• English
Wednesday, January 14, 2026
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရှောင်တာနဲလ်ပြောပြတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေ

by ဧရာဝတီ
29 November 2022
in သတင်း
A A
၂၀၁၆ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်  / ဧရာဝတီ

၂၀၁၆ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် / ဧရာဝတီ

12.4k
VIEWS
Share on FacebookShare on Twitter

ဒေါ်အောင်ဆန်းစုကြည်ကို လူသူနှင့် ဝေးလွန်းသော ထောင်တခုရှိ ကန့်လန့်ကာမရှိသော အဖြူရောင် ကွန်ကရစ် အဆောက်အအုံတခုတွင် ချုပ်နှောင်ထားကြောင်း လွန်ခဲ့သောနှစ် အာဏာသိမ်းပြီးနောက်ပိုင်း သူနှင့်တွေ့သူများအနက် တဦးက ပြောကြားလိုက်သည်။

နေပြည်တော်အနီး ထောင်တခုမှ အာဏာပိုင်များသည် ဒေါ်ဆောင်ဆန်းစုကြည် နေထိုင်သည့် အဆောက်အအုံအနီး အပါအဝင် ထိုနေရာတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး အတားအဆီး တာဝါတိုင် ၁၂ တိုင် တည်ဆောက်ထားသည်ဟု ဒေါ်အောင်ဆန်းစုကြည်၏ စီးပွားရေး အကြံပေးဟောင်း မစ္စတာ ရှောင်တာနဲလ်က ပြောသည်။

ထိုသို့လုပ်ဆောင်ခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်၏ မည်သည့် ရုပ်ပုံမျှ ပြင်ပသို့ မရောက်အောင် လုပ်ဆောင်သည်ဟု ယူဆရကြောင်း အသက် ၇၇ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေအရ တရားစွဲဆို ထောင်ချခံရသော သြစတြေးလျပညာရှင်က ပြောသည်။

မင်းအောင်လှိုင်၏ စစ်ကောင်စီက ထောင်ချထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်သည် စိတ်ဓာတ် ခိုင်မာပြီး ကမ္ဘာ့ဖြစ်ရပ်များကို လေ့လာနေကြောင်း ရက်ပေါင်း ၆၅၀ ဖမ်းဆီးခံထားရပြီးနောက် စစ်ကောင်စီက ပြန်လွှတ်ပေးခဲ့သည့် မစ္စတာ တာနဲလ်က ပြောသည်။

“သူက ဘောရစ်ဂျွန်ဆင်နဲ့ လစ်ဇ်ထရပ်တို့ အခြေအနေကို စိတ်ဝင်စားပြီး ဗလာဒီမာ ပူတင်နဲ့ ကမ္ဘာ့အခြေအနေကို စိတ်ပျက်ခဲ့တယ်” ဟု တာနဲလ်က Financial Times သို့ ပြောသည်။ “ဒါပေမယ့် သူက သူပြန်လွတ်မယ်လို့ ယုံကြည်တယ်” ဟုလည်း ၎င်းကပြောသည်။

ထောင်အာဏာပိုင်များက ဒေါ်အောင်ဆန်းစုကြည်ကို စာဖတ်ခွင့် မပေးသော်လည်း အခြားနည်းလမ်းများဖြင့် စာအုပ်များ ပို့ပေးခဲ့နိုင်ကြောင်း မစ္စတာ တာနဲလ်က ပြောသည်။

အာဏာမသိမ်းမီက ဒုတိယသက်တမ်းအတွက် ရွေးကောက်ပွဲအနိုင်ရခဲ့သည့် ဖြုတ်ချခံ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေ့စဉ်ဘဝကို ၎င်း၏ ပြောဆိုချက်တွင် တစေ့တစောင်း တွေ့ရသည်။

သူ၏ရှေ့နေများကိုလည်း သတင်းဌာနများနှင့် စကားမပြောရန် အာဏာပိုင်များက တားမြစ်ထားသည်။

စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်၊ မစ္စတာ တာနဲလ်နှင့် အခြားသူ ၃ ဦးကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်သည်ဟုဆိုကာ စက်တင်ဘာလတွင် ထောင်ချပြီးနောက် ဒေါ်အောင်ဆန်းစုကြည်သည် အညိုရောင် ထောင်လုံချည်နှင့် မလိုင်ရောင် အင်္ကျီကို ဝတ်ဆင်ရသည်။ “သူက အမြဲတမ်း ပိန်ပိန်ပါးပါးပဲ။ ဒါပေမယ့် အခု ပိုပိန်သွားတယ်” ဟုလည်း မစ္စတာ တာနဲလ်က ပြောသည်။ “ဒါပေမယ့် သူက အရင်အတိုင်းပဲ စိတ်ဓာတ်ခိုင်မာတယ်” ဟုလည်း ၎င်းကပြောသည်။

RelatedPosts

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

14 January 2026
502
OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

OWIC ကတ်ကိုင်ထားသူတွေ မြန်မာနိုင်ငံက ပြန်ထွက်မရဖြစ်နေ (ရုပ်/သံ)

13 January 2026
174
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၁၃၊ ၂၀၂၆

13 January 2026
51

အသက် ၅၈ နှစ်ရှိပြီဖြစ်သော မစ္စတာ တာနဲလ်က သူ၏ ထောင်တွင်း အတွေ့အကြုံ အသေးစိတ်ကိုလည်း ပြန်လည် ပြောပြခဲ့သည်။ ကနဦးတွင် အမည်ဆိုးကျော်ကြားသည့် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရပြီး အာရှမှ အဆိုးရွားဆုံး စစ်အုပ်စုများအနက် တခုအကြောင်းကို သိရစေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ အဆိုအရ မင်းအောင်လှိုင် စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးနောက် လူပေါင်း ၃,၄၀၀ ကျော်ကို သတ်ဖြတ်ပြီး အခြားသူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထားသည်။

AAPP တွဲဘက်အတွင်းရေးမှူး ကိုဘိုကြည်က မစ္စတာ တာနဲလ်အား လွှတ်ပေးသည်ကို ကြိုဆိုပြီး သူသည် သံတမန်ရေး ဓားစာခံဖြစ်ကြောင်းဖော်ပြကာ အခြားအကျဉ်းသားများကိုလည်း လွှတ်ပေးရန် တောင်းဆိုသည်။

“လူပေါင်း ၁၂,၀၀၀ ဆက်လက် အဖမ်းခံထားရပြီး ဒါက ခန့်မှန်းခြေပဲ ရှိသေးတယ်” ဟု ၎င်းကပြောသည်။ “အကျဉ်းသား လွှတ်ပေးတာက နိုင်ငံတကာ အာရုံစိုက်မှု လျော့ကျအောင်လုပ်တာ” ဟုလည်း သူကပြောသည်။

မစ္စတာ တာနဲလ်သည် သြစတြေးလျနိုင်ငံ မက်ကွာရီ တက္ကသိုလ်မှ စီးပွားရေးပညာရှင်ဖြစ်ပြီး ယခင်က သြစတြေးလျ ဗဟိုဘဏ်အရာရှိ ဖြစ်သည်။ အာဏာသိမ်းပြီး ရက်အနည်းငယ်အကြာတွင် သူ့ကို ရဲများက ဖမ်းဆီးတော့မည်ဟု ဝန်ထမ်းတဦးက သတိပေးသောကြောင့် ရန်ကုန်ရှိ ဟိုတယ်တခုမှ ထွက်ခွာကာနီးတွင် သူ ဖမ်းဆီးခံရသည်။

သူ့ကို အင်းစိန်ထောင်ပြင်ပရှိ ပြတင်းပေါက်မပါသည့် အခန်းတခုတွင် ချုပ်နှောင်ထားပြီး နှစ်လခန့် စစ်ဆေးမေးမြန်းသည်။ ထိုအခန်းအလယ်တွင် မူလီစုပ်ထားသည့် သံထိုင်ခုံတခုရှိပြီး တခါတရံ သူ့ကို ထိုထိုင်ခုံတွင် ခြေကျင်းခတ်ထားသည်။

သူ၏လက်ပ်တော့ ကွန်ပျူတာမှ အချက်အလက်များကို ရုရှားနှင့် တရုတ် ကိရိယာများသုံးကာ ထုတ်ယူပြီး သူ့ကိုစစ်မေးကြောင်း မစ္စတာ တာနဲလ်က ပြောသည်။

မစ္စတာ ရှောင်တာနဲလ်နှင့် ဒေါ်အောင်ဆန်းစုကြည်

“ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံခြားသားတွေအကြား ငွေကြေးအကျိုးစီးပွား ရှိတယ်လို့ စွပ်စွဲဖို့ ကျနော့်ကို အသုံးချချင်နေတယ်ဆိုတာ ကျနော် ချက်ချင်းသဘောပေါက်တယ်” ဟု သူကပြောသည်။

ထိုနောက်သူ့ကို ရန်ကုန်လမ်းမများတွင် ဆန္ဒပြသူများအား ဖမ်းထားသည့် အင်းစိန်ထောင်သို့ ပို့လိုက်သည်။ အင်းစိန်ထောင်တွင် ထောင်တွင်း ဆက်လက်ရှင်သန်ရေး ကျွမ်းကျင်မှုများကို လေ့လာရပြီး သံဘူးအဖုံးမှ ဓားမည်သို့ လုပ်ရသည်ကို လေ့လာခဲ့ရသည်။

၂၀၂၁ ခုနှစ်၊ ဇူလိုင်လတွင် မစ္စတာ တာနဲလ်ကို နေပြည်တော်သို့ ပြောင်းရွှေ့လိုက်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် အခြားစီးပွားရေးမူဝါဒ ချမှတ်သူ ၃ ဦးနှင့်အတူ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေ ချိုးဖောက်မှု တရားခံ အမှတ် ၁ အဖြစ် သူ့ကို စွဲချက်တင်သည်။

တပတ်တကြိမ် တရားခွင်မတိုင်မီ ဒေါ်အောင်ဆန်းစုကြည်နှင့် စကားပြောရပြီး ထိုတရားရုံးမှာ ထောင်အနီးတွင် ပြင်ဆင်ထားသည့် အုပ်ချုပ်ရေးရုံးတခု ဖြစ်သည်။ ထိုတရားရုံးသို့ လက်နက်ကိုင်အစောင့်များ လိုက်ပါသည့် ဘတ်စ်ကားဖြင့် သွားရကြောင်း သူကပြောသည်။

ငွေလဲနှုန်းမူဝါဒ ကဲ့သို့သော သာမန်စီးပွားရေး ပြုပြင်ပြောင်းလဲမှုဆိုင်ရာ စာရွက်စာတမ်းများကို တရားလိုရှေ့နေက လျှို့ဝှက်ချက်များအဖြစ် တင်သွင်းသည်။ သူသည်ရှေ့နေနှင့် အကန့်အသတ်ဖြင့်သာ တွေ့ရပြီး အစိုးရခန့်ထားသည့် မြန်မာစကားပြန်တဦး ရှိသော်လည်း သူ့ကို မယုံကြည်ရကြောင်း မစ္စတာ တာနဲလ်က ပြောသည်။

“သူတို့က အဲဒါ တရားရုံးအစစ် ဖြစ်ကြောင်းနဲ့ စီရင်ချက်က ထောင်ချတာကလွဲလို့ ဘာမှမဖြစ်နိုင်ဘူးဆိုတာ နားလည်အောင် ဟန်ဆောင်ပန်ဆောင်တောင် မကြိုးစားဘူး” ဟုလည်း သူကပြောသည်။

အရပ် ၁၅၄ စင်တီမီတာ (၅ ပေကျော်) ရှိသော မစ္စတာ တာနဲလ်က သူ့အလေးချိန် ၂၀ ရာခိုင်နှုန်းကျဆင်းပြီး ၅၀ ကီလို (ပေါင် ၁၁၀ ကျော်) သာ ရှိတော့ကြောင်း၊ ထောင်အတွင်း ကိုဗစ် ၅ ကြိမ် ကူးစက်ခံရကြောင်း ပြောသည်။ နေပြည်တော်တွင် သူနှင့် အခြားအကျဉ်းသားများသည် သွားကျိုးစေမည့် ကျောက်ခဲများပါသော ထမင်းစားရကြောင်း သူကပြောသည်။

သူ့ကို ယခုလအတွင်း ဗြိတိန်သံအမတ်ဟောင်း ဗစ်ကီဘိုးမင်း အပါအဝင် အခြားနိုင်ငံခြားသား ၃ ဦးနှင့်အတူ လွှတ်ပေးပြီး ပြည်နှင်ဒဏ်ပေးသည်။ ထိုသို့လွှတ်ပေးခြင်းသည် ရွေးကောက်ပွဲကျင်းပမည့် အကြံအစည်ကို နိုင်ငံတကာဆန့်ကျင်မှု လျှော့ချရန်ဖြစ်သည်ဟု သုတေသီများက ယုံကြည်သည်။

ဆစ်ဒနီသို့ ပြန်ရောက်ပြီးနောက် စစ်အာဏာသိမ်းမှုကို ဦးစွာခံခဲ့ရသည့် မြန်မာနိုင်ငံသားများက သူ၏ ဆိုးရွားလှသော အတွေ့အကြုံအတွက် တောင်းပန်သည့် စာပေါင်းများစွာ လက်ခံရရှိကြောင်း မစ္စတာ တာနဲလ်က ပြောသည်။

“အယဉ်ကျေးဆုံး ပြည်သူတွေကို အယုတ်မာဆုံးလူတွေက အုပ်ချုပ်နေတယ်” ဟု သူကပြောသည်။ “ပြည်သူတွေက ဒီလိုစစ်ကောင်စီနဲ့ မထိုက်တန်ဘူး။ ဒါပေမယ့် ကံကြမ္မာက ဒီလိုပဲဖြစ်နေပုံရတယ်” ဟုလည်း သူကပြောသည်။

ကိုးကား။ ။ Financial Times သတင်း Junta holding Aung San Suu Kyi in a concrete hut in the jungle

You may also like these stories:

နာမည်ပျက် တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ အမိန့်ချသတဲ့လား

နိုင်ငံတကာဖိအား လျော့ကျဖို့ အကျဉ်းသားများ လွှတ်ခြင်းဟု ဝေဖန်မှုများရှိနေ

မြန်မာ့အရေး ပြဿနာ ပြေလည်ရေး ဒေါ်အောင်ဆန်းစုကြည်က လမ်းစလား

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှောင်တာနဲလ်အပါ ၅ ဦးကို ထောင် ၃ နှစ်စီချ

Your Thoughts …
Tags: AAPPNLDစစ်ကောင်စီစစ်အာဏာသိမ်းမှုဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်လျှို့ဝှက်ချက်ဖမ်းဆီးချုပ်နှောင်မှုရှောင်တာနဲလ်လူ့အခွင့်အရေး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ

by ကိုဦး
25 September 2023
115.1k

စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

မင်းအောင်လှိုင် အလိုကျ ဒု ဗိုလ်ချုပ်ကြီး ကျော်စွာလင်း

by ဧရာဝတီ
6 November 2023
96.3k

ဗိုလ်ချုပ် ကျော်စွာလင်းသည် စစ်တပ်တွင် ဒုဗိုလ်မှ ဗိုလ်မှူးကြီးရာထူး ရရှိသည်အထိ စစ်မတိုက်ခဲ့ရဘဲ စစ်ရုံးချုပ်နှင့် နေပြည်တော် အနီးတဝိုက်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင်  ရှိ

နိုင်ငံခြား အရန်ငွေ၏ ထက်ဝက်မက စင်ကာပူတွင် ရှိ

by ဧရာဝတီ
21 August 2023
63.1k

စင်ကာပူဘဏ် ကိုးခုတွင် မြန်မာ့ နိုင်ငံခြားအရန်ငွေ၏ ထက်ဝက်မက ရှိသည်။

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

ဦးအောင်သောင်းနှင့် သားသမီးများ အကျင့်ပျက်စီးပွားရေး အင်ပါယာ (အပိုင်း ၁)

by အောင်သစ်
28 August 2023
63k

ဦးအောင်သောင်းတွင် မိုးအောင်၊ ပြည်အောင်၊ နေအောင်၊ ခင်ငုရည်ဖြိုး ဆိုသည့် သားသမီး လေးဦး ရှိခဲ့ပြီး မိုးအောင်သည် လက်ရှိ အာဏာသိမ်းစစ်တပ်တွင် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီး မိုးအောင် ဖြစ်လာခဲ့သည်။

Next Post
ဘရာဇီးနှင့် ဆွစ်ဇာလန်

သူတင်ကိုယ်တင် ယှဉ်ကစားလာသည့် ကမ္ဘာ့ဖလား အုပ်စုဒုတိယပွဲများ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန်  / ဧရာဝတီ

မီးပျက်ချိန် များသဖြင့် မန္တလေးရှိ အသေးစားလုပ်ငန်းအချို့ ရပ်နား

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

2 days ago
3.1k
၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

7 days ago
3.2k

Most Read

  • ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    ဧည့်မလာချိန် ခရိုနီ ဦးဇော်ဝင်းရှိန် ဟိုတယ်တွေ ဝယ်နေ

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ရဲ့ အာဏာရမ္မက်ကြောင့် စစ်တပ်နဲ့ USDP စိတ်ဝမ်းကွဲမလား

    shares
    Share 0 Tweet 0
  • သူ‌ဌေးဘုန်းကြီးများနှင့် စစ်တပ်ကြား အကုသိုလ် မဟာမိတ်

    shares
    Share 0 Tweet 0
  • ၂၀၂၅ မြောက်ပိုင်း ကချင် စစ်မျက်နှာကို ပြန်လည်သုံးသပ်ခြင်း

    shares
    Share 0 Tweet 0
  • စစ်အင်အားနှင့် လက်နက်များ TNLA ထုတ်ပြ (ရုပ်/သံ)

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved