• English
Saturday, January 10, 2026
No Result
View All Result
NEWSLETTER

22 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

စစ်အာဏာသိမ်းပြီးနောက် စစ်ကိုင်းတွင် သစ်ခိုးထုတ်မှု များလာ၍ PDF က ပြန်ထိန်းနေရ

by ဧရာဝတီ
29 December 2021
in သတင်း
A A
ထီးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖျက်ဆီးခဲ့သည့် သစ်ခိုးထုတ်ယာဉ်များ  / HPDF

ထီးဖြူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ဖျက်ဆီးခဲ့သည့် သစ်ခိုးထုတ်ယာဉ်များ / HPDF

7.3k
VIEWS
Share on FacebookShare on Twitter

စစ်တပ် အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း သစ်ခိုးထုတ်မှုများ များလာသဖြင့် ဒေသခံ ကာကွယ်ရေးတပ် (PDF) က သတိပေး တားမြစ်မှုများ ပြုလုပ်နေကြောင်း သိရသည်။

သစ်တောပြုန်းတီးမှု ကာကွယ်ရန်နှင့် သယံဇာတများမှ ထုတ်ယူကာ စစ်ကောင်စီ၏ စီးပွားရေး ထောက်တိုင်များ ဖြစ်လာ မည်ကို တားမြစ်ရန်အတွက် စစ်ကောင်စီနှင့်ပူးပေါင်းပြီး သစ်ခိုးထုတ်သည့် ကုမ္ပဏီများ၊ စစ်ကောင်စီ၏ စီးပွားရေးထောက် တိုင်ဖြစ်သည့်သူများကို ဖော်ထုတ်ပြီး ပစ္စည်းများကို ပြည်သူပိုင်အဖြစ် သိမ်းဆည်းသွားမည်ဖြစ်ကာ ပြည်သူ့အစိုးရ တက် လာပါက ယင်းတို့ကို ပြန်လည် အပ်နှံသွားမည် ဖြစ်ကြောင်း ထီးချိုင့်မြို့နယ်၊ ထီးဖြူပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (HPDF – Htee Phyu) က ပြောဆိုသည်။

HPDF မှ တာဝန်ရှိသူ တဦးက “ဒီဇင်ဘာ၂၇ ရက်က ကျနော်တို့ လုပ်ခဲ့တာတော့ မြတ်နိုးသူ ကုမ္ပဏီပေါ့နော်။ နောက်ထပ် ကုမ္ပဏီတွေလည်း ကျနော်တို့ စုံစမ်းနေတယ်။ လော‌လောဆယ်တော့ မသိရသေးဘူး။ ကျနော်တို့ စောင့်ကြည့်နေတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထီးချိုင့်မြို့နယ်၊ ငပိချောင်းကျေးရွာရှိ သစ်ထုတ်လုပ်ရေးကုမ္ပဏီ၏ သစ်တင်ကလပ် ၃ စီး၊ သစ်သယ်ယာဉ် ၂ စီး၊ သစ်တင် ကရိန်း ၁ စီး၊ စီဘီသံခွန် ၁ စီးနှင့် စက်လှေ ၁ စီး တို့ကို ထီးဖြူ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က  မိုင်းခွဲ မီးရှို့ ဖျက်ဆီးခဲ့ ကြောင်း ဒီဇင်ဘာလ ၂၇ ရက် ညပိုင်းတွင် သတင်း ထုတ်ပြန်ထားသည်။

RelatedPosts

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

COSTEC အထည်ချုပ်စက်ရုံမှ ဒေးကြေးပြန်တိုးပေးရန် သဘောတူ

10 January 2026
28
တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

9 January 2026
199
နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

နေ့စဉ်သတင်း၊ ဇန်နဝါရီ ၉၊ ၂၀၂၆

9 January 2026
40
ငပိချောင်းကျေးရွာတွင် PDF က ဖမ်းမိသည့် တရားမဝင် ခိုးထုတ်သစ်များ (ဓာတ်ပုံ – HPDF)

အဆိုပါ HPDF အဖွဲ့ တာဝန်ရှိသူက “အခုကတော့ ပြည်သူပိုင်အဖြစ် သိမ်းတယ်။ ကျနော်တို့အဖွဲ့အတွက် အသုံးချမှာလည်း မဟုတ်ဘူး။ နောက်ပြီး တဦး တယောက် ကောင်းစားရေးအတွက် အသုံးပြုမှာလည်း မဟုတ်ဘူး။ ပြည်သူ့အစိုးရကို ပြန်အပ်မှာပါ။ လော‌လောဆယ်မှာ တော့ စစ်ကောင်စီရဲ့ ထောက်တိုင် မဖြစ်သွားဖို့ပဲ” ဟု ဆိုသည်။

မြတ်နိုးသူ သစ်ကုမ္ပဏီသည် သမ္မတ ဦးသိန်းစိန် လက်ထက်က ထီးချိုင့်မြို့နယ်၊ ငပိချောင်းကျေးရွာတွင် အထိုင် ချကာ သစ်လုံး အမြောက်အများကို ထုတ်ယူခဲ့ပြီး NLD အစိုးရလက်ထက်တွင် သစ်ထုတ်ယူခွင့်ကို တားမြစ် ပိတ်ပင်ခံထား ရသည့် ကုမ္ပဏီ ဖြစ်သည်။

စစ်တပ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် ယင်းကုမ္ပဏီက သစ်များ တန်နှင့်ချီ ပြန်လည် ခိုးထုတ်နေကာ နိုင်ငံခြားသို့ သစ် တင်ပို့မည်ကို သိသိချင်း ထီးချိုင့် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ သွားရောက် တားမြစ်ကာ မီးရှို့ ဖျက်ဆီးခဲ့ပြီး၊ ဝန်ထမ်းများ ကိုလည်း သတိပေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ထီးဖြူပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က “ကျနော်တို့ ရှေ့ဆက် လုပ်ဆောင်မှာကတော့ စစ်ကောင်စီနဲ့ ပတ် သက်ပြီးတော့မှ သူ့ရဲ့ ထောက်တိုင် မှန်သမျှ လောင်းကစားဝိုင်းတွေ၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့ စီးပွားရေး ထောက်တိုင် မှန်သမျှကို ဖြိုဖျက်သွားမှာ ဖြစ်တယ်” ဟု ပြောသည်။

ထီးချိုင့် နယ်မြေအတွင်း၌ စစ်ကောင်စီထံ အခွန်ဆောင်၍ လုပ်ဆောင်နေသည့် လောင်းကစားဝိုင်းများ ဖြစ်သော နှစ်လုံး၊ သုံးလုံးဒိုင်များ၊ ဖဲဝိုင်းများ၊ ကြက်ဝိုင်းများ အစရှိသည်တို့ကိုလည်း သတင်းရသည်နှင့် ဖမ်းဆီးအရေးယူခြင်းများကိုလည်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဟွန်ဒါမြန်မာကုမ္ပဏီက ပြည်သူများထံမှ မတရား သိမ်းဆည်းထားသည့် ထီးချိုင့် တောင်ပိုင်းတွင် ရှိသော သစ်တော ဧက ၃၀၀ ကျော်ကိုလည်း ပြီးခဲ့သည့် နိုဝင်ဘာလတွင် ပြန်လည် သိမ်းဆည်း ထားသည်ဟု ဆိုသည်။

ငပိချောင်းကျေးရွာတွင် PDF က ဖမ်းမိသည့် တရားမဝင် ခိုးထုတ်သစ်များ (ဓာတ်ပုံ – HPDF)

ပြီးခဲ့သည့် ဧပြီလနဲ့ ဇွန်လများကလည်း အာဆီယံ အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံထားရသည့် စစ်ကိုင်းတိုင်း အတွင်းရှိ အလောင်းတော် ကဿပနယ်မြေအနီး တဝိုက်တွင် သစ်ခိုးထုတ်သူများ များပြားခဲ့ကြောင်း ဒေသခံများထံက သိရသည်။

စစ်ကိုင်းတိုင်းသည် သစ်မှောင်ခိုလုပ်ငန်းအတွက် အဓိကနေရာဖြစ်ပြီး နှစ်စဉ် တရုတ်နိုင်ငံသို့ သစ်တန်ချိန် ထောင်ပေါင်း များစွာ တင်ပို့လျက်ရှိသည်။ ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ခုနှစ် ဇူလိုင်လအတွင်း NLD အစိုးရသည် ကနီ၊ မော်လိုက်၊ ဖောင်းပြင်၊ ကလေးဝ၊ တမူး၊ ဘန်းမောက်၊ ကသာ၊ ကျွန်းလှ၊ ယင်းမာပင်နှင့် ပုလဲမြို့နယ်များမှ သစ်မာနှင့် အခြား သစ်တန်ချိန် ၄၅၀၀၀ ကျော် ဖမ်းဆီးမိခဲ့သည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေး ပဋိပက္ခအခြေအနေ ရှုပ်ထွေးနေချိန်ကို အခွင့်ကောင်းယူ၍ သစ်ခိုးထုတ်သူများ ပြန်လည် များပြာလာခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ ယင်းမာပင် အစရှိသည့် ဒေသခံ PDF အဖွဲ့များကလည်း သစ်ခိုးထုတ်မှုများကို တားမြစ်ခြင်း၊ စောင့်ကြည့်ခြင်းနှင့် မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်လျက်ရှိသည်။

ငပိချောင်းကျေးရွာတွင် PDF က ဖမ်းမိသည့် တရားမဝင် ခိုးထုတ်သစ်များ (ဓာတ်ပုံ – HPDF)

အမျိုးသား ညီညွတ်ရေး အစိုရ (NUG) ကလည်း သစ်တောကြိုးဝိုင်းများအတွင်း သစ်မှောင်ခိုသမားများနှင့် ပတ်သက်၍ ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) များက သတိပေး တားဆီးကာကွယ်မှုများ ကြိုးပမ်းဆောင်ရွက်နေမှုအပေါ် ကျေးဇူးတင်ကြောင်းနှင့် ပြည်သူများကလည်း ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

“သယံဇာတတွေဟာ စစ်ကောင်စီ ဝင်ငွေရဖို့ အရမ်းအရေးပါတဲ့ ဌာနတခု ဖြစ်နေတာကြောင့် လမ်းကြောင်းတွေ ဖြတ် တောက်ဖို့ ပြည်သူ့ အကူအညီ မဖြစ်မနေ လိုအပ်ပါတယ်။ ဝိုင်းဝန်း ကူညီပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု NUG က ဆိုထားသည်။

စစ်ကိုင်းတိုင်းအတွင်းရှိ ယင်းမာပင်၊ ကနီ၊ ပုလဲနှင့် မင်းကင်း အစရှိသည့် မြို့နယ်များနှင့် ထိစပ်နေသော ဒေသများတွင် သစ်ခိုးထုတ်မှုများကာ၊ ခိုးထုတ်နေသည့် သစ်အမျိုးအစားများအနေဖြင့် သစ်မာ၊ ကျွန်းနှင့် ပိတောက်သား အစရှိသည်တို့ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

You may also like these stories :

စစ်အာဏာသိမ်းမှုက သစ်မှောင်ခိုများအား မီးစိမ်းပြလိုက်သည်

စစ်ကောင်စီလက်အောက် သယံဇာတ ခွင့်ပြုမိန့်၊ လိုင်စင်များ အာမ မခံဟု NUG ဆို

စစ်အာဏာသိမ်းပြီးနောက် အလောင်းတော် ကဿပနယ်မြေတွင် သစ်ခိုးထုတ်သူများနှင့် စည်ကားနေ

ဥရောပသမဂ္ဂ အရေးယူပိတ်ဆို့မှု ချိုးဖေါက်ပြီး အီတလီက မြန်မာမှ တရားမဝင်သစ်များ ဝယ်ယူ

Your Thoughts …
Tags: PDFစစ်ကောင်စီထောက်တိုင်ထီးချိုင့်သစ်ခိုးထုတ်မှု
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
113k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

“အညာဒူဘိုင်း” ၏ နောက်ကွယ်

“အညာဒူဘိုင်း” ၏ နောက်ကွယ်

by မေ
22 February 2025
65.6k

မြေကြီးမှ ငွေသီးပြီး ပျော်ရွှင်ဖွယ်ရာ၊ ဇိမ်ခံဖွယ်ရာ ပေါများသော ဤအရပ်ဒေသကို အခြား တော်လှန်ရေးအင်အားစုများက ‘အညာဒူဘိုင်း’ ဟု ခေါ်ဆိုသည်။

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

ရိုက်ချက်ပြင်း ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ကောင်စီ တပ်ပျက်နေပြီ

by မိုးစက်ငြိမ်းချမ်း
31 October 2023
46.5k

စစ်ကောင်စီတပ်သည် မြို့နှင့် ဝန်ထမ်းများကို အကာကွယ်ပေးရန် မဆိုထားနှင့် သူတို့စခန်းကိုပင် မကာကွယ်နိုင်သည်ကို တွေ့ရသည်။

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

မင်းအောင်လှိုင်နေရာ အစားထိုးရမည့်အချိန် ရောက်လာပြီ

by ဧရာဝတီ
8 November 2023
45.1k

နိုင်ငံကို မင်းအောင်လှိုင် ထိန်းချုပ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

မြန်မာတော်လှန်ရေးအဖွဲ့များကို အကြမ်းဖက်စာရင်းသွင်းသောကြောင့် အမေရိကန် အရှက်ကွဲ

by ဧရာဝတီ
14 December 2023
41.8k

မြန်မာစစ်ကောင်စီဆန့်ကျင်ရေး တော်လှန်ရေးအင်အားစုများကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ကန်ထရိုက်ပေး ပြုစုသည့် အကြမ်းဖက်အစီရင်ခံစာတွင် ထည့်သွင်းထားသည်။

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

UWSA ကို ဦးတည်လာသည့် စစ်ကောင်စီ၏ သွေးခွဲရေးခြေလှမ်း

by ကိုဦး
24 July 2024
34.5k

စစ်ကောင်စီ၏ ဒုတိယခြေလှမ်းမှာ နေပြည်တော်စစ်ရုံးမှ ဗိုလ်ချုပ်တဦးအား ဝနယ် ပန်ဆန်းသို့ စေလွှတ်ခြင်း ဖြစ်၏။

Next Post
ကမ္ဘာ့ နံပတ်တစ် မော်ဒယ် အဖြစ် ရွေးချယ်ခံထားရတဲ့ မော်ဒယ် ပိုင်တံခွန်

စစ်ကောင်စီ အဓမ္မဖမ်းဆီး ထောင်ချခဲ့တဲ့ ကမ္ဘာ့ အချောဆုံး မော်ဒယ်

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲတွင် မြဝတီမင်းကြီး ဦးစအဖြစ် သရုပ်ဆောင်သည့် မင်းသား ဒေါင်း

ဒေါင်းနဲ့ နှင်းသွေးယုအောင် ပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲ မကြာမီပြမည်

No Result
View All Result

Recommended

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

ကိုလိုနီ နယ်ချဲ့တွေကြောင့်လား၊ အာဏာရှင် ဘေးထွက် ဆိုးကျိုးတွေလား

6 days ago
1.2k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

3 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • တောကျွဲအင်း မြို့သိမ်းတိုက်ပွဲက မြင်ကွင်းများ (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • ရွေးကောက်ပွဲအပြီး စစ်တွေ၊ ကျောက်ဖြူ၌ တိုက်ပွဲများ ပြန်ပြင်းထန်လာ

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved