ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ခငြျးကာကှယျရေးတပျ (CDF) မငျးတပျတို့ မတ်လ၂၆ ရက်မှ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်မှ အကျအဆုံး များပြားကာ အထိနာလျက်ရှိ ကြောင်း ဒေသကာကွယ်ရေး တပ်များက ဆိုသည်။
မင်းတပ်မြို့ကို ဖြတ်၍ မတူပီသို့ ချီတက်နေသော စစ်ကောင်စီ ယာဉ်တန်းကို ဒေသခံ CDF တပျများက မတ် လ ၂၆ ရက်မှနေ ယနေ့အထိ ကြားဖြတ် တိုက်ခိုက်လျက်ရှိရာ ၄ ရက်မြောက် တ်ိုက်ပွဲတွင် စစ်ကောင်စီ တပ်သား၂၀ နီးပါး သေဆုံးမှု ရှိခဲ့ကြောင်းနှင့် ယနေ့ (မတ်လ၂၉ ရက်) မနက်ပိုင်းတွင်လည်း မင်းတပ်မြို့ တွင် လုံခြုံရေးယူထား သော စစ်ကောင်စီ တပ်သားများကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၂ ဦး သေဆုံးခဲ့ကြောင်း မင်းတပ် CDF အဖွဲ့ မှ ပြောရေးဆိုခွင့်ရှိသူ ကိုဆလိုင်းဟာအွန်းမန်က ပြောသည်။
၎င်းက “ဒီနေ့ မြို့ပေါ် ဘဝသစ်ရပ်ကွက် ရေကန်အနီးမှာ စစ်ကောင်စီတပ်သား ၄ ယောက်ကို ကျနော်တို့အဖွဲ့က သွား ရောက် ပစ်ခတ်တယ်။ စစ်ကောင်စီ တပ်သား ၂ သေတယ်။ အလောင်းတွေကို လူနာတင်ကားတွေနဲ့ ယူသွားတာ ရှိ တယ်။ မတူပီသို့ သွားနေတဲ့ ယာဉ်တန်းကိုတော့ ကျနော်တို့ကြားဖြတ်တိုက်ခိုက်နေတာ ၄ ရက်ရှိပြီ။ အဲဒီတိုက်ပွဲမှာ တော့ စစ်ကောင်စီဘက်က သေတာ ၂၀ နီးပါး ရှိတယ်။ ဒဏ်ရာရတဲ့ လူတွေလည်း တော်တော်များများ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် သံချပ်ကာ ကား၂ စီးနှင့်အတူ စစ်ကားအစီး ၈၀ နှင့် မုံရွာ၊ ပခုက္ကူဘက်ကနေ ချင်း တောင်တန်းသို့ ချီတက်လာခဲ့ရာတွင် မတ်လ ၂၅ ရက်က မင်းတပ်မြို့သို့ ရောက်ရှိခဲ့ပြီးနောက် မတ်လ၂၆ ရက်၌ မတူပီ မြို့သို့ ဆက်လက် ချီတက်ရာတွင် မင်းတပ် CDF တပ်ဖွဲ့ဝင်များက ကြားဖြတ်ဟန့်တား တိုက်ခိုက်နေခြင်း ဖြစ်သည်။
ထိုသို့ မင်းတပ်မှနေ မတူပီသို့ သွားသည့် ကားလမ်းတွင် စစ်ကောင်စီ ယာဉ်တန်းနှင့် ပြည်သူ့ ကာကွယ်ရေးတပ်တို့ တိုက်ပွဲ ဖြစ်ပွားနေသည့်အတွက် မင်းတပ်မြို့နယ်အတွင်း စစ်ကောင်စီက ဖုန်းလိုင်းများနှင့် အင်တာနက်လိုင်များ ဖြတ် တောက်ထားပြီး တိုက်ပွဲဖြစ်ပွာရာ ကားလမ်းအနီးရှိ ကျေးရွာသားများမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ဖမ်းဆီး နှိပ် စက်မည်ကို စိုးရိမ်သည့်အတွက် ထွက်ပြေး တိမ်းရှောင်နေရကြောင်း မင်းတပ် ဒေသခံတဦးက ပြောသည်။
မင်းတပ် ဒေသခံတဦးက “ဖုန်းလိုင်းက မြို့ပေါ်နေရာလောက်ပဲ ရတယ်။ တိုက်ပွဲဖြစ်နေတဲ့ အဲဒီ ကားလမ်းဘေး ရွာတွေ ကတော့ အားလုံး ထွက်ပြေးနေတယ်။ အဲဒီဘက်က ဖုန်းလိုင်းတွေလည်း မရတော့ ဘယ်လို ဖြစ်နေလဲဆိုတာတော့ သေချာ မသိဘူး။ ကျနော်တို့မြို့နယ်မှာ အားလုံးကတော့ ဒုက္ခသည်တွေပဲ။ ယောနယ်က ဆန်စပါးထွက်တော့ အဲဒီ ဘက်ကနေ ဆန်သယ်ယူဖို့ကလည်း စစ်ကောင်စီက ပိတ်ဆို့ထားတယ်။ ဒုက္ခရောက်တာ ၁ နှစ်ကျော်ရှိနေပြီး တနေ့ ထက်တနေ့ ဆိုးလာတာပဲ ရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ အခြေအနေတွင် စစ်ကောင်စီ ယာဉ်တန်းကို မတူပီသို့ တက်ခွင့်မပေးဘဲ မင်းတပ် CDF အဖွဲ့ ဟန့်တား တိုက် ခိုက်နေသည့်အတွက် အဆိုပါ မိုင် ၁၀၀ ကျော်အကွာအဝေးရှိသည့် မင်းတပ်- မတူပီ ကားလမ်းမ တလျှောက်၌ တိုက် ပွဲမှာ တနေ့ထက်တနေ့ ပြင်းထန်လာနိုင်သည့် အခြေအနေ ရှိကြောင်းလည်း ဒေသ ကာကွယ်ရေး တပ်ဖွဲ့များထံက သိရသည်။
စစ်ကောင်စီ ယာဉ်တန်းသည် လက်ရှိအချိန်အထိ မင်းတပ်မြို့နယ် အထဲတွင်သာ ရှိသေးပြီး မတူပီ မြို့နယ်ထဲ သို့ ဝင်ရောက် မလာနိုင်သေးကြောင်း၊ မတူပီမြို့နယ်ထဲသို့ ဝင်ရောက်လာမည် ဆိုပါကလည်း မတူပီ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့နှင့် မဟာမိတ်တပ်များက အစွမ်းကုန် ခုခံ တိုက်ခိုက်သွားမည် ဖြစ်ကြောင်းလည်း မတူပီ CDF ခေါင်း ဆောင်များက ဧရာဝတီသို့ ပြောသည်။
အာဏာသိမ်း စစ်ခေါင်းဆောင်များသည် မင်းတပ်နှင့် မတူပီမြို့နယ်အတွင်းသို့ မင်းတပ် အခြေစိုက် ခလရ ၂၇၄ တပ် ရင်း၊ မတူပီ ဗျူဟာ လက်အောက်ခံ တပ်ရင်းများအပြင် ပြည်မဘက်မှ တပ်မ ၁၁ လက်အောက်ခံ တပ်ရင်း တပ်ဖွဲ့ဝင် များကို ခေါ်သွင်းထားပြီး ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို ထိုးစစ်ဆင် တိုက်ခိုက်ရန် ကြိုးပမ်း လျက်ရှိကြောင်း သိရသည်။
You may also like these stories:
ဖရူဆိုစစ်ရှောင်များ လာမည့်နှစ်ပတ်အတွင်း ရိက္ခာပြတ်နိုင်
အပစ်အခတ်ရပ်စဲရေးပြောပြီး တပ်တွေ နင်းကန်လွှတ်နေတာ