• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

23 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို AA ထိန်းချုပ်ထားပြီလား

by ဧရာဝတီ
21 November 2022
in သတင်း
A A
ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားသည့် ကားလမ်းပိုင်းပြမြေပုံ

ရခိုင်ပြည်နယ်အတွင်း AA ထိန်းချုပ်ထားသည့် ကားလမ်းပိုင်းပြမြေပုံ

9.7k
VIEWS
Share on FacebookShare on Twitter

စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA)တို့အကြား နေ့စဉ်ထိတွေ့တိုက်ပွဲများ ဖြစ်နေသလို တိုက်ပွဲဧရိယာမှာလည်း တဖြည်းဖြည်းကျယ်ပြန့်လာရာ ယခုဆိုလျှင် ပြည်နယ်ကောင်စီရုံးစိုက်ရာ စစ်တွေမြို့အထိ နီးကပ်လာနေပြီဟု ဆိုရမည်ဖြစ် သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၅ရက်က စစ်တွေနှင့် ၁၃မိုင်ခန့်အကွာရှိ ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ဘူတာမှ စစ်ကောင်စီတပ် များကို ရက္ခိုင့်တပ်တော်တပ်ဖွဲ့ဝင်များက တိုက်ခိုက်ကာ ရန်ကုန်မှ စစ်တွေမြို့သို့ လာရောက်နိုင်သည့် ကားလမ်းပေါ် တွင် စစ်ဆေးရေးဂိတ် ၃ခု ဖွင့်ပြီးနောက် ယင်းလမ်းကို ထိန်းချုပ်လိုက်ခြင်း ဖြစ်သည်။

၎င်းကားလမ်းမပေါ်ရှိ ဒီပါရုံကျေးရွာတွင် နေထိုင်သည့် ရွာသားတဦးက စစ်ကောင်စီတပ်များသည် ဆင်အင်းကြီးရွာ ကို မီးရှို့ ပြီးကတည်းက စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းပေါ်တွင် သွားလာမှု မရှိတော့ကြောင်း၊ ယခုအခါ AA တပ်ဖွဲ့များက ပုဏ္ဏားကျွန်းမြို့အထွက် တောင်ပေါက်မှ လမ်းတလျှောက် ဂိတ် ၃ ခု ဖွင့်ထားကာ ကားများကို စစ်ဆေး၍ သွားလာခွင့်ပြုနေ သည်ကို မြင်တွေ့ရကြောင်း ဧရာဝတီသို့ ပြောသည်။

နိုဝင်ဘာလ ၁၀ ရက်က ပုဏ္ဏားကျွန်းမြို့နယ်ရှိ ရန်ကုန်- စစ်တွေ ကားလမ်းပေါ်တွင် စစ်ကောင်စီ ရိက္ခာယာဉ် ၂ စီးကို AA က ကြားဖြတ်တိုက်ခိုက်ဖမ်းဆီးပြီးနောက် ပုဏ္ဏားကျွန်းအခြေစိုက် ခြေမြန် တပ်ရင်း ခမရ ၅၅၀ နှင့် စစ်တွေမြို့ ပါဒလိတ် အခြေစိုက် ခမရ ၂၃၂ တပ်ရင်းတို့မှ လက်နက်ကြီးများ၊ ရဟတ်ယာဉ်များ၊ တိုက်ခိုက်ရေး ဒရုန်းများနှင့် တိုက်ပွဲ ဖြစ်သည့် အနီးဝန်းကျင်ကို လိုက်လံရှာဖွေ ပစ်ခတ်ခဲ့ပြီး၊ ကားလမ်းမပေါ်ရှိ ဆင်အင်းကြီးရွာကို ဝင်ရောက်မီးရှို့၍ ရွာခံ ၉ ဦး ကို ရက်ရက်စက်စက် သတ်ဖြတ်ကာ ဒီပါရုံရွာကိုလည်း လက်နက်ကြီးဖြင့် ပစ်သည့်အတွက် လယ်သမား ၂ ဦးသေဆုံးခဲ့ သည်။

ထိုဖြစ်စဉ်အပေါ် AA ပြန်ကြားရေးဌာနက ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)နှင့် ကျုးလွန်ရာတွင် ပါဝင်ပတ်သက် သူများ ကို လက်တုံ့ပြန်မည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ စစ်တွေ- ပုဏ္ဏားကျွန်းကားလမ်းပေါ်တွင် ဂိတ်များဖွင့်ကာ ထိန်းချုပ် လိုက်ခြင်းဖြစ်သည်။

AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက စစ်တွေ- ပုဏ္ဏားကျွန်း ကားလမ်းကို ၎င်းတို့ ထိန်းချုပ်ထားကြောင်း၊ စစ်ကောင်စီ ရိက္ခာတင်ယာဉ်အား ဖမ်းဆီးသိမ်းယူခြင်းမှာလည်း ပြည်သူကို ရိက္ခာဖြတ်တောက်မှု များပြုလုပ်နေသည့်အတွက် လိုအပ် ချက်အရ တန်ပြန် ဖမ်းဆီးသိမ်းယူရခြင်း ဖြစ်ကြောင်း ဧရာဝတီသို့ အတည်ပြုပြောသည်။

“စစ်ကောင်စီတပ်က ပြည်သူတွေကို နည်းမျိုးစုံနဲ့ လမ်းကြောင်းတွေ ပိတ်ပြီးတော့ အငတ်ဘေးကြုံအောင် အခြေခံ ဆေးဝါး နဲ့ စားသောက်ကုန်တွေကို ဖြတ်တောက်ထားတယ်။ ဒါကြောင့် အခုဒီကားလမ်းကိုလည်း ကျနော်တို့ ထိန်းချုပ်ထားတယ်။ သူတို့ ရိက္ခာကားတွေကို သွားခွင့်မပြုတော့ဘူး၊ စစ်ရေးအရ ဘယ်နေရာကို ထိန်းချုပ်တယ်။ ဘယ်လို ထိန်းချုပ်ထား တယ် ဆိုတာတော့ ပြောလို့မရဘူး ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်တွေ- ပုဏ္ဏားကျွန်းကားလမ်းမပေါ်ရှိ ကျေးရွာများမှာလည်း နိုဝင်ဘာလ ၁၁ ရက်နေ့ကတည်းက ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေသလို ယင်းကားလမ်း ပေါ်ရှိ အမှတ် ၅၅၀ ခြေမြန်တပ်ရင်းနှင့် ကွမ်းတောင်ရွာ ဘူတာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်များလည်း တပ်စခန်းအပြင်သို့ မထွက်ရဲတော့ဘဲ AA တပ်များ၏ ဝိုင်းဝန်းပိတ်ဆို့ခြင်းကို ခံနေရကြောင်း ဒေသတွင်း စစ်ရေးလေ့လာစောင့်ကြည့်သူများက ပြောသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
31
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
201
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
41

ပုဏ္ဏားကျွန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတဦးက “စစ်တွေ- ပုဏ္ဏားကျွန်းကားလမ်းကို သုံးပြီးတော့ စစ်တပ် သွားလာနေတာကို AA က ခွင့်မပြုတော့ဘူး။ အခု အဲဒီကားလမ်းကို ပြန် ထိန်းချုပ်ဖို့ စစ်တပ်ကလည်း စစ်ရေယာဉ် တွေနဲ့ အင်အားတွေဖြည့်နေတယ်။ AA ကလည်း အင်အား အမြောက်အမြား ဖြည့်ထားတဲ့ သဘောရှိတယ်။ ၅၅၀ တပ်ရင်း ကလည်း ထွက်မရတော့ဘူး။ ကွမ်းတောင်ဘူတာက တပ်ကလည်း အပြင်ထွက်မရဘူး။အခြေအနေကတော့ ဆိုးလာနိုင်တဲ့ သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် တပြည်လုံးအတိုင်းအတာဖြင့် စစ်မျက်နှာဖွင်တိုက်ခိုက်နေရသလို ရခိုင်ပြည်နယ်တွင်လည်း မြေပြင် ထိုးစစ်မဆင်နိုင်၊ အဓိက ကားလမ်းမကြီးဖြစ်သည့် ရန်ကုန်- စစ်တွေ ကားလမ်းကို သုံးပြီး စစ်အင်အားဖြည့်ရန်နှင့် ထောက်ပံ့ရေးလုပ်ငန်းများ မလုပ်နိုင်တော့ဘဲ ရေကြောင်း လေကြောင်းမှသာ စစ်ဆင်မှုပြုလုပ်နိုင်တော့ကြောင်း စစ်ရေး အကဲခတ်များက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလအတွင်း မြေပြင်တွေ့ရှိချက်များအရ မြန်မာစစ်တပ်သည် စစ်တွေမှ မောင်တောသို့ စစ်ကူများ ရာချီ ပေးပို့ရာတွင် ပြည်နယ်ပြင်ပမှ တပ်များအား ပို့သည်ကို မတွေ့ရဘဲ ရခိုင်အနောက်ပိုင်းတိုင်း စစ်ဌာချုပ်နယ်မြေ မှ တိုင်းတပ်များနှင့် တောင်ကုတ်နှင့် ရခိုင်တောင်ပိုင်းတွင် အမှတ် ၅ စစ်ဆင်ရေးနှင့် ကွပ်ကဲမှုဌာနချုပ်ဟုခေါ်သည့် စကခ ၅၊ မြောက်ဦး၊ ကျောက်တော်နယ်မြေတွင် စကခ ၉ အပြင် တပ်မ ၅၅ကို အားဖြည့်ပေးထားသည်ဟု တိုင်းရင်းသားအရေး လေ့လာသူတဦးကဆိုသည်။

ရခိုင်နိုင်ငံရေးသမားဦးဖေသန်းက “ စစ်တပ်က ရန်ကုန်- စစ်တွေ ကားလမ်းမကို အသုံးပြုပြီး မသွားနိုင်တာကြာပြီ ၊ သူတို့ စစ်တွေကနေ ပုဏ္ဏားကျွန်းလောက်ကိုပဲ သွားနိုင်တော့တယ်။ အခု အဲဒီလမ်းကိုလည်း AA က တန်ပြန် ပိတ်ဆို့မှုတွေ လုပ် လာတယ်ဆိုတော့ နောက်ပိုင်းဆို ရန်ကုန်- စစ်တွေ ကားလမ်းတခုလုံးကို လုံးဝ အသုံးပြုနိုင်တော့မှာ မဟုတ်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ရခိုင်ပြည်နယ်၏ တခုတည်းသော အဓိက ကားလမ်းမကြီးဖြစ်သည့် ရန်ကုန်- စစ်တွေ ကားလမ်းကြီးပေါ်တွင် အမ်း၊ မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ စစ်တွေ စသည့်မြို့များတည်ရှိပြီး မြို့ပေါ်အနီးဝန်းကျင်တဝိုက်တွင်သာ စစ်ကောင်စီတပ်က စိုးမိုးထားကာ ကျန်ကားလမ်းမတလျောက် နေရာများတွင် ရက္ခိုင့်တပ်တော် (AA) အဖွဲ့က နယ်မြေ စိုးမိုးထားကြောင်းလည်း စစ်ရေးအကဲခတ်များ က ပြောသည်။

AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက “ကားလမ်းတလျှောက် ထိန်းထားတာကတော့ သူနေရာနဲ့ သူရှိတယ်။ စစ်ကောင်စီ တပ်ကတော့ မြို့နဲ့ အနီးဝန်းကျင် လောက်ကိုတော့ သူတို့ ထိန်းချုပ်ပြီး နေရာယူထားတာရှိတယ် ကျနော်တို့က ကျန်တဲ့ လမ်းတလျှောက်မှာ နေရာတော်တော်များများကို ထိန်းချုပ်ပြီးတော့ လုံခြုံရေး ယူထားတာရှိတယ်လို့ ပြောလို့ရတယ် ” ဟု ဧရာဝတီသို့ ပြောသည်။

စစ်ရေး နိုင်ငံရေး သုတေသီတဦးက AA သည် အိန္ဒိယနယ်စပ်နှင့် ဘင်္ဂလား ဒေ့ရှ်နယ်စပ် အခြေခံဒေသတခု သို့မဟုတ် ထိန်းချုပ်နယ်မြေတခုရရှိရန် အဓိက ကြိုးပမ်းနေသည်ကိုတွေ့မြင်ရပြီး စစ်ကောင်စီကလည်း ၎င်းနယ်မြေများ မဆုံးရှုံး အောင် အပြင်းအထန် တန်ပြန်ထိုးစစ်များ လုပ်နေရသဖြင့် နယ်စပ်တွင် ထိုးစစ်မရပ်သရွေ့ တိုက်ပွဲဧရိယာ ကျယ်ပြန့် လာနိုင်ပြီး မြို့တော်စစ်တွေကိုပါ ခြိမ်းခြောက်လာနိုင်ကြောင်းပြောသည်။

၎င်းက “AA က နယ်စပ်ကို ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အချိန်မှာ စစ်တပ်ကလည်း အဲဒီနယ်မြေတွေ မကျဆုံးအောင် အကြီး အကျယ် ထိုးစစ်ပြန်ဆင်နေတယ်။ ဒီအခြေအနေမှာ AA ကလည်း အောက်ဘက်ကို စစ်မျက်နှာ တခုဖွင့်ရမယ့် အခြေအနေ ဖြစ်လာတယ်လို့ သုံးသပ်တယ်။ အခုဆိုရင် အစိုးရရုံးစိုက်ရာ စစ်တွေနဲ့ နီးလာပြီ ၊ စစ်တွေနဲ့ ပုဏ္ဏားကျွန်းကို ခြိမ်းခြောက် လာနေပြီဆိုတော့ နယ်စပ်က ထိုးစစ်တွေ မရပ်သရွေ့တော့ တိုက်ပွဲကကျယ်ပြန့်လာနိုင်တဲ့ သဘောရှိတယ်” ဟု သုံးသပ် သည်။

ရခိုင်မြောက်ပိုင်းသည် အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်တို့နှင့် နယ်စပ်ချင်းဆက်စပ်နေပြီး ထိုဒေသသည် ပလက်ဝ၏ အနောက် ဘက်၊ ကစ္ဆပနဒီမြစ်၏ အနောက်ဘက်နှင့် ဘူးသီတောင်၊ မောင်တော၏ မြောက်ဘက်ဖြစ်ပြီး တောတောင်ထူထပ်သည့် ဒေသဖြစ်ကာ ပလက်ဝ အနောက်ခြမ်းသည် AA စတင် အခြေချခဲ့သည့် ဒေသဖြစ်ပြီး အခိုင်အမာ ခြေကုပ်ရရှိ ထားသော နယ်မြေဖြစ်သည်။

ထို့ကြောင့် ပြီးခဲ့သည့် ဩဂုတ်လမှ စတင်၍ ရခိုင်ပြည်နယ် မြောက်ပိုင်းရှိ မြို့နယ်အသီးသီးသို့ ဆက်သွယ်ထားသည့် ကုန်း လမ်းနှင့်ရေလမ်းကြောင်းများကို စစ်ကောင်စီဘက်က ပိတ်ဆို့ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မြေပြင်တွင် AA တပ်ဖွဲ့ဝင်များအား ယှဉ်ပြိုင် တိုက်ခိုက်နိုင်စွမ်းမရှိတော့သဖြင့် အရပ်သား ပြည်သူ များကို ဦးတည်ပြီး တိုက်ခိုက်လာသလို ယခုတကျော့ပြန်တိုက်ပွဲများတွင် ခေတ်မီတိုက်ခိုက်ရေး ဒရုန်းများကို တွင်တွင် ကျယ်ကျယ် အသုံးပြုလာကြောင်း AA ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောသည်။

နိုဝင်ဘာလ ၁၆ ရက်နေ့ နေ့လည်ပိုင်းကလည်း ကျောက်တော်မြို့နယ် ၊ ကန်စောက်အခြေစိုက် စစ်ကောင်စီတပ်ရင်း ခမရ ၅၃၉ မှ လက်နက်ကြီးများ ပစ်ခတ်မှုကြောင့် ချောင်းတူ ကျေးရွာသား အသက် ၅၀ အရွယ် အမျိုးသား ၃ ဦး၊ မောင်တော မြို့နယ် ၊ ဂြိတ်ချောင်း ကျေးရွာအတွင်း စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်ဌာနခွဲ ( ၇ ) အောင်ဆိပ်ပြင် နယ်ခြား စောင့် စခန်းမှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါအဝင် ရွာသား ၁၀ ဦးသေဆုံးပြီး ၂၇ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။

You may also like these stories:

ပုဏ္ဏားကျွန်း ဆင်အင်းကြီးရွာတွင် ဒေသခံ ၉ ဦး သတ်ဖြတ်ခံရ

လက်နက်ကြီး ပစ်ခတ်မှုကြောင့် ပုဏ္ဏားကျွန်း၌ ရွာလုံးကျွတ်ထွက်ပြေးနေရ

ရခိုင်မြောက်ပိုင်းကို AA ထိန်းချုပ်နိုင်ခဲ့သော်

ရခိုင်မြောက်ပိုင်း ရေလမ်းများ စစ်ကောင်စီ ပိတ်ဆို့ထား

ရခိုင်တွင်လည်း စစ်ကောင်စီ အုပ်ချုပ်ရေး ယန္တရား အပြည့်အဝ မလည်ပတ်နိုင်

Your Thoughts …
Tags: စစ်ကောင်စီစစ်တွေ၊ AAပုဏ္ဏားကျွန်းရခိုင်
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
62.9k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
နှစ် ၂၀ ကြာ ကမ္ဘာ့ဖလား ဘရာဇီးလ် ရသွားနိုင်လား

ကာတာကမ္ဘာ့ဖလား ချန်ပီယံပြေးလမ်းပေါ်က အသင်းများ

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များ / RFA

၁၉ လပြည့် NUG ကို သုံးသပ်ခြင်း

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved