• English
Sunday, January 11, 2026
No Result
View All Result
NEWSLETTER

19 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဒေါင်းနဲ့ နှင်းသွေးယုအောင် ပါဝင်တဲ့ ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲ မကြာမီပြမည်

by ဧရာဝတီ
30 December 2021
in သတင်း
A A
ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲတွင် မြဝတီမင်းကြီး ဦးစအဖြစ် သရုပ်ဆောင်သည့် မင်းသား ဒေါင်း

ကျောက်ဖရားမှ ဧရာဝတီသို့ ဇတ်လမ်းတွဲတွင် မြဝတီမင်းကြီး ဦးစအဖြစ် သရုပ်ဆောင်သည့် မင်းသား ဒေါင်း

5.8k
VIEWS
Share on FacebookShare on Twitter

ထိုင်း-မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရေးအတွက် ရိုက်ကူးထားတဲ့ “From Chao Phraya to Irawadee” (ကျောက်ဖရားမှ ဧရာဝတီသို့) ရုပ်သံဇတ်လမ်းတွဲကို လာမယ့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့၊ Thai PBS ရုပ်သံလိုင်းမှာ စတင် ပြသသွားမယ်လို့ သိရပါတယ်။

အဆိုပါ ရုပ်သံဇတ်လမ်းကို နာမည်ကြီး ထိုင်းဒါရိုက်တာ ချတ်ချိုင်း ကတီနတ်က ရိုက်ကူးပြီး ထိုင်းမင်းသား Got Jirayu Tantrakul နဲ့ ထိုင်းမင်းသမီး Tangtang Nattaruchi Witsawanaraph တို့ အဓိက ပါဝင် သရုပ်ဆောင်ထားပါတယ်။

ဇတ်လမ်းမှာ ကုန်ဘောင်ခေတ်နှင့် အယုဒ္ဓယ ခေတ်နှောင်းပိုင်းကို အခြေခံကာ ရိုက်ကူးထားခြင်းဖြစ်ပြီး မြန်မာသရုပ်ဆောင် ဒေါင်းမှာ မြဝတီမင်းကြီး ဦးစအဖြစ် ပါဝင်သလို၊ မြန်မာစာပေတွင် ထင်ရှားသည့် ရာမရကန်ကို ရေးသားသူ ဦးတိုးအဖြစ် ထိုင်နိုင်ငံသား တက္ကသိုလ်ဆရာတဦးဖြစ်သူ မြန်မာစာပေကိုလေ့လာနေသည့် ဆစ်တီပွန် နတ်နီယွမ်(မြန်မာအမည် ဦးညိုဝင်း)က ပါဝင် သရုပ်ဆောင်ထားပါတယ်။

အဆိုပါ ဇာတ်လမ်းတွဲကို လွန်ခဲ့တဲ့ ၂ နှစ်ခန့်ကတည်းက စတင် ပြင်ဆင်ခဲ့တာဖြစ်ပြီး မြန်မာအနုပညာရှင် များဖြစ်ကြတဲ့ သရုပ်ဆောင် ဒေါင်းနဲ့ အလှမယ် နှင်းသွေးယုအောင်တို့ ပါဝင်ကာ ထိုင်းအနုပညာရှင်များနဲ့အတူ ၂၀၂၀ ၊ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံသို့ သွားရောက် ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

မြဝတီမင်းကြီး ဦးစ အဖြစ် သရုပ်ဆောင်တဲ့ ဒေါင်းကတော့ ဒီဇတ်ကားဟာ စစ်ပွဲကို မလိုလားတဲ့၊ အနုပညာကို အသားပေးတဲ့ ဒရာမာစီးရီး တခုဖြစ်ကြောင်း ဆိုပါတယ်။

“အကြမ်းအားဖြင့် ပြောရရင်တော့ ခေတ်နှစ်ခေတ် ပါမယ်။ ခေတ်နှစ်ခေတ်မှာ မင်းသမီး တယောက်တည်းကို မြင်ရမယ်။ အဲဒီမှာ ဒါရိုက်တာရဲ့ Twist တွေ၊ Plot တွေကို ဇာတ်လမ်းကြည့်မှပဲ ခံစားစေချင်တယ်။ ပြီးတော့ နောက်တခုက ဒီကောင် မလေးရဲ့ စိတ်ပိုင်းဆိုင်ရာအရ အခြေခံတာ ဖြစ်တဲ့အတွက် သမိုင်းကို အရမ်းအတိအကျ မယူဘဲ ဇာတ်လမ်းကို ဇာတ်လမ်း အတိုင်း ကြည့်ဖို့တော့လိုမယ်။ ဘာလို့လဲဆိုတော့ ဒီကောင်မလေးရဲ့ စိတ်ကနေ အခြေခံပြီး ဖြစ်တည်လာတဲ့ ဇာတ်လမ်း ဖြစ်တဲ့အတွက်”လို့ သူက ပြောပါတယ်။

ဒီဇာတ်လမ်းတွဲကို မြန်မာ-ထိုင်းနှစ်နိုင်ငံမှာ သွားရောက် ရိုက်ကူးဖို့ ကနဦး ရည်ရွယ်ခဲ့ပေမယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့က မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းမှုကြောင့် အဆိုပါ အစီအစဉ်တွေ အကုန်ပျက်ပြား သွားခဲ့တာကြောင့် ထိုင်းနိုင်ငံမှာပဲ ဆက်တင်ဆောက်ကာ ရိုက်ကူးခဲ့ရပါတယ်။

မင်းသားဒေါင်းအား ထိုင်းမီဒီယာများက တွေ့ဆုံမေးမြန်းစဉ်

ဒေါင်းက “ကျနော်တို့ ဆုံးရှုံးခဲ့တဲ့ အရာတွေ အားလုံးရဲ့ အဓိက တရားခံက ဒီအာဏာရူးတွေကြောင့်ပဲလို့ ကျနော် စာလေး ရေးပြီး ပြောဖူးတယ်။ အခု ပါးစပ်ကထပ်ပြောတာပေါ့။ ဘာလို့ အဲ့လို ထပ်ပြောလဲ ဆိုရင် ဒီလူတွေ အာဏာသိမ်းတဲ့ အချိန် မှာ ကျနော်တို့ဇာတ်လမ်း စရိုက်နေရတဲ့အချိန်၊ ကျနော်တို့ နိုင်ငံမှာရှိတဲ့ ပညာရှင်တွေ၊ ကျနော်တို့နိုင်ငံမှာရှိတဲ့ ဒီရာဇဝင် တွေကို သိတဲ့သူတွေကို ဘာမှအကူအညီတောင်းခွင့် မရတော့ဘူး။ ဘာမှမေးမြန်းခွင့် မရတော့ဘူး။ အကနဲ့ ပတ်သက်လို့ ပဲဖြစ်ဖြစ်၊ ဇာတ်နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ်၊ ဇာတ်တော်တွေနဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် မြန်မာ့ အငွေ့အသက်တွေနဲ့ ပတ်သက ပြီး ဒီထက်ပိုပြီး လုပ်နိုင်ရဲ့သားနဲ့ ဘာမှ လုပ်ပိုင်ခွင့် မရတော့ဘူး”လို့ ဧရာဝတီကို ဖွင့်ဟ ပြောဆိုပါတယ်။

မင်းသားဒေါင်းအား ဇတ်ဝင်ခန်းတကွက်တွင် တွေ့ရစဉ်

အလားတူ စာဆိုကြီး ရာမရကန် ဦးတိုးနေရာမှာ သရုပ်ဆောင်တဲ့ တက္ကသိုလ်ဆရာ ဆစ်တီပွန် နတ်နီယွမ်(မြန်မာအမည် ဦးညိုဝင်း)ကလည်း မြန်မာစာပေ၊ မြန်မာမှု၊ ရာဇဝင်သမိုင်းကို စိတ်ဝင်စားတဲ့အတွက် ပါဝင်တာဖြစ်ကြောင်း ဧရာဝတီကို ပြောပါတယ်။

သရုပ်ဆောင် ဒေါင်းနဲ့ နှင်းသွေးယုအောင်တို့ဟာ ထိုင်းနိုင်ငံမှာ ရောက်ရှိစဉ် ကာလအတွင်း မြန်မာနိုင်ငံက စစ်အာဏာ သိမ်းမှုနဲ့ မြန်မာပြည်သူတွေနဲ့အတူ တသားတည်း ရပ်တည်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ဆန္ဒဖော် ထုတ်ခဲ့ကြပါတယ်။

သူတို့ နှစ်ဦးဟာ စစ်ကောင်စီကို ဆန့်ကျင်တာကြောင့် ပုဒ်မ ၅၀၅-က ဖြင့် ဖမ်းဝရမ်း ထုတ်ခံထားရတဲ့ အနုပညာရှင်များ လည်း ဖြစ်ကြပါတယ်။

မင်းသားဒေါင်းနှင့် ရာမရကန် ဦးတိုးအဖြစ် သရုပ်ဆောင်သည့် ဆရာဦးညိုဝင်းကိုတွေ့ရစဉ်

ဒီဇတ်လမ်းတွဲကို ရိုက်ကူးသူ ဒါရိုက်တာ ချတ်ချိုင်း ကတီနတ်ဟာ “From Bangkok to Mandalay” (ဘန်ကောက်မှ မန္တလေးသို့) ရုပ်ရှင်နဲ့ “လိပ်ပြာစံအိမ်” (The Only Mom) ရုပ်ရှင်ဇာတ်ကားတို့ ရိုက်ကူးခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

အဆိုပါ “From Chao Phraya to Irawadee” (ကျောက်ဖရားမှ ဧရာဝတီသို့) ဆိုတဲ့ ဇာတ်လမ်းတွဲမှာ အပိုင်း ၂၀ ပါဝင်ပြီး၊ အဲဒီ စီးရီးကို လာမယ့် ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တိုင်း ည ၈ နာရီ ၁၅ မိနစ်အချိန်၊ Thai PBS ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသသွားမှာ ဖြစ်ပါတယ်။

You may also like these stories:

စစ်ကောင်စီ အဓမ္မဖမ်းဆီး ထောင်ချခဲ့တဲ့ ကမ္ဘာ့ အချောဆုံး မော်ဒယ်

RelatedPosts

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

ဗိုလ်နဂါးအဖွဲ့ရဲ့ ဂိတ်တွေကို PDF တွေ စီးနင်းထိန်းချုပ် (ရုပ်/သံ)

10 January 2026
124
စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

စစ်တပ်ရွေးကောက်ပွဲနဲ့ မြေပြင်က အမှန်တရား (ရုပ်/သံ)

10 January 2026
35

Walk for Peace မှာ ပါတဲ့ မြန်မာဆရာတော် (ရုပ်/သံ)

10 January 2026
55

Rebel Riot Band ရဲ့ ဖက်ဆစ်ဆန့်ကျင်ရေးသီချင်း “Bella Ciao”

စစ်အာဏာရှင်ကို သီချင်းတွေနဲ့ တိုက်မယ့် Rap Against Junta

Your Thoughts …
Tags: ကျောက်ဖရားဒေါင်းနှင်းသွေးယုအောင်မြဝတီမင်းကြီးဦးစရာမရကန်ဦးတိုးဧရာဝတီ
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့၌ ပြည်သူ့စစ်ဖွဲ့ရန် ရပ်ကွက်အလိုက် နာမည်စာရင်းတောင်းနေ

by ဧရာဝတီ
6 October 2023
7.2k

လက်ရှိဖွဲ့စည်းထားသော ပြည်သူ့စစ်များကို ယခင် စစ်တပ်က လုံခြုံရေးယူထားသည့် နေရာများတွင် အစားထိုး တာဝန်ပေးခြင်း၊ စစ်တပ်နှင့်အတူ ပူးတွဲတာဝန်ပေးခြင်း၊ နယ်မြေရှင်းလင်းရာတွင် ထည့်သွင်းအသုံးပြု၍ လုံခြုံရေး၊ ပိတ်ဆို့ စစ်ဆေးရှာဖွေရေးများတွင်လည်း ထည့်သွင်းအသုံးပြုနေကြောင်း

လူမှုကွန်ရက်ပေါ်ပြန့်လာတဲ့ ပြည်သူ့စစ်တွေရဲ့ အမျိုးသားချင်းမုဒိမ်းကျင့်မှု (ရုပ်/သံ)

လူမှုကွန်ရက်ပေါ်ပြန့်လာတဲ့ ပြည်သူ့စစ်တွေရဲ့ အမျိုးသားချင်းမုဒိမ်းကျင့်မှု (ရုပ်/သံ)

by ဧရာဝတီ
5 September 2025
6.6k

ပြောက်ကျားဝတ်စုံတွေကိုယ်စီနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစုက ဖမ်းဆီးထားတဲ့ အမျိုးသား ၂ ဦးထဲက တဦးကို မုဒိမ်းကျင့် နှိပ်စက်နေတဲ့ ရုပ်သံမှတ်တမ်းတခု အခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။

ဗန်းမော်မြို့

ဗန်းမော်မြို့

by ဧရာဝတီ
31 August 2024
4k

ဗန်းမော်မြို့သည် တရုတ် နယ်စပ်နှင့် ၅၁ မိုင်မျှသာ ဝေးသဖြင့် ရှေးအခါက တရုတ်နိုင်ငံနှင့် ကုန်သွယ်မှု အတွက် အရေးပါလှသော မြို့တမြို့ ဖြစ်ခဲ့သည်။

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် တရုတ်သဘောထား ဘယ်လိုရှိမလဲ (ရုပ်/သံ)

စစ်ခေါင်းဆောင် ရုရှားခရီးစဉ် တရုတ်သဘောထား ဘယ်လိုရှိမလဲ (ရုပ်/သံ)

by ဧရာဝတီ
5 March 2025
2.9k

ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ဖိတ်ကြားမှုနဲ့ စစ်ခေါင်းဆောင် အပါအဝင် စစ်ဘက်၊ အရပ်ဘက်က အရာရှိတွေ မတ်လ ၃ ရက်နေ့ကတည်းက ရုရှားနိုင်ငံကို ရောက်ရှိနေကြပါတယ်။

စစ်တပ် ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေရဲ့ နောက်ကွယ် (ရုပ်/သံ)

စစ်တပ် ထိပ်ပိုင်းရာထူး အပြောင်းအလဲတွေရဲ့ နောက်ကွယ် (ရုပ်/သံ)

by ဧရာဝတီ
21 December 2024
2.7k

စစ်ကောင်စီတပ်ရဲ့ တတိယအဆင့် အမြင့်ဆုံး ရာထူးဖြစ်တဲ့ တပ်မတော် (ကြည်း၊ ရေ၊ လေ) ညှိနှိုင်းကွပ်ကဲရေးမှူး ရာထူး အချိန်းအပြောင်းဟာ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေတဲ့ စစ်ခေါင်းဆောင်ရဲ့ နိုင်ငံရေး ကစားကွက်တခု ဖြစ်နိုင်ပြီး အကျိုးသက်ရောက်မှုတွေ များစွာရှိတယ်လို့...

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ကို ဘာကြောင့်မုန်းသလဲ (ရုပ်/သံ)

ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေး တရုတ်ကို ဘာကြောင့်မုန်းသလဲ (ရုပ်/သံ)

by ဧရာဝတီ
26 May 2025
2.6k

စစ်အာဏာရှင်တွေ ကြီးစိုးခဲ့တဲ့ နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (နဝတ)နဲ့ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ (နအဖ) တို့လက်ထက်မှာ ဒုတိယ ဥက္ကဋ္ဌ တာဝန်ယူခဲ့တဲ့ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးဟာ တရုတ်မုန်းတီးသူတယောက် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

Next Post
မြန်မာနိုင်ငံပဋိပက္ခနှင့် ငြိမ်းချမ်းရေး လေ့လာသည့် လွတ် လပ်သော သုတေသီ David Scott Mathieson  / AKM၊ ဧရာဝတီ

တနိုင်ငံလုံးက မြန်မာစစ်တပ်ကို မုန်းနေကြတာ

ဧည့်သည်စောင့်ဆိုင်းနေသည့် ပုဂံဒေသ၏ မြင်းလှည်းသမားများ  / ဧရာဝတီ

မြန်မာ့ ခရီးသွားလုပ်ငန်း ၂၀၂၂ တွင်လည်း လည်ပတ်နိုင်ခြေ မရှိသေး

No Result
View All Result

Recommended

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

ရွေးကောက်ပွဲလွန် ရာထူးအပြောင်းအလဲ တပ်တွင်းမှန်းဆချက်များ

5 days ago
1.6k
မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

မြန်မာစစ်အုပ်စုကို တရုတ် ဘယ်လောက်ထိ ကာကွယ်နိုင်မလဲ

4 days ago
1.1k

Most Read

  • စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    စစ်တပ်ထိပ်ပိုင်း ရာထူး အပြောင်းအလဲလုပ်

    shares
    Share 0 Tweet 0
  • ပို့မလောက် ကျောက်ဖြူ၊ ပြန်မလာ ညောင်ကျိုး၊ သေချင်ရင် နတ်ရေကန် သွား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင်ကိုလည်း အမေရိကန် အရေးယူရန် မြန်မာတွေ လိုလား

    shares
    Share 0 Tweet 0
  • ၂၀၂၆ ကို မျှော်ကြည့်ခြင်း (သို့မဟုတ်) မြန်မာ့ရှေ့ခရီးမှာ ဘာတွေရှိနေသလဲ

    shares
    Share 0 Tweet 0
  • စစ်တွေ ဒကစအနီးရှိ ကာကင်းတချို့ AA သိမ်းပိုက်

    shares
    Share 0 Tweet 0

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved