ပြောက်ကျားဝတ်စုံတွေကိုယ်စီနဲ့ လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားတစုက ဖမ်းဆီးထားတဲ့ အမျိုးသား ၂ ဦးထဲက တဦးကို မုဒိမ်းကျင့် နှိပ်စက်နေတဲ့ ရုပ်သံမှတ်တမ်းတခု အခုရက်ပိုင်း လူမှုကွန်ရက်ပေါ်မှာ ပြန့်နှံ့လာခဲ့ပါတယ်။
နည်းပညာပိုင်း အချက်အလက် စိစစ်သူတွေနဲ့ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု (CDM) အရာရှိတွေကတော့ ကျူးလွန်သူတွေဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) လက်အောက်ခံ ဌာနေပြည်သူ့စစ်တပ်ဖွဲ့တွေ ဖြစ်ဖို့များတယ်လို့ ဆိုကြပါတယ်။
ပြည်သူ့စစ်အဖွဲ့တွေဟာ အာဏာသိမ်းစစ်တပ်ရဲ့ ဩဇာခံတွေဖြစ်ကြပါတယ်။ ရမခ လက်အောက်ခံ ဌာနေပြည်သူ့စစ် အများစုကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အခြေစိုက် လှုပ်ရှားကြတာဖြစ်ပါတယ်။
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/supporttheirrawaddy












