• English
Monday, January 12, 2026
No Result
View All Result
NEWSLETTER

25 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home ဆောင်းပါး

စစ်တပ်အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ် အပိုင်း ၁

by ကိုဦး
25 April 2022
in ဆောင်းပါး
A A
ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ် လွိုင်တန်းလျန်တွင် ၂၀၁၆ ဖေဖော်ဝါရီအတွင်း ကျင်းပသော ရှမ်းပြည်နယ်နေ့ / ဧရာဝတီ

ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) ၏ ဌာနချုပ် လွိုင်တန်းလျန်တွင် ၂၀၁၆ ဖေဖော်ဝါရီအတွင်း ကျင်းပသော ရှမ်းပြည်နယ်နေ့ / ဧရာဝတီ

19.6k
VIEWS
Share on FacebookShare on Twitter

ရှမ်းပြည်နယ်သည် မြန်မာပြည်အတွင်း အကျယ်အဝန်းဆုံးပြည်နယ်တခု ဖြစ်၏။ စတုရန်းကီလိုမီတာ ၁၅၀၀၀၀ ကျော်ရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ လူဦးရေ ၆ သန်းနီးပါးရှိသည်။ ရှမ်းပြည်နယ်သည် တရုတ်၊ လာအို၊ ထိုင်းတို့နှင့် ဆက်စပ်နေ၏။ ကိုလိုနီခေတ်ကာလအထိ နှစ်ပေါင်း ရာနှင့်ချီ၍ ရှမ်းစော်ဘွားများနယ်ပယ် ၃၄ နယ်ခွဲ၍ အုပ်ချုပ်ခဲ့သော ပြည်နယ်တခုဖြစ်ခဲ့၏။

ရှမ်းပြည်နယ်ဟု သိခဲ့ကြသော ပြည်နယ်အတွင်း ရှမ်းလူမျိုးအပြင် လူမျိုးများစွာရှိသည်။ လူဦးရေအချိုးအစား ပမာဏတခုအထိ ရှိပြီး နိုင်ငံရေး၊ စစ်ရေးအရ အများသတိပြုမိကြသော လူမျိုးများမှာ ဝ၊ ပအိုဝ်း၊ တအာင်း (ပလောင်)၊ ဓနု၊ လားဟူ၊ အခါ ၊ ကိုးကန့်၊ ကချင်တို့ ဖြစ်ကြ၏။ အင်းသား၊ လီဆူး၊ ကယန်းစသည့် အခြားလူမျိုးများလည်းရှိကြသေးသည်။

ထို့ကြောင့်လည်း ၂၀၀၈ ခြေဥတွင် ဝ၊ တအာင်း၊ ကိုးကန့်၊ ပအိုဝ်း၊ ဓနုတို့အား ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ၅ ခု သတ်မှတ် ပေးထားသည်ကို တွေ့ရသကဲ့သို့ လားဟူ၊ အခါ၊ ကချင်၊ အင်းသား၊ လီဆူး၊ ကယန်းတို့အား တိုင်းရင်းသား ရေးရာ ဝန်ကြီးများအဖြစ် သတ်မှတ်ပေးသည်ကို တွေ့ရ၏။

ရှမ်းပြည်နယ်တွင် ရှမ်းတို့သာမက၊ ပြည်နယ်တွင်းရှိအခြားလူမျိုးများ၏ နိုင်ငံရေး၊ စစ်ရေး အားပြိုင်မှုများ၊ ရုန်းထမှုများကို တွေ့နေရသကဲ့သို့ ရှမ်းပြည်နယ်အတွင်း၌ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အင်အားအများဆုံး တည်ရှိသည်။

တဖက်တွင်လည်း ရှမ်းပြည်နယ်တွင် ရှမ်းတို့သာမက၊ ပြည်နယ်တွင်းရှိအခြားလူမျိုးများ၏ နိုင်ငံရေး၊ စစ်ရေး အားပြိုင်မှုများ၊ ရုန်းထမှုများကို တွေ့နေရသကဲ့သို့ ရှမ်းပြည်နယ်အတွင်း၌ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့ အင်အားအများဆုံး တည်ရှိသည်။

အလားတူပင် မြန်မာစစ်တပ်ကလည်း ရှမ်းပြည်နယ်အတွင်း စစ်အင်အား အများအပြား ချထားသည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းသည့် ကာလတွင် ရှမ်းပြည်နယ်အတွင်း အားကောင်းမောင်းသန် တွေ့ရသည့် နိုင်ငံရေး၊ စစ်ရေး အင်အားစုများကို အောက်ပါအတိုင်းတွေ့ရသည်။

၁။ ရှမ်း

ရှမ်းသည် ရှမ်းပြည်နယ်အတွင်း၌ လူဦးရေမည်မျှရှိသည်ကို အတိအကျမသိရသော်လည်း လူဦးရေ ၆ သန်းခန့်ရှိသည့် ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုး လူဦးရေက အများဆုံးဖြစ်သည်။ ရှမ်းပြည်နယ် တခုလုံးတွင်လည်း ပျံ့နှံ့နေထိုင်သည်။

နိုင်ငံရေးနယ်ပယ်တွင် ရှမ်းလူမျိုးတို့ ကိုယ်စားပြုသည့် ရှမ်းတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) သည် အားကောင်းသည်။ သူ၏ပြိုင်ဖက် ရှမ်းပြည်အမျိုးသား ဒီမိုကရက်တစ်ပါတီ (SNDP) ကမူ အားသိပ်မကောင်းလှပေ။

ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးသည် အများစုဖြစ်သော်လည်း နိုင်ငံရေးအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အင်အားစုနှစ်ခု ကွဲပြားနေပြီး စေ့စပ်၍မရကြသည်ကို တွေ့ရသည်။

ရှမ်းလက်နက်ကိုင် တော်လှန်ပုန်ကန်မှုများသည် ၁၉၅၈ ခုနှစ်မှစပြီး လက်ရှိကာလအထိ တော်လှန်တိုက်ခိုက်နေသော အဓိက ရှမ်းလက်နက်ကိုင်အဖွဲ့ နှစ်ခုရှိသည်။ တခုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) ဖြစ်ပြီး အခြားတခုမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) တို့ ဖြစ်၏။

ရှမ်းပြည်တိုးတက်ရေးပါတီ/ ရှမ်းပြည်တပ်မတော် (SSPP/SSA) တပ်သားများ

နှစ်ခုစလုံးတွင် ရှည်လျားသော သမိုင်းကြောင်းရှိကြပြီး စစ်အင်အားလည်း တသောင်း၊ တသောင်းကျော် ဝန်းကျင်ခန့်စီရှိကြသည်။ SSPP က ရှမ်းပြည်တောင်ပိုင်း မိုင်းရှူးအနောက်ဖက် ဝမ်ဟိုင်းတွင် အခြေပြုပြီး RCSS က ရှမ်းအရှေ့ ထိုင်းနယ်စပ် လွယ်တိုင်းလျံတွင် အခြေပြု၏။ SSPP က အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုး ထားသော်လည်း NCA လက်မှတ်ရေးထိုးထားခြင်း မရှိပါ။ RCSS ကမူ အပစ်ရပ် လက်မှတ်ရေးထိုး ထားသည့်အပြင် NCA လည်း ရေးထိုးထားသည်။

ရှမ်းပြည်နယ်တွင် ရှမ်းလူမျိုးသည် အများစုဖြစ်သော်လည်း နိုင်ငံရေးအရလည်းကောင်း၊ စစ်ရေးအရလည်းကောင်း အင်အားစုနှစ်ခု ကွဲပြားနေပြီး စေ့စပ်၍မရကြသည်ကို တွေ့ရသည်။ ရှမ်းလက်နက်ကိုင် အဖွဲ့နှစ်ခုအကြားတွင် စစ်ရေးအရ ပဋိပက္ခများကို ၂၀၁၅ ခုနှစ်က စတင်တွေ့ရပြီး ၂၀၂၁ ခုနှစ် စစ်တပ်ကအာဏာသိမ်းပြီးနောက် ပွင့်ထွက်ပေါက်ကွဲလာသည်ကို တွေ့ရ၏။

မြို့ပေါ်ရှမ်းပါတီများနှင့် ရှမ်းလက်နက်ကိုင်အဖွဲ့များသည် SSJAC (Shan State Joint Action Committee)/CSSU (Committee of Shan State Unity) စသည့် အဖွဲ့များဖွဲ့စည်းပြီး နိုင်ငံရေးအရ ဆက်စပ်နိုင်အောင် ကြိုးပမ်းသည်ကို တွေ့ရသည်။

၂။ ပအိုဝ်း

ရှမ်းနိုင်ငံရေးလှုပ်ရှားမှုတွင် ထင်ရှားသည့် လူမျိုးတမျိုးဖြစ်သည်။ လွတ်လပ်ရေးအကြိုနှင့် ရပြီးခါစ ကာလများတွင် ပအိုဝ်းတို့၏ နိုင်ငံရေးလှုပ်ရှားမှုများကို တွေ့ရသကဲ့သို့ လွတ်လပ်ရေးပြီးနောက် ရှမ်းပြည်နယ်တွင် အစောဆုံး လက်နက်ကိုင်ပုန်ကန်မှု ပြုသည့် လူမျိုးလည်းဖြစ်သည်။

လက်ရှိတွင် အင်အားတောင့်တင်းစွာ ရပ်တည်နိုင်သည့် ပအိုဝ်းအဖွဲ့မှာ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် (PNO) ဖြစ်သည်။ မြေပေါ် နိုင်ငံရေးပါတီအဖြစ်ဖွဲ့စည်းထားသည့်အပြင်၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအဖြစ် ပင်လောင်း၊ ဟိုပုံး၊ ဆီဆိုင် ၃ မြို့နယ်တွင် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီး ထိမ်းချုပ်ထားနိုင်၏။

ယခင်က တိုင်းရင်းသား တပ်ဖွဲ့ဖြစ်သော PNO သည် ၂၀၀၉ ခုနှစ်မှစ၍ ပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းထားပြီး တောင်ကြီးတွင် အခြေပြုသည်။ ပြည်သူ့စစ်အင်အား ၅၀၀ ဟုဆိုသော်လည်း အမှန်တကယ်အင်အားမှာ ၃၀၀၀ ခန့်ရှိသည်ဟု ဆိုကြ၏။ နဝတ အစိုးရနှင့်အပစ်ရပ်ပြီးကတည်းက တောက်လျှောက် အစိုးရနှင့်ပူးပေါင်းဆောင်ရွက်မှု ရှိခဲ့ပြီး လက်ရှိ စစ်ကောင်စီနှင့်လည်း ပူးပေါင်းဆောင်ရွက်နေသည်။

၂၀၁၈ ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ကျင်းပပြုလုပ်သော တပ်မတော်ထောက်ခံပွဲတွင် ပအိုဝ်းတိုင်းရင်းသားများ ပါဝင်ခဲ့သည်

ယခင် အင်အားကောင်းခဲ့သည့် ပအိုဝ်းနီဟုခေါ်သည့် ရှမ်းပြည်လူမျိုးပေါင်းစုံ လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) မှာ ယခုအခါ ပျက်သလောက်ဖြစ်နေ၏။

အခြား ပအိုဝ်းအဖွဲ့တခုဖြစ်သည့် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) မှာ အပစ်ရပ် NCA ရေးထိုးထားပြီး လက်ရှိတွင် NCA ရေးထိုးထားသော အစုအဖွဲ့ PPST တွင် ပါဝင်နေသည်။ တပ်အင်အား အနည်းငယ်ဖြင့် မောက်မယ်ဖက်တွင် လှုပ်ရှားမှုရှိ၏။

ပအိုဝ်းတို့သည် ရှမ်းပြည်နယ်အတွင်းသာမက ကရင်၊ မွန်ပြည်နယ်များတွင်ပါ တွေ့ရသည်။ ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအတွင် လူဦးရေ ၃၈၀၀၀၀ ခန့်ရှိ၏။ မြန်မာပြည်တွင် ပအိုဝ်းလူမျိုး ၆ သိန်းခန့်ရှိသည်ဟု ဆိုသော်လည်း တိကျသော အထောက်အထားလိုအပ်၏။

၃။ ဝ

ဝ နယ်သည် ကိုလိုနီခေတ်ကာလအထိ အစိုးရအုပ်ချုပ်ရေး မသက်ရောက်သည့်ဒေသ ဖြစ်သည်။ လွတ်လပ်ရေး ရယူသည့်ကာလမှစ၍ ဝ တို့၏ လှုပ်ရှားမှုများကို စတင်တွေ့ရသော်လည်း ရှမ်းပြည်နိုင်ငံရေးတွင် သက်ရောက်မှု နည်းပါးသည်ကိုတွေ့ရ၏။ ၁၉၆၈ ခုနှစ် အရှေ့မြောက်ဒေသသို့ တရုတ် အကူအညီနှင့် ဗကပ ဝင်ရောက်သည်မှ စ၍ ဝ နယ်၏အခန်း ပေါ်ထွက်လာသည်။

UWSA သည် လူဦးရေ ၅ သိန်းခန့်ရှိပြီး စတုရန်းကီလိုမီတာ ၁၅၀၀၀ ကျော် (ရှမ်းပြည်နယ်၏ ဆယ်ပုံတပုံ) ရှိသည့်ဒေသအား ထိမ်းချုပ်ထားပြီး ကိုယ့်တပ်၊ ကိုယ့်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးတို့ဖြင့် ရပ်တည်လာနိုင်၏။

၁၉၈၉ ခုနှစ် ဗကပ မှ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ/ ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSP/UWSA) ခွဲထွက်ခဲ့သည့် နောက်ပိုင်း ရှမ်းပြည်နိုင်ငံရေးတွင် ဝ တို့၏ အခန်းကဏ္ဍ စတင်သည်ဟု ဆိုရမည်။ ဗကပ မှ ခွဲထွက်ပြီး အနှစ် ၃၀ ကာလတွင် ဝ တို့၏ အခန်းကဏ္ဍသည် ရှမ်းပြည်နိုင်ငံရေးတွင်သာမက၊ ပြည်တွင်းနိုင်ငံရေးတွင်ပါ လှုပ်ခတ်လာသည်။

UWSA သည် လူဦးရေ ၅ သိန်းခန့်ရှိပြီး စတုရန်းကီလိုမီတာ ၁၅၀၀၀ ကျော် (ရှမ်းပြည်နယ်၏ ဆယ်ပုံတပုံ) ရှိသည့်ဒေသအား ထိမ်းချုပ်ထားပြီး ကိုယ့်တပ်၊ ကိုယ့်အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးတို့ဖြင့် ရပ်တည်လာနိုင်၏။ ဘဏ္ဍာရေး တောင့်တင်းသည့်အပြင်၊ တပ်အင် အား ၃၀၀၀၀ ခန့်ဖြင့် စစ်အင်အား အတောင့်တင်းဆုံး တိုင်းရင်းသားတပ်ဖွဲ့တခုအဖြစ် တွေ့မြင်ရသည်။ ဝ တို့ပုံစံသည် အခြားတိုင်းရင်းသားလူမျိုးများ၊ ပြည်နယ်များအတွက် အတုယူစရာပုံစံဖြစ်လာ၏။

ဝပြည် သွေးစည်းညီညွတ်ရေး တပ် (UWSP/UWSA) တပ်သားများ/ဧရာဝတီ

UWSA သည် အစိုးရနှင့် အပစ်ရပ် လက်မှတ်ရေးထိုးထားသော်လည်း NCA ရေးထိုးရာတွင် ပါဝင်ခြင်းမရှိပေ။ UWSA သည် ဝ နယ်တွင်သာမက ၁၉၉၀ နောက်ပိုင်းတွင် ထိုင်းမြန်မာနယ်စပ် မိုင်းဆတ်ခရိုင်အတွင်း၌ပါ ဝင်ရောက်အခြေချနိုင်ခဲ့သည့်အပြင် နဝတ၏ သဘောတူညီချက်ဖြင့် ဝ လူထု ၈၀၀၀၀ မှ တသိန်းကြား ပြောင်းရွှေ့ အခြေချနိုင်ခဲ့၏။ လက်ရှိတွင် ထိုင်းနယ်စပ်မိုင်းဆတ်ခရိုင်အတွင်း ဝ လူမျိုး တသိန်းခန့် ပြောင်းရွှေ့ အခြေချနေထိုင်ပြီး UWSA ၁၇၁ စစ်ဒေသတပ်အင်အား ၉၀၀၀ ခန့်ရှိသည်။

RelatedPosts

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

မွန် ရွေးကောက်ပွဲ အပိုင်း ၂ ကြံ့ဖွံ့ကို MUP ပါတီ အနိုင်ယူ

12 January 2026
42
ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

ခြိမ်းခြောက်ဖိအားပေးမှုများနှင့် တိုက်ခိုက်မှုများကြား မဲပေးသူ နည်းပါးတဲ့ စစ်တပ် ရွေးကောက်ပွဲ အပိုင်း၂

12 January 2026
77
ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

12 January 2026
317

လားရှိုး၊ ဟိုပန်၊ ပန်လုံ၊ ကျိုင်းတုံ ဒေသများတွင် မြို့ပေါ် ဝ အမျိုးသားပါတီရှိသော်လည်း အားနည်း၏။ UWSA ဩဇာက ပို၍လွှမ်းမိုးသည်။

၄။ ကိုးကန့်

ကိုးကန့်ဒေသသည် ကိုလိုနီခေတ်တလျှောက်လုံး ကိုးကန့်စော်ဘွားနယ်အဖြစ် ရပ်တည်ခဲ့၏။ လူဦးရေ တသိန်းခန့်သာ ရှိသည့်‌ဒေသဖြစ်သည်။ စော်ဘွားများ အာဏာစွန့်ကတည်းက ကိုးကန့်တွင် ပုန်ကန်မှုများ စခဲ့သည်။

၁၉၆၈ ခုနှစ် ဗကပ နှင့် ပူးပေါင်းပြီး လွတ်မြောက်သည့်ဒေသ ဖြစ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် MNDAA ဖွဲ့စည်းပြီး ဗကပ မှ ခွဲထွက်ကာ နဝတ နှင့်အပစ်ရပ်ခဲ့၏။ ၁၉၉၂/ ၁၉၉၅ အကြား ကိုးကန့်အဖွဲ့အတွင်း အာဏာလုမှုများ ဖြစ်ပွားပြီး ကိုးကန့်တွင် အနှစ် ၂၀ ကျော် ခြေမချနိုင်သည့် မြန်မာစစ်တပ် ပြန်လည်ဝင်ရောက် နေရာယူနိုင်ခဲ့သည်။

ဖုန်ကြားစင်း ပြန်လည် အာဏာရလာခဲ့သော်လည်း ၂၀၀၉ ခုနှစ်တွင် မြန်မာစစ်တပ်နှင့် သဘောထားကွဲပြီး MNDAA အား ကိုးကန့်မှ စစ်အင်အားသုံး တိုက်ထုတ်နိုင်ခဲ့၏။ မြန်မာစစ်တပ်နှင့်ပေါင်းသော ကိုးကန့်အင်အားစု တချို့က ကြံ့ဖွံ့ပါတီဝင်ပြီး ကိုးကန့် နယ်ခြားစောင့်တပ်ဖွဲ့စည်းခဲ့သည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် MNDAA နှင့် စစ်တပ် အကြား တိုက်ပွဲများပြင်းထန်စွာ ဆက်တိုက် ဖြစ်နေသည်ကို တွေ့ရ၏။ ၂၀၁၅ နှင့် နှိုင်းယှဉ်လျင် MNDAA အင်အား နှစ်ဆတိုးလာပြီး အင်အား ၅၀၀၀ အထက်ရှိမည်ဟု ခန့်မှန်းကြသည်။

ဖုန်ကြားစင်း ခေါင်းဆောင်သည့် MNDAA အင်အားစုများကမူ ၎င်းတို့၏ အင်အားကို အချိန်ယူပြန်လည်စုဖွဲ့ပြီး ၂၀၁၅ ခုနှစ်တွင် ကိုးကန့်ဒေသအား ပြန်လည်ထိုးဖောက်တိုက်ခိုက်ခဲ့ရာ တပြည်လုံး အာရုံစိုက်မိခဲ့သည့် ဒေသဖြစ်ခဲ့၏။ ထိုအချိန်မှစ၍ MNDAA နှင့် သူ့ မဟာမိတ်များသည် မြန်မာစစ်တပ်အား ဆက်လက် တိုက်ခိုက်ခဲ့ကြပြီး ယနေ့တိုင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခဲ့သည်။ MNDAA သည် ယခုထိ အပစ်ရပ် လက်မှတထိုးထားခြင်း မရှိသကဲ့သို့၊ NCA လက်မှတ်ထိုးခြင်းလည်း မရှိပါ။

စစ်တပ်က အာဏာသိမ်းပြီးနောက် MNDAA နှင့် စစ်တပ် အကြား တိုက်ပွဲများပြင်းထန်စွာ ဆက်တိုက် ဖြစ်နေသည်ကို တွေ့ရ၏။ ၂၀၁၅ နှင့် နှိုင်းယှဉ်လျင် MNDAA အင်အား နှစ်ဆတိုးလာပြီး အင်အား ၅၀၀၀ အထက်ရှိမည်ဟု ခန့်မှန်းကြသည်။

MNDAA ကိုးကန့်တပ်ဖွဲ့ဝင်များ

မြေပေါ် နိုင်ငံရေးပါတီအနေနှင့် ကိုးကန့်ပါတီများ ရှိသော်လည်း ယခင် MNDAA မှ ခွဲထွက်ပြီး ကြံခိုင်ရေး ပါတီနှင့် ပူးပေါင်းပါဝင်သည့် အင်အားစုများက ကိုးကန့်တွင် နေရာရ၏။

၅။ တအာင်း-ပလောင်

မြောက်ပိုင်း နမ့်ဆန်‌ကို ဗဟိုပြုသည့် တောင်ပိုင်စော်ဘွားနယ်သည် တအာင်း (ပလောင်) တို့၏ ဒေသဖြစ်သည်။ တောင်ပိုင်စော်ဘွား စဝ်ခွန်ပန်းစိန်သည် ရှမ်းပြည်နိုင်ငံရေးတွင် ထဲထဲဝင်ဝင်ပါခဲ့၏။

၁၉၆၀ ဝန်းကျင်မှစ၍ တအာင်းလက်နက်ကိုင် လှုပ်ရှားမှုများသည် ရှမ်းလက်နက်ကိုင်လှုပ်ရှားမှုများနှင့် အတူထွက်ပေါ်လာပြီး နောက်ပိုင်းတွင် ပလောင်တပ်ဖွဲ့အနေဖြင့် သီးခြားလှုပ်ရှားသည်။ ပလောင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် PLSO/ PSLA သည် ၂၀၀၅ တွင် လက်နက်အပ်ခဲ့ရ၏။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် TNLA သည် အင်အား ၈၀၀၀ မှ တသောင်းခန့် အထိ ရှိလာသည်ကို တွေ့ရသည်။ TNLA သည် အပစ်ရပ်လက်မှတ်ထိုးမထားသကဲ့သို့ NCA လည်း လက်မှတ် ရေးထိုးထားခြင်း မရှိပေ။

သို့သော်လည်း လက်နက်စွန့်သည်ကို လက်မခံသည့် တအာင်း လူငယ်များ၏ ပြန်လည်စုဖွဲ့လှုပ်ရှားမှုကြောင့် ၂၀၁၁ ခန့်မှစ၍ PSLF/ TNLA ဆိုသည့် တအာင်းလက်နက်ကိုင်တပ်ဖွဲ့ ပေါ်ပေါက်လာပြီး ဆယ်နှစ်အတွင်း အားကောင်းမောင်းသန် ဖြစ်လာသည်ကို တွေ့ရ၏။

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် TNLA သည် အင်အား ၈၀၀၀ မှ တသောင်းခန့် အထိ ရှိလာသည်ကို တွေ့ရသည်။ TNLA သည် အပစ်ရပ်လက်မှတ်ထိုးမထားသကဲ့သို့ NCA လည်း လက်မှတ် ရေးထိုးထားခြင်း မရှိပေ။

TNLA ပလောင်တပ်ဖွဲ့ဝင်များ

မြို့ပေါ်ပါတီအနေနှင့် တအာင်းအမျိုးပါတီ (TNP) ရှိပြီး ပြီးခဲ့သည့် ဆယ်နှစ်အတွင်း ကျင်းပသည့် ရွေးကောက်ပွဲများတွင် ပလောင်ကိုယ်ပိုင် အုပ်ချုပ်ရေးဒေသတွင်သာမက၊ တအာင်းလူမျိုးများ နေထိုင်သည့် ရှမ်းမြောက် တခြားမြို့နယ်များတွင်ပါ အနိုင်ရသည်ကို တွေ့ရ၏။

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသအတွင်း တအာင်းလူမျိုး တသိန်းခန့်သာ ရှိသော်လည်း နမ့်ခမ်း၊ မူစယ်၊ ကွတ်ခိုင်၊ ကျောက်မဲ၊ မိုင်းကိုင် စသည့်‌မြို့နယ်များတွင်ပါ နေထိုင်သည့် တအာင်းလူဦးရေ ၃ သိန်းခန့်ရှိသည်ဟု ခန့်မှန်းကြသည်။ သို့သော် တိကျသော စာရင်းကောက်ယူရန်လိုအပ်သည်။

၆။ ဓနု

ပင်းတယ၊ ပွေးလှ၊ ရွာငံ၊ ရေဦးနယ်များသည် ဓနုတိုင်းရင်းသား လူမျိုးများနယ် ဖြစ်၏။ အစဉ်အဆက် စော်ဘွားများ အုပ်ချုပ်သည်။ ဓနုနှင့်‌ တောင်ရိုးတိုင်းရင်းသား လူဦးရေ တသိန်းခန့်ရှိပြီး ထိုလူဦးရေတွင် တောင်ရိုးလူမျိုး တသောင်းခန့်ပါဝင်သည်ဟု ဆိုကြ၏။

NDAA တပ်ဖွဲ့သည် အင်အား ၆၀၀၀ ခန့်ရှိပြီး ဝ ဒေသကဲ့သို့ မိမိတပ်၊ မိမိဒေသ၊ မိမိ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးနှင့် ရပ်တည်နေသည့်ဒေသဖြစ်၏။ အစိုးရအာဏာစက် မသက်ရောက်ပါ။

ဓနုတိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့မရှိပါ။ ဓနုတိုင်းရင်းသား ပါတီရှိသော်လည်း အားမကောင်းပါ။ ပြည်ခိုင်ဖြိုးပါတီနှင့် NLD ပါတီ ထောက်ခံသည့် အင်အားမျှခြေရှိသည်။ ၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက် PDF လှုပ်ရှားမှုများ တွေ့ရ၏။

NDAA တပ်ဖွဲ့ဝင်မျာ

၇။ ရှမ်း-အခါပူးတွဲဒေသ

ရှမ်းလက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် ရှမ်းအရှေ့တွင် ပုန်ကန်ခဲ့သော ရှမ်းအမျိုးသားတပ်မတော် (SNA) သည် ၁၉၇၀ မှစ၍ ဗကပ နှင့် ပူးပေါင်းပြီး ၁၉၈၉ ခုနှစ် ဗကပပြိုကွဲချိန်တွင် အခါလူမျိုးများ အများစုပါသည့် ဗကပ ၈၁၅ စစ်ဒေသနှင့် ပူးပေါင်းကာ ဗကပမှ ခွဲထွက်ခဲ့၏။

လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးနှင့် ညီညွတ်ရေး ကော်မတီ/ အမျိုးသားမဟာမိတ်တပ်မတော် (PSC/NDAA) အမည်ဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေးယူထားသော တပ်ဖွဲ့တခုအနေနှင့် ရပ်တည်နေသည်။ မိုင်းလားအဖွဲ့ဟု လူသိများပြီး ရှမ်း၊ အခါ ပူးပေါင်းလက်နက်ကိုင် တပ်နှင့်ဒေသအဖြစ် ရပ်တည်နေ၏။ သို့သော် NCA လက်မှတ်ရေးထိုးထားခြင်းမရှိပါ။

မိုင်းလားဒေသသည် စတုရန်းကီလိုမီတာ ၅၀၀၀ ခန့် ကျယ်ဝန်းပြီး လူဦးရေ တသိန်းခန့်ရှိသည်။ NDAA တပ်ဖွဲ့သည် အင်အား ၆၀၀၀ ခန့်ရှိပြီး ဝ ဒေသကဲ့သို့ မိမိတပ်၊ မိမိဒေသ၊ မိမိ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေးနှင့် ရပ်တည်နေသည့်ဒေသဖြစ်၏။ အစိုးရအာဏာစက် မသက်ရောက်ပါ။ ရှမ်းနှင့်အခါလူမျိုးများ ပူးတွဲနေထိုင်ကြသည့် ဒေသဖြစ်၏။

ရှမ်းမြောက်တွင် ကချင်တို့သည် အခြားလူမျိုးများနှင့် ရောနှောနေထိုင်သည်ကို တွေ့ရပြီး လက်ရှိကာလတွင် ကချင်ပြည်နယ်နှင့် အခြားဒေသသို့ တစတစ ပြောင်းရွှေ့အခြေချကြသဖြင့် ရှမ်းမြောက်တွင် ကချင်လူဦးရေ လျော့ကျနေသည်။

၈။ ကချင်

ရှမ်းပြည်မြောက်ပိုင်းတွင် အစဉ်အဆက် ကချင်ဒူဝါများ အုပ်ချုပ်သည့် နယ်များရှိသည်။ ကချင်ပြည်နယ်ရှိ KIA စတင်ဖွဲ့စည်းသည့် ဒေသဖြစ်၏။

လက်ရှိတွင် KIA တပ်မဟာ ၃ ခု ဖြန့်ကျက်ထားသည်ကိုတွေ့ရ၏။ KIA သည် အပစ်အခတ်ရပ်စဲရေးရော၊ NCA ပါ လက်မှတ်ရေးထိုးထားခြင်း မရှိပါ။

ယခင် KIA မှ ခွဲထွက်သည့် မထုနော်အဖွဲ့မှာ အစိုးရပြည်သူ့စစ်အဖြစ် ပြောင်းလဲဖွဲ့စည်းထားသည်။

KIA ကချင်တပ်ဖွဲ့ဝင်များ/ဧရာဝတီ

ကောင်းခါးအဖွဲ့သည် ၂၀၂၀ ၌ လက်နက်ဖြုတ်သိမ်းခံရပြီး ၂၀၂၁ ခှနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် လက်နက် ပြန်လည်တပ်ဆင်ပေးသည်ဟု သိရ၏။

ရှမ်းမြောက်တွင် ကချင်တို့သည် အခြားလူမျိုးများနှင့် ရောနှောနေထိုင်သည်ကို တွေ့ရပြီး လက်ရှိကာလတွင် ကချင်ပြည်နယ်နှင့် အခြားဒေသသို့ တစတစ ပြောင်းရွှေ့အခြေချကြသဖြင့် ရှမ်းမြောက်တွင် ကချင်လူဦးရေ လျော့ကျနေသည်။ သီးခြားကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ မရှိပါ။ ရှမ်းပြည်နယ်အတွင်း မြို့ပေါ် ကချင်နိုင်ငံရေးပါတီ မရှိပေ။ ၂၀၀၈ ခြေဥအရ ရှမ်းပြည်နယ်တွင် ကချင်တိုင်းရင်းသားရေးရာ ဝန်ကြီးတနေရာ ရရှိထား၏။

ဆက်လက်ဖော်ပြပါမည်။

(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ တဦးဖြစ်သည်။)

You may also like these stories:

အာဏာသိမ်းအလွန် မြန်မာစစ်ပွဲ ‘ဝ’ ကနဦး အနိုင်ရနေ

အာဏာသိမ်းခေါင်းဆောင်၏ ဖိတ်ခေါ်ချက် ဘယ်သူတွေတက်မှာလဲ

ဝ ပြည်နယ်ဟု ခေါ်ဝေါ်ခြင်းက လေးစားသမှု ပြသခြင်းဟု NUG ဆို

ဦးဖုန်ကြားရှင် ဈာပန စစ်ကောင်စီတိုင်းမှူး ဘာကြောင့် လာတက်သလဲ

ရခိုင်တွင် သင်္ကြန်ပွဲတော်ကို AA စည်ကားသိုက်မြိုက်စွာ ကျင်းပ

Your Thoughts …
Tags: “ဝ”ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်စစ်ရေးတအာင်းနိုင်ငံရေးပလောင်ပအို့ဝ်မြန်မာစစ်တပ်ရှမ်းပြည်နယ်လက်နက်ကိုင်အာဏာသိမ်း
ကိုဦး

ကိုဦး

ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။

Similar Picks:

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

နေပြည်တော်ကို ကာကွယ်ရန် စစ်ကောင်စီက အင်အား ၁၄,၀၀၀ ခန့် ပြင်ဆင်ထား

by ဧရာဝတီ
24 November 2023
30.3k

စစ်ကောင်စီသည် မန္တလေး၊ ပဲခူးနှင့် ရန်ကုန် ဒေသများမှ တိုက်ခိုက်ရေး တပ်အင်အား ၁၀,၀၀၀ ခန့်ကို နေပြည်တော် ပြည်ထောင်စုနယ်မြေမှ စခန်းများသို့ ရွှေ့ပြောင်းနေကြောင်း နေပြည်တော်မှ စစ်အရာရှိများနှင့် နီးစပ်သော သတင်းရင်းမြစ်များက ပြောသည်။

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

သစ္စာဖောက်ခံရပြီး ၁၄ နှစ်အကြာတွင် ဖုန် ဆွေမျိုးစု လက်စားချေခြင်း

by ဧရာဝတီ
14 December 2023
23.2k

မြန်မာပြင်ပတွင် ခိုလှုံနေရသော်လည်း ဖုန် ဆွေမျိုးစုသည် ကိုးကန့်ကို ပြန်လည်သိမ်းပိုက်ရန် ရည်မှန်းချက်ကို မစွန့်လွှတ်ပေ။

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

တရုတ်လက်နက်ကိုင်အဖွဲ့ မြန်မာမှာ အခြေချတော့မလား

by ဧရာဝတီ
15 November 2024
22.3k

အာဏာသိမ်းစစ်တပ်အနေဖြင့် တရုတ်စီမံကိန်းများနှင့် ကုမ္ပဏီများအား အပြည့်အဝ လုံခြုံရေး မပေးနိုင်တော့သည့်အခြေအနေနှင့်ပတ်သက်ပြီး တရုတ်အစိုးရဘက်က မကြာခဏသတိပေးပြောကြားမှုရှိနေသည့်အပြင် ယခုနှစ် ဩဂုတ်လအတွင်း မြန်မာနိုင်ငံသို့လာရောက်ခဲ့သော တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကလည်း မြန်မာနိုင်ငံရှိ တရုတ်ဝန်ထမ်းနှင့် စီမံကိန်းဘေးကင်းလုံခြုံမှုအား လက်တွေ့ကျကျ ကာကွယ်ပေးရန် စစ်ခေါင်းဆောင်အား ပြောခဲ့သည်။

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

စစ်ရှုံးသော်လည်း ရမခ တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦး ရာထူးတိုး

by ဧရာဝတီ
2 February 2024
21.8k

ရာထူးတဆင့်တိုးသွားသော ဗိုလ်ချုပ် နိုင်နိုင်ဦးသည် စစ်ဦးစီးအရာရှိချုပ် (ကြည်း) နှင့် စစ်ထောက်ချုပ် တာဝန်နှစ်ခုအား ထမ်းဆောင်နေသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်စွာလင်းနှင့် စစ်တက္ကသိုလ်တပတ်စဉ်ထဲ တက်ရောက်ခဲ့သူ ဖြစ်သည်။

Next Post
အကျဉ်းထောင်ထဲက ကျောင်းသားတွေကို ဆေးကုမပေး (ရုပ်/သံ)

အကျဉ်းထောင်ထဲက ကျောင်းသားတွေကို ဆေးကုမပေး (ရုပ်/သံ)

ထားဝယ်- ထီးခီးလမ်းပိုင်းရှိ ထီးခီး ကုန်သွယ်ရေးဂိတ် / CJ

တိုက်ပွဲကြောင့် ထိုင်း-မြန်မာ နယ်စပ် ထီးခီးကုန်သွယ်ရေးဂိတ် ယာယီပိတ်လိုက်ရ

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

7 days ago
1.9k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

6 days ago
1.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ကမ္ဘာ့အကြီးဆုံး ရေနံသိုက်ကြီး ပိုင်ဆိုင်ထားတဲ့ ဗင်နီဇွဲလား

    shares
    Share 0 Tweet 0
  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved