• English
Friday, January 9, 2026
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

လျှပ်စစ်မီး မကြာခဏပျက်သဖြင့် မန္တလေးစက်မှုလုပ်ငန်းများ လည်ပတ်ရန် ခက်လာ

by ဧရာဝတီ
29 December 2021
in သတင်း
A A
မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန်

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန်

9.7k
VIEWS
Share on FacebookShare on Twitter

မန္တလေးမြို့တွင် လျှပ်စစ်မီး မကြာခဏ ပြတ်တောက်နေသဖြင့် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများ ကြုံတွေ့နေရသည်ဟု စက်မှု လုပ်ငန်းရှင်များထံက သိရသည်။

စစ်ကောင်စီ၏ လျှပ်စစ် ဖြန့်ဖြူးရေးဌာနသည် အောက်တိုဘာလကုန်ပိုင်းမှ စတင်၍ မီးဖြတ်တောက်မှုများ ပြုလုပ်လျက်ရှိရာ ယခုအခါ တနေ့လျှင် နှစ်ကြိမ်ခန့် မီးဖြတ်သလို၊ တကြိမ်လျှင် အနည်းဆုံး လေး နာရီခန့် ကြာမြင့်ကြောင်း သိရသည်။

“စက်မှု လုပ်ငန်းတွေက အဓိက လျှပ်စစ်မီးကို အားကိုးနေရတာဆိုတော့ အခုလို မီးဖြတ်တာ အချိန်ကြာတော့ အလုပ်တွေ ကြန့်ကြာကုန်တယ်။ မီးပျက် မီးဖြတ်တာတွေကြောင့် လုပ်ငန်းတွေ အချိန်မီ မပြီးလို့ တောင်းပန်နေရတာတွေလည်း ရှိလာ တယ်။ ဘာတွေ ထိခိုက်လဲဆိုရင် အချိန်၊ ဆုံးရှုံးမှုနဲ့ အပို ကုန်ကျမှုတွေ ရှိလာတာပေါ့” ဟု မန္တလေး စက်မှုဇုန် (၁) မှ စက်မှု လက်မှု လုပ်ငန်းရှင်တဦးက ပြောသည်။

လျှပ်စစ်မီး ဖြတ်တောက်မှုနှင့် ပတ်သက်၍ ယခင်က ကြိုတင် အသိပေး ကြေညာခြင်းများ ရှိခဲ့သော်လည်း ယခုအခါ အကြောင်းကြားခြင်း မရှိဘဲ နေ့စဉ် ပြတ်တောက်နေခြင်းကြောင့် လုပ်ငန်းများ ထိခိုက်နစ်နာလာရခြင်းဟု ဆိုသည်။

“အရင်က မီးဖြတ်တောက်မယ်ဆိုရင် အသိပေးတာရှိလို့ လုပ်ငန်းလည်ပတ်တဲ့ နေရာမှာ ပြင်ဆင်ချိန်ရတာပေါ့။ အခုက ဘာ အကြောင်းမှ မသိရဘဲ နေ့တိုင်းလိုလို ပျက်နေတာလေ။ မီးက ပျက်လိုက် လာလိုက် ဖြစ်နေတာမျိုးပေါ့။ ခွဲတမ်းနဲ့ ပေးတာမျိုး တော့ မဟုတ်သေးဘူး။ မီးက လာလိုက်တယ်၊ ပြတ်ရင်လဲ ပျက်သွားတယ်၊ အချိန် သတ်မှတ်ချက်ရယ်လို့ မရှိတော့ လုပ်ရ ကိုင်ရတာ အခက်အခဲလေးတွေ ရှိလာတာပေါ့” ဟု ချမ်းမြသာစည်မြို့နယ်မှ ရေသန့်စက်ရုံပိုင်ရှင်တဦးက ပြောသည်။

မီးပြတ်တောက်မှုများကြောင့် မီးစက်များ အသုံးပြု၍ လုပ်ငန်း လည်ပတ်မှုများ ပြုလုပ်နေရသည်များလည်း ရှိသလို၊ အချို့သော တနိုင်တပိုင် အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများကိုမူ ရပ်နားထားကြသည်ဟု စက်မှုလုပ်ငန်းရှင်များက ဆိုသည်။

“အခုနောက်ပိုင်း မီးစက်သုံးရတော့ ကုန်ကျစရိတ်ပိုင်းမှာ တက်လာတယ်။ စက်သုံးဆီဈေးကလည်း မြင့်၊ အရင်က တရက်နဲ့ ပြီးရမယ့် အလုပ်တွေက နှစ်ရက်၊ နှစ်ရက်ခွဲ လောက်ထိ လုပ်နေရတာဆိုတော့ အလုပ်သမားခတွေ၊ အချိန်တွေ ဆုံးရှုံးကုန် တယ်” ဟု ချမ်းအေးသာစံမြို့နယ်အတွင်းမှ မုန့်လုပ်ငန်းရှင်တဦးက ပြောသည်။

မန္တလေးတွင် ပြည်ကြီးတံခွန်မြို့နယ်ရှိ စက်မှုဇုန် နှစ်ခု၌ စက်မှုလုပ်ငန်း အများဆုံးရှိပြီး ယင်းဇုန်များတွင် အကြီးစား စက်မှု လုပ်ငန်း ၃၉၂ ခု၊ အလတ်စား စက်မှုလုပ်ငန်း ၃၀၄ ခု၊ အသေးစားစက်မှုလုပ်ငန်း ၅၉၆ ခုတို့မှ စားသောက်ရေး၊ ဝတ်ဆင်ရေး၊ နေထိုင်ရေး၊ လူသုံးကုန်ပစ္စည်းများ၊ အိမ်သုံးကုန် ပစ္စည်း၊ စက္ကူထုတ်လုပ်ရေး၊ သံရည်ကြိုကုန်ကြမ်းပစ္စည်း၊ စာပေနှင့်အနုပညာ၊ စိုက်ပျိုးရေး ကိရိယာ၊ စက်မှုနှင့် စက်ပစ္စည်း ကိရိယာ၊ သယ်ယူပို့ဆောင်ရေး၊ လျှပ်စစ်ပစ္စည်း၊ အထွေထွေစက်မှု လုပ်ငန်းဟူ၍ လုပ်ငန်းအုပ်စု အမျိုးအစား ၁၃ ခုဖြင့် လည်ပတ်နေကြောင်း မန္တလေးစက်မှုဇုန် စီမံခန့်ခွဲရေး ကော်မတီ၏ မှတ်တမ်းများအရ သိရသည်။

အဆိုပါ စက်မှုလုပ်ငန်းများအနက်မှ အသေးစား၊ အလတ်စား စက်မှုလက်မှု လုပ်ငန်းများသည် မိသားစု တနိုင်တပိုင် လုပ်ငန်း များလည်း ပါဝင်နေရာ ယခုကဲ့သို့ လျှပ်စစ်မီး ပြတ်တောက်မှုများ ရှိနေပါက လုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ခြင်း မရှိဘဲ ရပ်နားသွားနိုင်သည်ဟု စက်မှု လုပ်ငန်းရှင်များက သုံးသပ် ပြောပြသည်။

RelatedPosts

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
1
တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

တရွာလုံးမှာ ပြာပုံပဲရှိ တော့တယ် (ရုပ်/သံ)

9 January 2026
13
စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

စစ်မီးကြားက ရွေးကောက်ပွဲ (ရုပ်/သံ)

9 January 2026
3

NLD အစိုးရ လက်ထက်တွင် COVID-19 ကပ်ရောဂါကြောင့် ပြည်သူများ အခက်အခဲ ဖြစ်နေကြသဖြင့်၂၀၂၀ နှစ်လယ်ပိုင်းမှ စတင်ကာ လစဉ်သုံးစွဲသည့် လျှပ်စစ်မီတာယူနစ်များကို ကင်းလွတ်ခွင့် ပြုထားခဲ့သော်လည်း စစ်တပ် အာဏာသိမ်းပြီး နောက် ပိုင်း လျှပ်စစ်မီတာခများ ပေးဆောင်ခြင်း မရှိသော မန္တလေးခရိုင်အတွင်းမှ စီးပွားရေး လုပ်ငန်းရှင်များကို လျှပ်စစ် မီတာခများ ပေးဆောင်ရန်အတွက် နိုဝင်ဘာလအတွင်းက ခေါ်ယူ သတိပေး ဖိအားပေး ခြိမ်းခြောက်ခြင်းများ ပြုလုပ်ခဲ့သည်။

ထိုသို့ ပြုလုပ်ခဲ့ပြီးနောက် လျှပ်စစ်မီတာခများကို အတင်းအကျပ် လိုက်လံကောက်ခံနေသလို မီတာခ မပေးဆောင်သော နေအိမ်များနှင့် မီတာခ မဆောင်သည့် လုပ်ငန်းများအား လျှပ်စစ်မီးဖြတ်တောက်ခြင်းများကိုလည်း ပြုလုပ်ထားသည်။

“အဓိကတော့ လျှပ်စစ်နဲ့ ပတ်သက်ပြီး စကစဆီ အခွန်ငွေ စီးဆင်းမှု ရပ်တန့်သွားတော့ ပညာပြနေတာလို့ပဲ မြင်တယ်၊ ဒါကိုပဲ သူတို့က လျှပ်စစ်မီး မပေးနိုင်တာသည် error ကြောင့်ဆိုတဲ့ အကြောင်းပြချက်နဲ့ အခုလို မီးဖြတ်တာတွေကို လုပ်နေတယ် လို့ သုံးသပ်တယ်။ အရင်ကတော့ ဓာတ်အားပေး စက်ရုံကြီးတွေမှာ မတော်တဆဖြစ်တာကြောင့် ပျက်တာ၊ အခုက တမင်ကို ဖြတ် နေတာမျိုးပေါ့” ဟု လျှပ်စစ်ဌာနမှ အငြိမ်းစား ဝန်ထမ်းတဦးက ပြောသည်။

ထို့ပြင် လျှပ်စစ်မီး ပြတ်တောက်မှုများသည် လျှပ်စစ်ဌာနတွင် CDM ဝန်ထမ်းများနေသဖြင့် လျှပ်စစ် ပြတ်တောက်မှုများ အတွက် အချိန်မီ မပြင်ဆင်နိုင်ခြင်း စသည့် လျှပ်စစ်ဌာန၏ ယန္တရားလည်ပတ်မှု နှေးကွေးခြင်းများနှင့်လည်း သက်ဆိုင်နေ သည်ဟု မန္တလေးမြို့ခံများက သုံးသပ်ကြသည်။

You may also like these stories:

စစ်အာဏာသိမ်းမှုက တိုင်းပြည်စီးပွားရေး အကျပ်အတည်းဆီသို့ ဦးတည်နေ

ရန်ကုန်၌ မီတာခ မဆောင်သည့် အိမ်များကို လိုက်လံမီးဖြတ်နေ

မန္တလေး​တွင် မီတာခ မဆောင်သော လုပ်ငန်းများကို လျှပ်စစ်မီးဖြတ်

Your Thoughts …
Tags: စက်မှုလုပ်ငန်းမန္တလေးလျှပ်စစ်မီး
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

မြန်မာ့စစ်မြေပြင်တွင် ချိန်ခွင်လျှာပြောင်းလဲမှုကို လေ့လာခြင်း

by ရဲမျိုးဟိန်း
9 December 2023
18.7k

သမိုင်းတွင် ပထမဆုံးအကြိမ်အဖြစ် စစ်တပ်သည် လက်နက်ကိုင် ခုခံတော်လှန်ရေး အင်အားစုမျိုးစုံ၏ တပြိုင်နက် တိုက်ခိုက်မှုကို ခံရသည်။

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

မန္တလေး အသံတိတ်သပိတ်၌ ပါဝင်သူများ ဖမ်းဆီးခံရ

by ဧရာဝတီ
3 February 2024
15.5k

ရန်ကုန်တွင် ဖမ်းဆီးခံခဲ့ရသူများကို မြို့နယ်အသီးသီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ခံဝန်လက်မှတ်ထိုး၍ ယင်းနေ့ ညမှာပင် ပြန်လွှတ်ပေးခဲ့ကြောင်း

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

မန္တလေးက Sky Villa စတင်ပြိုကျခဲ့စဉ် (ရုပ်/သံ)

by ဧရာဝတီ
1 April 2025
15.2k

မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့က Sky Villa အဆောက်အဦ စတင်ပြိုကျခဲ့စဉ်က ရိုက်ကူးခဲ့တဲ့ ရုပ်သံမှတ်တမ်းကို လူမှုကွန်ရက်စာမျက်နှာပေါ် မျှဝေလာတာဖြစ်ပါတယ်။

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

မန္တလေး နန်းတွင်းအပါအဝင် စစ်ကောင်စီ နေရာ ၅ ခု တပြိုင်နက် တိုက်ခိုက်ခံရ

by ဧရာဝတီ
21 December 2023
14k

ရွှေပြည်စိုးစစ်ဆင်ရေး အရှိန်မြင့်လာသည်နှင့်အမျှ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် သက်ဆိုင်သော နေရာများ၊ ပျော်ပွဲရွှင်ပွဲများသို့ မလိုအပ်ဘဲ သွားလာခြင်း မပြုကြရန်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံ Non CDM များအနေဖြင့် ပြည်သူနှင့်အတူ အမြန်ဆုံး ရပ်တည်ကြရန်

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

ပိတ်သိမ်းခံရသည့်သတင်း ရန်ကုန်ပုဂ္ဂလိကဆေးရုံများ ငြင်း

by ဧရာဝတီ
16 February 2025
13.8k

ဂရန်းဟံသာနှင့် ဆာကူရာဆေးရုံတို့က အများပြည်သူအတွက် ၂၄ နာရီ ၇ ရက်ပတ်လုံး ပိတ်ရက်မရှိ ဖွင့်လှစ် ကျန်းမာရေး ဝန်ဆောင်မှု ပေးနေကြောင်း ထုတ်ပြန်သလို၊ ကျန်ဆေးရုံများအား ဧရာဝတီက ဆက်သွယ်မေးမြန်းရာ မတ်၊ ဧပြီလများ အထိ လူနာများကို...

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

ဒေါက်တာတေဇာစန်း ဆန္ဒပြမှု မန္တလေးရဲတပ်ဖွဲ့ဝင်တချို့ အရေးယူခံရ

by ဧရာဝတီ
27 July 2024
10.7k

ဇူလိုင် ၂၄ ရက်မှ စတင်ကာ မန္တလေးမြို့ပေါ်ရှိ ရဲစခန်းများ၊ ထွေအုပ်ရုံးများနှင့် ဌာနဆိုင်ရာရုံးအချို့ ရှေ့ လမ်းမများပေါ်တွင် သဲအိတ်များ၊ ဘန်ကာများ၊ ဘယ်ရီဂိတ်များဖြင့် လမ်းအပြည့်နီးပါး ကာရံပိတ်ဆို့ကာ လုံခြုံရေးထပ်တိုးထားသလို လမ်းသွားလမ်းလာများအား တားဆီးစစ်ဆေးခြင်း၊ မြို့တွင်း၌ ကားများဖြင့်ပါ...

Next Post
ဂျန်နရေးရှင်း ဇီ Generation Z မျိုးဆက်နဲ့ သူ၏ ဗီလိန်လူဆိုး

People of 2021 သို့မဟုတ် ၂၀၂၁ ခုနှစ်၏ ဇာတ်လိုက်များ

ထီးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖျက်ဆီးခဲ့သည့် သစ်ခိုးထုတ်ယာဉ်များ  / HPDF

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတွင် သစ်ခိုးထုတ်မှု များလာ၍ PDF က ပြန်ထိန်းနေရ

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

2 days ago
1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved