တိတ်ဆိတ်သွားသည့် ရခိုင်စစ်မျက်နှာ
၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ စတင်သည့် ရခိုင်စစ်မျက်နှာ တိုက်ပွဲများသည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ခုနှစ် အတွင်း ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သည်။ ရက္ခိုင့် တပ်တော် (AA)၏ တိုက်စွမ်းရည်၊ စည်းရုံးနိုင်စွမ်းနှင့် ရခိုင်လူထု၏ ထောက်ခံမှုသည် အများမျှော်လင့်ထားသည်ထက်ပိုခဲ့သည်။
AA အား အစောပိုင်းက အထင်မြင်သေးခဲ့ကြသော်လည်း လက်တွေ့တွင် ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်-နပခ နယ်မြေရှိ တိုင်းတပ်များ၊ စစ်ဆင်ရေးနှင့်ကွပ်ကဲမှုဌာနချုပ်-စကခ ၃ ခု၊ နယ်ခြားစောင့် ရဲကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ ရဲတပ်ဖွဲ့များဖြင့် ရင်ဆိုင်ရန် မလုံလောက်သဖြင့် တပ်မ ၅ ခုခန့် ထပ်မံ ပို့ပေးပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။
ပြင်းထန်သော စစ်ပွဲနှင့်အတူ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲခန့် အထိ မြင့်တက်ခဲ့သည်။ ထိုအချိန်ကာလက ပြည်မ ဒီမိုကရက်တစ်အများစုသည်ပင် AA ၏ လက်နက်ကိုင်တော်လှန်မှုကို နားလည်နိုင်စွမ်း မရှိကြပေ။ AA သည် ရခိုင်လူထုအ များစု၏ ထောက်ခံမှုဖြင့် ၎င်းတို့၏ လက်နက်ကိုင်တော်လှန်မှုကို ဆင်နွှဲခဲ့ရသည်။
ပြင်းထန်သော စစ်ပွဲနှင့်အတူ စစ်ဘေးဒုက္ခသည် နှစ်သိန်းခွဲခန့် အထိ မြင့်တက်ခဲ့သည်။ ထိုအချိန်ကာလက ပြည်မ ဒီမိုကရက်တစ်အများစုသည်ပင် AA ၏ လက်နက်ကိုင်တော်လှန်မှုကို နားလည်နိုင်စွမ်း မရှိကြပေ။ AA သည် ရခိုင်လူထုအ များစု၏ ထောက်ခံမှုဖြင့် ၎င်းတို့၏ လက်နက်ကိုင်တော်လှန်မှုကို ဆင်နွှဲခဲ့ရသည်။
၂၀၂၀ ခုနှစ် နိုဝင်ဘာလတွင် မြန်မာစစ်တပ်နှင့် AA ကြား ကိုယ့်အကြောင်းနှင့်ကိုယ် အပစ်ရပ်ရန် နားလည်မှုဖြင့် သဘောတူခဲ့ကြသည်။ သို့နှင့် ၂ နှစ်နီးပါးခန့် ပြင်းထန်စွာဖြစ်ပွားခဲ့သော ရခိုင်စစ်မျက်နှာသည် ရုတ်ချည်း တိတ်ဆိတ်ငြိမ် သက်သွားခဲ့သည်။
သို့သော် ထိုတိတ်ဆိတ်နေသောကာလတွင် AA သည် ထိုအချိန်ကာလကို သူအတွက်အကျိုးရှိအောင် မြန်မြန်ဆန်ဆန် ခြေသွက်လက်သွက် ဆောင်ရွက်ခဲ့သည်။
ထိုကာလတွင် AA သည် စစ်ဒေသများ ခိုင်မာအောင် တည်ဆောက်ခြင်း၊ စစ် ဒေသအလိုက် စစ်သင်တန်းများပေး၍ တပ်သားသစ် ဖြည့်တင်းခြင်း၊ ရခိုင်ပြည်သူ့အာဏာပိုင်အဖွဲ့ -APA ကို ဖွဲ့စည်းပြီး အုပ်ချုပ်ရေး နယ်မြေများ ခွဲခြား သတ်မှတ် ခြင်း၊ အုပ်ချုပ်ရေး၊ စည်းရုံးရေး၊ တရားစီရင်ရေးနှင့် ဘဏ္ဏာရေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ဖွဲ့စည်းခြင်း၊ သင်တန်းပေး ခြင်းများ ဆောင်ရွက်ခဲ့သည်။
တိတ်ဆိတ်မှု တစတစ ပျောက်ကွယ်ခြင်း
သို့ဖြစ်ရာ ထိုတိတ်ဆိတ်သောကာလတွင် ရခိုင်စစ်မျက်နှာ၌ AA ၏ စစ်အင်အားနှင့် တပ်ဖွဲ့စည်းပုံ၊ အုပ်ချုပ်ရေး ယန္တရား များ စနစ်တကျ လည်ပတ်လာနိုင်ခဲ့သည်။
၂၀၂၂ ခုနှစ်တွင် AA သည် တရင်းလျှင် အင်အား ၃၀၀ ခန့်ပါသည့် တပ်ရင်း ၃၀၀ ခန့် ဖွဲ့စည်းနိုင်ခဲ့ပြီး အနည်းဆုံး စစ်ဒေသ ၇ ခုနှင့် တပ်မဟာ ၃ ခု ဖွဲ့စည်းထားရှိနိုင်သကဲ့သို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသသာမက မြို့ပြအားလုံးနီးပါး ထိုးဖောက် စည်းရုံးနိုင်ခဲ့ပြီး အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတို့ကိုပါ ကိုင်တွယ်ခဲ့သည်။
သို့ဖြစ်ရာ စစ်အာဏာသိမ်းရန်အတွက် ရခိုင်တွင် ခေတ္တအပစ်ရပ်ထားသော စစ်ကောင်စီအဖို့ ရခိုင်စစ်မြေပြင်ကို လွှတ်ထား၍ မရနိုင်တော့ပေ။ အပစ်ရပ်ထားချိန်တွင် အဖွဲ့အစည်း ခေါင်းဆောင်များကို စီးပွားရေး အခွင့်အလမ်းများ၊ မက်လုံးများ ပေးပြီး လက်နက်ကိုင်တပ်ကို လုံးပါးပါးစေရန် မျှော်လင့်ထားသည့် စစ်ကောင်စီအတွက် AA သည် ရတက်မအေးစရာ ဖြစ် နေခဲ့သည်။
AA ၏ ကြီးမားသည့် နိုင်ငံရေး ရည်မှန်းချက်ကို စစ်ကောင်စီအနေဖြင့် အနုနည်းဖြင့် ချိုးဖျက်ရန် စွမ်းဆောင်နိုင်ခြင်း မရှိခဲ့ပေ။
၂၀၂၂ ခုနှစ်တွင် AA သည် တရင်းလျှင် အင်အား ၃၀၀ ခန့်ပါသည့် တပ်ရင်း ၃၀၀ ခန့် ဖွဲ့စည်းနိုင်ခဲ့ပြီး အနည်းဆုံး စစ်ဒေသ ၇ ခုနှင့် တပ်မဟာ ၃ ခု ဖွဲ့စည်းထားရှိနိုင်သကဲ့သို့ ရခိုင်ပြည်နယ် ကျေးလက်ဒေသသာမက မြို့ပြအားလုံးနီးပါး ထိုးဖောက် စည်းရုံးနိုင်ခဲ့ပြီး အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးတို့ကိုပါ ကိုင်တွယ်ခဲ့သည်။
သို့ဖြစ်ရာ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် တိတ်ဆိတ်သွားခဲ့သော ရခိုင်စစ်မျက်နှာသည် ၂၀၂၁ ခုနှစ်တွင် ဆက်လက် တိတ်ဆိတ်နေခဲ့သော်လည်း ၂၀၂၂ ခုနှစ် နှစ်ဆန်းမှစ၍ တိုက်ပွဲများ စတင်လာခဲ့ပြီး ၂၀၂၂ ခုနှစ် ဩဂုတ်လမှ စတင်၍ ပြင်းထန်သည့် တိုက်ပွဲများ တကျော့ပြန် ပြန်လည် ဖြစ်ပွားခဲ့သည်။
ဤသို့ ပြန်လည်ဖြစ်ပွားသည့် အကြောင်းအချက်များမှာ ပထမ အချက်အနေနှင့် AA ၏ နိုင်ငံရေးရည်မှန်းချက်များကို စစ်ကောင်စီ အနေနှင့် လက်မခံနိုင်ခြင်း၊ ဒုတိယအနေနှင့် တဖြည်းဖြည်း ဩဇာတက်လာပြီး စည်းရုံးရေး၊ အုပ်ချုပ်ရေး နယ်မြေ ကျယ်ပြန့်လာသည့် AA အား ဟန့်တားတားဆီးရန် ပိုမိုတင်းကြပ်စွာ ကြိုးပမ်းလာခြင်းဆိုသည့် အချက်နှစ်ချက် အောက်တွင် ရခိုင်စစ်ပွဲ ပြန်လည်စတင်လာသည်ဟု ဆိုရမည်။
၂၀၂၀ ခုနှစ်၊ ၂၀၂၁ ခုနှစ်၊ ၂၀၂၂ ခုနှစ်များအတွင်း AA နှင့် စကစ အကြား အလွတ်သဘော ညိနှိုင်းမှုများ ပြုလုပ်ရာတွင် စစ်ကောင်စီဖက်မှ မည်သည့်လိုက်လျောမှုမှ မပြုလုပ်ဘဲ ၎င်းတို့၏ သဘောထားအား တဖက်သတ် လက်ခံခိုင်းသည်သာ ရှိခြင်းသည် ဆွေးနွေးညှိနှိုင်းမှုကို ပျက်ပြားစေသည့် အကြောင်းအချက်ဟု AA တာဝန်ရှိသူတဦးက ပြောသည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် မောင်တော မြောက်ပိုင်း ဝေလာတောင်ကြောတွင် AA စခန်းတခုအား စစ်ကောင်စီက ဖယ်ခိုင်းရာမှ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်က နောက်ဆုတ်ပေး၍ ယာယီပြေလည်ခဲ့၏။
သို့သော် ပို၍ တင်းမာလာစေသည့် အချက်မှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်အား AA ခေါင်းဆောင်များက ပယ်ချခဲ့သည့်ပြင် AA ခေါင်းဆောင်များသည် NUG ခေါင်းဆောင်များနှင့် အလွတ်သ ဘော တွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ကောင်စီအတွက် အမျက်ထွက်စရာဖြစ်ခဲ့၏။
သို့နှင့် AA နှင့် စစ်ကောင်စီအကြား တင်းမာမှု များပိုတိုးလာပြီး တကျော့ပြန်စစ်ပွဲ ပြန်လည် စတင်ခဲ့တော့သည်။
ရခိုင်ပြည်နယ်မှ ဖြတ်လေးဖြတ်နှင့် လူဖမ်းပွဲများ
၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ အပစ်ရပ်ပြီးနောက် အဖမ်းခံရသည့် AA တပ်ဖွဲ့ဝင်အချို့၊ AA နှင့်ဆက်စပ်သူအချို့နှင့် ရခိုင် နိုင်ငံရေးသမားအချို့ကို ပြန်လွှတ်ပေးခဲ့သော်လည်း စစ်ကောင်စီ အလေးထားကိုင်တွယ်သည်မှာ AA အား ဖြတ်တောက် ပိတ်ဆို့ရေး ဖြစ်သည်။
ရခိုင်ပြည်သို့ အဓိက ကုန်စည်စီးဆင်းရာ အမ်းတောင်ကြားလမ်းဂိတ်တွင် ကုန်တင်ကားကြီးများသည် ရခိုင်ပြည်နယ် စစ်ကောင်စီ နယ်/လုံ ဝန်ကြီး၏ လက်မှတ်မပါဘဲ ဖြတ်သန်းခွင့် မရပေ။ စစ်ကောင်စီ အာဏာသိမ်းပြီးကတည်းက ကုန်စည်စီးဆင်းမှုကို ချုပ်ကိုင်ခံရသည့် တခုတည်းသော ပြည်နယ်ဖြစ်သည်။
ပို၍ တင်းမာလာစေသည့် အချက်မှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်အား AA ခေါင်းဆောင်များက ပယ်ချခဲ့သည့်ပြင် AA ခေါင်းဆောင်များသည် NUG ခေါင်းဆောင်များနှင့် အလွတ်သ ဘော တွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ကောင်စီအတွက် အမျက်ထွက်စရာဖြစ်ခဲ့၏။
ပို၍ တင်းမာလာစေသည့် အချက်မှာ ၂၀၂၂ ခုနှစ် ဧပြီလတွင် စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ဖိတ်ခေါ်ချက်အား AA ခေါင်းဆောင်များက ပယ်ချခဲ့သည့်ပြင် AA ခေါင်းဆောင်များသည် NUG ခေါင်းဆောင်များနှင့် အလွတ်သ ဘော တွေ့ဆုံဆွေးနွေးခဲ့ရာ စစ်ကောင်စီအတွက် အမျက်ထွက်စရာဖြစ်ခဲ့၏။
အဓိက AA ထံသို့ ရိက္ခာ၊ ဆေးဝါး၊ လက်နက်ခဲယမ်းနှင့် လိုအပ်သည့် အသုံးအဆောင်ပစ္စည်းများ မရောက်အောင် ချုပ်ကိုင်ခြင်း ဖြစ်သည်။ ပြည်နယ်တွင်းတွင်လည်း ကျောက်တော်နှင့် ပလက်ဝကြား ကုလားတန်မြစ်ကြောင်းအတိုင်း ကုန်စည်သယ်ပို့ခြင်း၊ သွားလာခြင်းကို ကန့်သတ်မြဲ ဆက်လက်ကန့်သတ်ထားသည်။ တင်းကြပ်စွာ ချုပ်ကိုင်ထားသည်။
ထိုသို့ တင်းမာမှုများ စတင်လာပြီးနောက် ၂၀၂၂ ခုနှစ် မေလမှစ၍ AA နှင့် ပတ်သက်ဆက်နွယ်သည်ဟူသည့် အကြောင်းပြချက်ဖြင့် ရခိုင်ပြည်နယ်တွင်း စစ်ကောင်စီက လူဖမ်းပွဲ စတင်ခဲ့သည်။ အစောပိုင်းတွင် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးပါတီမှ ပါတီဝင်များ၊ အရပ်ဖက်အဖွဲ့အစည်းမှ လူပုဂ္ဂိုလ်များ၊ ကျေးရွာ/အုပ်စု အုပ်ချုပ်ရေးမှူးများ ပါဝင်ကြသည်။
AA ဘက်ကလည်း စစ်ကောင်စီ အရာရှိ၊ တပ်ဖွဲ့ဝင်များကို မြို့ပေါ်တက်၍ ဖမ်းဆီးသည်ကို တွေ့ရ၏။ သို့သော်လည်း စစ်ကောင်စီဘက်က ဖမ်းဆီးသူ ပိုများသည်ကို တွေ့ရ၏။ ဤသို့ပိတ်ဆို့မှု၊ ဖမ်းဆီးမှုများအပြင် ဝေလာတောင်ကြောရှိ AA စခန်းများအားလည်း စစ်ကောင်စီဘက်က ဖယ်ရှားရန် ကြိုးပမ်းသည့်နောက်တွင် ရခိုင်တွင် ပြင်းထန်သည့် စစ်ရေးတိုက်ပွဲများ ပြန်လည် တွေ့ကြုံရသည်။
စစ်ကောင်စီ၏ စစ်ပြင်ဆင်မှု
၂၀၂၂ ခုနှစ်အတွင်း စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်တွင် စစ်ပြင်လာ၏။ ရခိုင်စစ်ပွဲကာလ ကတည်းက နပခ တိုင်းမှူးသည် ဌာနချုပ် အမ်းတွင် အခြေမစိုက်ဘဲ ဒကစရှိရာ စစ်တွေတွင်အခြေပြုသည်။ သို့ဖြစ်ရာ စစ်တွေတွင် တိုင်းမှူး၊ ဒကစမှူး နှင့် ဒကစ လက်အောက်ခံတိုင်းတပ်များ အခြေပြုသည်။
၂၀၂၂ ခုနှစ်ထဲတွင် ရခိုင်ပြည်နယ်အတွင်း ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးအထိ ပြုလုပ်နိုင်ရန် ကြိုတင်စီမံမှုများကို ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် အနီးကပ် လမ်းညွှန် ကြီးကြပ်ခဲ့ကြောင်း သိရသည်။ ကြည်းတပ် အင်အားသာမက ရေတပ်အင်အားကိုလည်း ရခိုင်ပြည်နယ်တွင် ဖြည့်တင်းခဲ့သည်။
မောင်တော မယူတောင်တန်းတကြော ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျောက် ချထားသည့် အင်အား ၃၀၀၀ ခန့်ရှိ နယ်ခြား ရဲ ကွပ်ကဲမှုဌာနချုပ်အား တပ်မ ၇၇ တပ်များ ထပ်ဖြည့်ထား၏။ ဘူးသီးတောင်၊ ရသေ့တောင် စစ်နယ်တွင် ဒေသခံ ဘူး သီးတောင်အခြေစိုက် စကခ ၁၅ အပြင် တပ်မ ၂၂ ကို ထပ်ဖြည့်ထားသည်။
ကျောက်တော်၊ မြောက်ဦးစစ်နယ်တွင် ကျောက်တော်အခြေစိုက် ဒေသခံ စကခ ၉ အပြင် တပ်မ ၅၅ ကို ထပ်ဖြည့်ထား၏။ အမ်း၊ ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ စစ်နယ်တွင် တိုင်းတပ်များအပြင် တောင်ကုတ်အခြေစိုက် ဒေသခံ စကခ ၅ တာဝန်ယူထား၏။
ပလက်ဝ စစ်နယ်တွင် တိုင်းတပ်အပြင် တပ်မ ၁၁ ကို ဖြည့်တင်းနေရာ ယူထားသည်။ ထို့ပြင် တပ်ရင်း၊ စကခ ဌာနချုပ်များတွင် အမြောက်များ ဆင်ထားသကဲ့သို့ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းကြား ကန်စောက်၊ မြောက်ဦးနှင့် ကျောက်တော်ကြား လင်းမြွေတောင်တို့တွင် အမြောက်စခန်းများ ဖွင့်လှစ်ထားရှိပြီး အမြောက်များအပြင် အတွဲလိုက်ပစ်ဒုံးများပါ ပြင်ဆင်ထားဖွယ် ရှိသည်ဟု ဆို၏။
၂၀၂၂ ခုနှစ်ထဲတွင် ရခိုင်ပြည်နယ်အတွင်း ကြည်း၊ ရေ၊ လေ ပူးပေါင်း စစ်ဆင်ရေးအထိ ပြုလုပ်နိုင်ရန် ကြိုတင်စီမံမှုများကို ဒုစစ်ခေါင်းဆောင် စိုးဝင်းကိုယ်တိုင် အနီးကပ် လမ်းညွှန် ကြီးကြပ်ခဲ့ကြောင်း သိရသည်။ ကြည်းတပ် အင်အားသာမက ရေတပ်အင်အားကိုလည်း ရခိုင်ပြည်နယ်တွင် ဖြည့်တင်းခဲ့သည်။
တပြည်လုံး အနေအထားအရလည်း ရခိုင်ပြည်နယ် နပခ စစ်တိုင်းနယ်မြေသည် တိုင်းတပ်များအပြင် တပ်မ/စကခ ၇ ခု တပ်ဖြန့်ထားရာ တပ်အင်အားချထားမှု အများဆုံး ဖြစ်သည်။
ရမ်းဗြဲကျွန်းအခြေစိုက် ဓညဝတီရေတပ်စခန်းသည် ရမ်းဗြဲကျွန်းနှင့် ရခိုင်ကမ်းရိုးတန်းကြား သံဇိုက်မြစ်၊ ကလိန်တောင် မြစ်ကြောင်းများတွင်လည်းကောင်း၊ စစ်တွေ၊ မြေပုံ၊ ပေါက်တော ရေလမ်းကြောင်းတွင် လည်းကောင်း၊ ကုလားတန်မြစ်၊ မယူမြစ် မြစ်ကြောင်း တလျှောက်နှင့် လေးမြို့မြစ် အောက်ပိုင်းတွင်လည်းကောင်း၊ ရခိုင်ကမ်းရိုးတန်း တလျှောက် ဘင်္ဂလား ပင် လယ်အော်တွင် လည်းကောင်း ဖြန့်ခွဲနေရာယူသည်။
ထို့ပြင် လေကြောင်းပစ်ကူအတွက် ကကလေကို တောင်းခံနိုင်သေးသည်။ စစ်ကောင်စီ အနေနှင့် ရခိုင်တွင် ကြည်း၊ ရေ၊ လေ စစ်ဆင်နိုင်ရန် ပြင်ဆင်ထားသည်။ ရခိုင်တွင် စစ်သည်အင်အား သက်သက်သာ တွက်ပါက AA က စစ်ကောင်စီ တပ်အင်အားထက် များနေသည်ဖြစ်ရာ စစ်ကောင်စီအနေနှင့် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့် AA အား ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။
AA ၏ စစ်ဆင်ရေး
AA ၏ တိုက်ပွဲများသည် ဩဂုတ်လအတွင်း စတင်သည်ကို တွေ့ရသည်။ အစောဆုံးတိုက်ပွဲများအား ပလက်ဝမြို့နယ်အတွင်း တွေ့ရပြီး ဆက်တိုက်ဆိုသလို မောင်တောမြောက်ပိုင်းတွင်လည်း စစ်ဆင်ရေးတရပ် ဆင်နွှဲလာသည်ကို တွေ့ရသည်။
စစ်ကောင်စီ အနေနှင့် ရခိုင်တွင် ကြည်း၊ ရေ၊ လေ စစ်ဆင်နိုင်ရန် ပြင်ဆင်ထားသည်။ ရခိုင်တွင် စစ်သည်အင်အား သက်သက်သာ တွက်ပါက AA က စစ်ကောင်စီ တပ်အင်အားထက် များနေသည်ဖြစ်ရာ စစ်ကောင်စီအနေနှင့် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးပစ်ကူများနှင့် AA အား ရင်ဆိုင်ရန် ပြင်ဆင်ထားသည်။
၂၀၂၂ ခုနှစ်၊ ဩဂုတ် ၂၅ ရက်မှ စက်တင်ဘာ ၁၀ ရက်နေ့အထိ နှစ်ပတ်အတွင်း ပလက်ဝမြို့နယ်အတွင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၅ ခုနှင့် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီ အခြေစိုက်စခန်း ၄ ခုအား AA က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
စစ်ကောင်စီတပ်များက လေကြောင်းပစ်ကူသုံး၍ အပြင်းအထန် ခုခံခဲ့သည်။ စစ်ကောင်စီ လေတပ်၏ ပစ်ခတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ် ပိုင်နက်တွင်းသို့ ဗုံးများ၊ ဒုံးကျည်များကျရောက်သဖြင့် စစ်ကောင်စီနှင့် ဘင်္ဂလားအစိုးရကြား တင်းမာမှု မြင့်တက်ခဲ့သည်။
ဤသို့ လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူများကို အများအပြား အသုံးပြုခဲ့သော်လည်း စစ်ကောင်စီတပ်များသည် စခန်းများအား မခုခံနိုင်ဘဲ စွန့်လွှတ်ခဲ့ရသည်။
ထိုစခန်းများအား ပြန်လည် မသိမ်းပိုက်နိုင်သည့်အပြင် AA ထပ်မံ တိုက်ခိုက် သိမ်းပိုက်နိုင်သည့် သို့မဟုတ် AA ၏ ဝိုင်းပတ် ပိတ်ဆို့ခြင်းခံထားရသည့် ပလက်ဝ မြို့နယ်အတွင်းရှိ အင်အား ရာဂဏန်းရှိ စခန်းကြီးတခုအား မင်းပြားသို့ ဆုတ်ခွာရသည့်အပြင် မောင်တောမြောက်ပိုင်းရှိ စခန်းငယ် အများအပြားကိုလည်း ဆုတ်ခွာ ပူးပေါင်းလိုက်ရရာ AA ထိန်းချုပ်နယ်မြေ ကျယ်ပြန့်သွားသည်။
ထို့ပြင် မောင်တောမြောက်ပိုင်းရှိ မိုင်တိုင် ၄၀ နှင့် မီးတိုက်နယ်ခြား စောင့်စခန်းတို့ကို သိမ်းပိုက်လိုက်သည်။ ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ တောင်ပြိုလက်ဝဲ ဗျူဟာစခန်းကိုလည်း ကုန်းလမ်းမှ ပိတ်ဆို့ထားလိုက်ပြီးနောက် လိပ်ရစခန်းအား အောက်တိုဘာလဆန်းတွင် ဆက်လက်သိမ်းပိုက်ခဲ့ရာ တောင်ပြိုလက်ဝဲဗျူဟာစခန်းအား နတ်မြစ်မှတဆင့် ဆက်သွယ်သည့် ရေလမ်းကြောင်းအားလည်း ပိတ်ဆို့ထားလိုက်နိုင်သည်။
AA ထပ်မံ တိုက်ခိုက် သိမ်းပိုက်နိုင်သည့် သို့မဟုတ် AA ၏ ဝိုင်းပတ် ပိတ်ဆို့ခြင်းခံထားရသည့် ပလက်ဝ မြို့နယ်အတွင်းရှိ အင်အား ရာဂဏန်းရှိ စခန်းကြီးတခုအား မင်းပြားသို့ ဆုတ်ခွာရသည့်အပြင် မောင်တောမြောက်ပိုင်းရှိ စခန်းငယ် အများအပြားကိုလည်း ဆုတ်ခွာ ပူးပေါင်းလိုက်ရရာ AA ထိန်းချုပ်နယ်မြေ ကျယ်ပြန့်သွားသည်။
ထို့ပြင် ကြိမ်ချောင်းဗျူဟာ ကာကင်းစခန်း၊ ခမရ ၃၅၂ တပ်ရင်း၏ စခန်းများကို သိမ်းပိုက်ပြီးနောက် ခမောက်ဆိပ်ဗျူဟာအားလည်း ဆက်လက်တိုက်ခိုက်ခဲ့သည်ကို တွေ့ရ၏။
သို့ဖြစ်ရာ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်ရှိ ဝေလာတောင်ကြော၊ ခမောက်ဆိပ်မြောက်ဖက် မယူတောင်တန်း မြောက်ပိုင်း၊ ဘူးသီတောင် မြောက်ဖက် စိုင်းတင်တောင်တန်းမြောက်ပိုင်းမှသည် ပလက်ဝ အနောက်ဖက် အိန္ဒိယနယ်စပ် တလျှောက် ကောင်းစွာ စိုးမိုးသွားနိုင်သည်ကို တွေ့ရသည်။
လက်တွေ့မြေပြင်တွင်လည်း ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ်မှ ပြန်လည်ထိုးစစ်ဆင်သည်အား ကြိမ်ချောင်း မြောက်ဖက် ဝက်ကျိန်းအနီးတွင် AA ကဖြတ်တောက်ထားသည်ကို တွေ့ရပြီး နယ်စပ်နှင့် ဝေးကွာသည်ကို တွေ့ရသည်။
ထို့ပြင် ဘင်္ဂလားနယ်စပ်တလျှောက်တွင်လည်း လေကြောင်း တိုက်ခိုက်မှုများ မတွေ့ရတော့ပေ။ AA သည် နယ်စပ်မှ တောင်ဖက်သို့ အတော်အသင့် တိုးဝင် ထိန်းချုပ်နိုင်သည်ဟု ဆိုရပေမည်။
ဩဂုတ်လမှစ၍ နိုဝင်ဘာဆန်းအထိ AA တပ်ဖွဲ့၏ ပြင်းထန်သော စစ်ဆင်ရေးနှင့်တိုက်ပွဲများအား မောင်တော မြောက်ပိုင်း နှင့် ပလက်ဝ မြို့နယ်တွင်းတွင် ပြုလုပ်ခဲ့ရာတွင် စခန်းသိမ်းတိုက်ပွဲများ အဓိကထားပြုလုပ်ခဲ့သည်ကို တွေ့ရသည်။
ယခုတကျော့ပြန် ရခိုင်စစ်ပွဲတွင် AA ၏ စစ်ဗျူဟာနှင့် တိုက်ရည်ခိုက်ရည် သိသိသာသာ တက်လာသည်ကို တွေ့ရ၏။ စစ်ဆင်ရေးကိုလည်း သူဘက်က အသာဖြင့် သူတိုက်ချင်သည့်နေရာဒေသများတွင် သူလိုချင်သည့်ပုံစံအတိုင်း တိုက်လာနိုင်သည်ကို တွေ့ရသည်။
ကျန်မြို့နယ်ဒေသများ ဖြစ်ကြသော ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ အမ်း၊ တောင်ကုတ် မြို့နယ်များတွင် စခန်းသိမ်းတိုက်ပွဲများ ဆင်နွှဲခြင်းမရှိဘဲ လမ်းဖြတ်တိုက်ပွဲ၊ လှုပ်ရှားစစ်ကြောင်းအား ချေမှုန်းရေး တိုက်ပွဲများကိုသာ ဆင်နွှဲပြီး အကန့်အသတ်နှင့် စစ်ဆင်သည်ကို တွေ့ရသည်။
ယခုတကျော့ပြန် ရခိုင်စစ်ပွဲတွင် AA ၏ စစ်ဗျူဟာနှင့် တိုက်ရည်ခိုက်ရည် သိသိသာသာ တက်လာသည်ကို တွေ့ရ၏။ စစ်ဆင်ရေးကိုလည်း သူဘက်က အသာဖြင့် သူတိုက်ချင်သည့်နေရာဒေသများတွင် သူလိုချင်သည့်ပုံစံအတိုင်း တိုက်လာနိုင်သည်ကို တွေ့ရသည်။
စခန်းသိမ်းတိုက်ပွဲတိုက်သည့် စစ်ဆင်ရေးကို ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနယ်စပ်ကို ကျောပေး၍ ပြုလုပ်သွားပြီး လွတ်မြောက်အခြေခံဒေသ တည်ဆောက်ရေးကို ဦးတည်သည်ဟု သုံးသပ်ရ၏။
တချိန်တည်းတွင် ထိုစစ်ဆင်ရေးကို အထောက်အကူပြုရန်နှင့် အခြားဒေသများရှိ စစ်ကောင်စီတပ်များအား ထိန်းချုပ်ရန် စစ်ကောင်စီ စခန်းများ ပြန်လည်ဖြတ်တောက်ခြင်း၊ လှုပ်ရှားရန်သူချေမှုန်းခြင်းတို့အား ပိုင်နိုင်စွာ ပြုလုပ်သွားသည်ကို တွေ့ ရသည်။
ထို့ပြင် AA သည် မောင်တောမြောက်ပိုင်း၊ မယူတောင်တန်းမြောက်ပိုင်းတွင် အဓိကနယ်မြေ သိမ်းပိုက် တည်ဆောက်နေ သော်လည်း စစ်ကောင်စီတပ်များသည် AA တပ်များအား မယူတောင်တန်းမြောက်ပိုင်းတွင်သာ ပိတ်ဆို့ထား၍ မရခဲ့ပေ။ မယူတောင်တန်း၏ တောင်ဖက်ရှိ ကိုးတန်ကောက်၊ ချိန်ခါလီ၊ ကျောက်ပန္ဒူ၊ ဒုံပိုက်၊ ဂူတာပြင်၊ စေတီပြင်လမ်းခွဲစသည့် ဒေသများတွင် တိုက်ပွဲများ ဖေါ်ဆောင်နိုင်သည်ကို တွေ့ရသည်။
အလားတူပင် ရခိုင်ပြည်နယ်ရှိ အခြားမြို့နယ်များတွင်လည်း တိုက်ပွဲများ ဖေါ်နိုင်ခဲ့သည်။
၂၀၁၉ ခုနှစ်၊ ၂၀၂၀ ခုနှစ် စစ်ပွဲကတည်းက လှုပ်ရှားခဲ့သည့် ရခိုင်မြောက်ပိုင်း မြို့နယ်များသာမက ရခိုင်တောင်ပိုင်းဟု ခေါ် ဆိုကြသည့် တောင်ကုတ်၊ သံတွဲ၊ ဂွ မြို့နယ်များတွင်ပါ တိုက်ပွဲများ AA ၏ လှုပ်ရှားမှုများကို တွေ့ရသည်။
ထို့ပြင် ရမ်းဗြဲကျွန်း၊ မာန်အောင်ကျွန်းများတွင်လည်း AA လှုပ်ရှားမှုများကို တွေ့ရသည်မှာ ၂၀၂၂ ခုနှစ်၊ တကျော့ပြန် ရခိုင် စစ်ပွဲ၏ ထူးခြားချက်ဟု ဆိုရပေမည်။
ဆက်ရန်ရှိသည်။
(ကိုဦးသည် တိုင်းရင်းသားအရေး လေ့လာသူ သုတေသီတဦး ဖြစ်သည်။)
You may also like these stories:
စစ်တွေမြို့ကို စစ်ကောင်စီ ပိတ်ထား၍ ကူးသန်းသွားလာရေး အခက်အခဲများဖြစ်
စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား
ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်
ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား