ဒီပဲယင်း မြို့သိမ်းတိုက်ပွဲအပြီး တလအကြာမှာ မြို့ပေါ်မှာ စစ်ကောင်စီ တပ်စွဲထားတဲ့ ပုပ္ပါရုံဘုန်းကြီးကျောင်း၊ ဇွဲတိုက်၊ ရွှေဇာလီဘုရား၊ အ.ထ.က စာသင်ကျောင်းနဲ့ ကုန်းသာဦးဘုရား နေရာတွေကို စက်တင်ဘာ ၁၇ ရက်နေ့မှာ တော်လှန်ရေးတပ်ဖွဲ့တွေက တပြိုက်နက်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အခုတိုက်ခိုက်ခံရတဲ့ နေရာတွေက စစ်ကောင်စီ တပ်သားတွေ ၊ ရဲတွေနဲ့ ပျူစောထီး အဖွဲ့ဝင်တွေဟာ ဒေသခံ ပြည်သူတွေကို ဖမ်းဆီး နှိပ်စက်မှုတွေ ပြုလုပ်နေသလို ရွာတွေကို မီးရှို့နေတယ်လို့ ပြောပါတယ်။
မြို့ပေါ်မှာသာ တပ်စွဲထားနိုင်တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့က တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပါသေးတယ်။
စစ်ကောင်စီရဲ့ တပ်ကူအင်အားကြောင့် နာရီပိုင်းအတွင်းမှာပဲ မြို့ကို ပြန်လည်လက်လွတ်ခဲ့ရတာပါ။
#မြန်မာ #ဧရာဝတီ #ဒီပဲယင်း #စစ်ကောင်စီ #ပူးပေါင်းတပ် #တိုက်ခိုက်
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR













