းတရားတွေဟာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့စစ်တပ်အပေါ်မှာ အရမ်းကြီးထွားလာနေပါပြီ။
ပြည်သူရဲ့စစ်တပ်အပေါ် အပြစ်ပေး အရေးယူမှုတွေဟာ ထင်ထားတာထက် ပိုကြောက်စရာ ကောင်းတယ်ဆိုတာ သိစေချင်ပါတယ်။ စစ်တပ်ကို သေအောင်ချစ်ပေမယ့် သက်ပြည့်ပင်စင်ယူပြီးတဲ့ နောက်မှာတော့ တပ်ကနေထွက်ပြီး ပြည်သူကြားထဲ ပြန်နေကြရမှာပါ။
ဒီအချိန်ကျရင် ပြည်သူလူထုရဲ့ အမုန်းတရားတွေကို ဘယ်စစ်တပ်ကမှ လာပြီး ကာကွယ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ပြည်သူ့ဘက်မှာ မရပ်တည်ခဲ့ရင် ကိုယ်နဲ့ ကိုယ့်မိသားစု အနာဂတ်ဟာ ပြည်သူလူထုလက်ထဲမှာ ကောင်းမွန်စွာ ဖြတ်သန်းနိုင်ဖို့ မဖြစ်နိုင်ပါဘူး။
ဒါတွေကတော့ လက်ရှိ အကြမ်းဖက်စစ်တပ်မှာ တာဝန်ထမ်းဆောင်နေသေးတဲ့ အရာရှိ အရာခံ အကြပ် စစ်သည်တွေ အနေနဲ့ အမြန်ဆုံး စွန့်ခွာသင့်တဲ့ အချက်တွေ ဖြစ်ပါတယ်။
လူသားတယောက်ဖြစ်လာပြီဆိုရင် ဘဝကို တန်ဖိုးရှိရှိနဲ့ ဖြတ်သန်းသွားနိုင်ဖို့ လိုပါတယ်။ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်ဖို့ စစ်တပ်ထဲ ဝင်လာတဲ့ ခံယူချက်ဟာ သိပ်ကိုကောင်းမွန်ပါတယ်။ ဒါပေမယ့် လက်ရှိ စစ်တပ်ဟာ ပြည်သူကို ကာကွယ်ရမယ့်အစား ပြည်သူကို ပြန်ပြီး အန္တရာယ်ပေးနေတဲ့အတွက် အကြမ်းဖက်အဖွဲ့လို့တောင် သတ်မှတ်ခံနေရပါပြီ။
ဒါကြောင့် ကိုယ့်အတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်နိုင်ငံနဲ့ လူမျိုးအတွက် ဘာကောင်းကျိုးမှ မပေးနိုင်တော့တဲ့ အကြမ်းဖက်စစ်တပ်ကနေ အမြန်ဆုံး စွန့်ခွာကြဖို့ တိုက်တွန်းချင်ပါတယ်။ အခုဆိုရင် သြစတေးလျလို နိုင်ငံတွေကပါ စစ်တပ်ကို စွန့်ခွာလာသူတွေအတွက်ခိုလှုံခွင့်ပေးနေတာတွေ ရှိလာပါပြီ။
အပြင်လောကမှာ ကိုယ်လုပ်နိုင်ရင် လုပ်နိုင်သလောက် အခွင့်အလမ်းတွေ အကျိုးစီးပွားတွေ အများကြီး ရှိပါတယ်။ ဒါကြောင့် တပ်ထဲမှာ အသိဉာဏ်တွေ အမှောင်ဖုံးပြီး ဘဝအာမခံချက် ဘာမှမရှိတော့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့အကြမ်းဖက် စစ်တပ်ကို အမြန်ဆုံး စွန့်ခွာပြီး ပြည်သူနဲ့ပူးပေါင်းကာ ဘဝကို အကောင်းမွန်ဆုံး လျှောက်လှမ်းနိုင်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။
(ထိုင်း-မြန်မာနယ်စပ်တွင် လတ်တလော နေထိုင်ခိုလှုံနေသူ CDM ဗိုလ်ကြီးတဦးက ရေးသားပေးပို့သည်။)
You may also like these stories:
စစ်အုပ်စုအတွင်း အက်ကြောင်းများ ပေါ်လာနေသည်
စစ်ခေါင်းဆောင်က ညီညွတ်ရေးပြောဆိုခြင်းသည် တပ်တွင်းအကွဲအပြဲကို မီးမောင်းထိုးပြနေ
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ဖုံးဝှက်ထားသော ရုပ်ပုံလွှာ
တကျော့ပြန် ပြည်တွင်းစစ်နှင့် မြန်မာစစ်တပ်
တယ်လီနောမြန်မာ ဝယ်ခွင့်ရသည့် ကုမ္ပဏီတွင် တပ်ချုပ်သမီး ရှယ်ယာပါ