• English
Thursday, January 8, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home စီးပွားရေး

မီးပျက်ချိန် များသဖြင့် မန္တလေးရှိ အသေးစားလုပ်ငန်းအချို့ ရပ်နား

by ဧရာဝတီ
29 November 2022
in စီးပွားရေး
A A
မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန်  / ဧရာဝတီ

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန် / ဧရာဝတီ

3k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့တွင် အောက်တိုဘာလမှ စ၍ မီးပျက်ချိန် ပိုများလာရာ တပိုင်တနိုင်လုပ်ကိုင်သော အသေးစား လုပ်ငန်းအချို့ ရပ်နားထားရကြောင်း စက်မှုလုပ်ငန်းရှင်များ အသိုင်းအဝိုင်းမှ သိရသည်။

စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ဖြန့်ဖြူးရေးဌာနသည် တရက်လျှင် ၂ ကြိမ်ခန့် လျှပ်စစ်မီး ဖြတ်နေပြီး စက်တင်ဘာ ကုန်ပိုင်းမှ စတင်ကာ မီးပျက်ချိန် ပိုများလာရာ တကြိမ်ပျက်လျှင် အနည်းဆုံး ၆ နာရီခန့် ကြာမြင့်သည်။

မန္တလေး စက်မှုဇုန်(၁)မှ စက်မှုလက်မှု လုပ်ငန်းရှင်တဦးက “စက်မှုလုပ်ငန်းတွေက အဓိက လျှပ်စစ်မီးကို အားကိုးနေရတာ၊ သူတို့ အာဏာသိမ်းပြီးကတည်းက လျှပ်စစ်မီးကို ပုံမှန်ရအောင် လုပ်မပေးနိုင်တာ အခြားအရာတွေကို မျှော်လင့်ဖို့ကတော့ အိပ်မက်တခုပဲ ဖြစ်ပါလိမ့်မယ်၊ မီး မမှန်တော့ လုပ်ငန်းတွေ အချိန်မီမပြီး၊ မပြီးတော့ ဆုံးရှုံးမှုနဲ့ အပိုကုန်ကျမှုတွေ ရှိလာ ဝင်ငွေနဲ့ ထွက်ငွေ မမျှတာတွေဖြစ် ဆက်ပြီး လည်ပတ်ဖို့ရာ အဆင်မပြေတော့ဘူး”ဟု ပြောသည်။

ထို့ပြင် ကိုဗစ် ကပ်ရောဂါ အပါအဝင် အာဏာသိမ်းမှုနောက်ဆက်တွဲ ပြဿနာများကြောင့် အထိနာခဲ့ရသည့် အသေးစား၊ အလတ်စား (SME) လုပ်ငန်းများသည် လျှပ်စစ်မီး အပြင် ကုန်ကြမ်းပစ္စည်းများ ဈေးနှုန်းမြင့်တက်ကာ လိုသလောက် ဝယ်ယူမရရှိနိုင်ခြင်း၊ ဒေါ်လာဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ စက်သုံးဆီဈေးနှုန်းများ တက်လာခြင်း စသည့်အချက်များကြောင့် လုပ်ငန်းများ ဆက်လက် လုပ်ကိုင်နိုင်ရန် အခက်အခဲများ ကြုံတွေ့နေကြရသည်။

မန္တလေးတွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန် နှစ်ခု၌ စက်မှုလုပ်ငန်း အများဆုံးရှိပြီး ယင်းဇုန်များတွင် အကြီးစား စက်မှု လုပ်ငန်း ၃၉၂ ခု၊ အလတ်စားစက်မှုလုပ်ငန်း ၃၀၄ ခု၊ အသေးစားစက်မှုလုပ်ငန်း ၅၉၆ ခုတို့မှ စားသောက်ရေး၊ ဝတ်ဆင် ရေး၊ နေထိုင်ရေး၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးကုန်ပစ္စည်း၊ စက္ကူထုတ်လုပ်ရေး၊ သံရည်ကြိုကုန်ကြမ်းပစ္စည်း၊ ပုံနှိပ်လုပ် ငန်းနှင့် စာအုပ်ချုပ်လုပ်ငန်း၊ စိုက်ပျိုးရေးကိရိယာ၊ စက်မှုနှင့်စက်ပစ္စည်းကိရိယာ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်း၊ အထွေထွေစက်မှု လုပ်ငန်းဟူ၍ လုပ်ငန်းအုပ်စု အမျိုးအစား ၁၃ ခုဖြင့် လည်ပတ်နေကြောင်း မန္တလေးစက်မှုဇုန်စီမံခန့်ခွဲ ရေးကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

ယင်းစက်မှုလုပ်ငန်းများအနက်မှ အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများတွင် မိသားစု တနိုင်တပိုင်လုပ်ငန်း များလည်း ပါဝင်နေရာ ယခုကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် အဆိုပါ လုပ်ငန်းများ၏ ၁၀ ပုံလျှင် ၃ ပုံခန့်မှာ ရပ်နား ထားရကြောင်း စက်မှု၊လက်မှု လုပ်ငန်းရှင်များထံမှ သိရသည်။

စက်မှုဇုန်အတွင်းရှိ သံအရည်ကြိုစက်ရုံတရုံမှ ကိုကျော်စွာလင်း က“အရင်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် စီးပွားရေးက ကျပ်တည်း လာကြတာအမှန်ပဲ။ SME လုပ်ငန်းတွေက မြေပြင်မှာ ရပ်တည်ဖို့ ခက်ခဲလာကြတယ်၊ လည်ပတ်နေတဲ့ လုပ်ငန်း တွေက လည်း ရှိထားတဲ့ အလုပ်သမားတွေ ပုံမှန်လေး ထမင်းစားရုံ လောက်ငရုံအတွက် ထိန်းပြီး လုပ်နေကြရတာရယ်”ဟု ပြောသည်။

ယခုအခါ စက်မှုလက်မှုလုပ်ငန်းအချို့ ရပ်နားထားခြင်းကြောင့် လုပ်သားအများစုမှာ ကျပန်း အလုပ် လုပ်နေကြရသူများ ရှိသလို ပြည်ပနိုင်ငံများသို့ သွားရောက် လုပ်ကိုင်ခြင်းများလည်း ရှိလာသဖြင့် SME လုပ်ငန်းများတွင် လုပ်သားရှားပါမှုကိုပါ ရင်ဆိုင်လာကြရကြောင်း သိရသည်။

မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေးကော်မတီဝင်ဟောင်းတဦးက “လက်ရှိစစ်ကောင်စီက ဒေါ်လာအပါအဝင် အကုန်လုံးနီးပါးကို ထိန်းချုပ်ထားတာ၊ ဒါကြောင့် စက်မှုလုပ်ငန်းတွေအတွက် ကုန်ကြမ်းပစ္စည်း ဝယ်ယူတာမှာ ဈေးနှုန်းအဆမတန် ကြီးမြင့်တာ မျိုးတွေပါ ရင်ဆိုင်နေရတယ်၊ ဒီလိုမျိုးမှာ လျှပ်စစ်မီး မမှန်တာကြောင့်လည်း လုပ်ငန်းတွေ ဆက်လည်ဖို့ ခက်ခဲလာတယ်လို့ ပြောရမှာပေါ့၊ မီးပျက်ချိန် များလာတာကြောင့်လည်း ကုန်ထုတ်လုပ်မှုမှာ သိသိသာသာ ထိခိုက်စေတယ်”ဟု ပြောသည်။

လျှပ်စစ်မီး ဖြတ်တောက်မှုနှင့် ပတ်သက်၍ ယခင်က ကြိုတင် အသိပေးသော်လည်း ယခုအခါ အကြောင်းကြားခြင်းမရှိဘဲ နေ့စဉ် ဖြတ်တောက်နေရာ လုပ်ငန်း လည်ပတ်ရန် ပြင်ဆင်ချိန်မရဘဲ မီးစက်များဖြင့် လည်ပတ်နေရကြောင်း၊ ထို့ကြောင့် ကုန်ကျစရိတ်မှာလည်း သိသိသာသာတက်လာပြီး အချို့သော တနိုင်တပိုင် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ ရပ်နားထားကြသည်ဟု စက်မှုလုပ်ငန်းရှင် အသိုင်းအဝိုင်းထံမှ သိရသည်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်မှ အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်ခဲ့သည့် SME လုပ်ငန်းရှင်များနှင့် တွေ့ဆုံပွဲတွင် နိုင်ငံ့စီးပွားရေး ဦးမော့လာကြောင်း၊ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ချေးငွေများ ထုတ်ပေးသွား မည်ဖြစ်ကြောင်း၊ ဒေသထွက်ကုန်ကြမ်းများကို အခြေခံသော ကုန်ထုတ်လုပ်လုပ်ငန်းများ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ SMEစက်မှုလုပ်ငန်းများမှ ထုတ်ကုန်များ တိုးမြှင့်သွားရန် လုပ်ဆောင်နေကြောင်း စသည်ဖြင့် ပြောဆိုခဲ့သည်။

စားသောက်ကုန် လုပ်ငန်းရှင်တဦးက SME လုပ်ငန်းအတွက် ချေးငွေဆိုသော်လည်း လက်တွေ့တွင် မည်သည့် ကူညီမှုမျှ မရကြောင်း၊ လုပ်ငန်းများ ပြိုလဲမသွားစေရန် ကျားကန်ဆောင်ရွက်နေရပြီး စစ်အာဏာသိမ်းပြီး ၂ နှစ်အတွင်း စက်မှုလက်မှု လုပ်ငန်းများ၏ ကုန်ထုတ်လုပ်မှုမှာ ထက်ဝက်ခန့် လျော့သွားကြောင်း ဆိုသည်။

“နယ်အမှာတွေက မရှိသလောက် ဖြစ်နေတော့ လုပ်ငန်းက ၈၀ ရာခိုင်နှုန်းလောက်အထိကို ကျဆင်းနေပြီ။ကုန်ကြမ်း တင် သွင်းတဲ့အခါမှာလည်း လမ်းမှာ ဖွင့်ဖောက် အစစ်ဆေးကြမ်းတော့ ပစ္စည်းတွေ အထိအခိုက် အပျက်အစီး အရမ်းများတယ်။ SME နဲ့ပတ်သက်ပြီး ကူညီမယ်ဆိုရင် မြေပြင်အခြေအနေတွေကိုပါ သိအောင်လုပ်ပြီး အမြန်ဆုံး လုပ်ဆောင်ပေးသင့်တာ တွေကို လုပ်ပေးဖို့ လိုတယ်။အပေါ်ပိုင်းမှာပဲ ဖြေလျှော့ပေးနေလို့ မရပါဘူး”ဟု ပြောသည်။

RelatedPosts

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

အာရှ တနှစ်တာ ၂၀၂၅ အကောင်းဆုံး နှင့် အဆိုးဆုံး

30 December 2025
475
မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

မွန် လုပ်ငန်းရှင် ၁၅ ဦးကို အခွန်ရှောင်မှုဖြင့် စစ်ကော်မရှင် ဖမ်းဆီးစစ်ဆေး

24 December 2025
2.7k
သွင်းကုန်ထိန်းချုပ်မှု ကုန်ပစ္စည်း ပိုမိုရှားပါးလာ

သွင်းကုန်ထိန်းချုပ်မှု ကုန်ပစ္စည်း ပိုမိုရှားပါးလာ

22 December 2025
649

မန္တလေးစက်မှုဇုန်တွင် ယခင်နှစ်က တရက်လျှင် ၁၂ နာရီခန့် လျှပ်စစ်မီးပေးခဲ့ရာမှ ယခုအခါ မီးပေးသည့်အချိန်ကို ထပ်မံ လျှော့ချထားသလို အချိန် အကန့်အသတ် မရှိ ပျက်နေခြင်း ဖြစ်သည်။

ထိုသို့ မီးပျက်ချိန် များလာပြီး ပုံမှန်မီးပေးနိုင်ခြင်းမရှိသော်လည်း စစ်ကောင်စီလက်အောက်ခံ မြို့နယ်လျှပ်စစ်ရုံးများက မီတာခများကို ပုံမှန် ကျသင့်သည်ထက် ပိုမို ကောက်ခံမှုများ ပြုလုပ်နေကြကြောင်း စက်မှုလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံသည် လျှပ်စစ်မီးကို ရေအားနှင့် သဘာဝဓာတ်ငွေ့မှ အဓိက ထုတ်ယူလျက်ရှိသော်လည်း လက်ရှိတွင် ပြည်ပမှ LNG တင်သွင်းကာ လိုအပ်ချက် ပြည့်မီစေရန် ထုတ်လုပ်သော စီမံကိန်း များ ရပ်ဆိုင်းနေသလို ဆိုလာပါဝါ စီမံကိန်းများ သည်လည်း ရှေ့မဆက်နိုင်သောကြောင့် စစ်ကောင်စီ၏ လျှပ်စစ်မီး ထုတ်လုပ်မှုမှာ တဖြည်းဖြည်း လျော့ကျလာနေသည်။

You may also like these stories:

မီးတွေ ပြန်ပျက်တဲ့အခါ

မန္တလေးတွင် ဆိုလာသုံး ဆက်စပ်ပစ္စည်းများ ရောင်းအားသွက်လာ

လျှပ်စစ်မီး မကြာခဏပျက်သဖြင့် မန္တလေးစက်မှုလုပ်ငန်းများ လည်ပတ်ရန် ခက်လာ

မန္တလေး​တွင် မီတာခ မဆောင်သော လုပ်ငန်းများကို လျှပ်စစ်မီးဖြတ်

Your Thoughts …
Tags: SMEမန္တလေးလျှပ်စစ်မီးအသေးစားလုပ်ငန်း
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
မြဝတီ၊ အာရှလမ်းမ တနေရာတွင် တွေ့ရသည့် KLNA ပူးပေါင်းတပ်ဖွဲ့ဝင်တချို့  / CJ

မြဝတီ-ဝေါလေလမ်းပိုင်း စစ်ကောင်စီ ထိန်းချုပ်နိုင်ပြီလား

အပစ်အခတ်ရပ်တာက ဘာမှ မထူးခြားသေးဘူး (ရုပ်/သံ)

အပစ်အခတ်ရပ်တာက ဘာမှ မထူးခြားသေးဘူး (ရုပ်/သံ)

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

5 days ago
1.1k
အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

အသေထွက် အရှင်ထွက် မင်းအောင်လှိုင်

8 months ago
16.2k

Most Read

  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0
  • မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved